Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Teri Hatcher
The Killer Inside: The Ruth Finley Story (2024)
အသစ်ထွက်ရှိထားတဲ့ ဖြစ်ရပ်မှန် မှုခင်းဇာတ်ကားလေးဖြစ်ပါတယ်။ Crime/Thriller အမျိုးအစားဖြစ်ပြီး ၁၉၇၀ ကျော်ခုနှစ်တွေက အမှန်တကယ် ဖြစ်ပွားခဲ့တဲ့ Ruth Finley ဆိုသူ အမျိုးသမီးတစ်ဦးရဲ့ ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ Lois & Clark စီးရီးထဲက Louis Lane အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Teri Hatcher က Ruth Finley အဖြစ် ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ ၁၉၈၀ မတိုင်မီကာလတွေမှာ အမေရိကန်ပြည်ထောင်စု ကန်းဆတ်စ်ပြည်နယ် Wichita မြို့မှာ BTK killer ဆိုတဲ့ ကွင်းဆက်လူသတ်သမား တစ်ဦး သောင်းကျန်းနေခဲ့ပါတယ်။ Ruth ဆိုတဲ့ အမျိုးသမီးတစ်ဦးဟာ ခင်ပွန်းဖြစ်သူ Ed Finley နဲ့အတူ Wichita မြို့မှာနေထိုင်ပါတယ်။ တစ်နေ့မှာ ခင်ပွန်းဖြစ်သူ နှလုံးရောဂါကြောင့် ဆေးရုံတင်လိုက်ရပြီး မကြာခင်မှာပဲ Ruth ဆီကို အမည်မသိလူတစ်ဦးကနေ ...
movie
The Killer Inside: The Ruth Finley Story (2024)
4.5
All Tied Up (1993)
Genre – Comedy, Crime၉၀ ဝန်းကျင်က အချောအမောတွေကို အမြင်တစ်မျိုးနဲ့ ပြန်ပြီးကြည့်ရှုရမယ့် ဟာသရိုမန့်စ်ကားလေး ဖြစ်ပါတယ်။ဘရိုင်ယန်ဆိုတဲ့ဘဲက အယ်အေကသတင်းစာတိုက်တစ်ခုက စာရေးဆရာ ဆော်ကြည်ဘဲတစ်ယောက်ပေါ့ဗျာ ဘားကနေ ဆော်ပေါင်းစုံကို သမပြီး ပတ်စားခဲ့လို့ မှတ်စုစာအုပ်နဲ့ပါ မှတ်ထားရတဲ့အထိရှိတယ်။ဒါပေမဲ့လည်း ဒီဘဲမှာ လင်ဒါဆိုတဲ့ချစ်သူလေးတစ်ယောက်ရှိတယ် သူ့ကိုတော့ Playboy ဘဝကို စိတ်ကုန်ပြီး အတည်တကျ လက်ထပ်ယူဖို့ ဆန္ဒရှိတော့ စေ့စပ်လက်စွပ်လေး ဝယ်ထားပြီး ခရီးက ပြန်လာရင် ခွင့်ပန်မယ်ဆိုပြီး ကြံထားတာပေါ့လေ။ဒီလိုနဲ့ တစ်ညကျ သူ့ဘော်ဒါ ဂေါ်မစွံဘဲကြီးကို ဆော်လေးတစ်ပွေနဲ့ ချိတ်ပေးလိုက်ရာက ဒီဆော်လေးက သူ့ဘော်ဒါနဲ့တင် အားမရပဲ သူ့ဆီကိုပါ အိမ်ကူးလာပါတယ်။ ဒါပေမဲ့ လိမ်မာသွားတဲ့ ဘရိုင်ယန်တစ်ယောက်ကတော့ စားဘဲကြီးမလုပ်ခဲ့ပဲ လိမ်လိမ်မာမာနဲ့ ကောင်မလေးကို ဒီတိုင်း ပြန်အိပ်ခိုင်းလိုက်ပါတယ်။မနက်ကျတော့ ညအချိန်မှ ခရီးကပြန်လာရမယ့် ချစ်သူလင်ဒါက မနက်စောစော စပရိုက်စ်တိုက်ဖို့ ရောက်ချလာပြီး ဘရိုင်ယန့်ကို ဆော်တစ်ပွေနဲ့ တွေ့လိုက်တဲ့အခါမှာတော့ စိတ်ကောက်ပြီး သူ့ဘော်ဒါ ၂ ယောက်ဆီ ပြန်သွားတဲ့အခါ ဘရိုင်ယန်တစ်ယောက် လိုက်ချော့တော့ မယ်မင်းကြီးမ ၃ ယောက်သား ပူးပေါင်းပြီး စိတ်ဆိုးမာန်ဆိုးနဲ့ ဘရိုင်ယန့်ကို ဖမ်းဆီးကြိုးတုပ် အိမ်မှာ ဖမ်းထားလိုက်တဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲ ကြည့်ရမှာပဲ ...
