Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Thomas Jane
5.9
Deep Blue Sea (1999)
ဒီဇာတ်ကားကိုကြည့်နေရင်းနဲ့ အဆုံးသတ်နားနီးတော့မှ ဇာတ်လိုက်က ဒီကားနာမည် Deep Blue Seaကို ညွှန်းလိုက်တဲ့စကားတစ်ခွန်းကြောင့် ခံစားရတဲ့ ရသလည်း အသစ်ပြောင်းသွားရပါတယ်။ ပြောရရင် ရှုထောင့်ပြောင်းပြီး မြင်လာတဲ့ အမြင်သစ်တစ်ခု ရသွားတာပေါ့လေ။Alzheimer's diseaseဆိုတာ လူတွေမှာ အဖြစ်အများဆုံး ဦးနှောက်ရောဂါတစ်ခုပါ။ မှတ်ဉာဏ်တွေ မေ့ပျောက်ကုန်တဲ့ရောဂါတစ်မျိုးပါပဲ။ သူငယ်ပြန်တာမျိုးလည်း မဟုတ်ဘဲ ကြာလေလေ ဘာကိုမှ မမှတ်တော့လောက်အောင် ဦးနှောက်ဆဲလ်တွေ သေဆုံးသွားတာမျိုးပါ။အဲဒီရောဂါနဲ့သူ့မိဘတွေ ကွယ်လွန်သွားရလို့ အခဲမကျေဖြစ်နေတဲ့ ဆရာဝန်မလေးတစ်ယောက်ဟာ ဆေးကုမ္ပဏီကြီးတစ်ခုရဲ့ အထောက်အပံ့နဲ့ အယ်လ်ဇိုင်းမားရောဂါ ကုထုံးသစ်အတွက် သုတေသနလုပ်နေပါတယ်။ သူလုပ်နေတဲ့ သုတေသနဌာနက ဒုတိယကမ္ဘာစစ်လက်ကျန် ရေငုပ်သင်္ဘောတွေ ဆီဖြည့်တဲ့ စခန်းဟောင်းတစ်ခုကို ပြုပြင်ပြီး လုပ်ထားတာပါ။ ဘာလို့ အဲဒီနေရာကိုမှ သွားလုပ်ရသလဲဆိုရင် သူတို့ စမ်းသပ်နေတဲ့ဆေးကုထုံးက ငါးမန်းတွေရဲ့ ဦးနှောက်နဲ့ ပတ်သက်နေလို့ပါပဲ။ငါးမန်းတစ်ကောင်ရဲ့ဦးနှောက်ကို ပုံမှန်ထက်ငါးဆလောက်ကြီးလာအောင် အရင်လုပ်လိုက်ကြတယ်။ အဲဒီငါးမန်းရဲ့ဦးနှောက်ထဲကို အယ်လ်ဇိုင်းမားလူနာရဲ့ ပျက်စီးနေတဲ့ဦးနှောက်ဆဲလ်တွေ မြှုပ်နှံထားပြီးတော့ ရလဒ်တွေကို သုတေသနပြုနေကြတာပါ။ ...
