Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Ted Manson
The Clearing (2004)
The Clearing ဆိုတဲ့ ၂၀၀၄ ခုနှစ်ထွက် ဇာတ်ကားဟာ ခံစားမှုများပြားတဲ့ စိတ်ကူးယဉ်သည့် ဇာတ်လမ်းဖြစ်ပြီး သည်းထိတ်ရင်ဖိုအမျိုးအစားဖြစ်ပါတယ်။ဇာတ်လမ်းအနေနဲ့ Wayne Hayes (Robert Redford) ဟာ လောဘမပါဘဲ အောင်မြင်မှုရနေသူတစ်ဦးဖြစ်ပြီး၊ သူ့ဇနီး Eileen Hayes (Helen Mirren) နဲ့အတူ ချမ်းသာကျေနပ်စွာနေထိုင်ပါတယ်။ တစ်နေ့မှာတော့ Wayne ကို Arnold Mack (Willem Dafoe) ဆိုတဲ့ လူဆိုးတစ်ဦးက အတင်းဖမ်းဆီးပြီး ပျောက်ဆုံးသွားတဲ့အခါမှာ Eileen နဲ့ မိသားစုဟာ ရင်ဆိုင်နေရတဲ့ စိတ်ဖိစီးမှုများပြားတဲ့ အခြေအနေကို တွေ့ကြုံရပါတယ်။"The Clearing" ရုပ်ရှင်ဟာ စိတ်ကူးယဉ်နဲ့ ထင်မြင်ချက်တွေကို လှုံ့ဆော်ပေးပြီး ရင်ဖိုစရာအချိန်တွေနဲ့ ပြည့်နှက်နေပါတယ်။ကိုယ်တိုင်ကြည့်ရှုခံစားပေးပါဦး။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre... Drama, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. ...
movie
The Clearing (2004)
The Curious Case of Benjamin Button (2008)
အချိန်တွေသာ နောက်ပြန်လည်သွားခဲ့ရင် အဲဒီဖြစ်စဉ်ရဲ့နောက်ဆက်တွဲတွေက လူတွေရဲ့ဘဝကို ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိစေမလဲ။ နာရီလက်တံတွေ ဆန့်ကျင်ဘက်လည်ပတ်ကုန်မလား။ အနောက်အရပ်က နေထွက်ပြီး အရှေ့အရပ်မှာ နေဝင်သွားမလား။ ကမ္ဘာကြီး ပြောင်းပြန်လည်သွားမလား။ လူသားတွေရဲ့ဘဝတွေ ကမောက်ကမဖြစ်ကုန်မလား။ အသက်တွေကြီးရာကနေ တဖြည်းဖြည်းငယ်ကုန်မလား။ အချိန်ရဲ့ရက်စက်မှုတွေကို ဘယ်လိုလူမျိုးကမှ အနိုင်မယူနိုင်၊ မကျော်လွှားနိုင်။ဇာတ်လမ်းအကျဉ်း- ဘန်ဂျမင်ဘက်တွန်ဆိုတဲ့ကောင်လေးဟာ အသက် ၈၀ အရွယ်အဘိုးကြီးတစ်ယောက်ရဲ့ခန္ဓာကိုယ် ရုပ်ပိုင်းဆိုင်ရာ အခြေအနေတွေနဲ့အတူ မွေးဖွားလာတယ်။ သူ့အမေကလည်း သူ့ကိုမီးဖွားပြီးချိန်မှာပဲ ဆုံးပါးသွားခဲ့တယ်။ ဒါနဲ့ သူ့အဖေ သောမတ်ဘက်တွန်က ဒီလို အဘိုးကြီးခန္ဓာကိုယ်နဲ့ကောင်လေးကို မကောင်းဆိုးဝါးအထင်နဲ့ ဘိုးဘွားဂေဟာမှာ သွားပစ်ထားခဲ့တယ်။ အဲဒီဂေဟာက အမျိုးသမီးက ကလေးကိုတွေ့သွားပြီး မွေးစားဖို့ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ ဒီကောင်လေးကို ဘယ်သူကမှ ကြာကြာခံမယ်လို့မထင်ကြဘူး။ ဒါပေမဲ့ ဘန်ဂျမင်ဟာ အချိန်တွေတရွေ့ရွေ့ကုန်ဆုံးလာတာနဲ့အမျှ အသက်ကြီးရာကနေ တဖြည်းဖြည်းချင်း နုပျိုလာခဲ့တယ်။ဒီဇာတ်ကားဟာ ဟောင်းပေမဲ့ ရွှေလို့ပြောလို့ရတဲ့ဇာတ်ကားတစ်ကားဖြစ်တယ်။ ဇာတ်လမ်းဟာ အချိန်အားဖြင့် ၃ နာရီနီးပါးကြာမြင့်ပြီး ဝတ္ထုရှည်တစ်ပုဒ်ကို ...
