Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Thomas Clay Strickland
6.8
Wonder Woman 1984 (2020)
DCEU လို့ သိကြတဲ့ DC Extended Universe ဟာ Aquaman and the Lost Kingdom ရုပ်ရှင်အပြီး ၂၀၂၃ ခုနှစ်မှာတော့ ပိတ်သိမ်းသွားခဲ့ပြီပဲဖြစ်ပါတယ်။ ဒါရိုက်တာ Zack Snyder နဲ့အစပြုခဲ့တဲ့ DCEU ဟာ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Warner Bros. နဲ့ အနုပညာရှင် ဒါရိုက်တာတွေကြားက အဆင်မပြေမှုတွေအပြင် အခြားကိစ္စရပ်များကြောင့်ပါ ဝိဝါဒကွဲပြဲတဲ့ အစီအစဉ်တွေနဲ့ မတည်ငြိမ်တဲ့ Universe တစ်ခုဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် DCEU ဟာ Superman, Batman, Wonder Woman,Aquaman,Flash တို့လို ပရိတ်သတ်သဘောကျတဲ့ဇာတ်ကောင်တွေကိုလဲ တင်ဆက်နိုင်ခဲ့တာမလို့ DC ဖန်တွေအတွက် ကျေနပ်စရာကိစ္စရပ်တွေလဲ ရှိခဲ့ပြီး ထိုက်သင့်တဲ့အောင်မြင်မှုတွေလဲ ရရှိခဲ့ပါတယ်။ဒါကြောင့်မလို့ ပြီးဆုံးခဲ့ပြီဖြစ်တဲ့ DCEU ရုပ်ရှင်အားလုံးကို BluRay 4K Quality နဲ့သိမ်းထားလို့ရအောင်တင်ဆက်လိုက်ပါတယ်.....DCEU ရုပ်ရှင်အားလုံးကို ဒီမှာ ...
movie
Wonder Woman 1984 (2020)
2020
4K HEVC
5.2
Where’s Rose (2021)
Where's Rose (2021) ===============ဒန်နီရယ်လို့ခေါ်တဲ့ မိသားစုတစ်စုမှာ အဲရစ်နဲ့ ရို့စ်လို့ခေါ်တဲ့ မောင်နှမ နှစ်ယောက်ရှိပါတယ်။ သူတို့မိသားစုလေးက အရမ်းကို နွေးထွေးကြပြီး ပျော်ရွှင်စရာတွေ ပြည့်နှက်နေတဲ့ မိသားစုလေးတစ်စုဆိုလည်း မမှားပါဘူး။ ဇာတ်လမ်းအစ အဲရစ်က အထက်တန်းအောင်ပြီး ကောလိပ်တက်ဖို့အတွက် အောင်ပွဲခံတဲ့အနေနဲ့ ချစ်ခင်ရတဲ့ သူငယ်ချင်းတွေနဲ့အတူ အိမ်မှာ ပွဲလေး ကျင်းပပါတယ်။ ရိုစ့်တစ်ယောက်ကတော့ သူ့အစ်ကို အဲရစ်နဲ့ ခွဲရတော့မှာမို့ စိတ်မကောင်းဖြစ်နေတဲ့ပုံပါပဲ။တစ်ရက်တောထဲမှာ ရို့စ်တစ်ယောက် ပျောက်သွားတော့ မိဘတွေ လိုက်ရှာ ရပါတော့တယ်။ ရဲတွေရဲ့ အကူအညီနဲ့ ပြန်တွေ့ပြီးနောက်ပိုင်း ရို့စ်တစ်ယောက်က အရင်ကနဲ့ မတူတော့ဘဲ ပြောင်းလဲလာပါတော့တယ်။ ရို့စ်တစ်ယောက် ဘာကြောင့် ပျောက်သွားတာလဲ၊ သူ့အစ်ကို အဲရစ်နဲ့ ရို့စ်ရဲ့ ဆက်ဆံရေးက ဘယ်လ်ိုရှခဲ့လဲ၊ တောအုပ်ကို လှမ်းကြည့်ရင်း ရိုစ့် ဘယ်သူနဲ့ စကားပြောပြောနေလဲဆိုတာ ဆက်လက် စောင့်ကြည့်ပေးပါဦး။ဒီဇာတ်လမ်းက Horror, Thriller ဇာတ်ကားမျိုးဖြစ်ပြီး နောက်ဆုံးပိုင်းမှာတော့ အံ့သြစရာကောင်းလောက်အောင် အဆုံးသတ်ဖြစ်နေတာမို့ ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Parris ဖြစ်ပါတယ်) File Size..........(1.05 GB) / (400 MB) ...
movie
Where’s Rose (2021)
2021
7.3
First Man (2018)
First Man (2018) IMDb - 7.3/10_____Rotten - 86% Won 1 Oscar. Another 30 wins & 190 nominations အချိန်ကာလကတော့ ၁၉၆၉ ခုနှစ် ..... ဇူလိုင်လ ၁၆ရက် ၁၃:၃၂နာရီ ခန့်ပေါ့............ စိတ်ကူးယဉ်ခဲ့ရတဲ့ လမင်းကြီးဆီကို သမိုင်းရဲ့ ပထမဆုံးအနေနဲ့ ကျွန်တော် ထွက်ခွာသွားရတော့မှာ .... အောင်မြင်မှာလား ကျရှုံးမှာလား.. ...ကျွန်တော် ဆက်မတွေးတော့ပါဘူး....... ဆုံးသွားတဲ့ ကျွန်တော့်ရဲ့သမီးလေးကို ဝမ်းနည်းစွာ သတိရနေတာလား.... .... ကျွန်တော့်ထက်အရင် လကမ္ဘာကိုသွားရောက်ဖို့ ကြိုးစားခဲ့တဲ့ သူငယ်ချင်းတွေရော.. . ကောင်းမွန်တဲ့ဘုံဘဝမှာ ပျော်ရွှင်ကျေနပ်နေပြီလား..... ဒါမှမဟုတ် ကျွန်တော်ပဲ ဒီအခန်းကျဉ်းလေးထဲမှာ စက်နှိုးမဲ့အချိန်ကို စောင့်စားရင်း ခြောက်ခြားနေမိတာလား ... . ကျွန်တော်တို့ရဲ့ အမြင်အာရုံကလဲ အကန့်အသတ်နဲ့ပဲမြင်နေရတယ် လက်တစ်ဝါးသာသာလောက် မှန်ပြတင်းလေးကနေ ကောင်းကင်ကြီးကို မျှော်ကြည့်ရင်း ကမ္ဘာလောကကြီးကို နှုတ်ဆက်ထွက်ခွာရတော့မယ် ကျွန်တော်ချစ်ခင်တဲ့ မိသားစုလေးကတော့ ကမ္ဘာမြေပေါ်က အိမ်လေးထဲမှာ ကျန်နေခဲ့မှာလေ ဘယ်သူမှ မရှိတဲ့ လကမ္ဘာပေါ်မှာ ကျွန်တော်တို့ အထီးကျန်နေမှာလား ပြီးတော့ ကမ္ဘာမြေပေါ် ပြန်မရောက်လာနိုင်ခဲ့ရင်ရော....... အဲ့လိုတွေးနေရင်းနဲ့ပဲ......ခရီးစဉ်ထွက်ခွာဖို့အတွက် တဆယ်.....ကိုး....ရှစ်......ဆိုပြီး... .အချိန်မှတ်နေတဲ့အသံကို မိုက်ခရိုဖုန်းထဲကနေ ...
movie
First Man (2018)
2018