Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Tian Yu
6
Nothing Can’t Be Undone by a HotPot ( 2024 )
မမ Yangmi ရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ Comedy Suspense ရှပ်ရှင်ဇာတ်ကားလေးတင်ပေးလိုက်ပါပြီ။ တစ်ယောက်နဲ့တစ်ယောက်လုံးဝမသိတဲ့ လူစိမ်း(၄)ယောက်ဟာ လာဘ်စားတဲ့အရာရှိတစ်ယောက်ရဲ့အိမ်မှာ လာဘ်စားထားတဲ့ ပိုက်ဆံတွေဖွက်ထားတဲ့နေရာသိသွားပြီးတော့ သွားခိုးလာခဲ့ကြတယ်။ခရီးဆောင်သေတ္တာတစ်လုံးအပြည့်ပိုက်ဆံတွေရလာတဲ့အတွက် အရမ်းပျော်ပြီး ပိုက်ဆံခွဲဖို့ကြံနေကြတဲ့အချိန်မှာ အဖွဲ့သားတစ်ယောက်ယူလာတဲ့ နောက်ထပ်သေတ္တာတစ်လုံးထဲမှာ အလောင်းတစ်လောင်းပါလာတဲ့အခါ အားလုံးဟာဘယ်လိုလုပ်ရမှန်းမသိ ပြာယာခတ်သွားကြတယ်။(ဟော့ပေါ့တစ်အိုးနဲ့ပြဿနာအားလုံးကိုဖြေရှင်းလို့ရတယ်) ဆိုတဲ့ရုပ်ရှင်နာမည်အတိုင်း (၄)ယောက်သား ဟော့ပေါ့ဝိုင်းမှာထိုင်ပြီးတော့ ဒီအလောင်းကိုဘယ်လိုလုပ်ကြမလဲဆိုတာ အကြီးအကျယ်ဆွေးနွေးကြတော့တာပေါ့။ ဆူပွက်နေတဲ့ဟော့ပေါ့အိုးနဲ့အတူ သူတို့ရဲ့လောဘတွေနဲ့ အလိမ်အညာတွေဟာတဖြည်းဖြည်းပေါ်လာခဲ့တယ်။သူတို့(၄)ယောက်ရဲ့ တကယ်သရုပ်မှန်တွေကဘယ်သူတွေဖြစ်နေပြီးတော့ အမှန်တရားကဘယ်လိုဖြစ်မလဲဆိုတာ ဆက်ပြီးကြည့်လိုက်ပါနော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Comedy , Crime , Mystery Runtime : 2h 8 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
Nothing Can’t Be Undone by a HotPot ( 2024 )
6.4
Pegasus ( 2019 )
ဒီကားလေးဟာ2019 februaryလမှထွက်ရှိထားတဲ့ဇာတ်ကားသစ်လေးဖြစ်ပါတယ်.. Imdb6.4ရရှိထားပြီး chinese box officeမှာ$255millionထိ ဝင်ငွေရရှိထားပါတယ်.. 5ကြိမ်ဆက်တိုက်ပြိုင်ကားမောင်းချန်ပီယံဖြစ်ခဲ့တဲ့ကျန်းချေတစ်ယောက်ဟာ တရားမဝင်ပြိုင်ပွဲတစ်ခုမှာဝင်ပြိုင်မိရာမှရဲတွေရဲ့ချောင်ပိတ်ဖမ်းဆီးခြင်းကိုခံခဲ့ရပါတယ်... သူ့ရဲ့ပြိုင်ပွဲဝင်ခွင့်ပိတ်သိမ်းခံရတဲ့အပြင် ယာဉ်မောင်းလိုင်စင်ပါပိတ်သိမ်းခံလိုက်ရပါတယ်..