movie
The Curious Case of Benjamin Button (2008)
6.7
Elizabethtown(2005)
Elizabethtown(2005)******************* ဒီဇာတ်ကားက ရုပ်ရှင်တေးသီချင်းဆုတွေအတွက် အများကြီးဆန်ကာတင်ဝင်ခဲ့တဲ့ရုပ်ရှင်တစ်ကားဖြစ်တာမို့ သူ့ရဲ့ OST တွေ soundtracks တွေ ကောင်းမွန်လွန်းတယ်ဆိုတာအသေအချာပါပဲ။ အဓိကမင်းသားကလည်း Lord Of the Rings ထဲက ကောင်မလေးတွေ အသည်းစွဲLegolas နေရာ သရုပ်ဆောင်ခဲ့တဲ့ Orlando Bloom နဲ ့မင်းသမီးကတော့ 2002 spiderman ရဲ့အချစ်တော် Mary Jane နေရာသရုပ်ဆောင်ခဲ့တဲ့ Kirsten Dunst တို့ဖြစ်ပါတယ်် ဒီဇာတ်ကားမှာ အသားပေးတင်ဆက်ထားတာကတော့ ဒေါ်လာ ၁ ဘီလီယံဖိုးလောက်ဆုံးရှုံးသွားလို့ လောကကြီးကို အရှုံးပေးထွက်ခွာဖို့ ပြင်ဆင်နေတဲ့ ဖိနပ်ဒီဇိုင်နာဒရူးဘေလာတစ်ယောက် သူ့အဖေရဲ့ ရုတ်တရက်နာရေးပေါ်လာတဲ့အခါသူ့အဖေရဲ့ ဇာတိမြို့ Elizabethtown ကို သွားဖို့ အကြောင်းပေါ်လာပါတော့တယ်။အဲ့ဒါနဲ့ သေဖို့ကိစ္စကို ခဏရပ်ပြီး အဖေ့ဇာတိပြန်သွားတဲ့ ဒရူးတစ်ယောက်အသွားလမ်းခရီးလေယာဥ်ပေါ်မှာ တွေ့ခဲ့တဲ့ လေယာဥ်မယ်လေးကလဲကိုဘန်ကြောင့် ဘယ်လို ဘဝအချိုးအကွေ ့တွေဖြစ်လာမလဲဆိုတာကို ၂ နာရီစာအချိန်ကုန်လို့ကုန်သွားမှန်းမသိအောင် တေးဂီတအမိုက်စားတွေနဲ့ ကိုယ်တိုင်ပါဝင်ခံစားနိုင်မဲ့ ...
