Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Tetta Sugimoto
6.1
Reincarnation (2005)
Reincarnation (2005) ===================The grudge series ရဲ့ ပဲ့ကိုင်ရှင် Takashi Shimizuရဲ့ လက်ရာကောင်းလေးဖြစ်တဲ့ Reincarnation ကို တင်ဆက်လိုက်ပါတယ် ဇာတ်လမ်းနာမည်အတိုင်း လူဝင်စားတွေအကြောင်း ရိုက်ကူးထားတာပါ ဟိုတယ်တစ်ခုမှ ပါမောက္ခတစ်ယောက်ရဲ့ ရူးမိုက်စွာသတ်ဖြတ်ခြင်းကို ခံရတဲ့ လူ ၁၁ယောက် ရှိပါတယ် ယနေ့ခေတ်မှာတော့ နာဂိဆာဆိုတဲ့ တက်သစ်စ မင်းသမီးလေးဟာ ဒီဖြစ်ရပ်မှန်ကို ရိုက်ကူးမယ့်ရုပ်ရှင်မှာ သရုပ်ဆောင်ဖို အကြောင်းဖန်လာပါတော့တယ် ဇာတ်ညွှန်းကို လက်ခံရရှိပြီးကတည်းက မြင်နေကျမဟုတ်တဲ့အရာတွေကို မြင်လာရတယ် အရုပ်ကိုင်ထားတဲ့ ကလေးမလေးတစ်ယောက်ရဲ့ မှတ်ဉာဏ်တွေဟာ သူ့ဆီရောက်ရောက်လာတယ် ရိုက်ကွင်းအတွက် တကယ်ဖြစ်ပျက်ခဲ့တဲ့ ဟိုတယ်ကို သွားရောက် လေ့လာပြီးနောက်မှာ အခြေအနေတွေက ပိုဆိုးလာခဲ့တယ် သူ့ကိုယ်သူ ကလေးမလေးရဲ့ လူဝင်စားလို ယုံကြည်လာတယ် ယာယိုအီဆိုတဲ့ မိန်းကလေးတစ်ယောက်ကလည်း အဲဒီဟိုတယ်ကို ခဏခဏ အိပ်မက်ထဲ မြင်နေတာမို သူငယ်ချင်းရဲ့ အကူအညီနဲ့ လိုက်လံစုံစမ်းရာမှာတော့... သူတို နှစ်ဦး ဘယ်လိုတွေ ချိတ်ဆက်မိမလဲဆိုတာ plot twistလေးနဲ့အတူ ခံစားလိုကောင်းမယ့် ဇာတ်ကားကောင်းလေး ဖြစ်ပါကြောင်း...( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ ...
movie
Reincarnation (2005)
6.5
City Hunter (2024)
၂၀၂၄ ဧပြီလ ၂၅ ရက်မှာအသစ်ထွက်ရှိထားတဲ့ Netflix ရဲ့ဂျပန်ရုပ်ရှင် City Hunter ဟာ Tsukasa Hojo ရဲ့နာမည်ကျော်Manga စီးရီး City Hunter ကိုအခြေခံပြီး ဒါရိုက်တာYuichi Satoh က ရိုက်ကူးပေးထားတဲ့ Live-action ရုပ်ရှင်ကားတစ်ခုပဲဖြစ်ပါတယ်။ ကမၻာတစ်ဝန်းမှာCity Hunter Manga ရဲ့ပရိသတ်ပေါင်းများစွာရှိနေပြီး၁၉၈၀ ပြည့်နှစ်မှာ ကာတွန်းကားရိုက်ကူးခဲ့ဖူးသလို ၁၉၉၃ခုနှစ်မှာလည်း ဂျက်ကီချန်းက City Hunter နာမည်နဲ့ပဲရုပ်ရှင်တစ်ကားရိုက်ကူးခဲ့ပါသေးတယ်။ အသစ်ထွက်ရှိလာတဲ့ဂျပန်ရုပ်ရှင် City Hunter