ဒီလိုနဲ့၅နှစ်ကြာ ထမင်းကြော်ရောင်းပြီးဇာတ်မြှုပ်နေခဲ့ရင်း လူငယ်မျိုးဆက်တွေမှာသူ့လိုပဲ၅နှစ်ဆက်တိုက်ပြိုင်ကားမောင်း ချန်ပီယံဖြစ်လာတဲ့လင်ကျိန့်တုံးကိုတွေ့မြင်မိရာကနေ ပြိုင်ပွဲတစ်ဖန်ပြန်ဝင်လိုစိတ်တွေဖြစ်ပေါ်လာပြီး ပြိုင်ပွဲဝင်ခွင့်ရဖို ့ပြန်လည်ကြိုးစားပါတော့တယ်... ဒီလိုနဲ့ပြိုင်ပွဲဝင်ခွင့်ရဖို့ ယာဉ်မောင်းလိုင်စင်ပြန်ဖြေဆိုရချိန်မှာဘယ်လိုအခက်အခဲတွေကြုံရမလဲ..ပြိုင်ပွဲဝင်ဖို့ ပြိုင်ကားအဆင်သင့်မရှိ...ကားအလန်းဆင်ဖို့ရာလည်း ငွေကြေးထောက်ပံမယ့်သူမရှိ..သူ့နောက်မှာဘယ်အဖွဲ့အစည်းမှ မရပ်တည်ပေးချိန်..ပြိုင်ပွဲဝင်ဖို့ ကားငှါးစင်တာကတောင် နာမည်ပျက်ရှိတဲ့သူ့ကိုကားမငှါးပေးတော့တဲ့အခါ.. သူ့ရဲ့လမ်းညွှန်တွဲဖက်ဖြစ်တဲ့ယွီရှန်နဲ့ စက်ပြင်သမားကျိရှင်းတို့နဲ့အတူ အခက်အခဲတွေကိုဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲ... အခက်အခဲမျိုးစုံကြုံတွေ့ချိန်မှာတောင်အားမလျှော့ပဲ ကြိုးစားကြပုံတွေကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်... ပြိုင်ကားမောင်းခရေဇီတွေအတွက်တော့ အကြိုက်တွေ့စေမယ့််ဇာတ်ကားတစ်ပုဒ်ပါပဲ.. Quality : WEB-DL 1080p , 720p Format : mp4 Genres : Comedy , Sport , Action Runtime : 1h 38 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Phyo Zaw Encoded by LK
movie
Pegasus ( 2019 )
2019
6
Under the Light ( 2023 )
ဒီကားလေးက မှုခင်းကားကြိုက်တဲ့သူတွေအတွက် အကြိုက်တွေ့စေမဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ။ ဇာတ်လမ်းလေးက အစိုးရအာဏာရှိသူတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကြား လက်တစ်လုံးခြား လူလည်လုပ်ပြီး တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ထောင်ချောက် ဆင်ကြတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ။ဇာတ်လမ်းလေးကိုတော့ ကျင်းချန်မြို့လယ်ခေါင်မှာ ဘတ်စကားတစ်စီးပြန်ပေးဆွဲခံရပြီး တရားခံက ဒုမြို့တော်ဝန်နဲ့တွေ့ခွင့်ပေးရင်ပေးမပေးရင် ဗုံးဖောက်မယ်ဆိုပြီး ချိန်းခြောက်မှုနဲ့အစဖွင့်ထားပါတယ် ။ ဒုမြို့တော်ဝန်က အခင်းဖြစ်ပွားရာကို ရောက်လာပြီး အချိန်မီတားဆီးဖို့လုပ်ပေမဲ့ မထင်မှတ်ဘဲ ဗုံးကထကွဲခဲ့ပါတယ်။ဒီလိုနဲ့ဒီဗုံးပေါက်မှုကို စစ်ဆေးကြရာမှာ မထင်မှတ်ထားတဲ့ စစ်ဆေးတွေ့ရှိချက်တွေအရ စီးပွားရေးနယ်ပယ်မှာ အာဏာရှိတဲ့ တကယ့်ထိပ်တန်းလူတွေပါဝင်ပတ်သတ်နေချိန်မှာတော့... အမှုတစ်ခုကနေ ဖုံးကွယ်ထားတဲ့အမှုပေါင်းများစွာကိုပါ မီးခိုးတောက်လျှောက် စုံစမ်းစစ်ဆေးကြမဲ့ စိတ်ဝင်စားဖွယ်စုံထောက်ဇာတ်လမ်းလေးဖြစ်ဖို့ ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါရစေ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Drama , Crime Runtime : 2h 8 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Encoded by LK
movie
Under the Light ( 2023 )
5.8
Godspeed ( 2023 )
ယခုတစ်ခေါက် CM ရဲ့ပရိသတ်တွေအတွက် မင်းသားချောလေး Fan Cheng Cheng နဲ့ မင်းသမီးချောလေး Zhang Jingyi တို့ရဲ့ ပေါ့ပေါ့ပါးပါးဟာသကားလေးတစ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-ကုန်ကားအဖွဲ့ခေါင်းဆောင် ကျိုးတုန်းဟိုင်နဲ့ သူ့ဇနီး ဟော့မေမေတို့ဟာ ကိစ္စတချို့ကြောင့် သမီးဖြစ်သူ ကျိုးဝေးယွီနဲ့ သမီးရဲ့ရည်းစား ဝမ့်ရိဖန်နဲ့အတူ ကားမောင်းခရီးနှင်ခဲ့ပါတယ်။ လူမသိလမ်းမသိတဲ့ ခရီးကို စတင်ပြီး ကျိုးတုန်းဟိုင်ဟာ အခွင့်အရေးရတုန်း သားမက်လောင်းကို ဘက်ပေါင်းစုံကနေ စစ်ဆေးကြည့်ရှုဖို့ ဆုံးဖြတ်ထားပါတယ်။ဝမ့်ရိဖန်ကလည်း အမှားပေါင်းစုံကို လုပ်နေခဲ့ပါတယ်။ လမ်းတစ်လျှောက်မှာ ကျိုးတုန်းဟိုင်ရဲ့ ရန်သူကြီး ဌာနမှူးကျာရဲ့ အပန်းဖြေကားပြဿနာကြီးဖြစ်ခဲ့ပြီး ဝေးယွီရဲ့ ငယ်သူငယ်ချင်းကွမ်းကျီရဲ့ တောကြက်စံအိမ်မှာ အရက်မူးပြီး ပြဿနာကြီးဖြစ်ခဲ့ပါတယ်။လမ်းပေါ်က ဆီသူခိုးအဖွဲ့ကို ဝိုင်းဝန်းဖမ်းဆီးခဲ့ကြပါသေးတယ်။ ဒီလိုရှုပ်ထွေးနေတဲ့ ခရီးလမ်းမှာ ကျိုးတုန်းဟိုင်တစ်ယောက် ဝမ့်ရိဖန်ကို သဘောကျနိုင်ပါ့မလားဆိုတာကို ဟာသလေးတွေနဲ့ ကြည့်ရှုခံစားကြရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Comedy , Drama Runtime : 1h 40 min Subtitle : Myanmar Subtitle ( ...
movie
Godspeed ( 2023 )
6.3
Shallow ( 2022 )
