Channel Myanmar

Teddy Yip Wing-Cho

The Killer (1989) 7.8
The Killer (1989) The Killer (1989)ဟောင်ကောင်ရုပ်ရှင်ရဲ့ ရွှေခေတ်... ဂျွန်ဝူးရဲ့ရွှေခေတ်.... ချောင်ယွန်ဖတ်ရဲ့ရွှေခေတ်က အက်ရှင်ကားတစ်ကားပေါ့။ တစ်ချို့ကတော့ ဒီရုပ်ရှင်ကို ချောင်ယွန်ဖတ်ရဲ့ အကောင်းဆုံးကားလို့ သတ်မှတ်ကြတယ်။ဟောင်ကောင်အက်ရှင်တွေရဲ့ ဘုရင်ဟောင်းဂျွန်ဝူးရဲ့ Ratingအကောင်းဆုံးကားဆိုလည်း မမှားဘူး။ အဖွင့်မှာတင်ပါလာတဲ့ နောက်ခံသီချင်းလေးကလည်း တော်တော့်ကို ကောင်းတာပါပဲ။ပုံစံကခပ်အေးအေး အကြည့်က ခပ်စူးစူးနဲ့ တစ်ချက်ပစ်ရင် လူတစ်ယောက်ထိကိုထိတဲ့ နာမည်ကျော်ကြေးစားလူသတ်သမားတစ်ယောက်ရှိတယ်။ စင်တင်စားသောက်ဆိုင်တစ်ခုမှာ ပစ်မှတ်ကို သွားသတ်ရင်း အဆိုတော်မလေးရဲ့ မျက်လုံးကို ကျည်နဲ့ ရှပ်ထိသွားပြီး ကောင်မလေးရဲ့ မျက်လုံးဟာ ကန်းတော့မယ့်လုဆဲဆဲ ဖြစ်သွားခဲ့တယ်။ လူသတ်သမားပေမဲ့ ကိုယ်ပိုင်စည်းမျဉ်းနဲ့ သိက္ခာရှိရှိနေတဲ့ ချောင်ယွန်ဖတ်ရဲ့ ကျည်ဟာ ဘယ်တော့မှ အပြစ်မရှိသူရဲ့ အရေပြားပေါ် မဖိတ်စဉ်ဖူးဘူး။ ဖိတ်စဉ်မိခဲ့ရင်လည်း သူ့တာဝန် သူယူတတ်တဲ့သူဆိုတော့ အနားယူဖို့စီစဉ်ထားပေမဲ့ ကောင်မလေးရဲ့ မျက်လုံးကို ပြန်ကုပေးဖို့ နောက်ဆုံးအလုပ်တစ်ခုကို လက်ခံလိုက်တယ်။ ကံဆိုးချင်တော့ နောက်ဆုံးအလုပ်မှာ သူ့ကိုခိုင်းတဲ့သူတွေက သူ့ကိုပြန်နှုတ်ပိတ်သတ်ဖို့ကြံရာက ရဲတွေရော ရာဇဝတ်ဂိုဏ်းတွေကပါ သူ့နောက်ကိုလိုက်ကြတော့တာပါပဲ။ဇာတ်အိမ်က သူ့ခေတ်က ထူးပေမဲ့ နောက်ပိုင်း ဒီပုံစံတွေ တွေ့ဖန်မြင်ရများလို့ မဆန်းတော့တဲ့ ဇာတ်အိမ်ပါပဲ။ သို့ပေမဲ့ လတ်ဆတ်တုန်းက အပြုံးချိုချိုနဲ့ ချောင်ယွန်ဖတ်နဲ့ လိုက်ဖက်လွန်းနေတဲ့ သိက္ခာရှိတဲ့ ကြေးစားလူသတ်သမားဇာတ်ကောင်က ဒီဇာတ်လမ်းကို ဘယ်တော့မှမဟောင်းမယ့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်သွားအောင် အရောင်တင်ပေးခဲ့တယ်။ သဘောကျစရာကောင်းတာက နောက်ပိုင်းကားတွေထဲက ဇာတ်လိုက်တွေလို လူလွန်မသားတွေ ဖြစ်မနေဘူး။ ကြမ်းတယ် ကျည်တစ်ချက်တစ်ကောင်သေတယ်။ သို့ပေမဲ့ ဒဏ်ရာလည်း အသေရတယ်.. ...
movie