မှာတော့ Ryohei Suzuki ၊Misato Morita နဲ့ Masanobu Ando တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း***************တိုကျိုမြို့ရဲ့လမ်းမတွေပေါ်မှာ ထူးဆန်းတဲ့ဖြစ်ရပ်တွေကိုမြင်တွေ့နေရပြီးစူပါစွမ်းအင်တွေရှိနေတဲ့လူတချို့က တခြားလူတွေကိုလိုက်လံတိုက်ခိုက်နေခဲ့ပါတယ်။ဒီဖြစ်ရပ်တွေထဲကတစ်ခုကြောင့် တွဲဖက်နဲ့သူငယ်ချင်းဖြစ်သူမာကီမူရာကိုဆုံးရှုံးလိုက်ရတဲ့ အလွတ်တမ်းစုံထောက်ယိုဆာအီဘာကဒီဖြစ်ရပ်တွေဟာ ဆေးတစ်ခုကြောင့်လား၊ ဗိုင်းရပ်စ်တစ်ခုကြောင့်လားဆိုတာ လိုက်လံဖော်ထုတ်ရပါတော့တယ်။ သေဆုံးသွားတဲ့မာကီမူရာရဲ့ညီမကာအိုရီကလည်း အစ်ကိုအတွက်လက်စားချေချင်စိတ်တွေပြင်းထန်နေတာကြောင့် အမှုစုံစမ်းဖော်ထုတ်ရာမှာယိုဆာအီဘာရဲ့တွဲဖက်ဖြစ်လိုမှန်းမသိဖြစ်လာခဲ့ပါတယ်။ဝါရင့်စုံထောက်ယိုဆာအီဘာနဲ့ အတွေ့အကြုံမရှိတဲ့ကာအိုရီတို့နှစ်ယောက်ပေါင်းမိသွားချိန်မှာတော့ လွဲချော်မှုတွေနဲ့အက်ရှင်ဇာတ်ဝင်ခန်းတွေကို ဟာသရောနှောတင်ဆက်ပြသထားတာမြင်တွေ့ရမှာပဲဖြစ်ပါတယ်။ File size…2 ...
movie
City Hunter (2024)
7.8
OUT (2023)
Out (2023) ========== IMDb Rating – 7.7/10 Genre – Action, DramaHigh & Low ဇာတ်ကားတွေတို့ Tokyo Revenger တို့လို ကျောင်းသားလူမိုက်ဂိုဏ်းကားတွေ ကြိုက်ရင် သဘောကျမယ့်ကားလေးပါ။ တဆူယာဆိုတဲ့ကောင်က ငဖိုက်၊ ဖိုက်တာမှ ရဲတွေပါ ပြန်ဖိုက်လို့ ထိန်းသိမ်းရေးစခန်းရောက်တယ်၊ အထဲမှာချတယ်၊ ချလို့ တိုက်ပိတ်ခံရတယ်၊ ပြန်ထွက်လာတယ်၊ ထွက်ထွက်ချင်း အပေါက်ရှေ့ ပြန်ဆော်လို့ အထဲ ပြန်ဝင်ရတယ်။ ဒီလိုနဲ့ တခြားမြို့က အဒေါ် ဦးလေးရှိတဲ့ အသားကင်ဆိုင်ကို သွားအလုပ်လုပ်ရရော။ တစ်ခုရှိတာက သူ့ ဂိုဏ်းကလူတွေနဲ့ အဆက်အသွယ်မလုပ်ရသလို နောက်ထပ် ငဖိုက်လုပ်လို့မရတော့ပါဘူး ထပ်ဖိုက်ရင် နှစ်အကြာကြီး ပြန်ဝင်ပြီး ခွေးဖြစ်မှာပါ။ ဒီလိုနဲ့ အသားကင်ဆိုင်လေးမှာ ဥနေတုန်း ဒီမြို့မှာ ဆိုင်ကယ်ဂိုဏ်းနဲ့ ပတ်သက်မိပြီး တခြားဂိုဏ်းတွေနဲ့ပါ ဇာတ်ရှုပ်လာတဲ့အခါမှာတော့ တဆူယာဆိုတဲ့ ငဖိုက်လေး ရန်မဖြစ်ပဲနေဖို့ ကတိပေးထားရာကနေ ...
