Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Ted Raimi
5.8
Wishmaster (1997)
Genre – Fantasy, Horrorမီးခွက်စောင့်ဘီလူး ဂျင်နီနဲ့ တောင်းဆု ၃ ဆိုတာ ကျွန်တော်တို့တွေနဲ့သိပ်မစိမ်းတဲ့ ပုံပြင်လေးတစ်ပုဒ် ဖြစ်ပါတယ်။အာလာဒင်တို့ရှိမယ် ဟိုးအရင်တုန်းက မီးခွက်စောင့်ဂျင်နီမလေးဇာတ်လမ်းတွဲတွေ ရှိကြမယ်။ ဒါပေမဲ့ ဒါတွေဟာ အနောက်တိုင်းကပြန်လည်မွမ်းမံထားတဲ့ ချစ်စရာ ရယ်မောစရာ ဇာတ်ကောင်လေးပါ။တကယ့် အာရေဗျကျမ်းစာတွေအရ ဂျင်ဆိုတဲ့ နတ်ဆိုးဟာတမန်တော်တွေနဲ့ ခေတ်အပြိုင် တည်ရှိခဲ့တဲ့ နတ်ဆိုး ဖြစ်ပြီးကမ္ဘာမြေကို ပျက်သုဉ်းသွားနိုင်အောင်ထိ လုပ်နိုင်စွမ်းရှိပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ တကယ်ကို ဆိုးသွမ်းရက်စက်ပြီးယုတ်မာကောက်ကျစ်တဲ့ ဂျင်နတ်ဆိုးပဲ ပါဝင်ပါတယ်။ဆု ၃ ဆုတောင်းရတာတော့ မှန်ပါတယ် ဒါပေမဲ့ တောင်းဆုတွေကိုဖြည့်ပေးတဲ့နေရာမှာ တကယ်ဖြည့်ပေးပေမဲ့လည်း လှည့်ကွက်တွေ ရှိနေပါတယ်။နောက်ပြီး ၃ ဆုမြောက်တောင်းပြီးသွားတဲ့အချိန်ဆို သူ့အနေနဲ့ကမ္ဘာပေါ်ကို တံခါးပွင့်လာပြီး အုပ်စိုးလို့ရနိုင်တဲ့ အခြေအနေထိ ရောက်သွားမှာပါ။ ဇာတ်လမ်းအရ ပြောရမယ်ဆို ရှေးခေတ်ပါရှားခေတ်တုန်းက၃ ဆု ပြည့်မြောက်တော့မယ့်အချိန် မှော်ဆရာတစ်ပါးကြောင့်ဂျင်ဟာ မဟူရာကျောက်နီထဲကို ပိတ်လှောင်ခံလိုက်ရပါတယ်။ဒီလိုနဲ့ ၂၀ ရာစုကို ရောက်လာခဲ့ချိန်မှာတော့ ဒီ မဟူရာကျောက်ကိုမင်းသမီးက ...