The Killer (1989)

1989
Legacy of Rage (1986) 6.0
Legacy of Rage (1986)  ဒီတစ်ခေါက်ကတော့ ကွန်ဖူးအက်ရှင်ကားကြိုက်တဲ့ သူတွေအတွက် အပျင်းပြေစေမယ့် ရုပ်ရှင်လေးတစ်ကားပါ ၁၉၈၆ ခုနှစ်ကထွက်ခဲ့ပြီး ကွန်ဖူးရုပ်ရှင်လောကရဲ့ ဆရာတစ်ဆူဖြစ်တဲ့ Bruce Lee ရဲ့ သားဖြစ်သူ Brandon Lee ခေါင်းဆောင်မင်းသားအနေနဲ့ ပထမဆုံးရိုက်ကူးခဲ့တဲ့ ရုပ်ရှင်လည်းဖြစ်ပါတယ်။ဇာတ်လမ်းကတော့ သာမာန် ကွန်ဖူးအက်ရှင် ဇာတ်လမ်းဆိုပေမယ့် Brandon lee ရဲ့ သရုပ်ဆောင်ကွက်တွေနဲ့ တိုက်ခိုက်ရေးဟန်တွေမှာ ဖခင်ဖြစ်သူရဲ့ ပုံရိပ်တွေကို ထင်ဟပ်နေတာကြောင့် Bruce Lee ကိုလေးစားအားကျရတဲ့သူတွေအတွက်တော့ အလွမ်းပြေစေမှာပါ။ Crow ဇာတ်ကားနဲ့ အောင်မြင်မှုတော်တော်ရခဲ့တဲ့ Brandon Lee ကိုချစ်တဲ့ ပရိသတ်တွေအနေနဲ့လည်း ဒိရုပ်ရှင်ကြည့်ပြီး သူ့ကို ပြန်လည်အမှတ်ရစေဖို့ ရည်ရွယ်ပြီး တင်ဆက်ပေးလိုက်ပါတယ်။T Hmue မှ ဘာသာပြန်၊ အညွှန်းရေးသည် File size…(1.8 GB)/(1 GB) Quality….Blu-Ray  1080p / 720p Format…mp4 Duration….01:30:00 Genre... Action, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated ...
movie

Legacy of Rage (1986)

The Millionaires’ Express ( 1986 ) 6.9
The Millionaires’ Express ( 1986 ) ဒီဇာတ်ကားလေးကတော့ အက်ရှင်ဇာတ်ကားကောင်းတွေကို ကြိုက်နှစ်သက်တတ်တဲ့ပရိသတ်ကြီးအတွက် အကြိုက်တွေ့စေမဲ့ old but gold ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် ။ဇာတ်လမ်းအညွှန်းအနေနဲ့ -တရုတ်ပြည်သူ့သမ္ပတနိုင်ငံအစောပိုင်းကာလအချိန်မှာဇာတ်လမ်းလေးကို အစပြုထားပါတယ် ။Ching Fong Tin က ရုရှားစစ်သားတွေဆီကနေ ကုန်ပစ္စည်းတွေခိုးယူဖို့ကြိုးစားပြီးတော့ ပစ္စည်းတွေရတော့ ထွက်ပြေးဖို့လုပ်ခဲ့တာပေါ့။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ ရုရှားစစ်သားတွေဆီမှာဖမ်းမိသွားပြီး ပြက်ရယ်အပြုခံခဲ့ရပါတယ် ။‌Ching Fong Tin ကအဲဒီလိုအဖမ်းပြန်ခံရပြီး ခက်ခက်ခဲခဲနဲ့ရုရှားစစ်သားတွေလက်ထဲကနေ ပြန်လွတ်ခဲ့ပြီး ထပ်ထွက်ပြေးခဲ့ပေမဲ့ ကံဆိုးစွာနဲ့ ထပ်ပြီး Fook loi ‌ဆီမှာ အဖမ်းခံခဲ့ရပါတယ် ။နောက်ဆုံးသူခက်ခက်ခဲခဲကြိုးစားပြီးတော့မှမွေးရပ်မြေကိုပြန်ရောက်ရှိလာပါတော့တယ် ။ ဒါပေမဲ့ အလွဲလေးတွေဖြစ်လာပြီး Fong Tin တစ်ယောက် အေးအေးချမ်းချမ်းမနေရဘဲ သူ့နောက်လိုက်လာတဲ့ Fook Loi နဲ့ပြန်တွေ့ပြီး ထပ်ပြေးရပြန်‌ပါတော့တယ် ။အဲဒီအချိန် မြို့ထဲကိုလည်း ဓားပြအုပ်စုတစ်စုရောက်လာပြီး မြို့ထဲကပြည်သူတွေကို ဓားစာခံအဖြစ်ခေါ်ပြီး ခရီးသည်တွေကိုပါ ဖမ်းစီးထားပြီးပြဿနာတွေရှာတော့ Fong Tin တစ်ယောက် ကိုယ်လွတ်ရုန်းလို့ရပါရဲ့နဲ့မရုန်းနိုင်ဘဲ မြို့ကပြည်သူတွေကိုကယ်ဖို့ ကြိုးစားပုံလေးတွေကို ဟာသလေးတွေနှောပြီး ရိုက်ကူးထားတာဖြစ်လို့ အဆုံးထိကြည့်ဖို့တိုက်တွန်းလိုက်ပါရစေ Quality : Bluray 1080p , 720p  ( HEVC ) Format : mp4 Genres ...
movie