movie
Elizabethtown(2005)
6.6
Talladega Nights: The Ballad of Ricky Bobby (2006)
အနောက်တိုင်း Comedy movie တွေကို 2k vibe နဲ့ ခံစားချင်သူတွေအတွက် 2006 ခုနှစ်ကထွက်ရှိထားတဲ့ ဟာသကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားက ရစ်ကီဘော်ဘီလို့ခေါ်တဲ့ ပြိုင်ကားမောင်းသမားတစ်ယောက်ရဲ့ ဘဝအနိမ့်အမြင့် အတက်အကျကို ရိုက်ပြထားတာဖြစ်ပြီး အတော်လေးကြည့်လို့ကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ရစ်ကီဘော်ဘီဟာ ပြိုင်ကားမောင်းရတာကို အရူးအမူးစွဲလမ်းတဲ့ ရိစ်ဘော်ဘီလို့ခေါ်တဲ့လူတစ်ယောက်ရဲ့ ရင်သွေးဖြစ်ပြီး သူဟာလည်းအဖေ့သွေးအပြည့်ပါတဲ့အပြင် ငယ်ငယ်ကဖခင်ဖြစ်သူပြောခဲ့တဲ့ စကားတစ်ခွန်းကြောင့် လူငယ်အရွယ်မှာပဲ NASCAR ရဲ့ ပြိုင်ကားလောကထဲကိုရောက်လာပြီး ကမ္ဘာ့နံပါတ်တစ်နေရာကို စောစောစီးစီးယူနိုင်ခဲ့သူဖြစ်ပါတယ်။ သူ့အောင်မြင်မှုတွေကို ခံစားလို့မဝသေးခင်အချိန်မှာပဲ ဂျွန်ဂျရတ်ဒ်လို့ခေါ်တဲ့ ပြင်သစ်လူမျိုး ပြိုင်ကားမောင်းသမားတစ်ယောက် NASCAR ကိုရောက်ရှိလာချိန်မှာတော့ သူဟာအရှုံးတွေနဲ့ရင်ဆိုင်ရပြီး သူ့ဘဝဟာလည်း တစ်မျိုးတစ်ဖုံပြောင်းလဲသွားခဲ့ပါတယ်။ဒီလိုနဲ့ တစ်ချိန်ကအတော်ဆုံးပြိုင်ကားမောင်းသမား ရစ်ကီဘော်ဘီဟာ စုတ်ပြတ်သတ်နေတဲ့သူ့ဘဝထဲကရုန်းထွက်ပြီး အတော်ဆုံးဆိုတဲ့ဂုဏ်ပုဒ်ကို ပြန်လည်ရယူနိုင်ဖို့ အစွမ်းကုန်ကြိုးစားပါတော့တယ်။ ဒီဇာတ်ကားက IMDB rating 6.6 အထိရရှိထားပြီး အားကစားနဲ့ပတ်သက်တာတွေ ကြည့်ချင်သူတွေ ဟာသကားကြိုက်တဲ့သူတွေအတွက်ကတော့ ကြည့်လို့ကောင်းမဲ့ဇာတ်ကားတစ်ကားပါပဲ။ File size…(2.4 GB)/(1.3 ...
movie
Talladega Nights: The Ballad of Ricky Bobby (2006)
7.1
Runaway Jury(2003)
Runaway Jury(2003) အညွှန်း*************************IMDb - 7.1 / Rotten 🍅 - 75%Money cannot buy everything လို့ ကျွန်တော်တို့ဘယ်လောက်ပဲအပြိုင်အဆိုင်ငြင်းခုန်နေကြပါစေ ပိုက်ဆံဟာ လူသားတွေကိုလိုရာခိုင်းစေနိုင်တဲ့ Mighty Godတစ်ပါး ဖြစ်နေဆဲပါပဲ။ရေများရေနိုင်သလို ငွေများငွေနိုင်တဲ့လောကကြီးမှာ ဓနရှင်တွေရဲ့လွှမ်းမိုးနိုင်မှုဟာလည်းပြောစရာမလိုတဲ့အရာတစ်ခုပါဘဲ။ အခုဒီရုပ်ရှင်လေးကတော့ သာမန်မုဆိုးမတစ်ယောက်နဲ့သေနတ်ကုမ္ပဏီသူဌေးကြီးတွေကြားက အားပြိုင်မှုကို ရိုက်ကူးထားတဲ့ ပုံမှန်နဲ့မတူ တမူထူးခြားတဲ့ ဇာတ်ကားပါ..