movie
Wishmaster (1997)
Reign Over Me (2007)
အယ်လန်ဂျွန်ဆန်ဟာ ကိုယ်ပိုင်ဆေးခန်းဖွင့်ထားတဲ့ သွားဆရာဝန်တစ်ယောက်ဖြစ်ပြီးတော့ ချစ်ရတဲ့အမျိုးသမီးနှင့်အတူ သမီးလေးထွန်းကားထားပြီး ကြည်နူးစရာမိသားစုဘဝကို ပိုင်ဆိုင်ထားပါတယ်။ ဒါပေမဲ့ သူ့မိန်းမဖြစ်သူက သူ့ကို တအားချုပ်ချယ်လွန်းပြီး သူ့ခဗျာ မိန်းမဖြစ်စေချင်တဲ့အတိုင်းနေရရှာပါတယ်။တစ်နေ့မှာတော့ သူက ဆေးခန်းကအပြန်မှာ ကောလိပ်တုန်းက အခန်းဖော်ဖြစ်ခဲ့တဲ့ ချာလီဖိုင်းမန်းကို မီးပွိုင့်မှာ သွားတိုးပါတော့တယ်၊ တစ်ဖက်မှာ ချာလီဖိုင်းမန်းဟာ သူရဲ့မိန်းမဖြစ်သူနှင့် သမီးသုံးယောက်ကို လေယာဉ်ပျက်မှုကြောင့် ဆုံးရှုံးခဲ့ရတဲ့အတွက် စိတ်ဒဏ်ရာအကြီးအကျယ်ရရှိခဲ့ပြီး အလွမ်နာကျကာ လုံးပါးပါးနေရှာပါတယ်။ ဒီလိုနဲ့ သူတို့နှစ်ယောက်ပြန်ဆုံကြတဲ့အခါ ဂျွန်ဆန်က ချာလီရဲ့စိတ်ဒဏ်ရာကို အကြောင်းပြပြီး မိန်းမရဲ့ချုပ်ချယ်မှုကနေ လွှတ်မြောက်အောင် လုပ်ပါတော့တယ်။ဒါပေမဲ့ ကြာလာတာနဲ့အမျှ ချာလီခံစားနေရတာကို မကြည့်ရက်တဲ့အတွက် ဒီစိတ်ဒဏ်ရာကို ကျော်လွှားနိုင်အောင် သူအစွမ်းကုန် ကူညီပါတော့တယ်။ ဒီဇာတ်ကားလေးကတော့ ချစ်ရတဲ့သူကို ဆုံးရှုံးလိုက်ရတဲ့ခံစားချက်ကို ချာလီ့နေရာကနေ ဝင်ခံစားရစေပြီး တစ်ဖက်မှာလည်း ဒီစိတ်ဒဏ်ရာကနေ လွတ်မြောက်အောင် ကူညီကြိုးစားပေးနေတဲ့ ဂျွန်ဆန်နေရာကနေ ဝင်ခံစားမိစေပြီး တကယ့်ကို အနှစ်သာရရှိတဲ့ လောကဓံတရားကို ပညာပေးထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ ဒါကြောင့် ...
movie
Reign Over Me (2007)
6.9
Clear and Present Danger (1994)
Clear and Present Danger (1994)~ IMDb - 6.9/10, Rotten Tomatoes - 81% ~ဒီဇာတ်ကားက Jack Ryan ရုပ်ရှင်တွဲတွေရဲ့တတိယကားဖြစ်ပြီး အက်ရှင်ခန်းတွေလည်း ပိုကြမ်းလာပါတယ်။ ဒုတိယကားဖြစ်တဲ့ Patriot Games က မင်းသားကြီး Harrison Ford ပဲ ဂျက်ရိုင်ယန်အဖြစ် ပါဝင်ထားသလို မင်းသားကြီး Willem Dafoe ကလည်း အရေးပါတဲ့နေရာက ပါဝင်ထားပါတယ်။ဒီဇာတ်လမ်းက အမေရိကန်နဲ့ ကိုလံဘီယာ မူးယစ်ရာဇာတွေကြား ပဋိပက္ခတွေကို ဇာတ်လမ်းဆင်ထားတာပါ။ အမေရိကန်သမ္မတရဲ့ နိုင်ငံရေးမိတ်ဖက်တစ်ဦးကို မူးယစ်ရာဇာကြီး အက်စကိုဘေတိုက သတ်ဖြတ်လိုက်တဲ့အတွက် အမေရိကန်အစိုးရဘက်က နိုင်ငံတော်လုံခြုံရေးကို ထိပါးမှုဆိုတဲ့ ခေါင်းစဉ်နဲ့ အဲဒီမူးယစ်ရာဇာနဲ့ ဂိုဏ်းကို ချေမှုန်းဖို့ လုပ်ဆောင်ပါတော့တယ်။ဒါပေမဲ့ ဒီဂိုဏ်းကိုချေမှုန်းဖို့က တိုင်းတပါးမှာ လျှို့ဝှက်စစ်ဆင်ရေးအဖြစ်နဲ့ပဲ ဆောင်ရွက်လို့ရတာကြောင့် အစိုးရအနေနဲ့ သူတို့ဘက်ကို ပြန်အမှုမပတ်အောင် ကြေးသားစစ်သားတွေကို ...