The Millionaires’ Express ( 1986 )

Mr. Vampire 3 (1987) 7.1
Mr. Vampire 3 (1987) တရုတ်ခုန်ဆွသရဲကားလို့နာမည်ကြီးခဲ့တဲ့ Mr Vampire ပြန်တင်ပေးလိုက်ပါတယ်။ စုစုပေါင်းလေးကားရှိပြီး ၁နဲ့၂ ကိုတင်ဆက်ပေးပီးပါပြီဒီလင့်ကိုနိပ့်ပီးရှာနိုင်ပါတယ်၁ နဲ့ ၂ နဲ့ ၃ ကအဆက်အစပ်မရှိပါဘူး။ဦးလေးမင်ဆိုတဲ့ မောင်ရှန်းဆရာဟာ အစွမ်းမထက်ပေမဲ့ အကြံဉာဏ်မျိုးစုံရှိသူ ဖြစ်ပါတယ်။ သူ့အနားမှာ တာ့ပေါင်နဲ့ စေ့ပေါင်ဆိုတဲ့ သရဲနှစ်ကောင်ကို ခေါ်ထားပြီး လိုက်လိမ်နေသူ ဖြစ်ပါတယ်။ သူဌေးကြီး ထန်ပိုင်ဝမ့်အိမ်အတွက် သရဲနှင်ပေးတဲ့အချိန်မှာ သရဲမိသားစုနဲ့ တွေ့ပြီး ထွက်ပြေးခဲ့ရပါတယ်။ညအချိန်ကြီး ဦးလေးမင်ဟာ တိတ်ဆိတ်နေတဲ့ ရွာတစ်ခုထဲ ရောက်လာခဲ့ပါတယ်။ အဲ့ဒီရွာမှာ ဓားပြတွေ သောင်းကျန်းနေတဲ့အတွက် အစောင့်အကြပ်တင်းကျပ်နေချိန်ဖြစ်ပြီး ဦးလေးမင်ကို ကာကွယ်ရေးအဖွဲ့ခေါင်းဆောင်က ဖမ်းဆီးခဲ့ပါတယ်။ တာအိုဆရာကြီး ဦးလေးကျိုက အချိန်မီရောက်လာလို့ ဦးလေးမင်လည်း အသက်ရှူချောင်ခဲ့ပါတယ်။ထိုအချိန်မှာပဲ ဓားပြတွေ ရောက်လာခဲ့ပြီး ရွာသားတွေက စည်းလုံးစွာနဲ့ ဓားပြတွေကို နှင်ထုတ်နိုင်ခဲ့ပြီး ဓားပြနှစ်ယောက်ကို ဖမ်းဆီးရခဲ့ပါတယ်။ ဓားပြတွေရဲ့ သွေးအရောင်ကို ကြည့်ပြီး ဓားပြတွေဟာ သာမန်လူမဟုတ်ကြောင်း ဦးလေးကျိုသတိထားမိသွားပါတယ်။ဦးလေးကျိုရဲ့ မွေးနေ့မှာ အလွှဲလေးတွေဖြစ်ပြီး တာ့ပေါင်နဲ့ စေ့ပေါင်က အဖမ်းခံလိုက်ရပါတယ်။ နောက်မှာ ဦးလေးကျိုရဲ့ ဆုံးမမှုကြောင့် ဦးလေးမင်ဟာ သရဲနှစ်ကောင်ကို လွတ်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ တာ့ပေါင်ကို ဓားပြတွေက အသုံးချဖို့ ဖမ်းသွားခဲ့ပါတယ်။ဓားပြတွေ တာ့ပေါင်ကို ...
movie