movie
Deep Blue Sea (1999)
Dig (2022)
ဒီတစ်ခါ ပရိသတ်ကြီးကိုတင်ဆက်ပေးမဲ့ကားလေးကတော့ မိန်းမတစ်ယောက်ရဲ့ လှပတဲ့မာယာတွေရယ် ဖခင်တစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာတွေရယ် သမီးတစ်ကောင် နွားတစ်ထောင်ဆိုတဲ့အကြောင်းရယ် မဆင်ခြင်ဘဲ ဒေါသကြီးရင် ရနိုင်တဲ့ရလဒ်တွေအကြောင်းရယ်ကို ရိုက်ပြထားတဲ့ကားကောင်းလေးတစ်ကားပါပဲ ဇာတ်လမ်းအကျဉ်း ဂျိန်းဆိုတဲ့ကောင်မလေးက ဘရန်နာလင်မယားရဲ့ တစ်ဦးတည်းသောသမီးလေးပါပဲ ကားအစမှာကတည်းက သူက အိမ်ကနေ ညဘက်ကြီးခိုးထွက်သွားလို့ သူ့အဖေ နဲ့ အမေက လိုက်ရှာကြရတာပါ သူကတော့ သူဌေးသားလေးတစ်ယောက်ရဲ့ ပါတီမှာ သွားကဲနေတာပေါ့ ကံဆိုးချင်တော့ သူ့ဖုန်းက Location နဲ့ သူ့အဖေအမေတွေလိုက်ရှာရကနေသူ့ကို မိသွားလို့ပြန်ခေါ်လာတာပါ အဲဒီလိုပြန်လာရင်းနဲ့ လမ်းမှာ သူတို့ရဲ့ ကားအရှေ့ကို ကားတစ်စီးကဖြတ်ဝင်လာလို့ သူ့အဖေက ဒေါသပေါ်ဒေါသဆင့်ရင်း တော်တာ်ပေါက်ကွဲခဲ့တာပေါ့ မထင်မှတ်ဘဲ ဖြတ်ဝင်တဲ့ကားကို ဆီဆိုင်မှာဆီဖြည့်ရင်းတွေ့လိုက်တာကနေ စကားများကြရင်း ဟိုကားရဲ့လူက သေနတ်နဲ့ချိန်တာကို လုရာကနေ သူ့မိန်းမသေသွားခဲ့တာပါ အဲဒီအချိန်မှာပဲ သူ့သမီးကလည်း Trauma ရပြီး နားမကြားနိုင် စကားမပြောနိုင်ဖြစ်သွားခဲ့တာပေါ့ ဒီလိုနဲ့တစ်နှစ်ကြာတော့ ဘရန်နန့်ဆီမှာ အလုပ်လာအပ်တဲ့သူရောက်လာပါရော ဘရန်နန်က အိမ်တွင်းပစ္စည်းပရိဘောဂတွေကိုဖြုတ်ပေးတာတို့ တွင်းတူးပေးတာတို့လုပ်တဲ့သူတစ်ယောက်ပါ အဲဒီလိုနဲ့ ...
movie
Dig (2022)
5.9
The Predator (2018)
အတော်ကြာကြာ စောင့်လိုက်ရတဲ့ ရုပ်ရှင်ကားလေး အခုတော့ ထွက်လာပါပြီ။ Predator တွေကိုတော့ ရုပ်ရှင်ချစ်သူအတော်များများ ရင်းနှီးပြီးဖြစ်မှာပါ။ ကိုယ်ပျောက်နိုင်စွမ်းတွေ လက်နက်ဆန်းတွေနဲ့ လူတွေကို အားကစားတစ်ခုလို အမဲလိုက်တတ်ကြတဲ့ ဂြိုလ်သားတွေပါပဲ။ ဒီကားအကျဉ်းကတော့ စစ်တပ်က လက်ဖြောင့်စနိုက်ပါတစ်ဦးဟာ ယာဉ်နဲ့ကျလာတဲ့ ပရက်ဒေတာဂြိုလ်သားဆီကနေ ပစ္စည်းတွေ ရလာခဲ့ပါတယ်။ သူ့အတွက် သက်သေဖြစ်အောင်လို့ ဒါတွေကို သူ့ရဲ့မိသားစုဆီကို ခိုးပြီးပို့လိုက်ခဲ့တယ်ပေါ့။ ဒါပေမယ့် ဒီဂြိုလ်သားနည်းပညာကိုလိုချင်တဲ့အဖွဲ့ နဲ့ သူ့ပစ္စည်းတွေကို ပြန်လိုက်ရှာမယ့် ပရက်ဒေတာ နဲ့ အခြားပြဿနာကြီးတွေ ရင်ဆိုင်လာရပါတော့တယ်။ Predator ဇာတ်ကားအကုန်လုံးကို ဒီမှာ https://channelmyanmar.to/category/special-package/predator/ ကြည့်ပါ။File size…(7 GB)/(1.9 GB)/(900 MB) Quality…BluRay 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….01:48:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung,THZ Translated by Little Neo
