Channel Myanmar

Thomas Schubert

A Whole Life / Ein Ganzes leben (2023)
A Whole Life / Ein Ganzes leben (2023) ယခုအခါတက်ဆက်ပေးလိုက်တာကတော့ ၂၀၂၃ ခုနှစ်ထွက် ဂျာမနီဒရာမာဇာတ်ကားလေးပဲဖြစ်ပါတယ်....ဆုတစ်ခုရရှိထားပြီးဇကာတင် ၁၀ ခုရရှိထားပါတယ် ဇာတ်ကားရဲ့နာမည်ကတော့ ဘဝတစ်ခု(A Whole Life) လို့အမည်ရပါတယ်....အမည်အတိုင်းပဲ ဒီဇာတ်ကားဟာ လူတစ်ယောက်ရဲ့ဘဝဇာတ်ကြောင်းကိုရိုက်ပြထားတာပါ....ဇာတ်လမ်းရဲ့အစကတော့ ၂၀ ရာစုနှစ်လောက်မှာစပါတယ်....အဓိကဇာတ်ကောင်ဖြစ်တဲ့ အန်ဒရီယာစ်အက်ဂါလို့အမည်ရတဲ့ မိဘမဲ့ကလေးလေးဟာ သူရဲ့ဦးလေးဖြစ်သူဆီကိုရောက်ရှိလာခဲပါတယ်....ဦးလေးဖြစ်သူဟာသူ့ကိုမိသားစုဝင်လို့မသတ်မှတ်ပဲ အလုပ်သမားတစ်ယောက်အနေနဲ့သာခိုင်းစေပါတယ်....တခါတလေရိုက်နှက်တာမျိုးလည်းရှိပါတယ်....သူအရွယ်ရောက်လာတဲ့အခါမှာတော့ဦးလေးဖြစ်သူဆီကနေထွက်ခွာသွားပြီး သူ့ခြေထောက်ပေါ်သူရပ်တည်ခဲ့ပါတယ်... ဇာတ်လမ်းဟာ အန်ဒရီယာစ်အက်ဂါရဲ့ဘဝဖြတ်သန်းရပုံ....လောကဓံအနိမ့်အမြင်‌ကြုံတွေ့ရပုံကို ငယ်စဥ်ကနေသေဆုံးတဲ့အထိရိုက်ပြထားပါတယ်....ခံစားကြည့်ကြပါခင်ဗျာ....File size…(1.8 GB)/(897 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:56:00 Genre... Drama,  History  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by AKM
movie

A Whole Life / Ein Ganzes leben (2023)

Afire (2023) 7.4
Afire (2023)  IMDb 7.4 နဲ့ Rotten Tomatoes 91%ရထားတဲ့ ဂျာမန်ဒရာမာရုပ်ရှင်တစ်ခုဖြစ်ပါတယ်။စာရေးဆရာတစ်ယောက်ဖြစ်တဲ့ လီယွန်နဲ့ အနုပညာကျောင်း၀င်ခွင့်အတွက် ကိုယ်ရေးအချက်အလက်ပြုစုနေတဲ့ ဖီးလစ်တို့ သူငယ်ချင်းနှစ်ဦးဟာ ကမ်းခြေနဲ့နီးတဲ့တောအုပ်‌ထဲက အိမ်လေးတစ်အိမ်မှာ အေးအေးလူလူ အလုပ်လုပ်ဖို့အတွက် ရောက်လာခဲ့ကြပါတယ်။ဒါပေမဲ့ အိမ်ကိုရောက်တဲ့အချိန်မှာတော့ ဖီးလစ်ရဲ့အမေဟာ နောက်ထပ်အိမ်ငှားတစ်ယောက်ဖြစ်တဲ့ နာဒီယာဆိုတဲ့မိန်းကလေးကိုလည်း အိမ်ပေါ်တင်ထားတာကိုသိလိုက်ရချိန်မှာတော့ လီယွန်တို့နှစ်ယောက်ဟာ အိမ်ကို ရုရှားမလေးဖြစ်တဲ့ နာဒီယာနဲ့ အတူမျှသုံးရ‌ပါတော့တယ်။ဖီးလစ်ဟာ ကမ်းခြေမှာ အသက်ကယ်ရေကူးသမားအလုပ်ကိုလုပ်ကိုင်တဲ့ ဒေးဗစ်လို့အမည်ရတဲ့ ရုပ်ရည်ချောမောတဲ့ လူငယ်တစ်ယောက်နဲ့ အဖွဲ့ကျလာပြီး ဒေးဗစ်တစ်ယောက် သူတို့အုပ်စုထဲကို ထပ်တိုးလာခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲ လီယွန်တို့အိမ်လေးရဲ့ အနီးတဝိုက်က တောအုပ်တွေမှာ တောမီးတွေလောင်နေပြီး ထိန်းချုပ်ဖို့ရာခက်ခဲနေပါတယ်။ဒီရုပ်ရှင်ရဲ့ဇာတ်အိမ်မှာ အက်ရှင်ခန်းတွေ၊ စိတ်လှုပ်ရှားစရာတွေ မပါ၀င်ပါဘူး၊ အဓိကက ရုပ်ရှင်ထဲက ကာရိုက်တာတွေရဲ့ ပင်ကိုစရိုက်၊ ပြုမူပြောဆိုပုံ၊ စိတ်ခံစားချက်၊ မျက်မှောက်ခေတ်လူငယ်တွေရဲ့ စိတ်နေသဘောထားတွေကို အသားပေးပြီးရိုက်ကူးထားတာမလို့ ဒရာမာကားကြည့်ရတာကို နှစ်ခြိုက်ရင်တော့ မြည်းစမ်းကြည့်ရှုကြည့်ဖို့ အကြံပေးရင်းနဲ့ပဲ... File size…(1.7 GB)/(926 ...
movie