movie
All Tied Up (1993)
6.5
Christmas at the Chalet (2023)
ခရစ္စမတ်ရဲ့ အငွေ့အသက်အပြည့်ခံစားရမယ့် မိသားစုကားကောင်းလေးတစ်ခုပါ။Lex Rileyက ကွာရှင်းထားတာ မကြာသေးတဲ့ အရွယ်ရောက်နေတဲ့ သားတစ်ယောက်ရှိတဲ့ အမေတစ်ယောက်ပါ။ သားဖြစ်သူကတော့ Influencerတစ်ယောက်ဖြစ်ပြီး သူ့အမေကို ချက်နည်းပြုတ်နည်းတွေ အွန်လိုင်းပေါ်မှာ ဝေမျှဖို့အတွက် အမြဲ အားပေးနေခဲ့ပါတယ်။ခရစ္စမတ်မှာ သားဖြစ်သူက သူ့အဖေနဲ့အတူ Aspen မှာသွားပြီး အချိန်ကုန်မှာမို့လို့ သူပါ လိုက်သွားခဲ့ပါတယ်။ ဒါပေမယ့် သူတည်းရမဲ့ အပန်းဖြေအိမ်လေးမှာ ဟိုတယ်bookingက အမှားဖြစ်ပြီး အခန်းမရတော့ပါဘူး။ ဒါနဲ့ ဟိုတယ် ပိုင်ရှင်ဖြစ်တဲ့ Ericကလည်း အကူဝန်ထမ်းအသစ်လိုနေတာနဲ့ အလုပ်နဲ့ အခန်း လဲလှယ်ပြီး သဘောတူညီမှုတစ်ခုလုပ်ခဲ့ပါတယ်။ သဘောထားကောင်းဖော်ရွေတတ်တဲ့ Ericနဲ့ ခင်မင်သွားပြီး Ericက Lexကို နှင်းလျှောစီးသင်ပေးရင်း ပိုပြီး ရင်းနှီးခဲ့ကြပါတော့တယ်။ ၂၀ကျော် ၃၀ကျော်တွေရဲ့ အချစ်ဇာတ်လမ်းမဟုတ်ပေမဲ့ ၅၀ကျော် နှစ်ယောက်ရဲ့ ကြည်နူးစရာ အချစ်ဇာတ်လမ်းက ကြည့်ရှုသူတွေကိုလည်း ကြည်နူးစေပါလိမ့်မယ်။ File size…(1.7 GB)/(1 GB) Quality….Webrip 1080p ...