movie
OUT (2023)
5.8
The Village (2023)
The Village (2023)~ MyDramaList – 7.1/10 ~ပြီးခဲ့တဲ့နှစ် ဇွန်လက Netflix ကနေ ထုတ်လွှင့်ပြသခဲ့တဲ့ Drama, Suspense, Thriller အမျိုးအစား “The Village” ဆိုတဲ့ ဂျပန်ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ကာမွန်ရွာ (Kamon Village) မှာ ကလေးဘဝကတည်းက နေထိုင်တဲ့ ကာတယာမ ယူ (Katayama Yu) ဆိုတဲ့ ကောင်လေးတစ်ယောက်က သူ့အတိတ်ကဖြစ်ရပ်တစ်ခုကြောင့် အထက်တန်းကျောင်းပြီးလို့ ရွာကနေထွက်သွားချင်တာတောင် ထွက်သွားလို့မရတဲ့အပြင် သူ့အမေချေးထားတဲ့ငွေအများကြီးကို ပြန်ဆပ်ဖို့အတွက် ရွာအနားမှာ ဆောက်လုပ်ထားတဲ့ စွန့်ပစ်အမှိုက်ရှင်းလင်းရေးစက်ရုံမှာ ဝင်ရောက်လုပ်ကိုင်နေရပါတယ်။ ရည်မှန်းချက်တွေ မျှော်လင့်ချက်တွေ တစ်ခုမှရှိမနေဘဲ သူများအနိုင်ကျင့်တာကိုပါခံရရင်း ရှင်သန်နေသူလည်းဖြစ်တယ်။ တစ်နေ့ သူ့ငယ်သူငယ်ချင်းဖြစ်တဲ့ နာကာအီ မီဆာကီ (Nakai Misaki) က တိုကျိုကနေ ကာမွန်ရွာဆီ ပြန်လာခဲ့ပါတယ်။ မီဆာကီပြန်လာခြင်းက ကာတယာမ ယူ ကို ...
movie
The Village (2023)
2023
Hard Days (2023)
ဒီဂျပန် ဒရာမာရုပ်ရှင်က ၂၀၁၄တုန်းက ထွက်ရှိခဲ့ပြီး အောင်မြင်မှုတွေရရှိခဲ့တဲ့ A Hard Day လို့အမည်ရတဲ့ ကိုရီးယားကားကို ဂျပန်မှုပြုပြီး ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။မိုးသည်းထန်တဲ့ညတညမှာ စုံထောက်ယူဂျီကူဒိုဟာ ဆေးရုံမှာ အသည်းအသန်ဖြစ်နေတဲ့ အမေဖြစ်သူဆီကို အလောတကြီးသွားနေပါတယ်။ ဒီအချိန်မှာ အထက်လူကြီးဆီက ဖုန်းတကောလ်၀င်လာပြီး ဖုန်းခေါ်လာရခြင်း အကြောင်းရင်းကတော့ ကူဒိုကို လာဘ်ပေးလာဘ်ယူကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းဖို့ပါ။ဂျပန်တွေဟာ စည်းကမ်းသိပ်တင်းကျပ်ပါတယ်။ အထူးသဖြင့် စုံထောက်တယောက် လာဘ်စားတာကိုမိသွားရင် ဘ၀ပျက်ပြီး ထောင်ထဲအထိရောက်သွားနိုင်ပါတယ်။ပြဿနာပေါင်းသောင်းခြောက်ထောင်နဲ့ အကျပ်ရိုက်နေတဲ့ကူဒိုဟာ အမေ့ဆေးရုံကိုသွားတဲ့လမ်းမှာ သက်လတ်ပိုင်းယောက်ျားတဦးကို ကားနဲ့တိုက်မိပြီး ဒုက္ခလှလှထပ်တွေ့ပြန်ပါတယ်။ ဒီလိုနဲ့ ကြံရာမရတဲ့ ကူဒိုဟာ အလောင်းကိုကားနောက်ဖုံးထဲထည့်သယ်သွားပြီး အလောင်းဖျောက်ဖို့ကြိုးစားပါတော့တယ်။ဇာတ်လမ်းက အခုမှစတာပါ။ အလောင်းဖျောက်ဖို့ကြိုးစားပြီးနောက်မှာ ကူဒိုရဲ့ဖုန်းထဲကို "မင်း လူတယောက်ကိုသတ်ခဲ့တာ ငါသိတယ်"ဆိုတဲ့ စာတိုတစောင်ရောက်လာခဲ့ပြီး ကူဒိုတယောက် ရှုပ်ထွေးလှတဲ့ အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရပါတော့တယ်။ဒီရုပ်ရှင်ဟာ ပြသချိန် ၂နာရီကြာပါတယ်။ဇာတ်လမ်းအစမှာ ဘာကိုပြလို့ပြချင်နေမှန်းမသိ ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ ဇာတ်လမ်းတ၀က်လောက်ကနေစပြီး ဇာတ်ရှိန်တက်လာပြီး ဇာတ်အိမ်အချိတ်အဆက်တွေကလည်း ကောင်းတယ်ဆိုတဲ့အထဲမှာ ...