ဒီတစ်ခါမှာတော့ CM ပရိတ်သတ်တိုအတွက် ကြည့်ရင်းနဲ့ အားတက်လာစေမယ့် အမျိုးသမီးလက်ဝှေ့ရုပ်ရှင်ကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ အမျိုးသမီးလက်ဝှေ့လက်ရွေးစင်တစ်ယောက်ဖြစ်တဲ့ ပိုင်ယန်ဟာ လွန်ခဲ့တဲ့ ၆ နှစ်လောက်က အမှားတစ်ခုကြောင့် ထောင်ကျခဲ့ပြီး တစ်နှစ်အရွယ်သားလေးနဲ့ ခွဲခွါခဲ့ရပါတယ်။ထောင်ထဲက ထွက်လာပြီးနောက် သားလေးနဲ့တူတူ ပြန်နေချင်ပေမဲ့ သူမရဲ့ အခြေအနေကြောင့် အစ်မဖြစ်သူရဲ့ တားဆီးခြင်းကို ခံခဲ့ရပါတယ်။ လက်ဝှေ့ပဲထိုးတတ်တဲ့ သူမဟာ လက်ဝှေ့နည်းပြရှန်ဟောက်ရဲ့ အကူအညီနဲ့ အောင်မြင်အောင် ဘယ်လိုကြိုးစားမလဲ...... သူတို သားအမိတတွေ ပြန်လည်ဆုံဆည်းနိုင်ပါ့မလား ဆိုတာကို ရုပ်ရှင်ကြည့်ရင်း လိုက်ပါခံစားလိုက်ပါဦး... Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama Runtime : 1h 36 min Subtitle : Myanmar Subtitle ( Hardsub ) Translated by Chu Chu , Moon Encoded by LK
movie
Shallow ( 2022 )
6.7
Nice View (2022)
"ဘာလုပ်လုပ် တင့်တယ်"ဆိုတဲ့စကားက ဂျင်ဟောင်ဆိုတဲ့ လူငယ်နဲ့လားလားမှပင် မသက်ဆိုင်ဟုဆိုရမည်။ အထက်တန်းကျောင်းသားဘဝကတည်းက မိတဆိုးဖြစ်ခဲ့သည့် ဂျင်ဟောင်ကို အဖေဖြစ်သူပါ ပစ်ထားခဲ့တာကြောင့် ကျောင်းထွက်ကာ ဖုန်းပြုပြင်ရေးဆိုင်ဖွင့်ပြီး ရောဂါသည်ညီမနဲ့အတူ ဘဝကို ရုန်းကန်ရှင်သန်နေသူပါ။ရောဂါသည် ညီမလေးက မွေးရာပါနှလုံးရောဂါကြောင့် ခွဲစိတ်မှုကို မဖြစ်မနေလုပ်ရမယ့်အချိန် ငွေအင်မတန်လိုလာတဲ့ ဂျင်ဟောင်ဟာ သူတတ်ကျွမ်းတဲ့ ဖုန်းပြုပြင်ပညာနဲ့ အခက်အခဲများစွာကို ရင်ဆိုင် ကျော်ဖြတ်ရင်း လိုအပ်နေတဲ့ ခွဲစိတ်စရိတ်ကို ဘယ်လိုရှာဖွေမလဲ။ လောကဓံတွေ၊ အနိမ့်အမြင့် အတက်အကျတွေက ဘယ်လိုပုံစံမျိုးပေါ်လာကြမလဲ၊ ဒါတွေကို မောင်နှမ၂ယောက် ဘယ်လိုကြံ့ကြံ့ခိုင် ရင်ဆိုင်သွားမလဲဆိုတာ ကြည့်ရှုရမှာပါ။ဇာတ်ကြောင်းကို ဖတ်မိလိုက်ရင် ဇာတ်ကားရဲ့ အရသာအတော်ကို လျော့သွားနိုင်တယ်လို့ ယူဆမိလို့ အများကြီးမညွှန်းဆိုတော့ပါဘူး။ IMDbမှာ 6.7, MyDramaListမှာ 8.3အထိ ရထားပြီး ၂၀၂၂ခုနှစ် ပြည်တွင်းရုံဝင်ငွေအကောင်းဆုံး ထိပ်ဆုံး၁၀ကားထဲမှာ ကန်ဒေါ်လာ ၂၂၁သန်းနဲ့ ရပ်တည်နေပါတယ်။ ဒီ statsတွေက အလကားရခဲ့တာမဟုတ်ကြောင်း ဒီDramaဇာတ်ကားက သေချာလေးပုံဖော်ရိုက်ကူးထားပါတယ်။ တစ်ခါတလေ မဲပြာပုဆိုးဇာတ်တွေကပဲ ရိုးရိုးလေးနဲ့ လှပနေတတ်တာ မဟုတ်ပါလား။ ...
movie
Nice View (2022)
5.