movie
The Predator (2018)
2018
4K HEVC
5.0
Murder at Yellowstone City (2022)
Murder at Yellowstone City (2022) =========================မွန်တားနားနယ်မြေရဲ့ ရဲလိုးစတုန်းမြို့လေးက တစ်ချိန်တုန်းက ရွှေတွေအများကြီးထွက်ပြီး စည်ကားခဲ့တဲ့မြို့လေးပေါ့။ ဒါပေမယ့် နောက်ပိုင်းကျတော့ အခက်အခဲအကျပ်အတည်းတွေနဲ့ဖြစ်သွားရော။ အဲဒီအချိန်မှာ ဒွန်နီဂန် ဆိုတဲ့ မြို့အပြင်မှာနေတဲ့ အမျိုးသားတစ် ယောက်က ရွှေတူးတာရသွားလို့ မြို့ထဲလာပြီး သူ သူဌေးဖြစ်ကြောင်း လာကြွယ်ပြီး တစ်မြို့လုံးကို အရက်တွေပါ ဝယ်တိုက်ပစ်တာ။ ကံဆိုးချင်တော့ သိပ်မကြာခင်မှာပဲ သူက အသတ်ခံရလိုက်ရတယ်။ သူတင်မဟုတ်ဘူး နောက်ပိုင်း တစ်ယောက်ပြီးတစ်ယောက် ဘာကြောင့် မှန်းမသိအသတ်ခံရတဲ့အကြောင်းကို မြို့ရဲ့ အရာရှိက ဘယ်လိုဖော်ထုတ် မလဲဆိုတာ ကြည့်ရမယ်။ အနောက်တိုင်း ကောင်းဘွိုင်ခေတ်အကြောင်း ရိုက်ပြထားတဲ့ ဇာတ်ကားတစ်ကားဖြစ်တယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်)File Size..........(1.34 GB) / (740 MB) / (431 MB) Quality............WebRip 1080p / 720p / 480p Duration.........2Hr 07mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Western Translator.......Khant Sett Naing Encoder..........SWM
movie
Murder at Yellowstone City (2022)
3.5
Vendetta (2022)
ဆရာကြီး ဘရုစ်ဝီလီရဲ့ Vendettaဆိုတဲ့ အက်ရှင် ဇာတ်ကားသစ် ထွက်ရှိလာပြန်ပါပြီ၊ ဒီဇာတ်ကားထဲမှာတော့ ဇာတ်လိုက်မဟုတ်တဲ့ ဗီလိန်အနေနဲ့ တွေ့ရမှာဆိုတော့ တမျိုးဆန်းတာပေါ့၊ ဒါတင်မကဘဲ မိုက်တိုင်ဆန်ဆိုတဲ့ လက်သီးချင်းမနိုင်လို့ သူများနားရွက်ပြေးဟပ် တဲ့ လူကြမ်းလက်ဝှေ့သမားကြီးလည်း ပါဝင်ထားပါသေးတယ်။ အညွှန်းကတော့ ဝီလီယမ်ဒန်ကန်ဆိုတဲ့ စစ်မှုထမ်းဟောင်းကြီးဟာ မိသားစုနဲ့အတူ သာယာပျော်ရွှင်တဲ့ ဘဝလေးကိုဖြတ်သန်းနေရင်း တစ်နေ့မှာတော့ ကံဆိုးစွာပဲ သမီးဖြစ်သူ ကက်သရင်းဟာ ဒေသခံ Fetterလူမိုက်ဂိုဏ်းရဲ့ လက်ချက်နဲ့ သေဆုံးသွားပါတယ်၊ ဒန်ကန် အနေနဲ့ တရားခံကို လက်ရဖမ်းမိခဲ့ပေမယ့် မျက်မြင်သက်သေမရှိ ဓါတ်ပုံနဲ့ စီစီတီဗွီတွေလည်းမရှိလို့ တရားသေလွတ်သွားခဲ့ပါတယ်။ သမီးဖြစ်သူကို သတ်သွားတဲ့သူကို ဥပဒေအရ စီရင်လို့မရတဲ့အဆုံး ဒန်ကန်တစ်ယောက် ဥပဒေပြင်ပကနေ သူကိုယ်တိုင်ပဲ လက်တုံ့ပြန် ခဲ့ပါတယ်၊ ဒါပေမဲ့ တရားခံက Fetter ဂိုဏ်းချုပ်ရဲ့ သားဖြစ်နေလို့ Fetter ဂိုဏ်းကလည်း ဒန်ကန်ကို လက်စားချေဖို့အတွက် ကြိုးစား လာရင်း ဗုံလုံတစ်လှည့် ငါးပျံတစ်လှည့် လက်စားချေပွဲ ဆင်နွှဲကြ ပါတော့တယ်။File size…1.4GB / 647MB Quality… 1080p WEBRIP AAC5.1CH/ 720p Format…mp4 Duration….1h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie
