Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Ted Rooney
6.4
Blood Work (2002)
ဟောင်းပေမဲ့ရှယ်ကောင်းတဲ့ 2002 ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့မှုခင်းစုံထောက် ဇာတ်ကားကောင်းတစ်ကားကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့Blood Work ဖြစ်ပြီး IMDb Rating 6.4 အထိရရှိထားခဲ့ပါတယ်။အရင်ခေတ်အနေအထားနဲ့ အရမ်းကောင်းမွန်တဲ့ ဇာတ်လမ်းဇာတ်ကွက်တွေ Plot Twist တွေကိုဟင်ခနဲဟာခနဲခဏခဏဖြစ်သွားရအောင် ရှယ်ထည့်ထားတဲ့ပုံစံတွေကလည်းဆရာကျလွန်းလှပါတယ်။ဒါကြောင့် မှုခင်းစုံထောက်ဇာတ်ကားကောင်းတွေကြိုက်နှစ်သက်တဲ့ ဒီကားကိုမကြည့်ဖူးသေးတဲ့သူတွေဆိုရင်တော့ကြည့်ဖြစ်အောင်ကြည့်ဖို့Recommend ပေးချင်ပါတယ်။ဇာတ်လမ်းအစမှာ စကားဝှက်လူသတ်သမားလို့ခေါ်တဲ့လူသတ်သမားက မြို့တခွင်ပြဲပြဲစင်အောင် လူတွေရှယ်လိုက်သတ်ပြီး နာမည်ကြီးနေရာကနေစပါတယ်။ဘာလို့သူ့ကို စကားဝှက် လူသတ်သမားလို့ခေါ်ရလဲ ဆိုရင်တော့သူက လူသတ်ပြီးတိုင်း နံပါတ်တွေ ဂဏန်းတွေနဲ့စကားဝှက်တွေ ချန်ချန်ထားခဲ့လို့ပါပဲ။အဲ့လိုချန်ခဲ့တာကလည်း လူတိုင်းအတွက်ရည်ရွယ်ပြီး ချန်ထားခဲ့တာမဟုတ်ပါဘူး။ မက်ကေးလက်ဆိုတဲ့ နာမည်ကြီးစုံထောက်ဆရာကြီးအတွက်ပဲ ရည်ရွယ်ပြီးချန်ထားခဲ့တဲ့စာတွေဖြစ်ပါတယ်။ဒီလိုနဲ့ တစ်နေ့မှာ သူတို့နှစ်ယောက်ထိပ်တိုက်တွေ့ကြပြီး ပစ်ခတ်မှုတွေဖြစ်လိုက်ကြတာ စုံထောက်ကြီးမက်ကေးလက် နှလုံးထိပြီး သေမတတ်ဖြစ်သွားပါတော့တယ်။ ဒါပေမယ့် ကံကောင်းစွာနဲ့ပဲ ၂ နှစ်ကြာပြီးနောက်မှာနှလုံးအစားထိုးဖို့ အလှူရှင်ပေါ်လာတဲ့အတွက် စုံထောက်ကြီးမက်ကေးလက် အသက်ဆက်ခွင့်ရခဲ့ပါတော့တယ်။စကားဝှက် လူသတ်သမားကလည်း သူ့ကျည်ဆန်လက်ချက်နဲ့ကြွသွားလားတော့မသိပေမဲ့ အဲ့ဒီ ၂ နှစ်အတောအတွင်းမှာတော့စကားဝှက် လူသတ်သမားအကြောင်းတွေက လုံး၀တိတ်ဆိတ်သွားခဲ့ပါတယ်။မက်ကေးလက်လည်း အဲ့ဒီအဖြစ်အပျက်ကြောင့်အငြိမ်းစားယူခဲ့ပြီး ရေထဲကသူ့ရဲ့ လှေအိမ်လေးထဲပြန်နေနေတဲ့အချိန်မှာ သူ့ဆီကို ...
