Channel Myanmar

Ted Garcia

First Daughter (2004)
First Daughter (2004) ဒီဇာတ်ကားလေးက ၂၀၀၄ ခုနှစ်ကထွက်ရှိထားပြီး IMDB 5.1 ရရှိထားတဲ့ ကောလိပ်ကျောင်းသူဇာတ်ကားလေးပါ။ ကောလိပ်ကျောင်းသူဘဝဆိုပေမယ့် ခေါင်းကြီးတို့မျှော်လင့်သလို ဘာညာတွေပါမှာမဟုတ်ဘဲ အချစ်ဆိုတာနဲ့ ဘဝဆိုတာကြီးကိုပထမဆုံးကြုံတွေ့ရတဲ့ သမ္မတသမီးလေးတစ်ယောက်အကြောင်းကိုတွေ့ရမှာပါ။ဇာတ်လမ်းအကျဥ်းကတော့ အရွယ်ရောက်လို့ကျောင်းသွားတက်တဲ့ သမ္မတသမီးလေး Samantha ဟာ ကောလိပ်တက်ရင်း သူလိုချင်တဲ့ သာမန်ဘဝနဲ့အပေါင်းအသင်းဆိုတာကတစ်ဖက်၊ ရင်ခုန်တက်စအရွယ်မှာပဲ သူကြိုက်မိတဲ့ကောင်လေးက သူ့အဖေရဲ့လျှို့ဝှက်အေးဂျင့်ဖြစ်နေလို့အသည်းကွဲတာကတစ်ဖက်၊ သူ့အဖေရဲ့သမ္မတဖြစ်ရေးကိုပံ့ပိုးပေးချင်တဲ့စိတ်ကတစ်ဖက်နဲ့ သူ့ဘဝရဲ့ကျောင်းသူဘဝကိုဘယ်လိုတွေကျော်ဖြတ်မလဲ ဆိုတာကတော့ ဆက်လက်ရှုစားရမှာဖြစ်ပါတယ်။ ပြောရရင်တော့ အချစ်ဆိုတာကို ဂုဏ်ပကာသနအောက်မှာချုပ်တည်းရင်း ရင့်ကျက်တဲ့ကောလိပ်ကျောင်းသူတစ်ယောက်ရဲ့ ဘဝဖြတ်သန်းပုံလေးကို ဆွတ်ပျံ့ဖွယ်ရှုစားရမှာဖြစ်ပဲပါတယ်။ဟုတ်ကဲ့ ကျွန်တော်ကတော့ Alex 666 ပါ။File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:45:00 Genre... Family, Comedy, Drama, Romance  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Alex
movie

First Daughter (2004)

Crank (2006) 7.0
Crank (2006) မင်းသားကြီး Jason Statham ရဲ့အမိုက်စား ခပ်ကြမ်းကြမ်းအက်ရှင်တွေနဲ့ ဒီရုပ်ရှင်က မထင်မှတ်ဘဲ ပေါက်သွားပြီး ပရိတ်သတ်တွေအသည်းစွဲရတဲ့ အက်ရှင်တစ်ကားဖြစ်ခဲ့ပါတယ်။ဇာတ်လမ်းဇာတ်ကွက်နဲ့ Non-stop အက်ရှင်တွေက တစ်ကားလုံးထိုင်ရာမထဆွဲဆောင်သွားမှာပါ။ကြေးစားလူသတ်သမားအချင်းချင်း အောက်လမ်းနည်းပေါင်းစုံနဲ့လုပ်ကြံကြတဲ့ ကစားပွဲမှာအသက်ရှင်ဖို့ အရာအားလုံးကို ဖြတ်ကျော်မယ့် Chev Chelios အဖြစ် Jason Statham ကို အမိုက်စားမြင်တွေ့ရမှာပါ။Chev Chelios ကို ရန်သူတွေက ဖမ်းမိတဲ့အခါမှာ တခါထဲအပြတ်မရှင်းဘဲ တမြေ့မြေ့နောင်တရစွာ သေဆုံးသွားဖို့ တခါမှမစမ်းဖူးတဲ့ တရုတ်ကဆေးတစ်မျိုးနဲ့ လုပ်ကြံလိုက်ကြပါတယ်....ဒီဆေးက နှလုံးခုန်နှုန်းကို အချိန်မရွေးရပ်တန့်သွားစေနိုင်တာမလို့  Chev Chelios တစ်ယောက်အသက်ရှင်ဖို့လမ်းစမရှိပါဘူး....ဒါပေမယ့် ခေါင်းမာပြီး အဆိပ်ပြင်းတဲ့  Chev Chelios ကတော့ သူ့နှလုံးခုန်နှုန်းကို မရပ်ဖို့ ရရာပစ္စည်းတွေနဲ့ အသက်ဆက်ပြီး ရန်သူတွေတမျိုးလုံးတဆွေလုံးကို အမြစ်ကလှန်ဖို့ မနားတမ်း မမောတမ်း ဖိုက်ပါတော့တယ်။IMDb (7) ထိရရှိထားတဲ့ Action , Crime , Thriller ...
movie

Crank (2006)

4K HEVC