Vendetta (2022)
2022
5.0
Warning (2021)
Warning (2021)=============အနာဂတ်ခေတ်တစ်ချိန်မှာ ကမ္ဘာပေါ်ကို အန္တရာယ်တစ်ခုကျရောက်လာတဲ့အခါလူတွေရဲ့နေ့စဥ်ဘဝတွေအပေါ်သက်ရောက်ပုံကို Sci-fi, thriller အမျိုးစားပုံစံနဲ့သရုပ်ဖော်ထားတာဖြစ်ပါတယ်။ ဂြိုလ်တုတစ်ခုပေါ်ကနေ ဘေးအန္တရာယ်ကြောင့် မတော်တဆ အာကာသထဲလွင့်ထွက်သွားတဲ့အာကာသယာဥ်မှူးတစ်ယောက်ကစလို့ သီးခြားဇာတ်ကောင်တွေကိုယ်စီရဲ့ မိသားစုရေး အချစ်ရေးဘာသာရေး စတဲ့ကိစ္စတွေ အဆင့်မြင့်နည်းပညာတွေနဲ့ဆက်နွယ်နေပုံကို ပြထားတာပါ။18+ခန်းအနည်းငယ်ပါလို့ မိသားစုနဲ့တော့ သိပ်မကြည့်သင့်ပါဘူး။ ဒီဇာတ်လမ်းမှာအဖြစ်အပျက်တွေကိုဒါကဒီလိုဖြစ်နေတယ်ဆိုပြီး ပေါ်တင်မပြောပြပဲ ကြည့်ရင်းအဓိပ္ပါယ်ကောက်သွားရမှာမျိုးပါ။Sci-fi ကားမျိုး thriller ကားမျိုးကြိုက်သူတွေ၊ ကြည့်ရင်းတွေး တွေးရင်းကြည့် သွားရမယ့်ကားမျိုးကြိုက်တဲ့သူတွေ လက်လွှတ်မခံသင့်တဲ့ကားမျိုးဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Pyi T. Nyein မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ JimX, Pyi T. Nyein တို့ပဲပဲဖြစ်ပါတယ်။) Quality – 1080p, 720p, 360p WebRipDuration - 1hr 25minSubtitle – Myanmar HardsubFormat – Mp4Genre : Sci-Fi, ThrillerSource : 1080p.WebRipTranslator – JimX, Pyi ...
movie
Warning (2021)
2021
7.0
Run Hide Fight (2020)
Run Hide Fight (2020)==================IMDb Rating - 7.၀/10 ဒီတစ်ခါတော့ CM ပရိသတ်တွေအကြိုက်တွေ့စေမယ့် action and thriller ဇာတ်လမ်းလေးတစ်ပုဒ်နဲ့မိတ်ဆက်ပေးပါရစေ။ ဇီုအီဟာ အသက် ၁၇ နှစ်အရွယ် ကောင်မလေးတစ်ယောက််ဖြစ်ပြီး အများနဲ့မတူဘောက်ဆတ်ဆတ်နိုင်တဲ့သူပါ။ သူနဲ့ သူ့ရဲ့ အချစ်ဆုံးသူငယ်ချင်း လူး၀စ်ဆိုတဲ့ ကောင်လေးတို့ဟာ ဗာနွန်အထက်ကျောင်းက ကျောင်းသားတွေပဲဖြစ်ကြပါတယ်။အမေရိကန်အထက်ကျောင်းတွေရဲ့ သဘာ၀ ကပွဲတို့ ပျော်ပွဲရွှင်ပွဲတို့ စတဲ့အထိမ်းအမှတ်ပွဲတွေ မကြာခဏကျင်းပတာဟာသဘာ၀ပါပဲ ။ ဒီလို event တွေထဲမှာ Senior Prank ဆိုတဲ့ အစီအစဉ်လေးအပါအ၀င်ပါပဲ။Senior Prank Day မှာ ကျောင်းသားတွေအားလုံး ဆရာဆရာမတွေအပါအ၀င် တစ်ယောက်နဲ့တစ်ယောက်စကြနောက်ကြပါတယ်။ဥပမာ- စာသင်ခန်းတစ်ခန်းလုံး ပူပေါင်းတွေအပြည့် ထည့်ခဲ့တာမျိုးပေါ့။ဒါပေမယ့် ဒီဇာတ်လမ်းထဲက ဗာနွန်အထက်တန်းကျောင်းသားတွေရဲ့ Prank Day ကတော့ ပျော်စရာမကောင်းခဲ့ပါဘူး။ စနောက်ကြတဲ့ နေ့ကို အသုံးချပြီး ဆိုးသွမ်းတဲ့ ကျောင်းသားတစ်စုက ကျောင်းကန်တင်းကို ...
