Channel Myanmar

Thom Hoffman

Dogville (2003) 8.0
Dogville (2003)  IMDb 8/10မင်းသားကြီး Paul Bettany နဲ့ မင်းသမီးကြီး Nicole Kidman တို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ Crime/ Drama ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် Director Lars Von Trier ရဲ့ ကိုယ်တိုင်ရေး ကိုယ်တိုင်ရိုက် လက်ရာကောင်းတစ်ခုပါ Manderlay 2005 ရဲ့ Trilogy ဖြစ်ပြီး Manderlay ဇာတ်ကားကိုလည်း ကိုယ်တိုင်ရေး ကိုယ်တိုင်ရိုက်အနေနဲ့ပဲ ဖန်တီးထားပါသေးတယ် နှစ်ကားစလုံး ဆုတွေအများကြီးရထားတာပါနှစ်ကားစလုံးရဲ့ထူးခြားချက်ကလည်း ရိုက်ကွင်းကို စတူဒီယိုခန်းကြီးထဲက အနက်ရောင်စတိတ်စင်ကြီးပေါ်မှာ ပုံစံဖော်ပြီးရိုက်ကူးထားတာက တခြားရုပ်ရှင်ကားတွေနဲ့မတူတဲ့ Director Lars Von Trier ရဲ့ထူးခြားတဲ့ Idea တစ်ခုပဲဖြစ်ပါတယ်ဇာတ်အိမ်ကိုတော့ အမေရိကန်နိုင်ငံ ရော့ကီတောင်တန်းပေါ်က ဒေါ့ဗေးလ် ဆိုတဲ့မြို့လေးတစ်မြို့အကြောင်းကို တည်ပြီးရိုက်ကူးထားတာပါ တစ်ညမှာ ဝတ်ကောင်းစားလှတွေဝတ်ထားတဲ့ ချောမောလှပတဲ့ ဂရေ့စ် ဆိုတဲ့ မိန်းကလေးတစ်ယောက်ဟာ လူဆိုးတွေရဲ့လက်ကနေ ထွက်ပြေးလာရင်းနဲ့ ဒေါ့ဗေးလ် ဆိုတဲ့မြို့လေးကို ရောက်ရှိလာပါတယ်ဒေါ့ဗေးလ် ...
movie

Dogville (2003)

Ainbo: Spirit of the Amazon (2021) 5.6
Ainbo: Spirit of the Amazon (2021) AINBO: Spirit of the Amazon (2021)ချစ်စရာ ကာတွန်းလေးတစ်ခုတင်ပေးလိုက်ပါပြီ။ အမေဇု့တောအုပ်ထဲက ရွာလေးတစ်ရွရဲ့ သူရဲကောင်းမလေး တစ်ယောက်အကြောင်းပေါ့။ သူ့နာမည်က အင်ဘိုလို့ခေါ်ပါတယ်။ အသက် ၁၃ ပဲ ရှိသေးပြီး တစ်နေ့မှာ အတော်ဆုံးမုဆိုးဖြစ်လာချင်တဲ့ကလေးမလေးပေါ့။ သူ့မိဘတွေ မရှိတော့သလို ဘယ်သူမှန်းလည်း မသိခဲ့ပါဘူး။ ရွာသူကြီးလင်မယားက မွေးစားထားပြီး သူတို့ရဲ့ သမီးအရင်း ဇူမီနဲ့ ညီအစ်မလို ခင်မင်နေခဲ့ကြတာပါ။ တစ်နေ့မှာတော့ သူတို့ရွာကလေးကို ကျိန်စာတစ်ခုကျရောက်လာပြီး ရွာသားတွေအားလုံး ဒုက္ခရောက်လာတဲ့အခါ အင်ဘိုဟာ သူချစ်တဲ့သူတွေနဲ့ ရွာလေးကို ကယ်ဖို့ ကျိန်စာဖြေမယ့်နည်းရယ် ကျိန်စာတိုက်တဲ့သူရယ်ကို ရှာဖို့ စွန့်စားခန်းတွေ ဖွင့်ရပါတော့တယ်...ချစ်စရာအကောင်လေးတွေနဲ့ပါ ကာလာစုံ၊ရောင်စုံတင်ဆက်ထားတာမို့ကာတွန်းချစ်သူများလက်လွတ်ခံလို့မဖြစ်ကြောင်း ညွှန်းဆိုလိုပါတယ်။  File size…(1.6 GB) and (1 GB) Quality…WEB-DL 1080p and 720p 5.1CH Format…mp4 Duration….01:25:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya AungTranslated by Mr.Anderson   
movie

Ainbo: Spirit of the Amazon (2021)