Afire (2023)

Egon Schiele: Death and the Maiden 2016 6.5
Egon Schiele: Death and the Maiden 2016 ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ပြုလုပ်ခဲ့တဲ့ ဥရောပရုပ်ရှင်ပွဲတော်မှာ Egon Schiele ဆိုတဲ့ ရုပ်ရှင်ကားကို ဆင်ဆာအကြောင်းပြပြီး ရုပ်ရှင်ပွဲတော်မှာ ပြသခွင့်ပိတ်ပင်ခဲ့တယ်၊ Nude Art,Erotic Art ကို ရေးဆွဲတဲ့ ပန်းချီဆရာ Egon Schiele ရဲ့ ဘဝအကြောင်းကို ရိုက်ကူးထားတဲ့ ဒီဇာတ်ကားမှာ Egon ရဲ့ Nude Art ပန်းချီဆွဲတဲ့နေရာမှာ ဘယ်လိုအနုပညာဈန်ဝင်စားလည်းဆိုတာကို ရိုက်ပြထားတာဖြစ်တာကြောင့် အဖော်အချွတ်တွေ ပါတယ်ဆိုပြီး ဒီကဆင်ဆာအဖွဲ့က ပိတ်ပင်လိုက်တာပဲ ဖြစ်ပါတယ်၊ ပန်းချီဆရာ Egon ဘဝက ထူးဆန်းဖွယ်ကောင်းတယ်၊ အသက် ၂၈ အရွယ်မှာ အပြင်းဖျားရောဂါကြောင့် သေဆုံးသွားခဲ့ပေမယ့် ယနေ့အချိန်ထိ သူရေးဆွဲခဲ့တဲ့ ပန်းချီကားတွေက နာမည်ကျော်လူကြိုက်များပြီး ဒေါ်လာသန်းပေါင်းများစွာတန်ဖိုးရှိနေပါပြီ၊ သူ့ရဲ့ အနုပညာအပေါ်မှာ ဘယ်လောက်ရူးသွပ်လည်းဆိုတာကို ဒီဇာတ်ကားထဲမှာ တွေ့ရမှာပါ၊   လွမ်းဆွေးဖွယ်ကောင်းသော နောက်ခံတီးလုံးနဲ့အတူ ၁၉၀၀ ပြည့်နှစ် သြစတေးလျနောက်ခံဇာတ်လမ်းက သင့်ကို ထိုင်ရာမထဆွဲခေါ်သွားမှာပါ၊Egon ရဲ့ အနုပညာဈာန်ဝင်စားမှု၊ သူ့ရဲ့နှလုံးသားရေး၊သူ့ရဲ့ နောက်ဆုံးနေ့ရက်တွေအကြောင်းကို ရိုက်ကူးထားပြီး ကမ္ဘာကျော်ပန်းချီဆရာရဲ့ ဘဝကိုသိရှိနားလည်စေမှာပါ၊   Sex ခန်းတွေမပါဝင်ပေမဲ့ nude အခန်းတွေပါဝင်တာ ကြောင့် မိသားစုနဲ့တော့ ကြည့်ဖို့အဆင်မပြေပါဘူး၊   ဒီရုပ်ရှင်ကားကို Shain Htet Naing မှ ဘာသာပြန်ပေးထားပြီး Movie ရဲ့ Review ကိုတော့ ကို Zin ...
movie


2016