Coward Hero ( 2019 )
ဒီ coward hero ဆိုတဲ့ဇာတ်ကားလေးက Dramaတွေ ဟာသတွေအပြည့်နဲ့ ကြည့်ရမဲ့ဇာတ်ကားလေးဖြစ်ပါတယ်ဇာတ်ကားလေးကတော့ ရှန့်ဟိုင်မြို့ရဲ့ 1930 ပတ်ဝန်းကျင်လောက်ကလူဆိုးဂိုဏ်းအဖွဲ့ဝင် ယန်သဟိုင်(မင်းသား)ဆိုတဲ့ ငကြောက်လေးတစ်ယောက်ကနေ စတင်ခဲ့ခြင်းပဲဖြစ်ပါတယ်ယန်သဟိုင်မှာ တိတ်တခိုးချစ်နေရတဲ့ သုချင်း(မင်းသမီး) အကမယ်လေးတစ်ယောက်ရှိပါတယ်ယန်သဟိုင်က သူ့ဘဝလေးကိုအေးဆေးပျော်ရွှင်စွာ ဖြတ်သန်းနေချိန်မှာပဲသူ့မှာကုသလို့မရတော့တဲ့ရောဂါတစ်မျိုးရနေကြောင်း၊ သေတော့မှာဖြစ်ကြောင်းကိုသိလိုက်တဲ့အခါသူချစ်ရတဲ့ကောင်မလေးအတွက် အကြွေးတွေပြန်ဆပ်ပေးဖို့ဆုံးဖြတ်ခဲ့တယ်သူအကြွေးဆပ်ဖို့ ငွေရှာရင်းနဲ့ ကြက်ကန်းဆန်အိုးတိုးပြီး ရဲအရာရှိတစ်ယောက်ဖြစ်ခဲ့တယ်ဒါပေမဲ့ ဘာမှတတ်ကျွမ်းမှုမရှိတဲ့လူတစ်ယောက်က ရဲအရာရှိတစ်ယောက်အနေနဲ့ အမှုတွေဘယ်လိုဖြေရှင်းကြမလဲ...ရဲအရာရှိဖြစ်သွားတာနဲ့အတူ လူဆိုးဂိုဏ်းအဖွဲ့ဝင်ဖြစ်နေလို့ ကြားထဲက ပြဿနာတွေ ဘယ်လိုဖြေရှင်းမလဲ...သူအသက်ရှင်နေတုန်း သေရကျိုးနပ်အောင် ဘယ်လိုများ Drama Kingလုပ်မလဲ..သူချစ်ရတဲ့မိန်းကလေးကို ဘယ်လိုပေးဆပ်ခဲ့မလဲဆိုတာကို နောက်ဆုံးအခန်းလေးထိကြည့်ရှုလိုက်ကြရအောင်နော် Quality : HDRip 1080pFormat : mp4Genres : DramaSubtitle : Myanmar Subtitle ( hardsub )Translated By A Pu LayEncoded By LK
movie
Coward Hero ( 2019 )
4.1
August Never Ends (2021)
August never Ends (2021)MyDramalist - 7.1 /10ကျွန်မအတွက်တော့ အတောမသတ်တဲ့ ဩဂတ်စ်ပါပဲ မောင် ......' ဩဂတ်စ် က ကျွန်မအတွက် ဘယ်တော့မှလည်း အဆုံးသတ်မှာ မဟုတ်ပါဘူး။ဩဂတ်စ်မိုးတွေ ရွာတာ ကျွန်မမျက်ရည်ကို မှီနိုင်မတဲ့လား?????မောင်ရယ် ..... သူရယ် ..... ကျွန်မရယ် ......အစကတော့ သူနဲ့ကျွန်မပဲပေါ့ ..... မောင်။သူက မောင်နဲ့ သက်ဆိုင်သူမှန်း ကျွန်မ မသိခဲ့တာ အမှန်ပါ။ကျွန်မဘဝထဲ မောင် ဝင်မှန်းမသိ ဝင်လာတဲ့အချိန်မှာ ...... အချိန်အတော်နှောင်းသွားခဲ့ပြီ .......ကျွန်မလည်း ငယ်ငယ်ကတည်းက ကျိုးပျက်နေတဲ့ မိသားစုထဲက မွေးဖွားလာခဲ့သလို သူကလည်း ငယ်ငယ်ကတည်းက ကျိုးပျက်နေတဲ့ မိသားစုထဲက မွေးဖွားခဲ့ကြတာမို့သူနဲ့ကျွန်မ အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်ခဲ့ကြတာပေါ့ မောင်ရယ် .....အမေ့အတွက် ကျွန်မက တစ်ဦးတည်းသော မိသားစုဝင်ဖြစ်သလို တစ်ဦးတည်းသော ရန်သူဆိုလည်း ဟုတ်တယ်။အမေက ကျွန်မကို အိမ်မြှောင်က မွေးတဲ့ကလေးတဲ့။ သွေးအေးပြီး နှလုံးသား မရှိတဲ့လူပေါ့လေ။ဒါပေမယ့် အမေသိပ်မှားတယ် ...
