Channel Myanmar

Ted Ferguson

The Hopewell Haunting (2022)
The Hopewell Haunting (2022)  မနှစ်​က ထွက်ရှိ​ခဲ့တဲ့​ Horror / Thriller ဇာတ်ကား​တစ်​ကား​ဖြစ်​တဲ့ The​ Hopewell Haunting က တကယ့်​ဖြစ်​ရပ်မှန်ကို အခြေ​ခံထားတဲ့ ထိတ်​လန့်သည်းဖိုဇာတ်ကားဖြစ်ပါတယ်။ ဒဇာတ်ကားရဲ့ ဒါရိုက်တာဖြစ်သူ Dane Sear ရဲ့ အဘွား​ဖြစ်သူ​ကြုံတွေ့ခဲ့တဲ့ ၁၉၁၉ ခုနှစ်​က အဖြစ်အပျက်​တစ်ခုကို ပြန်လည်​ရိုက်ကူး​ထားတယ်လို့သိရပါတယ်။ဇာတ်လမ်း​အကျဥ်းကတော့ Kentucky ပြည်နယ် Hopewell မြို့​လေးကို ပြောင်း​ရွှေ့​ရောက်​ရှိလာတဲ့ လင်မယား​နှစ်ယောက်​ အိမ်​တစ်အိမ်မှာနေထိုင်ရင်း ထူးဆန်း​တာတွေကြုံတွေ့လာတဲ့အခါ မြို့​လေးရဲ့ဘုရားကျောင်းက တရား​ဟော​ဆရာ​ဖြစ်သူ​ဂျိမ်း​ကို အကူအညီ​တောင်းပါတယ်။ ဂျိမ်း​လည်း​ အိမ်​ကိုလိုက်စစ်ဆေးရင်း အမျိုး​အမည်​မသိတဲ့ သဘာဝလွန်အရာတစ်ခုနဲ့ ရင်​ဆိုင်​နေရပြီဖြစ်ကြောင်း သိလိုက်ရပါတော့တယ်။ဇာတ်လမ်း​က ဖြည်း​ဖြည်း​ချင်း​သွားတဲ့ Slow​-paced အမျိုး​အစား​ဖြစ်ပြီး Kentucky ပြည်နယ်​ရဲ့လူသိများတဲ့ သဘာဝလွန်ဖြစ်ရပ်ကိုရိုက်ကူးထားတာဖြစ်ပါတယ်။ ဘတ်ဂျက်ဇာတ်ကားဖြစ်တဲ့အတွက် အများကြီးမ​မျှော်လင့်​ဖို့တော့ လိုပါ​တယ်။File size…(1.6 GB)/(822 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:20:00 Genre...Thriller, Drama, Horror, Mystery  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
movie

The Hopewell Haunting (2022)