movie
Blood Work (2002)
4.8
Envy (2004)
Envy (2004) ==========“လောဘကြောင့် မင်းအသိစိတ်ပျောက်သွားပြီ” ကိုယ့်ထက်နိမ့်ကျတဲ့သူတစ်ယောက် ကိုယ့်ထက်သာသွားတဲ့အချိန်မှာ မနာလိုဖြစ်ဖူးလား?2004 ခုနှစ်က ထွက်ရှိခဲ့ပြီး ဒီဇာတ်ကားမှာတော့ Night at the Museum နဲ့ The secret life of Walter Mitty တို့လိုကားတွေမှာ သရုပ်ဆောင်ခဲ့ဖူးတဲ့ ရုပ်ရှင်ထုတ်လုပ်သူ/မင်းသား Ben Stiller နဲ့ Kung Fu Panda Po ဇာတ် ကောင်ရဲ့ အသံသရုပ်ဆောင်တစ်ဖြစ် Gulliver’s Travel လို နာမည်ကျော် ကားတွေမှာ သရုပ်ဆောင်ဖူးတဲ့ Jack Black တို့ ပါဝင်သရုပ်ဆောင်ထားပါ တယ်။ဂျက်နဲ့တင်မ်တို့က အိမ်နီးချင်းတွေဖြစ်ပြီး နေ့စဉ်အလုပ်အတူတူ သွားကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေလည်းဖြစ်ပါတယ်။ အလုပ်ခွင်မှာတော့ တင်မ်က အလုပ် ပိုတော်တဲ့အတွက် ရာထူးပိုမြင့်ပြီး ကိုယ်ပိုင်ရုံးခန်းပိုင်ပါတယ်၊ ဂျက်ကတော့ အလုပ်ပေါ်အာရုံစိုက်နိုင်စွမ်း အားနည်းတဲ့အတွက် သာမန်ဝန်ထမ်းလေးတစ် ယောက်ပါပဲ။ တစ်ရက် အလုပ်ကအပြန်လမ်းမှာ လူတစ်ယောက် ခွေးချေးကျုံး နေတာကိုမြင်ပြီး ဂျက်တစ်ယောက် Vapoorize ဆိုတဲ့အရာကို တီထွင်ဖို့ အကြံ ရသွားပါတယ်၊ တင်မ်ကတော့ အဓိပ္ပါယ်မရှိဘူးလို့ပြောပြီး ဂျက်ရဲ့ပြောစကားကို အဖက်မလုပ်ခဲ့ပါဘူး။ ...
movie
Envy (2004)
2004
5.9
Gone (2012)
IMDb 5.9/10 ရရှိထားတဲ့ Thriller, action & mystery ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး Main character ဖြစ်တဲ့ Jill ရဲ့နေရာကိုနာမည်ကျော် Amanda Seyfried ကပါဝင်သရုပ်ဆောင်ထားတာပါ Jill ဟာလွန်ခဲ့တဲ့နှစ်နှစ်လောက်ကပြန်ပေးဆွဲခံခဲ့ရတာကြောင့်စိတ်ဒဏ်ရာရနေတဲ့သူဖြစ်ပြီးရဲတွေကတော့သူဘယ်လိုပြောပြောလုံးဝမယုံကြပါဘူး တစ်နေ့ သူ့ညီမလေး Molly ပျောက်သွားတဲ့အခါမှာ ရဲတွေကိုအကူအညီတောင်းလို့မရတဲ့အတွက်သူကိုယ်တိုင်လိုက်ရှာဖို့ဆုံးဖြတ်လိုက်ပါတော့တယ် Molly ကိုတကယ်ပဲသူထင်နေတဲ့သူကဖမ်းသွားတာလား၊ သူ့ညီမလေးကိုရောရှာတွေ့ပါ့မလား ဆိုတာကိုဇာတ်လမ်းအဆုံးထိစိတ်လှုပ်ရှားပြီးစောင့်ကြည့်ရမဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်File size…(1.4 GB)/(710 MB)/(410 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:34:00 Genre...Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn
movie
Gone (2012)
6.7
Showing Up (2023)
IMDb rating - 6.7/10 2022 ခုနှစ်ထွက် art movieတစ်ခုကို ပရိတ်သတ်ကြီးကိုတင်ဆက်ပေးလိုက်ပါတယ် ဒီဇာတ်လမ်းထဲမှာဆိုရင် ဇာတ်လမ်းဇာတ်သွားတစ်ခုလုံးကို အနုပညာဆန်ဆန် အပိုအလိုမရှိ ရိုက်ကူးတင်ဆက်ထားပြီးတော့ အနုပညာကျောင်းမှာ ပညာသင်ပေးတဲ့ပုံစံတွေ...ဆန်းသစ်တီထွင်ဖန်တီးထားတဲ့ လက်ရာဆန်းတွေ.. ဓာတ်ပုံရိုက်ချက် အလင်းအမှောင်တွေကအစ လှပတဲ့ဆေးရေးပန်းချီကားတစ်ချက်ကို ထိုင်ကြည့်နေရသလို ပရိတ်သတ်ကြီးကို ခံစားသွားစေမယ့် ဇာတ်လမ်းကောင်းလေးတစ်ခုဆိုလည်း မမှားပါဘူး ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့.. ပါရမီအရည်အချင်းအပြည့်ရှိတဲ့ ပန်းပုပညာရှင် လစ်ဇီတစ်ယောက် သူမရဲ့ ပြိုင်ဘက်လည်းဖြစ်သလို အိမ်ပိုင်ရှင်လည်းဖြစ်တဲ့ ဂျိုနဲ့ သိပ်ပြီးမပြေလည်တဲ့ဆက်ဆံရေးတစ်ခု ရှိနေခဲ့ပါတယ်.. တစ်နေ့မှာတော့ လစ်ဇီရဲ့ကြောင်ဒဏ်ရာရအောင် လုပ်မိသွားတဲ့ ခိုလေးကို ဂျိုက ကယ်တင်ပေးခဲ့ပြီး လစ်ဇီကိုခဏလောက် ကြည့်ထားပေးဖို့မှာခဲ့ပါတယ် တိုက်တိုက်ဆိုင်ဆိုင် အဲဒီနေ့က လစ်ဇီရဲ့ ပန်းပုအရုပ်တွေ အပြီးလုပ်ရမယ့်နေ့ဖြစ်နေပြီး ခိုကိုပါကြည့်ရှုနေရတာကြောင့် မအားမလပ်ဖြစ်နေပါတော့တယ်..နောက်တစ်နေ့ မီးလင်းဖိုကို လစ်ဇီအပူပေးထားတဲ့ အရုပ်တွေကိုသွားကြည့်တဲ့အချိန် အရုပ်တစ်ရုပ်လောင်ကျွမ်းသွားတဲ့အခါမှာတော့...လစ်ဇီနဲ့ဂျိုကြားက ဆက်ဆံရေးက ဘယ်လိုပြောင်းလဲသွားမလဲ.. ပန်းပုပြပွဲအတွက် ဒီပန်းပုရုပ်နဲ့ပဲ တင်ဆက်ပြသသွားမှာလား..လစ်ဇီရဲ့ရှုပ်ထွေးလှတဲ့မိသားစုဆက်ဆံရေးတွေကရော ဘယ်လိုဖြစ်မလဲဆိုတာကို ...