movie
Run Hide Fight (2020)
2020
7.3
Face/Off ( 1997 )
အက်ရှင်၊ thriller လို့ပြောတာနဲ့ ဘယ်ခေတ်ကိုရောက်ရောက်ရိုးမသွားမယ့် ရုပ်ရှင်တစ်ကား တင်ပေးလိုက်ပါတယ်။IMDb 7.3 ရရှိထားတဲ့ဇာတ်ကားဖြစ်ပါတယ်ကြည့်ဖူးသူတွေကတော့ မေ့မှာမဟုတ်ပါဘူး။ နီကိုးလတ်ကေ့ နဲ့ဂျွန်ထရာဗိုတာတို့ အပြိင်ကျဲခဲ့တဲ့ကားပါ။ ဇာတ်လမ်း၊ သရုပ်ဆောင်၊ရိုက်ချက် အားလုံးကောင်းပါတယ်။ သားဖြစ်သူကို သတ်သွားတဲ့အကြမ်းဖက်သမားကို တစ်ဘဝလုံး နှစ်မြှပ်ပြီး လိုက်ဖမ်းနေခဲ့တဲ့အက်ဖ်ဘီအိုင်အေးဂျင့် ရှောင်ဟာ နောက်ဆုံးတော့အကြမ်းဖက်သမား ကတ်စတာကို မိသွားပါတယ်။ မိသွားချိန်မှာကတ်စတာ ထောင်ခဲ့တဲ့ ဗုံးနေရာကို သိဖို့အတွက် ကတ်စတာရဲ့မျက်နှာကိုခွာယူပြီး ခွဲစိတ်ပြုပြင်ပြီး ကတ်စတာ အဖြစ်ဟန်ဆောင်စုံစမ်းနေရပါတယ်။ဒီအချိန်မှာပဲ ကတ်စတာက ရှောင်ရဲ့ မျက်နှာကို ယူပြီးအက်ဖ်ဘီအိုင်အေးဂျင့်အဖြစ် ပြန်လိုက်ဒုက္ခပေးတဲ့အခါမှာ….. Quality : Bluray 1080p (5.1ch ) HEVC & Bluray 720pDuring : 2h 18 minFormat : mkv ( 1080p ) , mp4 ( 720p )Subtitle ...
movie
Face/Off ( 1997 )
1997
6.4
Hot Summer Nights 2017
၁၉၉၁ ခုနှစ်၀န်းကျင်က နွေကာလတစ်ခုကို အခြေခံရိုက်ကူးထားပြီး ပျိုပျိုမေတို့ အသဲစွဲ Timothee Chalamet ၊ Maika Monroe နဲ့ Alex Roe တို့က အဓိကပါ၀င် သရုပ်ဆောင်ထားပါတယ်။ ဒန်နီရယ်ဟာ အဖေဖြစ်သူဆုံးပြီးနောက်ပိုင်း ဘ၀ကို လေလေလွင့်လွင့်ဖြတ်သန်းနေသူဖြစ်ပါတယ်။ တစ်နေ့သူ့ရဲ့ အမေဖြစ်သူဟာ အဒေါ်ဖြစ်သူနဲ့ နွေရာသီမှာ သွားနေဖို့အတွက် Cape Cod ဆိုတဲ့ Massachusetts ပြည်နယ်က ကမ်းရိုးတန်းဒေသတစ်ခုကို လွှတ်လိုက်ပါတယ်။ အဲ့ဒီဒေသလေးဟာ နွေရာသီဆို ခရီးသွားတွေနဲ့ပြည့်နေပြီး မူးယစ်ဆေးဝါးတွေနဲ့ ပြည့်နက်နေတဲ့ အရပ်ဒေသတစ်ခုပါ။ လူသစ်ဖြစ်တဲ့ ဒန်နီရယ်တစ်ယောက် ဟန်တာ ဆိုတဲ့ လူတစ်ယောက်နဲ့ ပေါင်းမိပြီး မူးယစ်ဆေးလောကထဲကို အခြေချမိသွားပြီး မူးယစ်ဆေးဝါးတွေ ရောင်းတဲ့သူတစ်ယောက်ဖြစ်သွားပါတော့တယ်။ မူးယစ်ဆေးရောင်းရင်း ရေလျှံလာပြီး ပင်လယ်ရေလို သောက်လေငတ်မပြေဖြစ်သွားတဲ့ ဒန်နီရယ်တစ်ယောက် ဘယ်လိုအဖြစ်တွေကြုံရမလဲဆိုတာကတော့ ကိုယ်တိုင်ပဲ ကြည့်ရှူခံစားလိုက်ပါ ဒီဇာတ်လမ်းထဲက အဖြစ်အပျက်အများစုဟာ ဖြစ်ရပ်မှန်ကို အခြေခံထားပါတယ်။ ဆဲရေးတိုင်ထွာတဲ့စကားတွေ သွေးထွက်သံယိုတွေပါတဲ့အတွက် Rated R အဖြစ်သတ်မှတ်ထားပါတယ် File size…(1.3 GB) and (700 Mb) Quality….BluRay 1080p and 720p Format…Mp4 Duration….01:47:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Littleneo Translated by Yoon Sandi Aung
movie
Hot Summer Nights 2017
Breach (or) Anti Life (2020)
မင်းသားကြီး ဘရုစ်ဝီလီရဲ့ အသစ်ထွက် Action,Sci-Fi ဇာတ်ကားပါ..၂၂၃၀ ခုနှစ်လောက်မှာ ကမ္ဘာပေါ်မှာ ဂြိုလ်သားတွေ ပြသနာရှာပြီး ရောဂါတွေမွှေတာကြောင့်လူတွေဟာ ကမ္ဘာသစ်တစ်ခုကို ပြောင်းရွှေ့နေထိုင်ဖို့ဖြစ်လာပါတယ်..ဒီလိုပြောင်းရွှေ့မှုတွေ အဆင်ပြေမလား..ဂြိုလ်သားတွေကရော ဘာတွေမွှေဦးမလဲ ...Action, Sci-Fi ကြိုက်တဲ့လူတွေအတွက်တော့ အဆင်ပြေမယ့်ဇာတ်ကားပါ။ File size…(1 GB) and (1.6 GB) Quality….WEB-DL 1080p and 720p Format…mp4 Duration….01:30:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Jackson Winn
movie
Breach (or) Anti Life (2020)
3.3
Money Plane 2020
ဂျက်ဟာ ဒုစရိုက်သမားကြီး တစ်ဦးဆီမှာ အကြွေးများစွာ တင်နေတဲ့သူပါ။ သူ့မှာ အဖွဲ့တစ်ဖွဲ့လည်း ရှိပါတယ်။ ဆိုးတူကောင်းဖက် လုပ်စားကြမယ့် အဖွဲ့ပေါ့။ ဂျက်အကြွေးတွေကို အကြေချေပေးမယ်လို့ ပြောပြီး ဒုစရိုက်သမားကြီးက အလုပ်တစ်ခု ခိုင်းလာပါတယ်။ ပြတိုက်ထဲက ဒေါ်လာသန်းချီတန်တဲ့ ပန်းချီကားကို ခိုးဖို့ပေါ့။ အလုပ်ကို သေချာလုပ်တတ်တဲ့ ဂျက်တို့အဖွဲ့က သေချာပေါက်ဖြစ်စေရမယ်လို့ ယုံကြည်ပြီး ခိုးဖို့လုပ်ကြတယ်။ ဒါပေမဲ့ သူတို့လာမယ်ဆိုတာကို ပြတိုက်က ဘယ်လိုသိသွားတယ် မသိဘဲ ခိုးလို့ မရခဲ့ကြဘူး။ ဒီမှာပဲ ဒုစရိုက်သမားကြီးက မကျေနပ်တာနဲ့ ဒီထက်ပိုအန္တာရာယ်ကြီးပြီး ပိုပွပေါက်ရမယ့် Money Plane ဆီကို လွှတ်လိုက်တော့တယ်။ ကျန်တာတွေကို ဂျက်တို့အဖွဲ့ ဘယ်လိုလှုပ်ရှားမလဲဆိုတာကို ကြည့်ကြည့်ကြပါဦး။File Size : 600 Mb / 300 Mb Quality :WEB-DL 720p Format…mp4 Duration…01:22:00 Genre : Action Subtitle : Myanmar ...
