Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Teresa Ruiz
5.5
Down the Rabbit Hole (2024)
Down the Rabbit Hole ကတော့ ၂၀၂၄ မေလ ၁ ရက်မှာအသစ်ထွက်ရှိထားတဲ့မက္ကဆီကိုရုပ်ရှင်ကားတစ်ခုဖြစ်ပါတယ်။ဟာသ၊ ဒရမ်မာအမျိုးအစားဖြစ်ပြီး ရုပ်ရှင်ရဲ့နာမည်အတိုင်းယုန်တွင်းထဲကိုဝင်သွားမှ ထူးခြားဆန်းပြားတာကိုမြင်တွေ့နိုင်မှာဖြစ်ပါတယ်။ ၁၀ နှစ်သားကလေးငယ်တစ်ယောက်ရဲ့ကြွယ်ဝချမ်းသာမှုတွေကိုစတင်ရိုက်ကူးပြထားပြီး ဆက်ကြည့်သွားရင်းနဲ့မှ မက္ကဆီကိုမူးယစ်ဂိုဏ်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ဖခင်ရဲ့ရာဇဝတ်မှုလုပ်ငန်းတွေ၊ ရက်စက်မှုတွေကိုတို့ရှ်ထလီဆိုတဲ့ကလေးငယ်တစ်ယောက်ရဲ့ရှု့ထောင့်ကနေကြည့်ရှု့ခံစားရမှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း*************** မြို့ပြင်ကခမ်းနားတဲ့နန်းတော်ကြီးတစ်ခုထဲမှာကြီးပြင်းလာတဲ့၁၀ နှစ်သားလေးတို့ရှ်ထလီဟာ ဖခင်ကအလိုလိုက်ခံထားရသူဖြစ်ပြီးလိုတာတလိုက်တိုင်းရရှိနေခဲ့ပါတယ်။တိရစ္ဆာန်ချစ်တဲ့တို့ရှ်ထလီအတွက် ဖခင်က ကိုယ်ပိုင်တိရစ္ဆာန်ရုံတစ်ခုတည်ဆောက်ပေးထားသလို သားငယ်ပါးစပ်ကဟလိုက်တဲ့အရာတိုင်းကို မဖြစ်ဖြစ်အောင်ဖန်တီးပေးခဲ့ပါတယ်။ကိုယ်ပိုင်တိရစ္ဆာန်ရုံမှာ ရှားပါးတိရစ္ဆာန်တွေကိုပိုင်ဆိုင်ထားရတာတောင်မှ အာဖရိကရေမြင်းငယ်လေးတွေကိုမှအရူးအမူးလိုချင်နေတဲ့တို့ရှ်ထလီအတွက် ဖခင်ဖြစ်သူကအာဖရိကအထိတောင်လိုက်ပို့ပေးခဲ့တာပါ။ ဒါပေမဲ့ တို့ရှ်ထလီဟာနန်းတော်ကြီးရဲ့အပြင်ကိုထွက်ခွင့်မရှိသလို အမှန်တရားတချို့ကိုလည်း သိခွင့်မရှိခဲ့ပါဘူး။ တကယ်တော့ တို့ရှ်ထလီရဲ့ဖခင်ဟာမက္ကဆီကိုရဲ့အလိုအရှိဆုံး မူးယစ်ဂိုဏ်းခေါင်းဆောင်တွေထဲကတစ်ဦးဖြစ်ပါတယ်။ သားဖြစ်သူအပေါ်မှာနူးညံ့ကြင်နာသလောက်တခြားသူတွေအတွက်တော့ တို့ရှ်ထလီရဲ့ဖခင်က ရက်စက်ကြမ်းကြုတ်သူတစ်ဦးပါ။ တစ်ဖြည်းဖြည်းကြီးပြင်းလာတဲ့တို့ရှ်ထလီဟာစူးစမ်းလိုစိတ်လည်းပြင်းပြလာတာကြောင့်ဖခင်ရဲ့ရာဇဝတ်ဂိုဏ်းအကြောင်းကိုလည်း နည်းနည်းချင်းသိရှိလာခဲ့ပါတော့တယ်။ File size…1.91 GB / 829 MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 42m Genre ….. Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie
Down the Rabbit Hole (2024)
6.7
Noise(2022)
Noise(2022)********** ဒီကားလေးက မက်ဆီကိုမှာ ပျောက်သွားတဲ့ကောင်မလေးအကြောင်း ရိုက်ထားတဲ့ drama/ action ကားပါဇာတ်လမ်းကတော့ ဂျူလီယာဆိုတဲ့ artist တစ်ယောက်က သူ့သမီးလေးပျောက်လို့လိုက်ရှာနေတာပါ ..၏ရဲစခန်းမှာ အမှုဖွင့်ထားပေမဲ့ ဘာမှလည်း မထူးခြား ဘာသတင်းမှလည်း မရဘဲ ၉လသာကြာသွားပါတယ်ဒါနဲ့ သတင်းထောက်တစ်ယောက်ရဲ့အဆက်အသွယ်နဲ့ လူပျောက်ရှာပေးနိုင်တဲ့ ရှေ့နေ့တစ်ယောက်ဆီရောက်ပြီး သဲလွန်စရလာပါတယ်...ဒီသဲလွန်စလေးကနေ သူ ဘယ်လိုဆက်လှုပ်ရှားမလဲဆိုတာကိုတော့...File Size :(1.5 GB) and (694 MB) Quality :WEB-DL 1080P,720p Format…mp4 Duration…01:45:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Marie Encoded by Phyo Pyae
movie
Noise(2022)
6.7
Father Stu (2022)
Father Stu(2022)Mark Wahlberg နဲ့ Mel Gibson တို့ရဲ့ Father Stu လာပါပြီဗျာ။Father Stu ဆိုတာကတော့ ထိုးဖို့ ကြိတ်ဖို့ သတ်ဖို့ ပုတ်ဖို့ပဲ စိတ်ဝင်စားတဲ့ လက်ဝှေ့သမား အဖြစ်ကနေ လူတွေကို ပျက်စီးရာပျက်စီးကြောင်းကနေ အဖတ်ဆယ် ကယ်တင်ပေးသူ ခရစ်ယာန်ဘုန်းတော်ကြီး ဖြစ်လာတဲ့ Stuart Long အကြောင်း ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားပါStuart Long ဟာ ဆိုးသွမ်းတဲ့ ဖခင်ဒဏ်ကို ခံရပြီး ကြမ်းကြမ်းတမ်းတမ်း ကြီးပြင်းလာရတဲ့ လက်ဝှေ့သမားတစ်ယောက်ပါလက်ဝှေ့ထိုးနေရင်း ဆိုးဝါးတဲ့ မေးရိုးရောဂါကြောင့် လက်ဝှေ့သမားအဖြစ်ကနေ နှုတ်ထွက်ခဲ့ရပြီး သရုပ်ဆောင် လုပ်မယ်ဆိုပြီး LA ကို ထွက်လာခဲ့ပါတယ်LA က စူပါးမားကတ်မှာ အလုပ်လုပ်ပြီး သရုပ်ဆောင်လုပ်ဖို့ ကြိုးစား ရုန်းကန်ရပုံတွေ စူပါမားကတ်ကို စျေးဝယ်လာတဲ့ ကတ်သလစ်ဘာသာဝင် မိန်းကလေးတစ်ယောက်ကို သဘောကျမိရာက ဘုရားကျောင်းရောက်သွားပြီး ဖာသာဘဝကို ရောက်ခဲ့ရပုံတွေ စတာတွေကို သဘာဝကျကျ ရိုက်ကူးတင်ဆက်ထားတာပါIMDb rating 6.8 အထိ ...