movie
Christmas at the Chalet (2023)
7.7
Coraline (2009)
Coraline (2009) IMDb - 7.7/10_____Rotten - 90%သည်းထိတ်ရင်ဖို လျှို့ဝှက်ဆန်းကြယ် ကာတွန်းကားလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ... လူကြီးမင်းတို့ရဲ့ မျက်လုံးကိုဖယ်ထုတ်ပြီး ကြယ်သီးတွေအစားထိုးတပ်ခံထားရတဲ့ ခံစားချက်မျိုး ခံစားဖူးပါသလား ? မခံစားဖူးရင် ဇာတ်လမ်းအကျဉ်းချုပ်လေးဆီသွားရအောင် တကယ်တော့ ဒီဇာတ်ကားလေးဟာ ကျွန်တော်တို့ရဲ့ ငယ်ဘဝမှာ ရင်ထဲထိအမြဲတမ်းစွဲကျန်စေခဲ့တဲ့ ကာတွန်းရုပ်ရှင်ကားလေးတစ်ကားလည်းဖြစ်ပါတယ်... ဒီဇာတ်ကားလေးမှာ ကိုရာလိုင်း (Coraline) ဆိုတဲ့ကလေးမလေးက အဓိကသရုပ်ဆောင်ထားပါတယ်... စူးစမ်းလိုစိတ်အပြည့်နဲ့ သတ္တိရှိတဲ့ ကောင်မလေးတစ်ယောက်အဖြစ်နဲ့ပေါ့... သူမရဲ့မိဘတွေနဲ့ကတော့ အဆင်မပြေပါဘူး အလုပ်ကိုသာလုပ်နေကြတဲ့ ကိုရာလိုင်းရဲ့မိဘတွေဟာ သားသမီးကို ဂရုမစိုက်နိုင်တဲ့အတွက် သူတို့ကြားမှာ အဆင်မပြေမှုလေးတွေရှိနေခဲ့ပါတယ်...တစ်နေ့သူတို့မိသားစုဟာ အိမ်အသစ်ဆီကိုပြောင်းရွှေ့လာခဲ့ရပါတယ်... ထုံးစံအတိုင်း ကိုရာလိုင်း ကတော့ တစ်ယောက်တည်းပဲပေါ့... ဒီလိုနဲ့ တစ်နေ့မှာ အိမ်ရဲ့တစ်နေရာက မှော်ဝင်တံခါးပေါက်တစ်ခုကို တွေ့သွားခဲ့တဲ့အချိန်ကစပြီး ဇာတ်လမ်းစပါပြီ... ဒီမှော်ဝင်တံခါးပေါက်ရဲ့တစ်ဖက်မှာ ဘာတွေရှိနေမလဲ ?? စူးစမ်းတတ်ပြီး သတ္တိရှိတဲ့ ကိုရာလိုင်းတစ်ယောက် ဘာတွေဖြစ်လာမှာလဲ ?? ဆိုတာတွေကိုတော့ စိတ်ဝင်တစားနဲ့ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်... IMDb rating 7.7/10 ထိ ရရှိထားတဲ့ ဒီကာတွန်းရုပ်ရှင်လေးဟာ ဘယ်လောက်ထိကောင်းတယ်ဆိုတာကိုတော့ အထူးတလည်ညွှန်းစရာ မလိုတော့ဘူး ထင်ပါတယ်.. အော်စကာဆုအတွက် ဆန်ခါတင်စာရင်းမှာပါခဲ့တဲ့အပြင် ဆုတော်တော်များများကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်... မိဘနဲ့သားသမီးတွေရဲ့ကြားက လိုအပ်ချက်လေးတွေကို ဘယ်လိုဖြည့်ဆည်းရမယ်ဆိုတာကိုလည်း ဒီဇာတ်ကားလေးက ညွှန်ပြပေးသွားပါတယ်... လက်မလွတ်တမ်းကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး လေကြောရှည်နေပြီ ဖြစ်တဲ့အတွက် အားပေးခံစားကြည့်ရှုပေးကြပါဦး...ဒီဇတ်ကားအတွက် အညွှန်းကို ကို Yé ...
movie
Coraline (2009)
2009
4K HEVC
6.4
Tango & Cash (1989)
Tango & Cash (1989)၁၉၈၀ ခုနှစ်တွေတုန်းက လျှမ်းလျှမ်းတောက်အောင်မြင်နေခဲ့တဲ့ Sylvester Stallone နဲ့ Kurt Russell တို့လို အက်ရှင်မင်းသားတွေကို ဇာတ်ဆောင်တင်ရိုက်ထားတဲ့ Action, Comedy ရုပ်ရှင်ကားကောင်းတစ်ခုပါ။ Stallone ကလည်း Rambo ၃ကား နဲ့ Rocky ၄ကားထွက်ပြီးတဲ့အချိန်၊ Kurt ကလည်း Escape from Newyork နဲ့ Big Trouble in Little China တို့လို အက်ရှင်ကားတွေရိုက်ကူးထားပြီးချိန်ပါ။ မင်းသား ၂ယောက်ရဲ့ ဩဇာရှိန်တက်နေဆဲအချိန်ပေါ့။လော့စ်အိန်ဂျလိစ်ရဲတပ်ဖွဲ့မှာ အတော်ဆုံးလို့ သတ်မှတ်ထားရတဲ့ စုံထောက် ၂ ယောက်ရှိပါတယ်။ အနောက်ဘက်က တန်ဂိုနဲ့ အရှေ့ဘက်က ကက်ရှ် တို့ပါ။ နေရာချင်းမတူသလို စရိုက်ချင်းကလည်းမတူပါဘူး။ တန်ဂိုဟာ သပ်သပ်ရပ်ရပ်ဝတ်စားပြီး လူကြီးလူကောင်းဂိုက်နဲ့ အမြဲနေပေမဲ့ ကက်ရှ်ကတော့ ပိုလွတ်လပ်တဲ့ လမ်းသရဲစတိုင်ရှိပါတယ်။ ဒီလိုအတော်ဆုံးရဲ ...
