Channel Myanmar

Tenz McCall

Unsung Hero (2024)
Unsung Hero (2024) ဒီတစ်ခါတင်ဆက်ပေးမှာကတော့ For King&Country pop duoနှစ်ယောက်ဖြစ်တဲ့ Joelနဲ့Luke smallbone တို့ညီအစ်ကိုနှစ်ယောက်ရဲ့ငယ်ဘဝမိသားစုအကြောင်းကိုရိုက်ကူးထားတဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းလေးပါ ဒေးဗစ်နဲ့ဟယ်လန်စမောဘုန်းတို့ရဲ့သားသမီးခြောက်ယောက်ထဲမှာ ဂျိုအယ်လ်နဲ့လုခ်တို့ညီအစ်ကိုနှစ်ယောက်က "For King&Country"ဆိုတဲ့အမည်နဲ့အနုပညာအလုပ်များလုပ်ပြီး သူတို့ရဲ့အစ်မဖြစ်တဲ့ Rebecca St.James ကလည်းအောင်မြင်တဲ့အနုပညာဖြစ်လာပါတယ်သူတို့တွေဟာ ဂရမ်မီဆုတွေအများကြီးဆွတ်ခူးထားနိုင်တဲ့အနုပညာရှင်တွေပါ ဒီဇာတ်ကားမှာ သူတို့ရဲ့ငယ်ဘဝက ကြုံတွေ့ခဲ့ရတဲ့အခက်အခဲတွေနဲ့ မိသားစုဝင်တွေအချင်းချင်းဖေးမကူညီအားပေးပြီး ချစ်ခြင်းမေတ္တာတွေအကြောင်းကိုရိုက်ကူးထားတာပါ ဖခင်ဖြစ်သူ ဒေးဗစ်စမောဘုန်းဟာ ဖျော်ဖြေပွဲတွေကိုစီစဥ်ပေးရတဲ့အောင်မြင်တဲ့ပွဲစီစဥ်သူpromoter တစ်ယောက်ပါ. ဒါပေမဲ့ တစ်ခေါက်ကအလုပ်လုပ်ရင်းအမှားဖြစ်သွားပြီး ပိုင်ဆိုင်သမျှဆုံးရှုံးလိုက်ရပါတယ် အဲ့ဒါကြောင့် ပိုကောင်းတဲ့အနာဂတ်ကိုရှာမယ်ဆိုပြီး သြစတြေးလျကနေ အမေရိကားကိုပြောင်းလာပြီး ဘဝအသစ်စတင်ပါတယ်အဲ့မှာနေရင်း အခက်အခဲတွေကိုဖြတ်သန်းရင်းနဲ့ သူတို့ရဲ့သားသမီးတွေမှာ ဂီတပါရမီပါလာတာကိုသိပြီး အခက်အခဲတွေကြားမှ သားသမီးတွေရဲ့အိပ်မက်ကိုမြေတောင်မြှောက်ပေးဖို့ကြိုးစားခဲ့ပုံတွေကိုရိုက်ကူးထားတာပါ ထူးခြားတာက ဒီဇာတ်ကားကို ဂျိုအယ်လ်စမောဘုန်းကိုယ်တိုင်ဒါရိုက်တာအနေနဲ့ပါဝင်ရိုက်ကူးထားပြီး ဖခင်ဖြစ်သူ"ဒေးဗစ်"နေရာမှာလည်း သူကိုယ်တိုင်ပဲပါဝင်သရုပ်ဆောင်ထားတာပါ IMDB rating လည်း 7.3/10အထိရရှိထားတဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်ကောင်းလေးတစ်ခုဖြစ်ပါတယ်File size…(1.6 GB)/(983 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre... Drama, Music  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
movie

Unsung Hero (2024)