movie
Clear and Present Danger (1994)
1994
6.8
Patriot Games (1992)
Patriot Games (1992)~ IMDb - 6.8/10, Rotten Tomatoes - 72% ~ဒီဇာတ်ကားကတော့ Jack Ryan Franchise ရဲ့ ဒုတိယကားဖြစ်ပြီး ပထမကားအပြီး နှစ်နှစ်အကြာ ၁၉၉၂မှာ ထွက်ရှိခဲ့တာပါ။ ဒီကားရဲ့ Jack နေရာမှာတော့ မင်းသားကြီး Harrison Ford က သရုပ်ဆောင်ထားသလို ပါတိုင်းသေ မင်းသားကြီး Sean Bean နဲ့ အချစ်တော်ကြီး Samuel L. Jackson တို့ ပါဝင်လို့ Cast List နဲ့တင် ရှိန်လောက်တဲ့ကားပါ။အိုင်းရစ်ရီပတ်ဘလစ်တပ်မတော်လို့ ခေါ်တဲ့ IRA က ဗြိတိန်ကျွန်းစုရဲ့ အင်အားကြီးသူပုန်အဖွဲ့ဖြစ်ပြီး မြောက်အိုင်ယာလန်ကို ဗြိတိန်တွေရဲ့လက်အောက်က ခွဲထွက်ဖို့ ကြိုးစားနေတဲ့အဖွဲ့ကြီးပါ။ ဒီဇာတ်ကားမှာ IRA က အိုင်ယာလန်ဘုရင်ခံဖြစ်လာမယ့် ဗြိတိန်မင်းသားကိုလုပ်ကြံဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ သူတို့ကို ...
movie
Patriot Games (1992)
1992
5.9
The Grudge (2004)
The Grudge (2004)ဒီဇာတ်ကားလေးကတော့ ၂၀၀၂ ခုနှစ်ကထွက်ရှိခဲ့တဲ့ ဂျပန်ဟော်ရာကား Ju-On ရဲ့ Hollywood Remake ပေါ့။ Remake ဆိုပေမဲ့ ထူးခြားတဲ့ Storyline နဲ့ မူရင်း ဂျပန် Ju-On ကားတွေရဲ့ လမ်းကြောင်းကနေ မသွေဖယ်ထားလို့ ကြည့်ရတာ ကြောက်ဖို့ကောင်းနေမှာပါပဲ။ဒီဇာတ်ကားမှာတော့ ဘိုးဘွားစောင့်ရှောက်ရေးစင်တာ တစ်ခုမှာ Volunteer အနေနဲ့ ဝင်လုပ်နေတဲ့ ကယ်ရန်နဲ့ စတင်ထားတယ်။ အိမ်တစ်အိမ်ကို ဝင်ပေးနေကျ မိန်းကလေး ယိုကို အလုပ်ကိုရောက်မလာတာမို့ ကယ်ရန်ဟာ အစားထိုးဝင်ပေးတဲ့အနေနဲ့ ရောက်ရှိသွားခဲ့တယ်။ အိမ်မှာ အဘွားအိုကြီးတစ်ယောက်ပဲ ရှိနေတယ်။ ကယ်ရန်ဟာ အဖော်ပြုလုပ်ကိုင်ပေးရင်း အိမ်ထဲကနေ ထူးဆန်းတဲ့အသံတွေ ကြားလာရတယ်။ အဲဒါနဲ့ပဲ ဗီရိုထဲမှာ ပိတ်မိနေတဲ့ ကလေးလေး တစ်ယောက်ကို ရှာတွေ့သွားတယ်။အဲဒီကောင်လေးရဲ့ နာမည်ကတော့ တိုရှိအို......Horror Master တစ်ပါးဖြစ်တဲ့ Takashi Shimizu ရဲ့ ...