Bottoms (2023) 7.2
Bottoms (2023)  လူတော်တော်များများကဂေးတွေဆိုရင် အထင်အမြင်သေးပြီးရှောင်ဖယ်ကြပါတယ်။ဂျိုစီနဲ့ ပီဂျေဆိုတဲ့အထက်တန်းကျောင်းသူ နှစ်ယောက်ကလည်း လိင်တူကြိုက်တဲ့ဂေးသူငယ်ချင်းတွေဖြစ်ကြပြီး ရုပ်လဲဆိုး အရည်အချင်းလည်းမရှိတဲ့အတွက်ကျောင်းကလူတွေက ရှောင်ဖယ်ထားတဲ့အပြင်ပြဿနာအိုးလေးတွေပဲဖြစ်ပါတယ်။ဒါပေမယ့်သူတို့မှာကိုယ်စီကြိတ် Crush နေရတဲ့ပန်းပွားမယ်တွေတော့ရှိပါတယ်။ဒီလိုနဲ့တစ်နေ့မှာ ကျောင်းရဲ့နာမည်ကြီးဘောလုံးသမား တစ်ယောက်ဖြစ်တဲ့အပြင်ကျောင်းအုပ်ကြီးက ဖူးဖူးမှုတ်ထားတဲ့ဂျက်ဖ်ဆိုတဲ့ကောင်လေးနဲ့ ကွိုင်သွားတက်ပါတော့တယ်။ဒီလိုနဲ့ ကျောင်းထုတ်ခံရမလိုဖြစ်နေတဲ့အချိန်မှာ ကျောင်းကိုယ်ခံပညာကလပ်ဘာညာနဲ့ လျှောက်ပြောလိုက်ပြီး အဲ့ဒါကြောင့်ပဲ ကျောင်းထုတ်ခံရမဲ့ဘေးကနေကင်းသွားပါတော့တယ်။အဓိကကတော့ တခြားကျောင်းရဲ့ ဘောလုံးသမားတွေကဒီကျောင်းနဲ့ ရန်စရှိပြီး အားနည်းတဲ့မိန်းကလေးတွေကို လာလာအနိုင်ကျင့်နှိပ်စက်နေလို့ပဲဖြစ်ပါတယ်။ဒီလိုနဲ့ သူတို့နှစ်ယောက်ပါးစပ်ထဲရှိတာ လျှောက်ပြောထားတဲ့ ကိုယ်ခံပညာကလပ်ကို တည်ထောင်ပြီးတော့ အဖွဲ့ဝင်ကောင်မလေးတွေနဲ့ဘယ်လိုနှစ်ပါးသွားကြမလဲ။သူတို့ရဲ့ Crush လေးတွေပါ ကလပ်ထဲပါလာတဲ့အခါဘယ်လိုစိတ်ဝင်စားစရာ ဇာတ်လမ်းလေးတွေဆက်ဖြစ်ကြမလဲဆိုတာကို ကြည့်ရမှာပဲဖြစ်ပါတယ်။ File size…1.63 GB / 694 MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 31m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Bottoms (2023)

The Mist (2007) 7.2
The Mist (2007) ဒီလို မိုးအေးတဲ့ ညမျိုးမှာ အကြောင်းတိုက်ဆိုင်စွာဖြင့်တင်ပေးချင်တဲ့ ရုပ်ရှင်တစ်ကားတော့ ရှိပါတယ်နာမည်ကျော် စာရေးဆရာကြီး Stephen King ရဲ့ဝတ္တုကို ရုပ်ရှင်ပြန်ရိုက်ထားတဲ့The Mist ဆိုတဲ့ ရုပ်ရှင်ကားပါဒီဇတ်လမ်းကို ကြည့်မယ်ဆို အရင်ဆုံး မီးတွေ မှိတ်လိုက်ပါပြီးရင် လဖ္ဘက်သုပ် ဖြစ်ဖြစ် စားစရာ တစ်ခုခု အနားယူပါစောင်ကို ကွေးနေအောင် ခြုံပါ(FA ဆိုရင်ပေါ့) :Pကိုယ့်အနားမှာ ဖက်စရာခွေးလေး ကြောင်လေးတွေ ရှိရင် ဖက်ထားပါဒါမှမဟုတ် ချစ်သူ ရှိရင် လက်မောင်းကို ကျစ်ကျစ်ပါအောင် ဖက်ထားပါပြီးရင် ဒီရုပ်ရှင်ကို စ ကြည့်လို့ရပါပြီ...တစ်နေ့သော ညမှာ မြို့ငယ်လေး တစ်ခုရဲ့ ဆိုးရွားလှတဲ့ မုန်တိုင်းဝင်ရောက် တိုက်ခက်တဲ့ အချိန်ရေကန်ငယ်လေး ရဲ့ နံဘေးကပန်းချီဆရာ ဒေးဗစ် ရဲ့ အိမ်ကိုသစ်ပင်ပိကာ Studio ခန်း ပြိုကျသွားခဲ့ပါတယ်မနက်ခင်း မှာတော့ ဒေးဗစ် တို့ မိသားစုနိုးလာတဲ့ အခါမှာတော့ အရာအားလုံးဟာမြူခိုးစတွေ ဖုံးလွှမ်းနေတာကို တွေ့ရပြီးအပျက်အစီးတွေကို ရှင်းလင်းကြရပါတယ်သဘာဝ ဘေးကို ရင်ဆိုင်ဖို့ အတွက်အစားအသောက်က အရေးကြီးတာကြောင့်အိမ်နီးချင်း ...
movie

