Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Teddy Snada
Ratu Dansa (2022)
Ratu Dansa (2022)ငယ်ရွယ်နုပျိုတဲ့တက္ကသိုလ်ကျောင်းသူလေးနှစ်ယောက်ဖြစ်တဲ့ ၂၀၂၂ ခုနှစ် ဟန်နာနဲ့ အတိတ်ကနေ အနာဂတ်ကိုရောက်လာတဲ့ ဟန်နာရဲ့မေမေ ဟီရာတို့ရဲ့အကြောင်းကို ရိုက်ကူးထားတဲ့ အင်ဒိုနီးရှား အချိန်ခရီးသွားဇာတ်လမ်းကောင်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်။ဟန်နာဟာ အနုပညာအလုပ်မှာ အောင်မြင်ကျော်ကြားတဲ့ သူတစ်ယောက်ဖြစ်လာဖို့ အိပ်မက်တွေရှိထားသူဖြစ်ပြီး အဖေတစ်ယောက်တည်းရဲ့အုပ်ထိန်းမှုအောက်မှာ အလိုမကျမှုများစွာနဲ့ ကြီးပြင်းလာရသူဖြစ်ပါတယ်။ အတိတ်က ဟီရာကလည်း အဆင်မပြေတဲ့မိသားစုဘဝမှာ နေထိုင်ရတဲ့အတွက် သူ့ဘဝအပေါ် စိတ်မကျေနပ်ချက်များရှိနေသူဖြစ်ပါတယ်။ တစ်နေ့မှာ ဟီရာဟာ သူ့အမေဖြစ်သူကို အဖေကရိုက်နှက်ခဲ့ပြီး အိမ်ကနေ ထွက်သွားလိုက်တဲ့အတွက် မိခင်နဲ့အတူကျန်နေခဲ့ရတဲ့ သူ့ရဲ့မိသားစုဘဝအခြေအနေကို စိတ်ကုန်နေခဲ့ပါတယ်။ အဲဒီချိန်မှာပဲ ဟီရာဟာ အနာဂတ်မှာ သူ့သမီးဖြစ်တဲ့ဟန်နာဆီကို ရောက်ရှိသွားပါတယ်။ အသက်အရွယ်တူညီကြတဲ့သူတို့နှစ်ယောက်ဟာ ခေတ်ကာလကွာခြားချက်အရ နားမလည်မှုတွေကို အချင်းချင်းလေ့လာကြရင်း သူတို့ရဲ့အနာဂတ်အတွက် အဖြေရှာဖို့ ကြိုးစားကြပါတော့တယ်။ ဟီရာဟာ သူ့ကို မိခင်မှန်းသိနေတဲ့ ဟန်နာကို သူ့အပေါ် နားလည်အောင် ဟန်နာရဲ့ခံစားချက် အလိုမကျဖြစ်မှုတွေကို ဖြည့်ဆည်းနိုင်ပါ့မလား... မိခင်ရဲ့မေတ္တာကို ဟီရာကရော နားလည်ကာ သားအမိတွေ ပြေလည်သွားကြမလားဆိုတာ...(အညွှန်းနဲ့ဘာသာပြန်ကတော့ Dao Phyo ဖြစ်ပါတယ်)Genre..... Drama Quality…. 1080p WEB-DL | 720p WEB-DL File size… ...