movie
The Grudge (2004)
2004
6.2
Spider-Man 3 (2007)
ပထမဆုံး စပိုက်ဒါမန်း ဇာတ်လမ်းရဲ့ 2007 မှာထွက်ရှိခဲ့တဲ့ သုံးကားမြောက်ဇာတ်ကားဖြစ်သလို..သုံးကားထဲမှာအကောင်းဆုံးနဲ့နောက်ဆုံးကားလို့ပြောရမှာဖြစ်ပါတယ်..ဇာတ်လမ်းအညွှန်းကိုတော့မပေးတော့ဘူးနော်...အရင် ကား ၂ ကားလည်း တင်ပြီးသားမို့ ဒီဇာတ်ကားကိုသာဆက်လက်ကြည့်ရှုကြပါ...မင်သား Tobey Maguire ရဲ့ အော်ရဂျင်နယ် Spider Man ဇာတ်ကားတွေကို DS4K 1080p BluRay Quality နဲ့တင်ဆက်လိုက်ပါတယ်...1080p ဆိုပေမယ့် 4K ရုပ်ထွက်ထက် ပိုကောင်းတဲ့ Regrade Version မို့ DS4K Version ကိုသာ တင်ဆက်လိုက်ပါတယ်။ဘာသာပြန်လိုအပ်ချက်တွေရော သတ်ပုံတွေရော တတ်နိုင်သမျှပြန်ပြင်ထားတာမို့ အခု Version ကို ပြန်ဒေါင်းသိမ်းသင့်ပါတယ်။ File size…(2.8 GB)/(1.1 GB) Quality….BluRay DS4K HEVC 1080p / 720p Format…mkv/mp4 Duration….02:19:10 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Min Thet Oo
movie
Spider-Man 3 (2007)
7.3
Spider-Man 2 (2004)
Spider Man 2 က ပထမဇာတ်ကားရဲ့ အဆက်အနေနဲ့ ထွက်ရှိခဲ့တာပါ။ဒီဇာတ်လမ်းမှာတော့ စမိုက်ဒါမန်းဟာ မပျော်မရွင်ဖြစ်နေရပါတယ်...သူချစ်ရတဲ့ကောင်မလေး မေရီဂျိန်းဝမ်ဆန်ကို စွန့်လွှတ်ပြီးတဲ့နောက်မှာတော့ သူ့ဘဝကို ရာဇဝတ်မှုတွေကိုတိုက်ဖျက်နေရင်းနဲ့ဖြတ်သန်း နေရပါတယ်..မေရီဂျိန်းဟာလည်း သူဌေးတစ်ယောက်နဲ့စေ့စပ်ထားလိုက်ပါပြီ ...သူ့သူငယ်ချင်း ဟယ်ရီကလည်း သူ့အဖေကိုသတ်သွားတဲ့စပိုက်ဒါမန်းကို ပြန်သတ်ချင်လို့ အသည်းအသန်စုံစမ်းနေပါ သလို မြို့ကိုဒုက္ခပေးမယ့် အန္တရာယ်တွေလည်းတိုးလာပါတယ်..ဒီလိုပြသနာတွေကြားမှာ ပီတာပါကားတစ်ယောက် ဘယ်လိုခွန်အားနဲ့ ဆက်လက်အသက်ရှင်ပြီး ပြသနာတွေကို ဘယ်လိုဖြေရှင်းသွားမလဲဆိုတာ...။မင်သား Tobey Maguire ရဲ့ အော်ရဂျင်နယ် Spider Man ဇာတ်ကားတွေကို DS4K 1080p BluRay Quality နဲ့တင်ဆက်လိုက်ပါတယ်...1080p ဆိုပေမယ့် 4K ရုပ်ထွက်ထက် ပိုကောင်းတဲ့ Regrade Version မို့ DS4K Version ကိုသာ တင်ဆက်လိုက်ပါတယ်။ဘာသာပြန်လိုအပ်ချက်တွေရော သတ်ပုံတွေရော တတ်နိုင်သမျှပြန်ပြင်ထားတာမို့ အခု Version ကို ပြန်ဒေါင်းသိမ်းသင့်ပါတယ်။ File size…(2.3 GB)/(1 GB) Quality….BluRay DS4K HEVC ...