The Mist (2007)

2007
Front of the Class (2008) 8.1
Front of the Class (2008) Front of the Class (2008)"Hichki" ဆိုတဲ့ ဘောလိဝုဒ် ဇာတ်ကားတစ်ကားကို လူကြီးမင်းတို့ မှတ်မိကြမှာပါ။ အကြောဆွဲရောဂါရှိပြီး လည်ပင်းတဆတ်ဆတ်၊ အသံပေါင်းစုံ ထွက်နေတဲ့ ဆရာမလေးတစ်ယောက်က လူဆိုးတွေစုဝေးတဲ့ အတန်းတစ်တန်းကို ဘယ်လိုထိန်းကျောင်း သင်ကြားသွားတယ်ဆိုတာပေါ့။အခုတင်ဆက်မယ့် ဇာတ်ကားကတော့ ဟောလိဝုဒ် ဇာတ်ကားဖြစ်ပြီး အကြောဆွဲရောဂါရှိတဲ့ ကလေးလေးတစ်ယောက်အကြောင်းပါပဲ။ သူများနဲ့မတူ ထူးဆန်းနေပြီး စိတ်အနှောင့်အယှက်ဖြစ်စရာအသံဗလံတွေထွက်နေတဲ့ ကလေးငယ်ဟာ မိဘအတွက်၊ ဆရာတွေအတွက်၊ အတန်းဖော်တွေအတွက် စိတ်ပျက်စရာ ဒုက္ခအိုးလေးဖြစ်နေခဲ့ပါတယ်။ဒီကောင်လေးကို မိဘက ဆူငေါက်၊ ဆရာတွေက အပြစ်ပေး၊ အတန်းဖော်ချင်းက အနိုင်ကျင့်ကြတယ်။ အချိန်မရွေး ခွေးဟောင်သံလိုလို အသံဗလံတွေ ထွက်နေလေ့ရှိတဲ့သူ့ကို စိတ်ပျက်ကြ၊ ဒေါသဖြစ်ကြ၊ ရွံရှာကြ။ ဒီကလေးက လောကငရဲမှာ လူလားမြောက်ခဲ့ရတဲ့သူ။ဒီအချိန်မှာ သူ့ကိုနားလည်ပြီး၊ သူ့အခက်အခဲ၊ သူ့သိမ်ငယ်မှုကို အများသိအောင် ပညာသားပါပါ ကြေညာမောင်းခတ်နိုင်တဲ့သူ၊ သူ့ရဲ့ကျေးဇူးရှင် ကျောင်းအုပ်ကြီးကို လေးစားအားကျလွန်းလို့ သူ့ဘဝရည်မှန်းချက်ကို ဆရာတစ်ယောက်ဖြစ်လာစေရေး ပန်းတိုင်သတ်မှတ်ခဲ့တယ်။သာမန်လူတွေအတွက်တောင် မလွယ်ရေးချမလွယ်တဲ့ ဆရာအလုပ်ကို ဒီအကြောဆွဲရောဂါသည်လေး ဘယ်လိုရအောင်လုပ်မလဲ။ သူ့ကလေးတွေနဲ့ ဘယ်လိုနှစ်ပါးသွားမလဲဆိုတဲ့ ရသမျိုးစုံ ...
movie

Front of the Class (2008)