Mr. Vampire 3 (1987)

My Lucky Stars (1985) 6.3
My Lucky Stars (1985)   ဒီတစ်ကားမှာတော့ မာဆယ် (ဂျက်ကီချန်း) နှင့် ရစ်ကီတို့ဟာ ရဲဌာနက သိမ်းဆည်းရမိတဲ့လက်ဝတ်ရတနာတွေကို ခိုးထုတ်ပြီးတော့ သစ္စာဖောက်ပြီး ဂျပန်ကိုရှောင်ပြေးသွားတဲ့ စုံထောက်တစ်ယောက်ကို ဂျပန်ထိ လိုက်ဖမ်းရပါတော့တယ်။ ဒါပေမဲ့ ဒီသစ္စာဖောက်စုံထောက်ဟာ ဂျပန်က စာခြောက်ရုပ်ဂိုဏ်းကို ဝင်ရောက်ခိုလှုံသွားတဲ့အတွက် သူတို့နှစ်ယောက်သား ဒီဂိုဏ်းနဲ့ ပတ်သက်ရပြီး ရစ်ကီတစ်ယောက်အဖမ်းခံရတဲ့အတွက် မာဆယ် (ဂျက်ကီချန်း) တစ်ယောက် ဟောင်ကောင်အထူးရဲတပ်ဖွဲ့ကို တပ်ကူတောင်းရပါတော့တယ်။မာဆယ်က ရဲမှန်းမသိသာဘဲ စိတ်ချယုံကြည်ရမယ့် သူ့ဘော်ဒါဖြစ်တဲ့ တုတ်ကြီးကို လွှတ်ပေးဖို့ အကူအညီတောင်းပါတယ်။ ဒီအချိန်မှာ တုတ်ကြီးက မာဆယ်သတင်းပေးလို့ ထောင်ကျနေတာဖြစ်လို့ မာဆယ်က တုတ်ကြီးကို တစ်ဖက်လှည့်နဲ့ ပြန်လွှတ်စေချင်တာပါ။ ဒီလိုနဲ့ တုတ်ကြီးကို လွှတ်ငြိမ်းခွင့်ပေးပြီး ဂျပန်သွားခိုင်းပါတော့တယ်။ ဒါနဲ့ တုတ်ကြီးကလည်း သူ့ဘော်ဒါရင်းတွေဖြစ်တဲ့ ပြောင်ကြီး၊ ဆန်ဒီ၊ ဂင်ရှင်း၊ ရာဝစ်တို့ကိုပါ ခေါ်သွားချင်တဲ့အတွက် ကြီးကြပ်ရေးမှူးလည်း ခွင့်ပြုလိုက်ပေမယ့် သူ့လက်ထောက်ကောင်မလေးပါထည့်လိုက်ပြီး တစ်ပြုံတမကြီး ဂျပန်လစ်ပါတော့တယ်။ ဒီအချိန်မှာ တုတ်ကြီးတို့အဖွဲ့ ...
movie

My Lucky Stars (1985)

