Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Teresa Decher
Shrapnel (2023)
ရှောင်ဘက်ခ်၀စ်တို့မိသားစုဟာ တက္ကဆက်နဲ့ မက္ကဆီကိုနယ်စပ်အနီးကို ပြောင်းရွှေ့လာတဲ့မိသားစုပါ။ ရှောင်ဟာ အမေရိကန်ရေတပ်က ဗိုလ်ချုပ်ဟောင်းတစ်ဦးဖြစ်ပြီး သမီးနှစ်ယောက်ရဲ့ဖခင်လည်းဖြစ်ပါတယ်။ဇာတ်လမ်းအစမှာတော့ ရှောင်ရဲ့ သမီးနှစ်ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ "လိ"ဟာ သူငယ်ချင်းဖြစ်သူ ဘီလီနဲ့ ပါတီပွဲတစ်ခုကိုသွားလိုက်ပြီး ပျောက်ချင်းမလှပျောက်ဆုံးသွားတာကြောင့် အဖေဖြစ်သူဟာ လိုက်လံစုံစမ်းနေခဲ့ပါတယ်။ဒါပေမဲ့ တကယ်တမ်း စုံစမ်းကြည့်လိုက်တဲ့အခါမှာတော့ မိန်းကလေးနှစ်ဦးကို ပြန်ပေးဆွဲသွားတဲ့သူတွေဟာ ဒေသခံ ကြေးစားလူမိုက်ဂိုဏ်းတစ်ခုကဖြစ်ပြီး ထိုဒေသကရဲအရာရှိတွေကတောင် မထိန်းနိုင်လို့ ဒီအမှုကို လက်ရှောင်နေကြတာကို ရှောင်တစ်ယောက် သိလိုက်ရပါတယ်။ဒီလိုနဲ့ သမီးဖြစ်သူကိုရှာဖွေဖို့ သဲလွန်စလိုက်လံရှာဖွေရင်း ရှောင်နဲ့ သူငယ်ချင်းဖြစ်သူ မက်စ်တို့ဟာ မက္ကဆီကိုလူမိုက်ဂိုဏ်းနဲ့ ရင်ဆိုင်ဖို့ရာ အကြောင်းဖန်လာပါတော့တယ်... File size…(1.4 GB)/(781 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:29:00 Genre...Action, Thriller, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant
movie
Shrapnel (2023)
5.4
Half Brothers (2020)
Half Brothers (2020)================IMDb Rating - 5.4/10ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ family drama ကားကောင်းလေးတစ်ကားပါ။ရီနာတို ဆိုတဲ့ကောင်လေးတစ်ယောက်က ပျော်ရွှင်စရာကောင်းတဲ့ မက္ကဆီကန်မိသားစုသုံးယောက်ရှိတဲ့အထဲက သားလေးတစ်ယောက်ပါ။ နိုင်ငံစီးပွားရေးတွေ ကျပ်တည်းလာတဲ့အချိန် ရီနာတိုရဲ့အဖေ ဖလာဗီယိုက အမေရိကန်မှာ အလုပ်သွားလုပ်ဖို့ ဖြစ်လာခဲ့ပြီး ရီနာတိုကိုပြန်လာမယ်လို့ ကတိပေးခဲ့ပေမဲ့လည်း ပြန်မလာနိုင်ခဲ့ပဲ အမေရိကမှာ တစ်အိုးတစ်အိမ်ထူထောင်လိုက်ပြီလို့ သိခဲ့ရတယ်။ ရီနာတိုကတော့ သူ့အဖေကို အကြီးအကျယ်စိတ်နာနေခဲ့တယ်။ နှစ်တွေအများကြီးကြာပြီး ရီနာတိုတစ်ယောက် ကိုယ်ပိုင်မိသားစုထူထောင်တော့မဲ့အချိန် သူ့အဖေရဲ့အမေရိကန်မိသားစုက ဖလာဗီယိုတစ်ယောက် နောက်ဆုံးအခြေအနေရောက်နေပြီမို့ လာတွေ့ဖို့အသိပေးတဲ့အတွက် အမေရိကကို သွားဖို့ အကြောင်းရှိလာတဲ့အချိန် သူ့မှာ ညီတစ်ယောက်ရှိနေတာကိုပါ သိလိုက်ရပြီး ဖလာဗီယိုသေဆုံးခါနီးမှာ ရီနာတိုတို့ မိသားစုကို စွန့်ပစ်ခဲ့ရတဲ့အကြောင်းကိုရှာဖွေဖို့ ပဟေဠိဆန်ဆန်ချန်ခဲ့တာကြောင့် ရီနာတိုတစ်ယောက် သူ့ရဲ့ ဖအေတူမအေကွဲညီနဲ့အတူ ရှာပုံတော်ဖွင့်ရတဲ့အကြောင်းကို စိတ်၀င်စားဖွယ် ရိုက်ကူးတင်ဆက်ထားပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းကိုဘာသာပြန်ရေးသားပေးသူကတော့ Chuck Chuck ပဲဖြစ်ပါတယ်။) Quality – 1080p, ...
movie
Half Brothers (2020)
2020