movie
Hard Days (2023)
7.1
I Give My First Love to You (2009)
I Give My First Love To you (2009)~ IMDb rating - 7.1/10 ~ကြည့်ကိုကြည့်သင့်တဲ့ ဂျပန်ရိုမန့်ရုပ်ရှင်တွေ စာရင်းထဲမှာ ထိပ်ဆုံးက အမြဲတမ်းပါလေ့ရှိတဲ့ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဂျပန်ရုပ်ရှင်ချစ်သူအားလုံးနီးပါးကြည့်ဖူးကြပြီး ကြိုက်နှစ်သက်ခဲ့ရတဲ့ ကျောင်းသားကားတစ်ကားဆိုလည်း မမှားပါဘူး။တကုမ-ခခိနိုအုချိဆိုတဲ့ ကောင်လေးက မွေးရာပါနှလုံးရောဂါအခံရှိတာကြောင့် ဆေးရုံခဏခဏတက်နေရတဲ့ကောင်လေးပါ။ ဆရာဝန်ကြီးက သူ့ရောဂါဟာ အဲဒီခေတ်အခါနဲ့ ကုသလို့မရတဲ့ရောဂါဖြစ်ကြောင်းပြောနေတာကို မထင်မှတ်ဘဲ သိခဲ့ရပါတယ်။ သူ့နှလုံးက အသက်၂၀ထိပဲအသက်ရှင်နိုင်မှာမို့ အစားရှောင် အနေဆင်ခြင်နေခဲ့ရပါတယ်။ဆရာဝန်ကြီးရဲ့သမီးဖြစ်သူ မယု-တနဲဒကတော့ ဆေးရုံကိုလာကစားရင်း တကုမနဲ့ကစားဖော်ဖြစ်လာတဲ့ကောင်မလေးပါ။ ကလေးတွေဆိုပေမဲ့ သာမန်ထက်ပိုတဲ့အချစ်ဦးတွေဖြစ်ကြပြီး ကျန်တဲ့သူတွေက ကလေးလင်မယားဆိုပြီး ချစ်စနိုးစကြတဲ့အထိ တပူးပူး တတွဲတွဲ ရှိနေခဲ့ကြပါတယ်။၁၆နှစ်အရွယ်ရောက်ကြတော့လည်း မယုက တကုမကိုဆက်ချစ်နေဆဲဖြစ်ပြီး ငယ်ငယ်တုန်းက ကတိအတိုင်းလက်ထပ်ချင်နေခဲ့ပါတယ်။ တကုမကတော့ သူက အချိန်တန်ရင်ထွက်သွားရမဲ့သူမို့ ချစ်ပေမဲ့လမ်းခွဲဖို့ကြိုးစားပါတယ်။ဒီအချိန်မှာတော့ နှလုံးအစားထိုးကုသမှု ပေါ်နေပါပြီ။ တကုမနဲ့ ကိုက်ညီတဲ့သူကိုတွေ့ပြီး နှလုံးအစားထိုးနိုင်ဖို့စောင့်ဆိုင်းနေတဲ့အချိန်ပါ။ တကုမနဲ့မယုတို့ဆက်ဆံရေးဖြောင့်ဖြူးနေတဲ့အချိန်မှာ ...