movie
Spider-Man 2 (2004)
2004
7.3
Spider-Man (2002)
ဒီကားကတော့ Spider-Man ကိုသိတဲ့သူတွေရော မသိတဲ့ သူတွေကိုပါ ပထမဆုံးအကြိမ် မိတ်ဆက်ပေးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားလည်းဖြစ်ပါတယ်။ ပထမဆုံး Live Action Spider-Man ဇာတ်ကားက ပရိတ်သတ်ကို စိတ်ကျေနပ်မှုပေးနိုင်ခဲ့ပါတယ်။အထူးသဖြင့် လူငယ် ပရိတ်သတ်တွေနဲ့ Comic စာအုပ်ပရိတ်သတ်တွေ အားပေးမှုကိုရှိခဲ့ပါတယ်။ ဒီကားက သာမန်အထက်တန်းကျောင်းသား Peter Parker ဘဝကနေ ဆယ်ကျော်သက် စူပါဟီးရိုး ဖြစ်လာပုံနဲ့ ရရှိထားတဲ့ စွမ်းအားတွေကို အဓိပ္ပာယ်ရှိရှိ အသုံးချဖို့ အတွက် တွန်းအားရလာပုံတွေကို အဓိက ရိုက်ကူးထားပါတယ်။Spider-Man ဖြစ်လာပုံကို အားလုံးသိပြီးသားဖြစ်ပါတယ်။ Oscorp ကုမ္ပဏီက Radioactive Spider အကိုက်ခံရပြီးနောက် စွမ်းအားတွေရလာတာဖြစ်ပါတယ်။ ဒီနေရာမှာ Spider-Man ရဲ့အကြောင်း အနည်းငယ်ပြောပြချင်ပါတယ်။ Spider-Man ကို Marvel က ကာတွန်းဆရာ Stan Lee ကစတင်မိတ်ဆက် ခဲ့တာဖြစ်ပါတယ်။ ပထမဆုံးအကြိမ် သူ့ရဲ့ စိတ်ကူးကို ...
movie
Spider-Man (2002)
6.0
The Midnight Meat Train (2008)
IMDb Rating (6.0) / Rotten Tomatoes (73%)ဘရတ်ဒလေကူးပါးပါဝင်တဲ့ Horror/Thriller အမျိုးအစား ခြောက်ခြားစရာဇာတ်ကားပါ....လီယွန်ဟာကြိုးစားရုန်းကန်နေဆဲလူငယ်ဓာတ်ပုံဆရာတစ်ယောက်၊ သူ့ချစ်သူကောင်မလေးရဲ့ သူငယ်ချင်းမိတ်ဆက်ပေးမှုနဲ့ နာမည်ကြီးပန်းချီပြခန်းပိုင်ရှင်တစ်ဦးနဲ့တွေ့ဆုံရာကနေ သူ့အတွက်ကြိုးစားရင် ရလာမယ့်အခွင့်အရေးကိုမြင်တဲ့အလျောက်ညဘက်ဓာတ်ပုံရိုက်ပြီးကုန်ကြမ်းရှာထွက်ပါတယ်။သူ့ရဲ့ပွဲဦးထွက်ပြပွဲအတွက်လူတွေရဲ့အမှောင်ဘက်ခြမ်းကိုပြဖို့ကြိုးစားရင်း မဟော်ဂနီဆိုတဲ့လူတစ်ယောက်ကို တွေ့ခဲ့ပါတယ်။ အဲ့ဒီလူဟာ စိတ္တဇလူသတ်သမားတစ်ယောက်၊ ညနက်သန်းခေါင်လူခြေပြတ်လတ်တဲ့ရထားတွေပေါ်မှာ ကျက်စားတတ်ပြီး၊ အဲ့ဒီမှာပါလာတတ်တဲ့ ခရီးသည်တွေကိုပစ်မှတ်ထားတတ်တဲ့သူဖြစ်ပါတယ်။ဘာကြောင့်မှန်းမသိ မဟော်ဂနီကို စိတ်ဝင်စားလို့ Subject တစ်ခုလိုသဘောထားရာကနေ လီယွန်တစ်ယောက် မှောင်သထက်နက်ရှိုင်းလှတဲ့ လောကတစ်ခု၊ သူနားလည်ဖို့ စဉ်းစားဖို့ ဉာဏ်မမှီတဲ့ အရာတွေဆီ နီးသထက်နီးလာပြီး သူ့ချစ်သူ၊ ရည်မှန်းချက် ပတ်ဝန်းကျင်စတာတွေနဲ့ ဝေးသထက်ဝေးလာပါတော့တယ်။လီယွန်တစ်ယောက် အချိန်မှီလွတ်မြောက်နိုင်ပါ့မလား? သူ့ချစ်သူ သူငယ်ချင်းတွေက သူ့ကိုကယ်တင်နိုင်မှာလား။ သူစိတ်ဝင်စားတဲ့ မဟော်ဂနီရဲ့ နောက်ခံဇာတ်ကြောင်းက ဘာတွေဖြစ်မလဲ? စုန်းစမြုပ်စပျောက်သွားခဲ့တဲ့ လူပေါင်းများစွာနဲ့ပတ်သက်ပြီး တာဝန်ရှိတဲ့ဌာနတွေ ဘာလုပ်နေခဲ့လဲ စတဲ့မေးခွန်းတွေကို ဒီဇာတ်ကားမှာ အဖြေရှာကြည့်ကြစေချင်ပါတယ်။Lion Gate logo ကြီးကိုမြင်လိုက်ရတာနဲ့ ဒီကားကောင်းမှာပဲလို့ခံစားရတဲ့ခေတ်က ထွက်ခဲ့တဲ့ဇာတ်ကားတစ်ကားပါ။ အဲ့ဒီတုန်းက ကြည့်ဖူးတဲ့သူတွေရှိကြမှာဖြစ်သလို အတော်လဲပေါက်ခဲ့တဲ့ကားတစ်ကားဖြစ်ပါတယ်။ သတ်ခန်းဖြတ်ခန်းတွေ ရေလည်ကြမ်းတမ်းပက်စက်ပြီး၊ ဘူတာရုံတွေ ရထားတွေကို ညနက်သန်းခေါင်မသွားရဲဖြစ်လောက်အောင် စိတ်ခြောက်ခြားမှုပေးနိုင်တဲ့၊ အာရုံထဲမှာ အတော်ကြာကြာစွဲနေမယ့်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ File size…(1.7 GB ) / (999 ...
movie
The Midnight Meat Train (2008)
6.7
Candyman(1992)
1နာရီခွဲလောက် အချိန်ပေးပြီး တကယ်ကောင်းတဲ့ horror movie တစ်ခုကို ကြည့်ချင်တယ် ဆိုရင် အခုပဲ ဒီဇာတ်ကားကို down ပြီးတော့သာ ကြည့်လိုက်ပါကြည့်ရတာ တကယ်တန်တဲ့ ဇာတ်ကားမျိူးပါနောက်ပြီး ဒီဇာတ်ကားက Candy Man saga မှာ ပထမဆုံးထွက်ခဲ့ပေမယ့် အကောင်းဆုံးလို့ သတ်မှတ်ခြင်း ခံထားရတာပါဘာလို့လဲဆိုတာ သိချင်ရင်တော့ အပေါ်ကပြောထားတဲ့အတိုင်းပဲ သွားသာကြည့်လိုက်ပေတော့ ကိုယ့်လူအကြောင်းအရာကတော့ သူ့နာမည်ကို မှန်ထဲကြည့်ပြီး ငါးခါခေါ်ရင် ခင်ဗျားဆီကို သူရောက်လာမယ် သတ်ချင်ရင်သတ်တယ် ဖြတ်ချင်ရင်ဖြတ်တဲ့ သံချိတ်ကြီးနဲ့ သကြားလုံးလူသား အကြောင်းပါပဲဒါပေမယ့် အဲ့သကြားလုံးလူသားကို တကယ်ရှိတယ်လို့ ခင်ဗျား ထင်လား?မရှိဘူးလို့ ထင်တယ် ဆိုရင်တော့ ဒီဇာတ်ကားထဲက မင်းသမီးနဲ့ အတွေးချင်းတူသွားပါပြီသူကလည်း သကြားလုံးလူသားဆိုတာ ပုံပြင်သက်သက်ပဲ အပြင်မှာ တကယ် မရှိဘူး လို့ယုံကြည်ပြီးတော့ အပြင်မှာ လူသတ်ချင်တဲ့ သူတစ်ယောက်က သကြားလုံးလူသား နာမည်ကို သုံးပြီး လူတွေ ...