movie
Tango & Cash (1989)
1989
6.5
2 Days in the Valley (1996)
2 Days in the Valley (1996) =================== IMDb Rating - 6.5/10မကြည့်ဖူးဘူးဆိုတာ မရှိရလေအောင် ပရိသတ်ကြီးအတွက် မင်းသမီးချောကြီး Charlize Theron ငယ်ငယ်က ရိုက်ကူးခဲ့တဲ့ Crime/Comedy တစ်ကား တင် ဆက်ပေးလိုက်ရပါတယ်။ စနေနှစ်ခိုင်တွေ ပွတ်ပွတ်ပွတ်တွေ အနည်းငယ် ပါလို့ မိသားစုနဲ့တော့ အတူမကြည့်နဲ့ပေါ့ဗျာ။ဇာတ်လမ်းအသွားအလာကတော့ သူ့ခေတ်သူ့အခါဆန်ဆန် အဖြစ်အပျက်(၂)ခု၊ (၃)ခုကို အဆုံးမှာ ချိတ်ဆက်ထားပါတယ်။ အကျဉ်းချုပ်ပြောရရင်တော့ ဒီဇာတ်လမ်းမှာ ဒုစရိုက်သမားက နှစ်ယောက်၊ ရဲကနှစ်ယောက်၊ ဒီလေးယောက်နဲ့ ဇာတ်လမ်းလာနွယ်မယ့် ကာရိုက်တာတွေ ပါကြသဗျ။ဇာတ်လမ်းကတော့ အိုလံပစ် အားကစားမယ်တစ်ယောက်ရဲ့ ခင်ပွန်းဟောင်းကို ကြေးစားနှစ်ယောက်က သတ်တာနဲ့ အစပျိုးထားပါတယ်။ နောက်တော့ ကြေးစားချင်း သဘောထားကွဲ လူကွဲပြီး ဟိုပြေးဒီပြေးနဲ့ သူ့ဇာတ်ကိုယ့်ဇာတ်တွေ ကွဲကုန်တာပါပဲ။ အထက်မှာပြောခဲ့သလို အဖြစ်အပျက်တစ်ခုမကလို့ သိပ်မစပွိုင်းဘဲကြည့်ခိုင်းလိုက်တာက ပိုအဆင်ပြေမယ်ထင်လို့ ဘွားတော်ကြီးရဲ့ ဆက်စီတွေ မြင်ချင် ကြည့်၊ မမြင်ချင် နေလို့ပဲ ပြောလိုက်ပါရစေ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Act Molemy ဖြစ်ပါတယ်)File Size..........(1.78 GB) / ...