မျက်စိမပါတဲ့သေနတ်တစ်လက် နှလုံးသားမရှိတဲ့လူတစ်ယောက်လက်ထဲ ကျရောက်သွားချိန်ဟာအဆုံးမဲ့ဝမ်းနည်းကြေကွဲမှုတွေရဲ့ကနဦးအစပါပဲ။ ဒါပေမဲ့ သေနတ်လုပ်ငန်းတွေကတော့ ဘယ်သူသေသေငတေမာရင်ပြီးရောဆိုတဲ့မူကို ဆက်လက်ကျင့်သုံးပြီး သေနတ်တွေကိုအလွယ်တကူထုတ်ရောင်းလို့ ဥပဒေနဲ့အညီရောင်းချပါသည်ဆိုတဲ့ငွေနဲ့ဖန်တီးထားတဲ့ဒိုင်းကာနဲ့ ကာထားကြပါတယ်။ ခေတ်အဆက်ဆက်တရားစီရင်မှုတွေမှာလည်း ဂျူရီအဖွဲ့ဝင်တွေဟာ ငွေရဲ့ကျေးကျွန်ဖြစ်နေတာကြောင့်သေနတ်လုပ်ငန်းတွေကို မတွန်းလှန်နိုင်ခဲ့တဲ့အပြင် ဖရန်ကင်ဖစ်ခ်ျလိုငွေမျက်နှာတစ်ခုပဲကြည့်တဲ့ ဂျူရီအတိုင်ပင်ခံ ဒါမှမဟုတ်ဂျူရီတွေရဲ့အားနည်းချက်ကိုကိုင်လှုပ်ပြီး ကြိုးဆွဲရာကခိုင်းမယ့်ဇာတ်ဆရာတွေကြောင့်သေနတ်လုပ်ငန်းဟာ အဘက်ဘက်က အသာစီးရပါတယ်။သေနတ်ပစ်ခတ်မှုမှာ ခင်ပွန်းဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့လူမမယ်ကလေးတစ်ယောက်နဲ့ ကျန်ရစ်ခဲ့တဲ့ ဆလက်စ်ဝုဒ်ဆိုတဲ့အမျိုးသမီးဟာရှေ့နေဖြစ်သူဝမ်ဒေါလ်ရိုဟာနဲ့ပေါင်းပြီးတိုက်ခိုက်ဖို့ကြိုးစားပါတော့တယ်..အဘက်ဘက်ကသာလွန်တဲ့ ဒီအင်အားကြီးတဲ့သူတွေကိုဘယ်လိုတိုက်ခိုက်ကြမလဲ..ဘယ်လိုအကွက်ဆင်ကြမလဲဆိုတာကိုတော့..John Grishamရဲ့ Runaway Juryဝတ္ထုကိုအခြေခံထားတဲ့အပြင်Gene Hackmanနဲ့ Dustin Hoffmanတို့လို Legend ...
movie
Runaway Jury(2003)
7.0
Midnight in the Garden of Good and Evil(1997)
Midnight in the Garden of Good and Evil(1997) အညွှန်း************************************************* နာမည်ကျော်မင်းသားကြီး Kelvin Spacey ပါဝင်ထားတဲ့ Crime/Drama အမျိုးအစားဖြစ်ပါတယ်။Kelvin Spacey ကားဆိုရင် အညွှန်းမဖတ်ဘဲကြည့်သင့်တဲ့အထဲမှာပါတယ်ဆိုတာသူကားတွေအတော်များများကြည့်ဖူးရင်သိကြပါတယ်..ဒါ့ကြောင့်အညွှန်းတွေ ရှည်ရှည်ဝေးဝေးရေးမနေတော့ဘူး..နယူးယောက်မြို့ကနေ ပါတီပွဲတစ်ခုအကြောင်း သတင်းယူဖို့ စေလွှတ်ခဲ့လိုက်ရတဲ့ဂျွန်ကယ်ဆိုတစ်ယောက် ဆာဗန်းနားမြို့ကို မအူမလည်နဲ့ရောက်ချလာပါတယ်။အဲဒီပါတီပွဲကိုတာဝန်ယူကျင်းပမယ့်သူက ရှေးဟောင်းဂန္တဝင်ပစ္စည်းတွေကိုစုဆောင်းလေ့ရှိတဲ့ သူဌေးကြီး ဂျင်မ်ဝီလီယံစ်ဖြစ်ပြီး သူတို့နှစ်ဦး ခင်မင်သွားရာမှတစ်မနက်မှာတော့ ဂျင်မ်တို့အိမ်ကြီးမှာ လူသတ်မှုတစ်ခုဖြစ်သွားကြောင်း သိလိုက်ရပါတယ်။ဘာတွေ ဘယ်လိုဆက်ဖြစ်မယ်ဆိုတာကတော့…File Size :(3.2GB) (1.4 GB) and (467 MB) Quality : Blu-Ray 1080P,720p Format…mp4 Duration…02:35:00 Genre : Crime , Drama , Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Encoded by Phyo Pyae
movie
Midnight in the Garden of Good and Evil(1997)
6.2
Sweet Home Alabama (2002)