movie
Money Plane 2020
6.3
Crown Vic (2019)
ဒီကားလေးကတော့ IMDb 6.3 ရထားတဲ့ ကားလေးပါအခုမှသူ့မွေးရပ်နေရာကိုပြန်လာပြီး ရဲအလုပ်လုပ်ရင်းပထမဆုံးကင်းစလှည့်မယ့်ဟိုလန်တစ်ယောက်ကိုသူ့ရဲ့အထက်လူကြီးသူနဲ့အတူကင်းလှည့်ပြီးတာဝန်တွေလုပ်ငန်းစဥ်တွေသင်ကြားပြသပေးမယ့်ရဲတစ်ယောက်တို့ရဲ့တစ်ညတာကင်းလှည့်ပြီး အမှုတွေဖြေရှင်းတာကိုရိုက်ကူးထားတာပါဟိုလန်တစ်ယောက်ရဲသင်တန်းကနေကျင့်ဝတ်လမ်းစဥ်တွေသင်ယူခဲ့ရပေမယ့်တကယ်ကင်းလှည့်တဲ့အချိန်မှာတော့ အခြေအနေအချိန်အခါတွေကွဲ ပြားသွားတဲ့အခါကင်းလှည့်ရင်းလူမျိုးစုံပုံစံမျိုးစုံအန္တရာယ်မျိုးစုံကိုရင်ဆိုင်ရတဲ့အခါသူ့အထက်လူကြီးရဲ့လျှို့ဝှက်ချက်တွေကိုပါသိရှိပြီးနောက်ဆုံးဘဏ်ကိုဓါးပြတိုက်သွားတဲ့လူတွေကိုပါဖမ်းဖို့အကြောင်းဖန်လာတဲ့အခါမှာဒီဇာတ်လမ်းကတစ်ညတာကင်းလှည့်ပြီးသူတို့နိုင်ငံရဲတွေရဲ့လုပ်ငန်းတာဝန်တွေလူဆိုးဖမ်းတာတွေကိုသေချာရိုက်ပြထားတဲ့ကားလေးတစ်ကားဖြစ်တာကြောင့်ဒီလိုဇာတ်အိမ်မျိုးကိုသဘောမကျတဲ့သူတွေအတွက်တော့ပျင်းဖို့ကောင်းလောက်ပေမယ့်စိတ်ဝင်စားမယ်ဆိုရင်တော့ကြည့်ရတန်မယ့်ကားကောင်းလေးပါ File Size : ( 1 GB , 404 MB )Quality : WEB-DL 720pRunning Time : 1 hr 50 minFormat : Mp4Genre : Action , Crime , DramaSubtitle : Myanmar Subtitle (Hard Sub)Translated by PhueEncoded by ...
movie
Crown Vic (2019)
5.2
The Sweetest Thing (2002)
Unicode Version============ခရစ်စတီးနား (Cameron Diaz) နဲ့ ကော့တ်နေး (Christina Applegate) တို့ဟာ ကိုယ့်အလုပ်နယ်ပယ်မှာအောင်မြင်ကြသလို ရုပ်ရည် စတိုင် ဒီဇိုင်း ကာလာ ဘာညာ တော်ကီ အနေအထားအရလဲထိပ်တန်းဖြစ်တယ်ဆိုတော့ ကြုံဖူးသမျှယောက်ျားတိုင်းက သူတို့ကို တန်းတန်းစွဲကြပါတယ်။(အခုခေတ်မှာတော့ ထက်မြက်တဲ့ မိန်းမတွေလို့ခေါ်မှာပေါ့) သူတို့ကတော့ ယောက်ျားတွေ မှန်သမျှကို ကစားစရာလို့ သဘောထားပုံပါပဲ။ဇာတ်ကားရဲ့ အဖွင့်ကို အဓိက ဇာတ်ကောင်ဖြစ်တဲ့ ခရစ်စတီးနား အသည်းခွဲတာခံရခဲ့ဖူးတဲ့ယောက်ျားတွေရဲ့ နာကျည်းချက်တွေကို အင်တာဗျူးပုံနဲ့စ ထားပါတယ်။ အချစ်ကို ကစားစရာလို့ ထင်ကြတဲ့ ခရစ်စတီးနားနဲ့ ကော့တ်နေးမှာ သိပ်ရိုးအေးပြီး အချစ်ကို ကိုးကွယ်တဲ့ ဂျိန်း( Selma blair) ဆိုတဲ့ သူငယ်ချင်းမလေးတစ်ယောက်ရှိသေးတယ်။ အဲ့ဒီကောင်မလေး ဘဲပစ်ခံရလို့ အသည်းကွဲနေတဲ့ အချိန်မှာ ထက်မြက်တဲ့ အပျိုကြီး နှစ်ယောက်က နင့်ကို လင်အသစ်ရှာပေးမှဖြစ်တော့မယ်ဆိုပြီး နာမည်ကြီး ကလပ်တစ်ခုကို ခေါ်သွားပါတယ်။ အသည်းကွဲနေတဲ့ ဂျိန်းကို ခရစ်စတီးနားက ...