movie
I Give My First Love to You (2009)
2009
6.0
Signal: Long-Term Unsolved Case Investigation – The Movie (2021)
Signal : The Movie (2021)2021 မှာထွက်လာတဲ့ The signal ဆိုတဲ့ ဇာတ်ကားလေးကတော့2018 မှာထွက်ခဲ့တဲ့ ဇာတ်လမ်းတွဲရဲ့ အဆက်ပဲဖြစ်ပါတယ်ဒီကားလေးက thriller ကားအမျိုးအစားဖြစ်ပြီး ဇာတ်လမ်းကတော့ mysteryတွေနဲ့ပြည့်နေပြီး စုံထောက်ကားကြိုက်တဲ့သူတွေအတွက်တော့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်မှာပါ2018 ဇာတ်ကားမှာတုန်းက အတိတ်နဲ့ ပစ္စုပ္ပန်မှာ ရှိကြတဲ့ စုံထောက်နှစ်ယောက်ဟာ စကားပြောစက် walkie-talkieလေးကနေ ထူးထူးဆန်းဆန်း ဆက်သွယ်မိကြပါတယ် သူတို့နှစ်ယောက်ဟာဒီလိုဆက်သွယ်ပြီး အနာဂတ်မှာအတိတ်ကဖြစ်ခဲ့တဲ့အမှုတွေမဖြစ်အောင် အတူတူတားဆီးကြတာဖြစ်ပါတယ်ခုဒီဇာတ်ကားမှာလည်း "cold case investigate team"က စုံထောက်ဆိုင်ကူဆာနဲ့ အတိတ်ကစုံထောက် အိုယာမာတို့ဟာ အတိတ်နဲ့ပစ္စုပ္ပန်တို့မှာဖြစ်တဲ့ တူညီတဲ့ လုပ်ကြံမှုအကြမ်းဖက်မှုတွေပေါ်မှာ အခြေခံပြီး နှစ်ယောက်သား အမှုမှန်ပေါ်အောင်ဖော်ထုတ်ကြတာပဲဖြစ်ပါတယ်ဇာတ်ကားရဲ့ပုံစံက action scene တွေသိပ်မပါဘဲ ပဟေဠိဆန်ဆန်ပုံစံနဲ့ စိတ်ဝင်စားစရာကောင်းအောင်ရိုက်ကူးထားတာပါ၂၀၁၈ တုန်းက ဇာတ်ကားမကြည့်ရသေးတဲ့သူတွေလည်း ဇာတ်ကားအစမှာ ဇာတ်လမ်းဆက်ကိုအကျဉ်းချုပ်ရှင်းပြထားတာမို့ တန်းကြည့်လို့အဆင်ပြေပါတယ် စုံထောက်ကား ဖန်တွေ အေးဆေး "chill and think"လို့ရပါပြီအညွှန်း နဲ့ ဘာသာပြန်ကတော့ Loon Swal Eain ပဲ ဖြစ်ပါတယ်။Genre.....Action, Mystery, Thriller Quality….WEB-DL 1080p ...