2008
Cleaner(2007) 6.7
Cleaner(2007) Cleaner(2007) အညွှန်း********************ဒီဇာတ်ကားကတော့ ကျွန်တော်တို့ရဲ့အချစ်တော်ကြီး Samuel L.Jackson၊ မင်းသားကြီး Ed Harris နဲ့ မင်းသမီး Eva Mendes စတဲ့ နာမည်ကြီးသရုပ်ဆောင်များ ပါဝင်ပြီး ဒါရိုက်တာ Renny Harlin က ရိုက်ကူးထားတဲ့ မှုခင်းဇာတ်ကားကောင်းတစ်ခုပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းအနေနဲ့ကတော့ တွမ်ကတ်တလာ(Samuel L.Jackson)ဟာရဲဝန်ထမ်းအလုပ်ကနေ အနားယူပြီး သူ့ရဲ့သမီးလေးကိုထောက်ပံ့ပေးဖို့အတွက်မှုခင်းဖြစ်ပွားတဲ့နေရာတွေကို သန့်ရှင်းရေးလုပ်ရတဲ့သူအဖြစ် အလုပ်လုပ်ကိုင်နေသူဖြစ်ပါတယ်။တစ်နေ့မှာတော့ သူလူမရှိတဲ့အိမ်တစ်အိမ်မှာ အလုပ်လုပ်ခဲ့ရပြီး အဲ့ဒီအိမ်မှာနေတဲ့ အန်းနော်ကပ်(Eva Mendes) ရဲ့အမျိုးသားဟာထူးဆန်းစွာပဲပျောက်ဆုံးနေတယ်ဆိုတာ သိလိုက်ရတယ်။ အဲ့ဒီအတွက်ကြောင့် တည်ငြိမ်နေပြီဖြစ်တဲ့ တွမ်ကတ်တလာရဲ့ဘဝကြီးဟာလည်းအရှုပ်တွေထဲကို နောက်တစ်ကြိမ်ပြန်လာရောက်ရှိလာပါတော့တယ်။ ဒီဇာတ်ကားထဲမှာတော့ အန်းနော်ကပ်ရဲ့အမျိုးသားကို ပြန်လည်ရှာဖွေတာအပြင်တွမ်ကတ်တလာရဲ့ အတိတ်ကအရှုပ်တော်ပုံတွေ၊ သူ့နားကသူငယ်ချင်းဖြစ်သူ အက်ဒီလော်ရန်ဇို(Ed Harris)ရဲ့လျှိုဝှက်ချက်တွေနဲ့ ထင်မှတ်မထားတဲ့ လှည့်ကွက်တွေကို စိတ်ဝင်စားဖွယ်ခံစားကြရမှာပဲဖြစ်ပါတယ်။ဇာတ်ကားထဲမှာ သွေးထွက်သံယိုဖြစ်တာတွေနဲ့မသတီစရာကောင်းတဲ့အခန်းတွေပါဝင်တာကြောင့် နှလုံးမကောင်းသူများကြည့်ရှုဖို့ မသင့်တော်ပါဘူး။  File Size :(1.9GB)(618 MB) and (380 MB) Quality : Blu-Ray1080p5.1Ch, 720p Format…mp4 Duration…01:28:00 Genre : Crime , Thriller, Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by ...
movie

Cleaner(2007)

12 Hour Shift (2020) 5.3
12 Hour Shift (2020) 12 Hour Shift (2020)=================IMDb Rating - 5.3/10#Unicode၂၀၂၀ ခုနစ်ထွက် Drama, Thriller အမျိုးအစားဖြစ်ပါတယ် ...ဇာတ်လမ်းအရတော့ မန်ဒီက ဆေးရုံတစ်ခုမှာ အစမ်းခန့်ကာလဆင်းနေတဲ့ သူနာပြုတစ်ယောက်ပါ သူ့အချစ်ဆုံးသူငယ်ချင်းကတော့ ကာရန်ပေါ့... သူတို့နှစ်ယောက်မှာ လျှို့ဝှက်ချက်တစ်ခုရှိပါတယ်... အဲဒါကတော့ သူတို့နှစ်ယောက်ဟာ သေခါနီးလူနာတွေ မျှော်လင့်ချက်မရှိတော့တဲ့လူနာတွေကို သတ်ပြီး ကလီစာတွေထုတ်ရောင်းနေကြတာပါပဲ... တစ်ညတော့ ကလီစာတွေကို တစ်ဆင့်ခံပို့ပေးရတဲ့ ရဂ်ဂျီနာကြောင့် ကျောက်ကပ်တစ်လုံးပျောက်သွားတဲ့အခါ.... ရဂ်ဂျီနာတစ်ယောက် လုပ်မိလုပ်ရာနဲ့ ဆေးရုံမှာ ဘယ်လိုမွှေမလဲဆိုတာ ကြည့်ရှုခံစားရမှာဖြစ်ပါတယ်...IMDB 5.3/10 ရရှိထားပြီး မင်းသမီးကြီး Angela Bettis က မန်ဒီအဖြစ် ခပ်မိုက်မိုက်သရုပ်ဆောင်ထားပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ May Myat Thu ပဲဖြစ်ပါတယ်။)#Zawgyi၂၀၂၀ ခုနစ်ထွက် Drama, Thriller အမျိုးအစားဖြစ်ပါတယ် ...ဇာတ်လမ်းအရတော့ မန်ဒီက ဆေးရုံတစ်ခုမှာ အစမ်းခန့်ကာလဆင်းနေတဲ့ သူနာပြုတစ်ယောက်ပါ သူ့အချစ်ဆုံးသူငယ်ချင်းကတော့ ကာရန်ပေါ့... သူတို့နှစ်ယောက်မှာ လျှို့ဝှက်ချက်တစ်ခုရှိပါတယ်... အဲဒါကတော့ သူတို့နှစ်ယောက်ဟာ သေခါနီးလူနာတွေ မျှော်လင့်ချက်မရှိတော့တဲ့လူနာတွေကို သတ်ပြီး ကလီစာတွေထုတ်ရောင်းနေကြတာပါပဲ... တစ်ညတော့ ကလီစာတွေကို တစ်ဆင့်ခံပို့ပေးရတဲ့ ရဂ်ဂျီနာကြောင့် ကျောက်ကပ်တစ်လုံးပျောက်သွားတဲ့အခါ.... ရဂ်ဂျီနာတစ်ယောက် ...
movie