movie
Candyman(1992)
1992
Hard Target (1993)
အခုတင်ဆက်မယ့်အက်ရှင်ဇာတ်ကားကြီးရဲ့ မင်းသားကတော့ တစ်ခြားသူမဟုတ်ပါဘူး မင်းသားကြီးဗန်ဒိန်းပါ။ဗန်ဒိန်းက အက်ရှင်၊ဇာတ်ကြမ်းသာမက ဟန်ပန်အမူအရာတွေပါပိုင်နိုင်တဲ့ legend ကြီးတစ်ယောက်ရယ်ဆိုလဲ မမှားပါဘူး။အခုတင်ဆက်မယ့် ၁၉၉၃ ခုနှစ်မှာထွက်ရှိခဲ့တဲ့ Hard Target ထဲမှာဆိုရင်လဲ ဗန်ဒိန်းရဲ့နုပျိုမှုတွေနဲ့ ကေဝဲကြီးနဲ့ အလွန်ပဲမိုက်ပါတယ်။ဇာတ်လမ်းတစ်ခုမှာ ဇာတ်ဆောင်မင်းသားကအသက်ဆိုရင် မင်းသမီးကလည်းသွေးကြောပါပဲ။အက်ရှင်ဇာတ်ကားကောင်းလေးကိုခံစားရင်း ဇာတ်ကားရဲ့အဓိကသွေးကြောသဖွယ်ဖြစ်တဲ့မင်းသမီးချောလေး ရန်စီဘက်တလာကိုပါရှု့စားနိုင်ဦးမယ့်ဇာတ်ကားလေးပါ။ဇာတ်လမ်းအကျဉ်လေးကိုပြောရမယ်ဆိုရင်တော့...ဆင်းရဲသူတွေဟာ တစ်ဒေါ်လာလောက်တောင်ပြူးပြဲရှာနေရချိန်မှာချမ်းသာတဲ့သူတွေအတွက်ကျ ဒေါ်လာသိန်းချီဟာအမှိုက်သာသာဆိုလောက်ဆိုတဲ့အတိုင်းချမ်းသာတဲ့သူ တွေဟာဒေါ်လာသိန်းချီပေးပြီး လူသတ်အမဲလိုက်ပွဲကစားလေ့ရှိကြပါတယ်။အဲလိုလူသတ်အမဲလိုက်ပွဲကျင်းပရာမြို့ကို နတ်တာရှာဆိုတဲ့မိန်းကလေးတစ်ယောက်ရောက်လာပြီးစစ်ပြန်ကြီး ဘုဒရိုစ်ဆိုသူနဲ့တွေ့တဲ့အခါသူတို့နှစ်ယောက်ဘယ်လိုအရှုပ်ထုပ်ထဲရောက်သွားမလဲဘာတွေဆက်ဖြစ်သွားမလဲဆိုတာမကြည့်ဖူးတဲ့သူတိုင်းအတွက်အလွန်ကြည့်လို့ကောင်းစေမယ့်old but gold အက်ရှင်ကားလေး Hard Target ကိုခံစားရင်ခုန်ပေးကြပါဦးခင်ဗျာ။ File size…(2 GB) and (1.2 GB) Quality….Unrated Blu-Ray 1080p 5.1 CH & 720p (HEVC Encode) Format…mp4 Duration….01:37:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by San Thu Aung
movie
Hard Target (1993)
HEVC 1080p 5.1
6.5
Drag Me to Hell (2009)