The Great Lillian Hall (2024) 7.7
The Great Lillian Hall (2024)  The Great Lillian Hall ဇာတ်ကားဟာ ၂၀၂၄ ခုနှစ်နောက်ဆုံးထွက် အော်စကာတန်းဝင်ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ဒီကားကို အဓိက သရုပ်ဆောင်ထားတာကလည်းအော်စကာ ၂ ဆုရှင် Jessica Lange ဖြစ်ပြီး ပံပိုးသရုပ်ဆောင်ကလည်း အော်စကာဆုရှင် Kathy Bates တို့ အဓိကသရုပ်ဆောင်ထားကြတာပဲ ဖြစ်ပါတယ်။ဇာတ်လမ်းလေးကို ကြိုသိမှာစိုးလို့ အကုန် မပြောဘူးနော်။ဇာတ်ကားထဲမှာ Jessica သရုပ်ဆောင်ရတဲ့ Lillian Hallဇာတ်ကောင်ဟာ နယူးယောက် ဘရော့ဝေးမှာ သရုပ်ဆောင်ရတဲ့ နာမည်ကျော် ပြဇာတ်သရုပ်ဆောင် ဖြစ်ပါတယ်။သူ့တစ်သက်တာမှာ သူ့အလုပ်သာ အဓိကဆိုတဲ့ စိတ်နဲ့ကျော်ဖြတ်ကြိုးစားခဲ့သူဖြစ်ပြီး သူ အသက်တစ်ခု ရလာတဲ့အချိန်မှာ ကြုံတွေ့ရတဲ့ လောကဓံတွေက သူ့ကို ဘယ်လိုရိုက်ချမှာလဲ သူ့မိသားစုနဲ့ သူငယ်ချင်းတွေကရော ကူညီနိုင်ပါ့မလား သူ့ရဲ့အလုပ်ကို ဘယ်လိုထိခိုက်စေမှာလဲ စတာတွေကိုကြည့်ရှုရင်း တစ်ကားလုံး Jessica Lange ရဲ့ အံ့မခန်းသရုပ်ဆောင်နိုင်စွမ်းတွေကြားမှာ နစ်မျှောပြီး ခံစားရမဲ့ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။အော်စကားတန်းဝင် ...
movie

The Great Lillian Hall (2024)

Father Stu (2022) 6.7
Father Stu (2022) Father Stu(2022)Mark Wahlberg နဲ့ Mel Gibson တို့ရဲ့ Father Stu လာပါပြီဗျာ။Father Stu ဆိုတာကတော့ ထိုးဖို့ ကြိတ်ဖို့ သတ်ဖို့ ပုတ်ဖို့ပဲ စိတ်ဝင်စားတဲ့ လက်ဝှေ့သမား အဖြစ်ကနေ လူတွေကို ပျက်စီးရာပျက်စီးကြောင်းကနေ အဖတ်ဆယ် ကယ်တင်ပေးသူ ခရစ်ယာန်ဘုန်းတော်ကြီး ဖြစ်လာတဲ့ Stuart Long အကြောင်း ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားပါStuart Long ဟာ ဆိုးသွမ်းတဲ့ ဖခင်ဒဏ်ကို ခံရပြီး ကြမ်းကြမ်းတမ်းတမ်း ကြီးပြင်းလာရတဲ့ လက်ဝှေ့သမားတစ်ယောက်ပါလက်ဝှေ့ထိုးနေရင်း ဆိုးဝါးတဲ့ မေးရိုးရောဂါကြောင့် လက်ဝှေ့သမားအဖြစ်ကနေ နှုတ်ထွက်ခဲ့ရပြီး သရုပ်ဆောင် လုပ်မယ်ဆိုပြီး LA ကို ထွက်လာခဲ့ပါတယ်LA က စူပါးမားကတ်မှာ အလုပ်လုပ်ပြီး သရုပ်ဆောင်လုပ်ဖို့ ကြိုးစား ရုန်းကန်ရပုံတွေ စူပါမားကတ်ကို စျေးဝယ်လာတဲ့ ကတ်သလစ်ဘာသာဝင် မိန်းကလေးတစ်ယောက်ကို သဘောကျမိရာက ဘုရားကျောင်းရောက်သွားပြီး ဖာသာဘဝကို ရောက်ခဲ့ရပုံတွေ စတာတွေကို သဘာဝကျကျ ရိုက်ကူးတင်ဆက်ထားတာပါIMDb rating 6.8 အထိ ...
movie

Father Stu (2022)