movie
Father Stu (2022)
2022
6.1
Bordertown (2006)
Bordertown (2006)Bordertown ဆိုတဲ့ကားလေးက JLo ရဲ့ နာမည်ကျော်ကားလေးတစ်ကားဖြစ်သလို တကယ့်အဖြစ်မှန်တွေ ပြည့်နှက်နေတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ကားလေးတစ်ကားဖြစ်ပါတယ်။အကျင့်ပျက်ချစားမှုတွေနဲ့ ပြည့်နှက်နေတဲ့ မက္ကဆီကိုနိုင်ငံက Juarez ဆိုတဲ့နယ်စပ်မြို့လေးမှာ မိန်းကလေးတွေကို မုဒိန်းကျင့် လူသတ်မှုတွေက ထောင်နဲ့ချီပြီးရှိလို့နေတယ်။ တစ်ရက်တော့ အဲဒီလို မုဒိန်းကျင့်ပြီး သတ်ဖြတ်ခံရတဲ့ မိန်းကလေးတစ်ယောက်က မသေပဲ ပြန်ရှင်လာခဲ့တယ်။ JLo ကတော့ အမေရိကန်က သတင်းထောက်တစ်ယောက်ပေါ့... သတင်းထောက်ဆိုတဲ့အတိုင်း စပ်စပ်စုစုနိုင်ပြီး ဒီကိစ္စကို အတော်လေးလိုက်ရတယ်။ ကြားထဲမှာလည်း အရင်က သူနဲ့ ဇာတ်လမ်းတွေရှိခဲ့ဖူးတဲ့ နယ်ခံသတင်းထောက်တစ်ယောက်နဲ့ ပေါင်းပြီး ကောင်မလေးကိုလည်း ကာကွယ်ရင်း အသက်နဲ့စတေးပြီး ဒီသတင်းကို လိုက်ခဲ့ရတဲ့အကြောင်းတွေကို စိတ်ဝင်တစားကြည့်ရမှာပါ။ မကောင်းတဲ့ အစိုးရရဲ့ လက်အောက်မှာ အမျိုးသမီးတွေ ခေါင်းပုံဖြတ်ခံရမှု အကာအကွယ်မဲ့မှုအသက်တွေ တန်ဖိုးမဲ့မှုတွေကို CM ပရိသတ်တို့ စာနာမိမှာပါ...Jennifer Lopez နဲ့ Antonio Banderas ...
movie
Bordertown (2006)
2006
6.0
The Marksman(2021)
The Marksman(2021)အညွှန်း**************************((1080P ရပြီဗျို့)မက္ကဆီကို နယ်စပ်မှာ အထီးကျန်နေတဲ့ မရိန်းလက်ဖြောင့်တပ်သားဟောင်းကြီးတစ်ယောက်ရှိတယ်...ဝီစကီလေးမော့လိုက် ကားလေးမောင်းလိုက်နဲ့ပေါ့... တစ်နေ့မှာ မက္ကဆီကိုထဲက ခိုးဝင်လာတဲ့ သားအမိနှစ်ယောက် ရောက်လာတယ်.... သူတို့သားအမိကို မက္ကဆီရဲ့ ကြမ်းပေ့ဆိုတဲ့ လူဆိုးဂိုဏ်းက သတ်ဖို့လိုက်လာတယ်။ ဒီသားအမိဟာ ကံကောင်းထောက်မစွာ မရိန်းလက်ဖြောင့်တပ်သားဟောင်းကြီးနဲ့ဆုံဖြစ်ခဲ့တယ်....မက္ကဆီဂိုဏ်းက ဒီသားအမိကို မဖြစ်မနေသတ်ဖို့ ကိစ္စကြီးတစ်ခုရှိလာတဲ့အခါမှာတော့.......မင်းသားကြီး Liam Neeson ရဲ့ သဲထိတ်ရင်ဖို အက်ရှင်ခန်းတွေကို ခံစားကြည့်ကြပါဉီး..ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Littleneoပဲဖြစ်ပါတယ်..... File Size :1GB Quality : WEB-DL 720p Format…mp4 Duration…01:48:00 Genre : Action, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Littleneo Encoded by Phyo Pyae
movie
The Marksman(2021)
HEVC 1080p 5.1