Channel Myanmar

Taylor Flowers

Parallax (2023)
Parallax (2023) ဇာတ်ကားတွေကို တွေးပြီးမှကြည့်ချင်တဲ့ လူတွေရှိလား။ ဇာတ်လမ်းကိုကြည့်ပြီးသွားလို့ တစ်စိမ့်စိမ့်တွေးပြီးကျန်ခဲ့ချင်တာပါဆိုရင်တော့ ဒီဇာတ်လမ်းလေးကို ကြည့်သင့်တဲ့စာရင်းထဲ ထည့်လိုက်သင့်ပါပြီ။ ကျွန်တော်ကိုယ်တိုင်လည်း ဇာတ်လမ်းကို ဘာသာပြန်ပြီးသွားတဲ့ ဘာကြောင့်လဲဆိုတဲ့ မေးခွန်းတွေနဲ့ ကျန်ခဲ့နေတုန်းပါပဲ။ဆိုတော့ ဇာတ်လမ်းအကျဉ်းလေးနည်းနည်းပြောရအောင်။ နေအိုမီနဲ့ လူးကပ်စ် ဖရိုင်းတို့က စေ့စပ်ပြီးအတူနေနေကြတဲ့ကာပယ်လေးပေါ့။ ဒါပေမဲ့ ဇာတ်လမ်းအစမှာကတည်းက စိတ်မကောင်းစွာနဲ့နေအိုမီက စိတ္တဇလိုလို စိတ်ကျရောဂါလိုလိုခံစားနေရပါတယ်။ လူးကပ်စ်ကလည်း စိတ်ကုဆရာဝန်တစ်ယောက်နဲ့ ဘာလုပ်ရမလဲ တိတ်တဆိတ်တိုင်ပင်နေတာပေါ့။ ဘယ်ကနေဘယ်လို ဖြစ်သွားမှန်း သူလည်းမသိပါဘူး။ နေအိုမီဖြစ်တဲ့ပုံကလည်း ထူးဆန်းပါတယ် သူက သူ့ကိုယ်သူဘယ်သူမှန်းမသိတော့ပါဘူး။ သူ့ကိုယ်သူ သူမသိတဲ့ တခြားကမ္ဘာတစ်ခုခုမှာ နေထိုင်နေရသလိုခံစားနေရတာပါ။နောက်ထပ်ရှိတာက သူမက်တဲ့အိပ်မက်ပါ။ အမြဲရေနစ်နေပြီး ရေပေါ်ကိုသူလုံးဝတက်မလာနိုင်သလို ဘယ်မှာရေနစ်နေမှန်းလဲ သူမသိပါဘူး။ ဆိုတော့ မသိခြင်းပေါင်းများစွာပေါ့။ ဒါပေမဲ့ ဆေးစစ်ကြည့်တော့လည်း နေအိုမီ့ဦးနှောက်မှာ ဘာမှထူးဆန်းတာ ရှာမတွေ့ပါဘူးတဲ့။ ဆိုတော့ နေအိုမီကဟန်ဆောင်နေတာလားမေးစရာရှိပါတယ်။ ဒါမှမဟုတ် သူကမရူးဘဲ ဘေးက လူတွေရဲ့ပယောဂတစ်ခုခုကြောင့်လား။ ဆိုတော့ ဇာတ်ကားလေးကတော့ ပဟေဠိတွေ ...
movie

Parallax (2023)

The Axiom (2018) 5.1
The Axiom (2018) ဒီတစ်ခါ CM Fans တွေကိုမိတ်ဆက်ပေးမှာကတော့Axiom လို့အမည်ရတဲ့ Horror ကားလေးပဲဖြစ်ပါတယ်ကျွန်တော်တို့လက်ရှိကမ္ဘာမှာပဲ တစ်ခြားကမ္ဘာတစ်ခုခု သို့မဟုတ်တစ်ခုမက တည်ရှိနေတယ်ဆိုတဲ့ယုံကြည်မှု့ ရှိတဲ့သူတွေတော်တော်ကိုများပြားပါတယ်။ဘာသာရေးတွေ မှာလည်း အဲ့ယုံကြည်ချက်ကိုတော်တော်တွေ့ရပါတယ်။အဲ့ထက်ပိုတဲ့သူတွေကတော့ အဲ့လိုတစ်ခြားကမ္ဘာတွေကို သွားရောက်နိုင်တဲ့ဂိတ်ပေါက်တွေ တံခါးဝတွေ အစရှိသဖြင့်မြောက်များစွာတည်ရှိနေတယ်လို့ယုံကြည်ပြီးကျမ်းဂန် အကိုးကားနဲ့ရှာဖွေနေတဲ့သူတွေလည်း တစ်ပုံတစ်ပင်ပါပဲဘာမြူဒါတြိဂံကိုတောင်မှပဲ တစ်ခြားကမ္ဘာတစ်ခုဆီကို ဦးတည်နေတဲ့ဂိတ်ပေါက်တစ်ခုအဖြစ်ရည်ညွန်းပြောဆိုခဲ့ကြပါတယ်ဒီလို ဂိတ်ပေါက်တွေ မုခ်ဦးတွေနဲ့ပတ်သတ်တဲ့စိတ်ကူးယဉ် စာအုပ်တွေ ရုပ်ရှင်တွေကလည်း တစ်ပုံတစ်ပင်ပါပဲ ။ခုဒီ Axiom လို့ခေါ်တဲ့ ဇာတ်ကားလေးကလည်းဒီလို ကားတွေထဲကတစ်ကားအပါဝင်ပါပဲ။ဇာတ်လမ်းလေးကိုတော့ မတ်ကင်းဇီနဲ့ မာတင်ဆိုတဲ့မောင်နှမနှစ်ယောက်ကပျောက်နေတဲ့ သူတို့ရဲ့အစ်မကြီးမာရီလင်ကိုရှာဖွေတဲ့အပေါ်မှာဇာတ်ကိုတည်ထားပါတယ်။မာရီလင်ကလည်း လွတ်လပ်စွာသွားလာတက်တဲ့ စိတ်ပေါ့ပါးတဲ့လွတ်လပ်သောစိတ်နဲ့ လူဖြစ်ရကျိုးနပ်ခဲ့တဲ့ အမျိုးသမီးတစ်ဦးပါပဲ။ဒါပေမဲ့နောက်ပိုင်းအဆက်သွယ်မရတော့တဲ့အပေါ်မှာမောင်နှမတွေအပေါ်တွယ်တာတက်တဲ့ မတ်ကင်းဇီက အစ်မတော် မာရီလင်ကိုရှာပုံတော်ဖွင့်ပါတော့တယ် ...
movie

The Axiom (2018)

2017