movie
August Never Ends (2021)
2021
6.5
The Winners 2020
Winner 2020 အခုလို ကိုဗစ်ကာလမှာ ပျင်းနေကြပြီလား။အပျင်းပြေအောင် ဆန်းလည်းဆန်း ၊ ရယ်စရာလဲကောင်းတဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါ့မယ်။ Comedy အမျိုးအစားဖြစ်ပြီး Chinese IMDBအရ Rating 6.8ရထားတဲ့ဇာတ်ကားတစ်ပုဒ်ဖြစ်ပါတယ်။ ရထားတဲ့ ratingနဲ့အညီ နောက်ဆုံးအထိ ရယ်လဲရယ်ရသလို မြုပ်ကွက်တွေကလဲ တကယ်အံသြစရာကောင်းပါတယ်။ အဓိကလူက ယန်ဂျင်။ ဂျင်ဆိုတဲ့ စကားလုံးက တာဝန်သိတတ်မှု၊ အလေးအနက်ထားမှုနဲ့ အသေးစိတ်ကျမှုဆိုပြီ အဓိပ္ပါယ်ရတယ်။ ဒီလိုပါပဲ ယန်ဂျင်တစ်ယောက်ဟာလဲ နာမည်နဲ့အတူ တာဝန်ကျေပွန််တယ်။ လုပ်ထုံးလုပ်နည်းအတိုင်း တသွေမတိမ်းသွားတယ်၊ စည်းစနစ်ကျတယ်။ အဲ့လိုလူတစ်ယောက်ဖြစ်တဲ့ ယန်ဂျင်ဟာ တစ်ရက်မှာ စစ်ရေးလေ့ကျင့်မှုတစ်ခုမှာ ဓားပြနေရာသရုပ်ဆောင်ဖို့ အကြောင်းဖန်လာပါလေရော။ ယန်ဂျင်က ဘဏ်ဝန်ထမ်းတစ်ယောက်၊ စစ်ရေးလေ့ကျင်မှုက ဘယ်လိုလဲဆိုရင် တကယ်ဘဏ်ကို ဓားပြအတိုက်ခံရသလိုမျိုး လေ့ကျင့်ရတာ။ ယန်ဂျင်ရဲ့ ဇာတ်ဆောင်နေရာက.... ဓားပြ။ ဘယ်အရာမဆို အသေးစိတ်ကျတတ်တဲ့ ယန်ဂျင််ကတော့ ထုံးစံအတိုင်း ဓားပြတိုက်ဖို့ အစီအစဥ်တွေဆွဲ၊ အကြံတွေထုတ်၊ လေ့ကျင့်ခန်းတွေ လုပ်တာပေါ့လေ။ ရဲတွေကတော့ ဒီတိုင်းပြီးသွားမှာပဲ ဆိုပြီး ...