movie
Ratu Dansa (2022)
6.5
Dilan 1991 (2019)
Dilan 1991(2019)IMDb~ 6.5/10အင်ဒိုနီးရှားနိုင်ငံရဲ့ ရိုမန့်တစ်အဆန်ဆုံး အချစ်ဇာတ်လမ်းလို့ ပြောလိုက်ရင် စာရေးဆရာ Pidi Baiq ရဲ့ Dilan စီးရီးက မပါမဖြစ်ပါDilan 1990(2018)၊ Dilan 1991(2019) နဲ့ Milae(2020) ဆိုပြီး ဇာတ်ကား သုံးကား ထွက်ရှိထားပါတယ်အခု တင်ဆက်ပေးမှာကတော့ 2019 မှာ ထွက်ခဲ့တဲ့ Dilan 1991 ပဲ ဖြစ်ပါတယ် (ကျန်တဲ့ နှစ်ကားကိုလည်း CM မှာ ဝင်ရောက်ကြည့်ရှူနိုင်ပါတယ်)ဒါကတော့ Dilan 1990 (2018) ပါ https://channelmyanmar.to/dilan-1990-2018/ဒါကတော့ Milae (2020) ပါ https://channelmyanmar.to/milea-2020/Dilan 1990(2018) မှာတုန်းက ဒီလန် နဲ့ မီလယ်ရာတို့ ချစ်သူတွေ ဖြစ်သွားခဲ့ကြပါတယ်ချစ်သူတွေဖြစ်ပြီးတဲ့နောက် ပေပေတေတေနေတတ်တဲ့ ဆိုင်ကယ်ဂန်းစတားလေး ဒီလန် နဲ့ ဆိုင်ကယ်အဖွဲ့နဲ့ မပတ်သက်စေချင်တဲ့ မီလယ်ရာတို့အကြား ပဋိပက္ခတွေ၊ အထင်အမြင်လွဲမှားမှုတွေ ပေါ်ပေါက်လာပါတော့တယ်အဲဒီပဋိပက္ခတွေ ကြားထဲမှာ ဒီလန် နဲ့ မီလယ်ရာတို့ ချစ်ခြင်းမေတ္တာကို ဆက်လက် ပုံဖော်နိုင်ပါ့မလားဆိုတာကတော့....အချစ်ဇာတ်လမ်းကောင်းကောင်းလေးတွေကို ...
movie
Dilan 1991 (2019)
2019
7.4
Ghost Painter (2020)
Pelukis Hantu (Ghost Painter ) 2020 ========================= Stay Homeကာလမှာ စိတ်အပန်းပြေအောင် စီအမ်က ၂၀၂၀ထွက် အင်ဒိုနီးရှား သရဲဟာသကားလေးနဲ့ ဖျော်ဖြေပေးပါရစေ. IMDB 7.8တောင် ရထားတာကြောင့် Horror/ Comedy ဇာတ်လမ်းကောင်းတပုဒ်ဆိုတာ ပြောပြနေဖို့ လိုမယ်မထင်ပါဘူး. ဇာတ်လမ်းအကျဉ်းကတော့ တူတူဆိုတဲ့ ပန်းချီဆရာလေးက ပန်းချီကားမရောင်းရလို့ ညစ်နေတုန်း တီဗီရှိုးတစ်ခုမှာ လုပ်တဲ့ သူ့ဘော်ဒါက အလုပ်အကြောင်း ဖုန်းဆက်ရာကနေ စရမှာပဲ. တီဗီရှိုးက သရဲတွေကို နတ်ဆရာက ပင့်ခေါ်ပြီး အင်တာဗျူးတာကို တင်ဆက်ပေးတဲ့ ပရလောကအကြောင်း ရှိုးလေးပေါ့ဗျာ. တီဗီရှိုးမှာ သူလုပ်ပေးရမယ့် အလုပ်ကတော့ နတ်ဆရာက သရဲခေါ်တဲ့အခါ သူက မျက်လုံးကို အဝတ်နဲ့စည်းပြီး သရဲပုံကို ဆွဲပြရတာပါပဲ. အရင်က fake showဖြစ်တဲ့ အဲ့ဒီတီဗီရှိုးဟာ သူနဲ့တွေ့မှပဲ reality showဖြစ်သွားပါတယ်. ဘာလို့လဲဆိုတော့ သူတကယ်ပဲ မီးနေသည်သရဲကိုမြင်လိုက်ရလို့ပါ. သူ့ကြောင့် ရှိုးပွဲက နာမည်ကြီးသွားချိန်မှာတော့ ပရိုဂျူဆာက မီးနေသည်သရဲမပဲ မြင်နေရင် ပရိတ်သတ်ရိုးအီမှာဆိုးလို့ တခြားသရဲတွေပါ မြင်ရအောင် လုပ်ဖို့ တိုက်တွန်းတာကြောင့် နည်းလမ်းရှာဖွေရင်း အလွဲတွေ ဖြစ်လာတာကို အတော်လေးရယ်ရအောင် ရိုက်ပြထားတဲ့ Comedy ဇာတ်ကားလေးဖြစ်တဲ့အပြင် ဇာတ်အိမ်တည်ဆောက်ပုံလဲ ကောင်းတာကြောင့် စိတ်ဝင်စားစရာ ...
movie
Ghost Painter (2020)
2020