Drag Me to Hell (2009) IMDb - 6.5/10________Rotten - 92% ကျိန်စာတိုက်တယ် ပြုစားတယ်ဆိုတဲ့စကားက မြန်မာ့အသိုင်းအဝိုင်းမှာ နားလည်ရခက်တဲ့ စ ကားမျိုးမဟုတ်ပါဘူး အမေရိကန် supernatural horror ရုပ်ရှင်ရိုက်ကူးရေးကနေ ဒါရိုက်တာ Sam Raimi ရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းမှာ---အမေရိကန်ပြည်ထောင်စုကယ်လီဖိုးနီးယားပြည်နယ်က ဇနီးမောင်နှံဆီ က ဂျစ်ပစီငွေ လည်ဆွဲပျောက်ဆုံးပြီးထဲက မကောင်းဆိုးဝါးအသံတွေကိုကြားခဲ့ရတယ်...ဒီအသံတွေက ဒီမှာတင်ရပ်သွားလားဆိုတော့ ---- ဘယ်ရပ်လိမ့်မလဲ ကလေးကိုမြေအောက်ငရဲထိဆွဲခေါ်သွားခဲ့ရာကနေ...သမိုင်းစခဲ့တယ်အခုလက်ရှိခေတ် မှာတော့ လော့အိန်ဂျလိစ့် က ဘဏ်တခုမှာအစပျိုးပြန်လည်အသက်ဝင်လာခဲ့ပါတယ် ကျိန်စာတခု ရဲ့နောက် ကွယ်မှာ ဘာတွေဆက်ဖြစ်လာမလဲ.... ညဖက်တယောက်ထဲ မကြည့်သင့်တဲ့ကားမျိုးဖြစ်ပြီးတော့ ညကျကြည့်မယ်ဆိုရင် ၃-၄ယောက်လောက်စုကြည့်ရမယ့် ကားကောင်းတကားဖြစ်တယ်လို့ပဲ ညွှန်းပါရစေ..... ဒီဇာတ်ကားကို ညီလေး Moe Oo Mann မှဘာသာပြန်ပြီး မြန်မာကြီးမှ အညွှန်းရေးပေးထားပါတယ်က်ိန္စာတိုက္တယ္ ပြုစားတယ်ဆိုတဲ့စကားက မြန်မာ့အသိုင်းအဝိုင်းမှာ နားလည်ရခက်တဲ့ စ ကားမျိုးမဟုတ်ပါဘူး အမေရိကန် supernatural horror ရုပ်ရှင်ရိုက်ကူးရေးကနေ ဒါရိုက်တာ Sam Raimi ရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းမှာ---အမေရိကန်ပြည်ထောင်စုကယ်လီဖိုးနီးယားပြည်နယ်က ဇနီးမောင်နှံဆီ က ဂျစ်ပစီငွေ လည်ဆွဲပျောက်ဆုံးပြီးထဲက မကောင်းဆိုးဝါးအသံတွေကိုကြားခဲ့ရတယ်...ဒီအသံတွေက ဒီမှာတင်ရပ်သွားလားဆိုတော့ ---- ဘယ်ရပ်လိမ့်မလဲ ကလေးကိုမြေအောက်ငရဲထိဆွဲခေါ်သွားခဲ့ရာကနေ...သမိုင်းစခဲ့တယ်အခုလက်ရှိခေတ် မှာတော့ လော့အိန်ဂျလိစ့် က ဘဏ်တခုမှာအစပျိုးပြန်လည်အသက်ဝင်လာခဲ့ပါတယ် ကျိန်စာတခု ရဲ့နောက် ကွယ်မှာ ဘာတွေဆက်ဖြစ်လာမလဲ.... ညဖက်တယောက်ထဲ မကြည့်သင့်တဲ့ကားမျိုးဖြစ်ပြီးတော့ ညကျကြည့်မယ်ဆိုရင် ၃-၄ယောက်လောက်စုကြည့်ရမယ့် ကားကောင်းတကားဖြစ်တယ်လို့ပဲ ညွှန်းပါရစေ..... ဒီဇာတ်ကားကို ညီလေး Moe Oo Mann မှဘာသာပြန်ပြီး မြန်မာကြီးမှ အညွှန်းရေးပေးထားပါတယ်File Size ...
movie
Drag Me to Hell (2009)
2009