movie
Showing Up (2023)
5.1
Losing Addison (2022)
Losing Addison (2022)ဇာတ်လမ်းကို Les ကတရားခွင်မှာလူသတ်မှုနဲ့စစ်မေးခံနေရတာနဲ့အစပျိုးထားတယ်။ သူ့ရဲ့ခေါင်းကိုထိခိုက်ထားပြီး မှတ်ဉာဏ်တွေကပျောက်ဆုံးနေတယ်။ ဒါပေမဲ့ သူ့ရဲ့အမွှာညီ Addison ကပျောက်နေခဲ့ပြီး သူဘယ်လိုမှစဥ်းစားလို့မရရာကနေ တစ်စတစ်စနဲ့ မှတ်ဉာဏ်တွေ၊ သူနဲ့ သူ့အမွှာညီလေးနဲ့ကြားထဲက ချည်နှောင်ထားတဲ့ကြိုးတစ်ခုကို ဒီဇာတ်လမ်းမှာ ကောင်းကောင်းပျိုးသွားပြီး ကြည့်ရတဲ့လူကို အဆုံးမှာဘာဖြစ်မလဲ၊ အဖြေကဘာလဲသိချင်အောင် ဆွဲခေါ်သွားပါလိမ့်မယ်။ Mystery, Thriller ဆိုတဲ့ Genreကို သဘောကျသူတွေအဖို့ ဒီကားကအချိန်ပေးရကျိုးနပ်မယ့် ဇာတ်လမ်းတစ်ခုလို့ပြောနိုင်တဲ့အတွက် ကြည့်ဖို့တိုက်တွန်းလိုက်ပါရစေ။ ထပ်ဆောင်းအနေနဲ့ ဒီဇာတ်လမ်းက 2011 မှာထုတ်ဝေထားတဲ့ နာမည်ကြီးစာအုပ်ကောင်းတစ်အုပ်ဖြစ်တဲ့ Losing Addison ကို Adaption လုပ်ထားတဲ့ဇာတ်ကားပါ။ထူးခြားတာက အမွှာဆိုသော်ငြားလည်း အသွင်ပြင်နဲ့အမူအကျင့်ဗီဇတွေပါကွဲပြားနေတဲ့ အက်ဒီဆန်နဲ့ လက်စ်နှစ်ယောက်က မွေးကတည်းက တူတူစားတူတူသွားနေခဲ့တဲ့အတွက် နှစ်ယောက်ကြားထဲက ထူးခြားတဲ့ Bond လေးတစ်ခုကို ဒီဇာတ်လမ်းမှာ သေချာပေါက်မြင်ကြရမယ်။ သူတို့အဖေနဲ့အမေက ခွဲခြားဆက်ဆံခဲ့ပေမဲ့ လောင်းရိပ်လွတ်သွားချိန်မှာလည်း အမုန်းမပွား ဆက်ချစ်နေကြတဲ့ ညီအကိုနှစ်ယောက်သံယောဇဥ်ဟာ ခွဲမရအောင်ခိုင်မြဲနေကြောင်း ...
movie
Losing Addison (2022)
2022
5.9
Cheaper by the Dozen (2003)
Cheaper By the Dozen (2003) =========================Cheaper By the Dozen ဆိုတာ Free Guy , Adam Project, Stranger Things တို့ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Shawn Levy ရဲ့ Comedy မင်းသားကြီး Steve Martin နဲ့ရိုက်ထားတဲ့အစောပိုင်းလက်ရာကောင်းတစ်ခုပါ။ မိသားစုနဲ့ကြည့်ရှုလို့ရတဲ့ Family , Comedy ကားလေးဖြစ်ပြီး Rating ကလည်း လူ ၁ သိန်းကျော်ပေးတဲ့ Voting မှာ 6/10 ရရှိထားပါတယ် ။ဇာတ်လမ်းအညွှန်းကတော့ တွန်နဲ့ ကိတ်ဘိတ်ကာဆိုတဲ့ ဇနီးမောင်နှံဟာ ကလေး ၈ ယောက်မွေးပြီး တွန်ကဘောလုံးနည်းပြနဲ့ ကိတ်ကစာရေးဆရာမအဖြစ် အိမ်ထောင်ဘဝကို လျှောက်လှမ်းရင်း ချီကာဂိုမှာ ကလေးတွေကို ပြုစုပျိုးထောင်မယ်ဆိုပြီး တွေးထားခဲ့ပါတယ်.. ဒါပေမယ့် ကလေးတွေ တစ်ယောက်ပြီးတစ်ယောက်မွေးလာတဲ့အခါမှာတော့ အလုပ်နဲ့မိသားစုတစ်ဖက်၊ အိမ်စရိတ် စားစရိတ်တွေက မြို့ပြမှာနေထိုင်ဖို့ အဆင်မပြေနိုင်မှန်း သိလာတဲ့အခါ ... သူတို့ရဲ့စိတ်ကူးအိမ်မက်တွေကို စွန့်လွှတ်ပြီး မစ်ဒ်လန်းဆိုတဲ့ ...