မယ်လနီဟာ နယူးယော့ခ်ဆိုတဲ့ မြို့ကြီးပြကြီးမှာ အောင်မြင်တဲ့ ဖက်ရှင်ဒီဇိုင်နာ တစ်ယောက်အဖြစ် အသက်မွေး၀မ်းကျောင်းပြုနေတဲ့ မိန်းမချောလေးတစ်ဦးပါ အန်ဒရူးဆိုတဲ့ ချစ်ရတဲ့ကောင်လေး တစ်ဦးလည်းရှိသတဲ့ အန်ဒရူးဟာလည်း မြို့တော်၀န်ရဲ့သားဖြစ်သလို အတွင်း၀န်တစ်ယောက် အန်ဒရူးက မယ်လနီကို လက်ထပ်ခွင့်တောင်းတဲ့အခါမှာတော့ မယ်လနီတစ်ယောက်ရဲ့ဘ၀ဟာ ရှေ့ဆက် ပန်းခင်းတဲ့လမ်းချည်း ဖြစ်တော့မှာပါဒါပေမယ့် ပန်းခင်းလမ်းကိုရှေ့ဆက်ဖို့ဆိုရင်တော့ မယ်လနီဟာ သူမရဲ့အတိတ်ကနေ အရင်လွတ်မြောက်အောင် ထွက်ပြေးရမှာဖြစ်ပြီး သူမအလွတ်မြောက်ချင်ဆုံးအရာကတော့ အထက်တန်းကျောင်းပြီးတော့ သူနဲ့လက်ထပ်ခဲ့တဲ့ ဂျိတ်ဆိုတဲ့ ကောင်လေး ဖြစ်ပါတယ် ဒီတော့ မယ်လနီတစ်ယောက် အတိတ်ကို အပြီးသတ်ဖို့ရာ သူမရဲ့ ဇာတိမြို့လေးကို ပြန်လာရင်း ရှုပ်ထွေးမှုတွေကြား သောကရောက်ရပါတော့တယ် ခင်ပွန်းလောင်းအသစ်နဲ့ ခင်ပွန်းဟောင်းကြား ဗျာများရမယ့် မယ်လနီတစ်ယောက်အကြောင်းကို drama comedy အဖြစ် ပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ် File size…(1.77GB)/(1.24GB) / (581MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:48:00 Genre...Comedy / Romance Subtitle….Myanmar ...
movie
Sweet Home Alabama (2002)
7.8
The Curious Case of Benjamin Button (2008)
အော်စကာဆု သုံးဆု ရရှိထားပြီး နာမည်ကျော်လူကြိုက်များတဲ့ ကားလေးတစ်ကားကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။သရုပ်ဆောင်တွေကလည်း ဘရက်ပစ် တို့လို နာမည်ကျော်တွေဖြစ်ပါတယ်။ဒီဇာတ်ကားလေးကတော့ ဘန်ဂျမင် ဘော့တွန်ဆိုတဲ့ ထူးဆန်းတဲ့ ကောင်လေးတစ်ယောက်ရဲ့ ဘဝဇာတ်ကြောင်းကိုဖော်ပြထားတာပါ။ လူသာမန်တွေဟာ မွေးလာတယ် တဖြည်းဖြည်း အိုမင်းလာပြီး ကွယ်လွန်ရတာက ဓမ္မတာပါပဲ။ ဒါပေမယ့် ဘန်ဂျမင်ကတော့ ဒီလိုမဟုတ်ဘူး ထူးဆန်းတဲ့ ရောဂါကြောင့် မွေးလာကတည်းက လူအိုလေးတစ်ယောက် အနေနဲ့ မွေးလာပါတယ်။ သူအသက်ကြီးလာ လေလေ ပိုနုပျိုလာလေလေပါပဲ။ဒီအခါမှာ မတူညီတဲ့ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှု့တွေကို ခံစားလာရပါတယ်။မွေးကတည်းက အမေဖြစ်သူကွယ်လွန်ပြီး အဖေဖြစ်သူရဲ့ စွန့်လွှတ်ခြင်းကို ခံရတဲ့ ဘန်ဂျမင်တစ်ယောက် ဒေစီ ဆိုတဲ့ မိန်းကလေး တစ်ယောက်နဲ့ တွေ့ဆုံခဲ့ရပါတယ်။ သူတို့ရဲ့ အချစ်ရေးဟာ ထူးဆန်းနေမယ်ဆိုတာ သိပေမဲ့လည်း သူတို့ချစ်မိခဲ့ကျပါတယ်။ သူ့ရဲ့ ရောဂါက သူတို့ရဲ့ အချစ်ရေးအတွက် အနှောက်အယှက်ဖြစ်စေမလား …. ဒါမှမဟုတ် သူတို့ ချစ်ခရီးလမ်း အဆင်ပြေမှာလား… ဘန်ဂျမင်ရဲ့ ဘဝမှာ ဘာတွေ ကြုံခဲ့ရလို့ ဘာတွေ ...
