Channel Myanmar

Terry Zarchi

I Spit on Your Grave: Deja Vu (2019)
I Spit on Your Grave: Deja Vu (2019) I Spit on Your Grave: Deja Vu ကတော့ကြားထဲက remake တွေနဲ့မသက်ဆိုင်ပဲ မူလ ၁၉၇၈ ကားကိုပဲ တိုက်ရိုက်ချိတ်ဆက်ထားပြီး မူလဒါရိုက်တာနဲ့မူရင်းမင်းသမီးတို့ပဲပြန်လည်ပါဝင်ထားတာဖြစ်ပါတယ်။၁၉၇၈ အဖြစ်အပျက်တွေအပြီး နှစ် ၄၀ အကြာမှာ ဂျနီဖာဟာသူ့ရဲ့ခြောက်ခြားဖွယ်အတွေ့အကြုံတွေကိုစာအုပ်အဖြစ် ရေးသားထုတ်ဝေခဲ့ရာကနေအောင်မြင်မှုတွေရရှိနေပြီး မုဒိမ်းမှုသားကောင်တွေကိုပညာပေးဆွေးနွေးတာတွေ၊ ဟောပြောပွဲတွေ၊စာအုပ်မိတ်ဆက်ပွဲတွေနဲ့အလုပ်များနေပါတယ်။သူ့သမီးဖြစ်သူခရစ်စတီကတော့ထိပ်သီးမော်ဒယ် တစ်ဦးအဖြစ်ရပ်တည်နေပြီး မဆုံဖြစ်တာကြာတဲ့အတွက် သားအမိနှစ်ဦးတွေ့ဆုံစကားပြောပြီး စားသောက်ဆိုင်က အထွက်မှာ နှစ်ဦးလုံးလူတစ်စုရဲ့ပြန်ပေးဆွဲမှုကိုခံခဲ့ရပါတယ်။ အဲ့ဒီလူတွေကတော့ လွန်ခဲ့တဲ့နှစ် ၄၀ က ဂျနီဖာ သတ်ဖြတ်ခဲ့တဲ့ မုဒိမ်းကောင်တွေရဲ့မျိုးဆက်တွေဖြစ်ပြီး သူတို့ရဲ့အမုန်းအငြိုးတွေနဲ့ကလဲ့စားချေဖို့စောင့်ဆိုင်းနေခဲ့ကြတာပါ။ဒီတစ်ကြိမ်မှာရော ဂျနီဖာထပ်ပြီးလွတ်မြောက်နိုင်ဦးမလား? သူ့သမီး ခရစ်စတီရော သူ့လိုကြမ္မာဆိုးကြုံတွေ့ရဦးမှာလား ဆိုတာ ဆက်လက်ရှုစားကြပါ။ ထုံးစံအတိုင်း ဝတ်လစ်စားလစ်ဇာတ်ဝင်ခန်းတွေ၊ကြမ်းတမ်းရက်စက်တဲ့ သတ်ဖြတ်ခန်းတွေနဲ့စကားလုံးကြမ်းကြမ်းတွေ ဖောဖောသီသီပါဝင်ထားပါတယ်။ File size…(3.5 GB )/(1.7 GB) Quality….BluRay 1080p / 720p Format…mp4 Duration….02:28:02 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Alias
movie

I Spit on Your Grave: Deja Vu (2019)

I Spit on Your Grave (1978) Day of the Woman 5.6
I Spit on Your Grave (1978) Day of the Woman I Spit on Your Grave/ Day of the Woman (1978)I Spit on Your Grave ဟာ အဓမ္မမှုကိုရက်ရက်စက်စက်လက်စားပြန်ချေတဲ့ဇာတ်ကားတွေထဲမှာ အထင်ကရဖြစ်ဆုံးဇာတ်ကားတွေထဲက တစ်ကားဖြစ်ပြီး 2010 မှာပြန်ရိုက်ခဲ့တဲ့ remake ဇာတ်ကားတွေဟာလည်းအောင်မြင်မှုရခဲ့ပါတယ်။ ခုတင်ဆက်လိုက်တာကတော့ မူရင်း အော်ရဂျင်နယ် ၁၉၇၈ ခုနှစ်က ရုပ်ရှင်ကားဖြစ်ပါတယ်။ပထမဆုံးဇာတ်ကားစတင်ထွက်ရှိချိန်မှာ သူ့ရဲ့ကြမ်းတမ်းရက်စက်မှုတွေ၊ဝတ်လစ်စားလစ်ဇာတ်ဝင်ခန်းပေါင်း မြောက်များစွာတွေကြောင့် ရုံမတင်ခင်ကတည်းက အငြင်းပွားမှုတွေပြဿနာတွေမျိုးစုံရင်ဆိုင်ခဲ့ရပြီး ဇာတ်ကား ရုံတင်ချိန်မှာလည်းဝေဖန်ရေးဆရာတွေရဲ့ရှုံ့ချမှုတွေကိုအပြင်းအထန်ခံခဲ့ရပါတယ်။ဒါပေမယ့် အခုချိန်မှာတော့ cult classic ဇာတ်ကားတစ်ကားအဖြစ် ရပ်တည်နေခဲ့ပါပြီ။ဇာတ်လမ်းအကျဉ်းကတော့... စာရေးဆရာမပေါက်စလေး ဂျနီဖာဟေးလ်ဟာ နယ်စွန်နယ်ဖျားက လူသူဝေးလံတဲ့ တောအုပ်ထဲက အိမ်တစ်လုံးကို စာရေးဖို့ရည်ရွယ်ချက်နဲ့ငှားရမ်းခဲ့ပါတယ်။မြို့အဝင်ဆီဆိုင်မှာတွေ့ခဲ့ရတဲ့ လူရွယ်တစ်စုကို မြို့ကြီးသူပီပီ မိတ်ဖွဲ့ပြီးရင်းရင်းနှီးနှီးစကားဆိုခဲ့မိရာကနေ တောသားငစနူတွေက သူ့ရဲ့ ဖော်ရွေမှုကိုအထာပေးတယ်လို့ယူဆပြီး သူငှားနေတဲ့ အိမ်ကိုလာအုပ်စုဖွဲ့မုဒိမ်းကျင့်ရာကနေ နောက်ဆုံး လက်စဖျောက်ပစ်ဖို့အထိကြိုးစားခဲ့ကြပါတယ်။ဒါပေမယ့် ကံကောင်းထောက်မစွာသေကံမရောက်ခဲ့တဲ့ ဂျနီဖာဟာ သူ့ကိုအဓမ္မကျင့်ခဲ့တဲ့မုဒိမ်းကောင်တွေကို ရက်ရက်စက်စက်ပြန်ပြီးကလဲ့စားချေပါတော့တယ်။Horror,Thriller အမျိုးအစားဖြစ်ပြီး ကြမ်းတမ်းရက်စက်တဲ့သတ်ခန်းဖြတ်ခန်း ဝတ်လစ်စားလစ်ဇာတ်ဝင်ခန်းတွေပါဝင်တဲ့အတွက် မိသားစုနဲ့ကြည့်ဖို့မသင့်ပါ။ File size…(13 GB) / (3 GB )/(1.6 GB) Quality….BluRay ...
movie

I Spit on Your Grave (1978) Day of the Woman