movie
The Winners 2020
2020
5.6
Mao Zedong 1949(2019)
movie
Mao Zedong 1949(2019)
2019
6.8
Some Like It Hot (2016)
ဘဝမှာ သိပ်ချစ်ရတဲ့သူငယ်ချင်းတွေရှိရင် သိပ်လှတယ်... အမူအကျင့် တစ်ခုစီနဲ့ ခွီရတဲ့ သက်လတ်ပိုင်း သူငယ်ချင်း ၅ ယောက်အဖွဲ့... ၁။ တစ်ယောက်က မြင်မြင်ချင်းအချစ်ကိုပဲ ယုံကြည်လို့ တစ်ဘဝလုံး FA လုပ်လာတာ တစ်နေ့တော့ ကောင်မလေးတစ်ယောက်ကိုမြင်မြင်ချင်းမှာ သိပ်ကြွေသွားပြီး Heart Attack နဲ့သေရော.. ၂။ နောက်တစ်ယောက်က တခြားကောင်မလေးတွေနဲ့ အသားကုန်ပွေးပေမယ့် အချိန်တန် အိမ်ပြန်ဆိုတဲ့ ဆောင်ပုဒ်ကိုကိုင်ဆွဲထားတဲ့ သူ့ကောင်မလေးကို အသေချစ်သူ... ၃။ နောက်တစ်ယောက်က အဖွဲ့တစ်ဖွဲ့လုံးရဲ့ ခိုင်းဖတ် မစိုမခြောက်... ၄။ နောက်တစ်ယောက်က အူတူတူနဲ့ လုပ်ချင်ရာလုပ်တတ်ပြီး ဘယ်သူမှမကြိုက်တော့တဲ့ အပျိုကြီးကိုမှ အသည်းစွဲသွားသူ... ၅။ ဇာတ်လိုက်ကျော်ကြီးကတော့ ကိုရီးယားမော်ဒယ်လေးကို မြင်မြင်ချင်း ပလူးချင်လွန်းလို့ အိမ်ကမိန်းမကို ခွကျော်ရမယ့်သူ...ဇာတ်အိမ်ဇာတ်လမ်းလေး ကောင်းမွန်သလို တင်ဆက်ပုံ သွက်သွက်လက်လက်နဲ့ ဆွဲခေါ်သွားမယ့် ဇာတ်ကားပါ။ကျွန်တော်တော့ အတော်အကြိုက်တွေ့မိပါတယ်။ အနားယူချိန်မှာ မိသားစုနဲ့အတူတူကြည့်ပြီး ခွီနေရမယ့် ဇာတ်ကားမျိုးပါ။ (အိမ်ကမိန်းမကို မပိုင်သူတွေကတော့ မိန်းမနဲ့ အတူတူ မကြည့်နဲ့ပေါ့..ဆွဲစိတ်ခံနေရမယ်။)IMDb Rating (6.8) ထိ ရရှိထားပါတယ်။File size…(1.1 GB) and ...
movie
Some Like It Hot (2016)
2016
5.6
Kill Mobile ( 2018 )
2016 ခုနှစ်က ထွက်ခဲ့တဲ့ အီတလီနာမည်ကြီးဇာတ်ကား Perfect Strangers ကိုRemake လုပ်ပြီးပြန်လည်ရိုက်ကူးထားတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်ဇာတ်ညွှန်းလေးကတော့ လင်မယား စုံတွဲ ၂တွဲ ..စုံတွဲတစ်တွဲ နဲ့ အပျိုကြီးတို့စုစုပေါင်းလူရယောက်ဟာ တခုသောညနေခင်းလေးမှာတွေ့ဆုံပွဲလုပ်ကြတယ်ဒီလိုနဲ့သူတို့ဟာဖုန်းတွေအားလုံးကိုအလယ်မှာထားပြီး ဖုန်းခေါ်တာတွေmessage တွေ wechat က ပို့တာတွေကို စာတိုတွေအားလုံးကို အားလုံးတူတူဖတ်ဖို့လက်ခံခဲ့ကြတယ်..ဒီလိုနဲ့သာမာန်တွေ့ဆုံပွဲလေးကနေမထင်မှတ်တဲ့အပြောင်းအလဲတွေဖြစ်လာတဲ့အခါ..ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာကို စိတ်ဝင်စားဖွယ်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ဒီဇာတ်ကားလေးထဲကအတိုင်းအုပ်စုဖွဲ့ပြီးဂိမ်းကစားမယ်ဆိုရင်ပိုပြီးတောင် စိတ်လှုပ်ရှားဖွယ်ကောင်းမယ်လို့ထင်မြင်မိပါတယ်Review & Translated By Phyo ZawEncoded By LK
movie
Kill Mobile ( 2018 )
2018