2022
[18+] Fifty Shades Freed (2018) 4.4
[18+] Fifty Shades Freed (2018) Fifty Shades Freed ရဲ့ preview ကိုတော့ စာအုပ်ထဲဇာတ်လမ်းနဲ့Trailer ကိုဆက်စပ်ပြီးဖော်ပြပေးပါမယ်။ Trailer ဟာ Christian နဲ့ Ana မင်္ဂလာဆောင်တဲ့ဇာတ်ဝင်ခန်းနဲ့ဖွင့်ထားပြီး Grey တို့ဇနီးမောင်နှံ ဥရောပတခွင် ဟန်နီးမွန်းထွက်တဲ့ ပုံရိပ်တွေကိုမြင်တွေ့ရမှာပါ။ဒါပေမယ့် သူတို့ရဲ့ ဟန်းနီးမွန်းမှာ အကြောင်းတစ်စုံတစ်ခုကြောင့် နောက်ကြောင်းမအေးဖြစ်ခဲ့ရပါတယ်။ အကြောင်းကတော့ Christian ရဲ့ ရုံးအဆောက်အဦးမှာ မီးလောင်မှုဖြစ်ခဲ့တာဖြစ်ပြီး ထိုမီးဟာ မတော်တဆကြောင့်လောင်ကျွမ်းတာမျိုးမဟုတ်ပဲ တစ်စုံတစ်ဦးရဲ့ ရည်ရွယ်ချက်ရှိရှိ လုပ်ရပ်ကြောင့်ဖြစ်ကြောင်း Christian သိလိုက်ရပါတယ်။ ဒါပေမယ့် Ana ရဲ့အကူအညီနဲ့ တရားခံဘယ်သူဖြစ်တယ်ဆိုတာကို Christian တစ်ယောက်အတည်ပြုနိုင်ခဲ့တယ်။ သူတို့ ဟန်းနီးမွန်းကပြန်ရောက်ပြီး လုပ်ငန်းခွင်ထဲပြန်ဝင်ကြရတဲ့အခါ Ana ဟာ Acting Fiction Editor မဟုတ်တော့ပဲ Fiction Editor ဖြစ်နေပါပြီ။ Christian Grey ရဲ့ အရှိန်အဝါကြောင့် ပစားပေးခြင်းခံရတာကို မလိုလားတဲ့ Ana ဟာ SIP ရုံးတွင်းမှာ ...
movie

[18+] Fifty Shades Freed (2018)

2018
4K HEVC
Jingle Jangle: A Christmas Journey 2020 6.6
Jingle Jangle: A Christmas Journey 2020 ဒီတစ်ခေါက် မိတ်ဆက်ပေးမယ့်ကားလေးကတော့ မိသားစုခရစ္စမတ်ကားလေးပဲ ဖြစ်ပါတယ် ဆောင်းညတစ်ညမှာ အဘွားအိုတစ်ယောက် သူ့မြေးလေးနှစ်ယောက်ကို မီးလင်းဖိုလေးနံဘေးမှာ ပုံပြင်တစ်ပုဒ်ကို ပြောပြနေရာကနေ အစချီထားပါတယ် ဂျရောနစ်ကပ်စ် ဂျန်ဂယ်လ်ဆိုတဲ့ သိပ်တော်တဲ့ တီထွင်သူကြီး တစ်ယောက်အကြောင်းပေါ့ သူ့ရဲ့အိပ်မက်က အားလုံးရဲ့စိတ်ကို ပြောင်းလဲနိုင်လောက်စရာ တီထွင်မှုကြီးတစ်ခု ဒါကို သူနှစ်ပေါင်းများစွာကြိုးစားနေခဲ့တယ် အဲ့ဒီတီထွင်မှုကြီးကို သူနောက်ဆုံးလုပ်နိုင်ခဲ့ပေမယ့် တပည့်ဖြစ်သူ ဂတ်စတက်ဖ်ဆန်ဟာ ခိုးယူထွက်ပြေးသွားပါတယ် ဂျရောနစ်ကပ်စ်တစ်ယောက်ဟာ ဒီနောက်မှာ ဇနီးလည်းသေ သမီးကိုလည်းမေ့လျောလိုက်ပြီး သူ့ဘ၀ကြီးဟာ လုံး၀ကို စုတ်ပြတ်သပ်သွားပါတော့တယ် ဒီလို စုတ်ပြတ်သပ်နေတဲ့ ဂျရောနစ်ကပ်စ်ရဲ့ဘ၀ထဲကို မြေးမလေး ဂျာနီပြန်ရောက်လာပြီး အရင် တီထွင်သူကြီး ဂျရောနစ်ကပ်စ်အဖြစ် ‌ ပြန်လည်ပြောင်းလဲသွားမယ့်ပုံကို ကြည့်ရှုရမယ့် မိသားစု ခရစ္စမတ် ကားကောင်းလေးပဲဖြစ်ပါတယ် File size… 1 Gb / 500 Mb Quality… webrip 1080p Format…mp4 Duration….02:00:00 Genre … Family, Fantsy, Musical Subtitle….Myanmar Subtitle (Hardsub) Translated by Chuck Chuck   
movie

Jingle Jangle: A Christmas Journey 2020