movie
Signal: Long-Term Unsolved Case Investigation – The Movie (2021)
7.3
The 8-Year Engagement (2017)
ဖစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတဲ့ Japan Romance ကားလေးကို တင်ဆက်ပေးပါမယ် IMDB score 7 တောင်ရရှိထားပြီးတော့ မင်းသားကလည်းချော မင်းသမီးကလည်း ချောနဲ့ နောက်ဆုံးခန်းကျရင်မျက်ရည်သုတ်ဖို့တစ်ရှုးဆောင်ထားပါလို့ ကြိုတင်စကားပါးပြီး ဇာတ်လမ်းအကြောင်း ဆက်လိုက်ကြရအောင်... အနေအေးပြီး အလုပ်နဲ့ဝါသနာထပ်တူကျတဲ့ ဟီဆာရှီ နဲ့ သွက်လက်ထက်မြက်တဲ့ မိုင်တို့ရဲ့ အချစ်ဇာတ်လမ်းလေးဖြစ်ပါတယ် စစတွေ့ချင်းမှာတော့ အနေအေးတဲ့ဟီဆာရှီကိုအထင်လွဲကြည့်မရပေမယ့် နောက်ပိုင်းချစ်သူတွေဖြစ်သွားကြတဲ့နောက် သူတို့ချစ်သူဘဝလေးဟာ အရမ်းပျော်စရာကောင်းခဲ့ပါတယ် စေ့စပ်ပြီးတဲ့အချိန်ရောက်မှ သူတို့ကြားကို ကံကြမ္မာဆိုးကြီးဝင်လာပြီး မိုင်တစ်ယောက် ရှားပါးတဲ့ ဦးနှောက်ရောဂါတစ်ခုကြောင့် ကိုမာဝင်သွားပါတော့တယ် မိုင်ကိုအလိုလိုက်ပြီး အရမ်းချစ်တဲ့ ဟီဆာရှီ မိုင်တစ်ယောက် ဒီလိုဖြစ်သွားတဲ့နောက်မှာရော ဆက်ချစ်နိုင်ပါ့မလားဆိုတာကို ဆက်လက်ကြည့်ရှုရမှာဖြစ်ပါတယ် (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်ပေးထားသူကတော့ May Myat Thu ပါ) File Size : (900 MB) and (400 MB) Quality : Blu-Ray 720p Running Time : 1hr 59min Format : Mp4 Genre : Drama, Romance Subtitle ...
movie
2017
Erased (2016)
အခုတစ်ခါတော့ ၂၀၁၆ ခုနှစ်ကထွက်ထားတဲ့ ဂျပန် manga ကိုပြန်လည်ရိုက်ကူးထားတဲ့ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် တလေကလေးကထွက်ထားတဲ့Erased ဆိုတဲ့ ဇာတ်လမ်းတွဲနဲ့ ဒီကားက ကျောရိုးချင်းဆင်ပြီးတော့manga ပရိတ်သတ်တွေ အနေနဲ့ကတော့ ဒီကားကို သိပြီးသားဖြစ်မှာပါဘာလို့ဆိုတော့ဒီကားက Erased ဆိုတဲ့ အန်နီမေးရှင်းကားကို ပဲLive Action အဖြစ် အသက်သွင်းရိုက်ကူးထားတာဖြစ်ပါတယ်ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသားကိုတော့ တော်တော်များများ ရင်းနှီးပြီးသားဖြစ်မှာပါဇာတ်လမ်း အကျဉ်းလေးကတော့ ဆာတိုရု ဟာ သူ့မှာ အနာဂါတ်အချိန်ပိုင်းလေးကိုကြိုမြင်နိုင်နေတဲ့ သဘာဝလွန် စွမ်းအားကို ရရှိထားသူဖြစ်ပြီး သူဟာဒီ အစွမ်းကြောင့်ပဲ အန္တရာယ်တစ်တစ်ခုခု ဖြစ်ခါနီးဆို ကြိုတင်သိရှိပြီးကယ်တင်ပေးလေ့ရှိပါတယ် ဒါပေမဲ့ တစ်နေ့မှာ သူကိုယ်တိုင်ပါဝင်နေတဲ့မတော်တဆမှုတစ်ခုဖြစ်လာပြီးတော့ ဒီမတော်တဆမှုမှာ သားကောင်ကိုကကယ်တင်ပေးနိုင်မှာလး ပြီးတော့ ဒီမတော်တဆမှုကနေ တဆင့် ဘာတွေကိုပါဆက်လက် ဖော်ထုတ်သွားနိုင်မှာလဲဆိုတာတွေကို တော့ ပရိတ်သတ်ကြီးကဆက်လက်ကြည့်ကြရမှာပါQty - Bluray 710pDuration - 1hr 40minGern - Fantasy/ ActionnTranslator - Yamin Mya PwintEncoder - Kyaw ...
movie
Erased (2016)