Faithfully Yours (1988)
Faithfully Yours (1988) Faithfully Yours (1988) ===================ဟောင်ကောင်ရုပ်ရှင်လောကမှာ ပေါပြမနေပေမယ့် ပေါနေတဲ့ကားတွေ ရိုက်သတ်မကုန်ပါဘူး။ ချောင်ကတော့ ဒါနဲ့ ဆန့်ကျင်ဘက်ပါပဲ။ သူ့ရုပ်ရှင်တွေဟာ ပေါပြနေပြီး မပေါတဲ့ကားတွေပါပဲ။ ကျွန်တော်တော့ သူ့ကား နှစ်ဆယ်ကျော် ကြည့်ပြီးတဲ့အထဲမှာ သဘောမကျတဲ့ကားမရှိပါဘူး။ သူ့ရုပ်ရှင်တွေဟာ အဆင့်မြင့်ရုပ်ရှင်တွေမဟုတ်ပါဘူး ပြုံးမိစေမယ့် ရုပ်ရှင်တွေပါပဲ။ တစ်နေ့တစ်ခါလောက်တော့ ကျွန်တော်တို့ ပြုံးစရာရှိဖို့လိုတယ်မလား။Plot Summary ===========ဗေဒင်ဆရာရယ်၊ ဆံသဆရာရယ် အ၀တ်ချုပ်ဒီဇိုင်ရယ် သူငယ်ချင်းသုံးယောက်ရှိတယ်။ ဘေးဆိုင်က ဆံသဆရာအဘိုးကြီးကို ပြဿနာရှာမိပြီးမှ သူ့သမီးကိုတွေ့ပြီး ဗိုက်ကလေးနဲ့စောတင်မောင်မိန်းမပိုးသလို တစ်ယောက်ကိုတစ်ယောက် ကတ်လိုက်ဖဲ့လိုက်ဆော်လိုက်လုပ်ရင်း အဘိုးကြီးကိုဖားရင်း သူ့သမီးကိုအပြိုင် ပိုးကြတယ်။ပြုံးပျော်ဖို့ ပေါ့ပေါ့ပါးပါးကြည့်လိုက်ရအောင်။+++++++++++++++++ကျွန်တော့် Idol ကြီး စတီဖင်ချောင်ရဲ့ ဇာတ်ကားအကုန်လုံးကို 1080p BluRay Quality နဲ့တတ်နိုင်သမျှ ပြန်လည်စုစည်းတင်ဆက်မှာ ဖြစ်ပါတယ်။တင်ပြီးသမျှကို  https://channelmyanmar.to/category/stephen-chow/   မှာကြည့်လို့ရပါတယ်။  File size…(2 GB) and (1 GB) Quality….BluRay 1080p and 720p (HEVC Encode) Format…mkv Duration….01:28:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by WiRa Aung
movie

Faithfully Yours (1988)

HEVC 1080p
Ghost Punting (1992) 5.6
Ghost Punting (1992) Ghost Punting (1992)_____IMDb - 5.6/10   1983 က စတင်ထွက်ရှိခဲ့ပြီး ဂျက်ကီချန်း ပါဝင် သရုပ်ဆောင်ခဲ့တဲ့ Winner & Sinner ဆိုတဲ့ ဇာတ်ကားကို မသိတဲ့သူတော့ မရှိလောက်ဘူးလို့ထင်ပါတယ် အဲ့ဒီကားထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ချီးထုတ် နာဘူး ၅ယောက် ကိုလဲ သိပ်စိမ်းကြမှာ မဟုတ်ပါဘူး အခုကားလေးကတော့ winner & sinner ၂ကားပြီးတော့ နောက်ဆက်တွဲ ထွက်ရှိခဲ့တဲ့ ဟာသကားလေးပါ ဒီကားလေးကတော့ IMDb 5.6 ရခဲ့ပြီး ပေါ့ပေါ့ပါးပါးနဲ့ အခုလို သောကြာနေ့ည မှာကြည့်ဖို့ တင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းအကျဉ်းလေးကတော့ အားလပ်ရက်မှာ ကမ်းခြေကိုအလည်အပတ်ထွက်လာခဲ့တဲ့ ချီးထုတ် အလွဲ ၅ယောက်ဟာ ကမ်းခြေ သူတို့နေထိုင်ရာ အနားမှာ သရဲ ခြောက်တာကို သိရတော့ သူတို့ ဟာ သွားရောက် စုံစမ်းရင်း ဘယ်လိုတွေ ဖြစ်ကြမလဲ ဘယ်လိုအလွဲတွေ ဖြစ်ကြမလဲ သူတို့ဘယ်လိုတွေ ကံကောင်းသွားမလဲ သရဲကကော ဘာကြောင့် သရဲ ဖြစ်နေတာလဲ ...
movie

Ghost Punting (1992)

1992