12 Hour Shift (2020)

2020
Mr. Brooks (2007) 7.3
Mr. Brooks (2007) Mr. Brooks (2007) IMDb - 7.3/10_____Rotten - 55%    အခုတစ်ခါ တင်ဆက်ပေးမှာကတော့ 2007 ခုနှစ်က ထွက်ခဲ့တဲ့ Mr. Brooks ဆိုတဲ့ မှုခင်းဒရမ်မာ ဇာတ်ကားပါ... အားလ်ဘရွတ် အမည်ရတဲ့ လူတစ်ယောက်ဟာ  လူတွေလေးစားခံရလောက်အောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ပါ...ဒါပေမယ့် သူ့မှာ ဘယ်သူမှ ထင်မထားတဲ့ စွဲလမ်းမှု တစ်ခုရှိနေခဲ့တယ်....အဲ့ဒါကတော့ လူသတ်ရကို နှစ်ခြိုက်နေတာပါပဲ ...သူ့ရဲ့ မကောင်းတဲ့စိတ်ကို ၂ နှစ်ကျော်အောင် ထိန်းချုပ်ခဲ့ပေမယ့် တစ်နေ့မှာတော့ ကချေသည်စုံတွဲ ကို စိတ်မထိန်းနိုင်ဘဲ ပြန်သတ်မိရာကနေ ဇာတ်လမ်းစလာပါတော့တယ်... သိပ်မကြာခင်မှာပဲ သူ့ဆီကို ဓာတ်ပုံတစ်ချို့ရောက်လာတယ်... ဒီဓာတ်ပုံတွေမြင်ပြီးတဲ့ သူသွေးပျက်သွားတယ်.. တစ်ချန်ထဲမှာပဲ ပြသနာတွေ တစ်ပွေ့တစ်ပိုက်နဲ့ ကျောင်းတက်တက်နေတဲ့သမီးဟာ ပြန်ရောက်လာတယ်... ကိုင်း အားလ်ဘရွတ် တစ်ယောက် ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ... ဓာတ်ပုံထဲမှာရော ဘာတွေများပါနေလို့လဲ... ဒီကားထဲက မင်းသားကြီး Kevin Costner ကိုတော့ အတော်များများသိကြမယ်ထင်ပါတယ်... ကိုင်း plot twist လေးတွေနဲ့ စိတ်ဝင်စားစရာတွေ ရိုက်ပြထားတဲ့ မှုခင်းဇာတ်ကားတစ်ကားပါ IMDb rating ကလည်း 7.3 ထိရထားလေတော့ ခပ်ကြောင်ကြောင်ကားတွေကြိုက်တဲ့သူတွေအဖို့ ...
movie

Mr. Brooks (2007)

2007