movie
The Sweetest Thing (2002)
2002
5.1
A.X.L (2018)
အဆိုတော်ချောချောလေး Becky G ပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းလေးနာမည်က A.X.L (2018) ပါ။Science fiction/action ဇာတ်လမ်းကောင်းလေးတွေသဘောကျနှစ်ခြိုက်တဲ့Channel Myanmar ပရိသတ်ကြီးအတွက်တော့ စိတ်ကြိုက်ဖြစ်မှာပါပဲ။ဇာတ်လမ်းအကျဉ်းလေးကိုလဲ တင်ဆက်ပေးပါဦးမယ်။A.X.Lဆိုတာက စစ်တပ်သုံးဖို့ အထူးတီထွင်ထုတ်လုပ်ထားတဲ့ ခွေးစက်ရုပ်ပါ။A.X.L ဆိုတဲ့နာမည်လေးရဲ့ အဓိပ္ပါယ်ကိုပြောပြရရင်A = Attack(အတိုက်ခိုက်စွမ်းရည်) ,X = Exploration (ရှာဖွေစွမ်းရည်) ,L = Logistics (စဉ်းစားဆင်ခြင်တတ်တဲ့စွမ်းရည်)ဒီလိုအရည်အချင်းတွေနဲ့ ပြီးပြည့်စုံတဲ့ စက်ရုပ်ခွေးဖြစ်ပါတယ်...စစ်တပ်ဟာအနာဂါတ်အတွက် စစ်မြေပြင်မှာအသုံးချဖို့အတွက် လူသားတွေအပေါ်သစ္စာအရှိဆုံးသတ္တဝါတွေထဲမှ ခွေးရဲ့ပုံစံကိုရွေးပြီးတော့စက်ရုပ်ခွေးဖန်တီးခဲ့ပါတယ်...ဒါပေမယ့် စစ်တပ်ကိုမပို့မီ အချိန်မှာA.X.L က ဓာတ်ခွဲခန်းထဲကနေ ထွက်ပြေးလာခဲ့ပြီးဆိုင်ကယ်စီးကျွမ်ကျင်သူဟေးလ်နဲ့ ကွင်းပြင်ထဲမှာဆုံမိပါတော့တယ်။ကြမ်းတမ်းသန်မာတဲ့စက်ရုပ်ခွေးဖြစ်သူ A.X.L နဲ့ လူသားဖြစ်သူဟေးလ်တစ်ယောက် ဘယ်လိုရှေ့ဆက်ဖြစ်ကြမလဲ?ဘာတွေဆက်ဖြစ်ကြမလဲ?စတဲ့မေးခွန်းတွေ အကြင်နာတရားနဲ့ စိတ်လှုပ်ရှားစရာကိုဒွန်တွဲဖော်ပြတင်ဆက်ထားတဲ့ကားကောင်းလေးပါ။Spoilerပါမှာစိုးလို့ အနည်းငယ်သာဖော်ပြလိုက်ပါတယ်။File Size : (1.8 GB) and (918 MB) and (278 MB)Quality : BluRay 1080p 5.1 CH ...
movie
A.X.L (2018)
2018
1
2
Previous