movie
2 Days in the Valley (1996)
1996
6.5
[James Bond] Tomorrow Never Dies (1997)
***Channel Myanmar အနေနဲ့ James Bond ဇာတ်ကားတွေကို BluRay 1080p 5.1 CH Quality နဲ့စာတန်းထိုးကအစ ပြန်လည်ပြုပြင်ပြီးအကောင်းဆုံးဖြစ်အောင် တင်ဆက်သွားမှာ ဖြစ်ပါတယ်….https://channelmyanmar.to/category/007/ ဒီလင့်မှာ တင်ပြီးသမျှကို ဝင်ကြည့်လို့ရပါတယ်။***+++++++++++++++++++ဒီ ဇာတ်ကားကတော့ မင်းသား Pierce Brosnan ရဲ့ ဒုတိယမြောက်ဘွန်းဇာတ်ကားဖြစ်ပါတယ်..Pierce Brosnan ရဲ့ဘွန်းဇာတ်ကောင်ကို ပရိတ်သတ်တော်တော်များများနှစ်သက်ကြောင်းတွေ့ရပါတယ်...ကြင်အင်လက္ခဏာ...တည်ငြိမ်မှု..ဝတ်စားဆင်ယင်မှု..သရုပ်ဆောင်မှုတွေအရPierce Brosnan နဲ့ ဘွန်းကို တစ်ထပ်တည်းကိုက်ညီစေတဲ့ ရသကို ပေးစွမ်းနိုင်ခဲ့တာပါ....နောက်တစ်ချက်က သူ့ရဲ့ဇာတ်ကားတွေမှာ Action ပိုင်း အတော်လေး ပြည့်စုံတာကို တွေ့ရမှာပါ..ဒီဇာတ်ကားမှာတော့ အရှေ့တိုင်းရဲ့ နာမည်ကျော် မင်းသမီး မီရှဲယိုလဲပါဝင်ထားပါတယ်...IMDb Rating (6.5/10) ရရှိထားပါတယ်...။ File size…(2.6 GB) and (1.4 GB) Quality….BluRay 1080p and 720p (HEVC Encode) Format…mkv Duration….02:00:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by ...
movie
[James Bond] Tomorrow Never Dies (1997)
HEVC 1080p 5.1
5.5
Spy Kids (2001)
Spy Kids ဇာတ်ကားကတော့2001 ခုနှစ်မှာ Director:Robert Rodriguezရိုက်ကူးထားတဲ့ Action,Adventure,Comedyဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဒီဇာတ်ကားလေးအကြောင်းကတော့ လူတိုင်းနီးပါးသိမယ်ထင်ပါတယ်။ကျွန်တော်တို့ငယ်ငယ်တုန်းကကြည်ပြီးကြိုက်ခဲ့ရတဲ့ဇာတ်ကားလေးပါပဲ။အခုထိဆို ၄ကားထွက်ရှိပြီးသွားပါပြီ။ဇာတ်လမ်းကတော့ နိုင်ငံတစ်ခုစီက စပိုင်ကောင်လေးနဲ့စပိုင်ကောင်မလေးနှစ်ယောက်ဟာအကြောင်းအမျိုးကြောင့် ချစ်မိသွားခဲ့ကြပြီး ကလေး၂ယောက် ရခဲ့ပါတယ်။သူတို့ဟာ ကလေးတွေမသိအောင်လျို့ဝှက်အေးဂျင့်လုပ်ကြပါတယ်။ဒါပေမယ့် တစ်နေ့မှာ သူတို့အဖွဲ့ထဲက အေးဂျင့်တစ်ယောက်ပျောက်ဆုံးသွားတဲ့အကြောင်းအရင်းနဲ့ပတ်သတ်ပြီးသူတို့နှစ်ယောက်တာဝန်ယူပြီး ရှာဖွေဖို့အမိန့်ကျလာပါတယ်။အဲ့ချိန်မှာ သူတို့အဖွဲ့ထဲက သစ္စဖောက်ကြောင့်သူတို့နှစ်ယောက်အဖမ်းခံခဲ့ရပါတယ်။အဲ့အချိန်မှာတော့ သူတို့ရဲ့ကလေးနှစ်ယောက်ဖြစ်တဲ့၁၂နှစ်အရွယ်Carmen နဲ့ ၉နှစ်အရွယ်Juni တို့နှစ်ယောက်သူတို့မိဘတွေကို ကယ်ဖို့ ဘယ်လိုတွေကြိုးစားကြမလဲဘယ်လိုတွေ အလွဲလွဲအချော်ချော်ဖြစ်တယ်ဆိုတာကိုတော့ဇာတ်လမ်းထဲမှာဆက်လက်ရှု့စားကြပါတော့...။ File size…(900 MB) and (400 MB) Quality…BR-Rip 1080p Format…mp4 Duration….01:30:50 Subtitle….Myanmar Subtitle (Hardsub) Translated by Eden Zaw Htoo Encoded by Naing Aung Latt
movie
Spy Kids (2001)
2001