movie
Cheaper by the Dozen (2003)
7.1
First Cow (2019)
Rating 7.1ရရှိထားတဲ့ Western Dramaကားကောင်း တစ်ကားပါ။1820ခုနှစ်လောက်ကို ဇာတ်အိမ်တည်ထားတာပါ။အမေရိကား အနောက်မြောက်ပိုင်းကပြည်နယ်တစ်ခုမှာလက်ရာကောင်းလှတဲ့ထမင်းချက်တစ်ယောက်နဲ့ခရီးသွားတရုတ်တစ်ယောက်တို့ဆုံမိပြီး မိတ်ဆွေတွေဖြစ်သွားပါတယ်။အဲ့ပြည်နယ်ဟာ လူနေမှုအဆင့်အတန်းအရမ်းကို နိမ့်ပါးလွန်းလွန်းလှပါတယ်။ဒါပေမယ့် အကြီးအကဲဖတ်တာကသူ့လက်ဖက်ရည်ထဲမှာခရမ်ထည့်သောက်ချင်လို့နွားနို့လိုတဲ့အတွက်မျိုးကောင်းမျိုးသန့်နွားမကို ဝယ်ယူလိုက်ပါတယ်။အဲ့ပြည်နယ်မှာ အရင်ကမရှိခဲ့ဖူးတဲ့ နွားမတစ်ကောင်ရောက်လာတဲ့အချိန်မှာတော့ ......Dramaကြိုက်နှစ်သက်သူတွေအတွက် စီးမြောကြည့်ရှုလို့ကောင်းမယ့်ကားလေးတစ်ကားပါ။ File Size : ( 1 GB , 362 MB) Quality : WEBRip 720p Running Time : 2 hr 02 min Format : Mp4 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Moe Lay Encoded by Moe Myint Lwin
movie
First Cow (2019)
N/A
Last Seen in Idaho (2018)
အသစ်ထွက်ရှိလာတဲ့ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ဇာတ်လမ်းလေးနာမည်က Last seen in Idaho (2018)ပဲဖြစ်ပါတယ်။ဇာတ်လမ်းအလှည့်အပြောင်းတွေနဲ့ တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့ကားလေးလို့ပြောရမှာပါ။ဒီကားထဲမှာ ကိုယ်က အော် ဒီလိုကိုး လို့တွေးလိုက်မိတဲ့အချိန် နောက်ထပ်အံ့အားသင့်စရာတစ်ခုက ထပ်ပေါ်လာပြန်ပါတယ်ဗျ။ဇာတ်လမ်းရဲ ့အကျဉ်းချုပ်လေးကတော့ အက်ဆီးဒန့်တစ်ခုကြောင့် သတိလစ်နေခဲ့တဲ့ အမျိုးသမီး Summer...ရုတ်တရက်သတိရလာချိန်မှာ အက်စီးဒန့်ဖြစ်ခဲ့တဲ့အကြောင်းတွေကိုမမှတ်မိတော့ပဲ နောင်ဖြစ်လာမယ့်အနာဂါတ်မှာသူ့အသတ်ခံရမယ့်အကြောင်းကို ကြိုမြင်လာရပါတော့တယ်။တစ်ရွေ့ရွေ့ရွေ့လျားနေတဲ့အချိန်ရယ် လူသတ်သမားရယ် သူမရယ် အားပြိုင်မှုတွေကြောင့် တော်တော်လေးကောင်းတဲ့ကားတစ်ကားဖြစ်လာတယ်ပဲ ပြောရမယ်ဗျ။ဘာဖြစ်လာမယ်ဆိုတာကို ကြိုတွေးလို့မရတဲ့ကားမျိုးကိုကြိုက်တတ်တဲ့ CMပရိသတ်ကြီးအတွက် Last seen in Idaho(2018)ကားလေးကိုတင်ဆက်ပေးလိုက်ရပါတယ်။Qty - 720p Web DLGern - Action / ThrillerDuration - 1hr 55minTranslator - Ye YintReview - Aye Mon KyawEncoder - Kyaw Ye Aung
movie
Last Seen in Idaho (2018)
2016