movie
The Curious Case of Benjamin Button (2008)
2008
7.0
Déjà Vu (2006)
Déjà Vu (2006) IMDb - 7.0/10_____Rotten - 55% 2006 ခု နှစ်မှာ ထွက်ရှိခဲ့တဲ့ Deja Vu ဇာတ်ကားကို ဒါရိုက်တာ တိုနီစကော့ကနေရိုက်ကူးခဲ့ပြီး ပါဝင်သရုပ်ဆောင်ထားတဲ့သူကတော့ Denzel Washington ဖြစ်ပါတယ်. ကျွန်တော်သိပ်ကြိုက်တဲ့ဇာတ်ကားတစ်ကားဖြစ်တဲ့ John Q ဇာတ်ကားမှာလည်း အဓိကမင်းသားအဖြစ်ပါဝင်သရုပ်ဆောင်ခဲ့တဲ့သူပါ. အခုတင်ပေးတဲ့ကားကတော့ အက်ရှင် နဲ့ဖိုက်တင်နဲ့ သိပ္ပံဇာတ်လမ်း အမျိုးအစားဖြစ်ပြီး အက်ရှင်ဇာတ်လမ်းကောင်း.. သိပ္ပံနဲ့ဆိုင်တဲ့ဇာတ်ကားမျိုးလေးတွေကိုကြိုက်နှစ်သက်တဲ့ သူတွေအတွက်လက်လွှတ်မခံသင့်တဲ့ဇာတ်ကားမျိုးဖြစ်ပါတယ်.. IMDb Rating ကလည်း 7.1 ရရှိထားတာမို့. .ဇာတ်ကားကောင်းတစ်ကားဆိုတာ ငြင်းချက်ထုတ်နေစရာမလိုပါဘူး အညွှန်းနည်းနည်းပေးရမယ်ဆိုရင်….. ဇာတ်လမ်းစစချင်းမှာပဲ ရေကြောင်း Ferry တစ်ခုဖြစ်တဲ့ သဘောၤတစ်ခုမှာ ကျောင်းသားတွေရော. လူတော်တော်များများပါလိုက်ပါလာပါတယ်.. အားလုံးပျော်ပျော်ရွှင်ရွှင်ဖြစ်နေကြတုန်းမှာပဲ သဘောၤ ပေါ်မှာ တင်ဆောင်လာတဲ့ကားတစ်စီးမှာ ထောင်ထားတဲ့ ဗုံးဟာ ပေါက်ကွဲသွားပါတယ်..သဘောၤတစ်စီးလုံးစာကို ပေါက်ကွဲသွားတာဖြစ်ပြီး ကယ်ဆယ်ချိန်လည်းမရသလို.အသေအပျောက်ကလည်းရာချီပါတယ် ဒီကိစ္စကိုစုံစမ်းဖို့အတွက်ရောက်လာတာကတော့ ATF Agent ဖြစ်တဲ့ ဒေါ့ကာလင်ပါ… အရည်အချင်းရှိတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်.. သူဟာ နည်းပညာအကူအညီနဲ့ သဘောၤဗုံးမပေါက်ခင် လွန်ခဲ့တဲ့ လေးရက်ကို ပြန်လည်သွားရောက်ပြီး ရာဇဝတ်မှုမဖြစ်ပွားအောင်ကြိုးစားရပါတော့တယ်. ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကို တော့ ဆက်လက်ကြည့်ရှုကြပါ.. ဆွဲဆောင်မှုရှိရှိနဲ့ရိုက်ကူးတင်ဆက်ထားပြီး စိတ်ဝင်တစားစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်.. ဒီဇာတ်ကားရဲ့ဘာသာပြန်ကိုတင်ဆက်သူကတော့ ကို Lotus Black ပဲဖြစ်ပါတယ်Translated By Lotus Black Encoded By LK =================== 2006 ခု ...
movie
Déjà Vu (2006)
2006