Channel Myanmar

Taylor Block

Something’s Gotta Give (2003)
Something’s Gotta Give (2003)  ဆန်ဘွန်လို့ခေါ်တဲ့ အသက်၆၀အရွယ်လူတစ်ယောက်ဟာ အောင်မြင်နေတဲ့ လုပ်ငန်းရှင်ဖြစ်ရုံသာမက စော်ကြည်ဘဲကြီးတစ်ယောက်လည်းဟုတ်ပါသေးတယ်။ ဆန်ဘွန်ဟာ တွဲလိုက်ရင် အသက်၃၀အောက် ကောင်မလေးလန်းလန်းလေးတွေနဲ့ပဲ တွဲပြီး အသက်၆၀ကျော်လာတဲ့အထိ အိမ်ထောင်မပြုသေးတဲ့ လူပျိုကြီးအဖြစ် နာမည်ကြီးပါတယ်။ ဒီလိုနဲ့ မာရင်လို့ခေါ်တဲ့ကောင်မလေးနဲ့ ဆန်ဘွန်ပတ်သတ်မိရာက မာရင့်ရဲ့ ကမ်းခြေအိမ်မှာ အပန်းဖြေလို့ လိုက်သွားရာကနေ မမျှော်လင့်ဘဲ မာရင့်အမေ အဲရစ်ကာဟာလည်း အဲဒီအိမ်မှာ ရောက်ရှိလာတဲ့အခါမှာတော့ .......၃၀အောက်လေးတွေကိုပဲ စားသုံးနေတဲ့ လူပျိုကြီးဆန်ဘွန်ဟာ သူနဲ့ရွယ်တူအမျိုးသမီးတစ်ယောက်နဲ့ အနေနီးလာတဲ့အခါမှာ ဘယ်လိုဇာတ်လမ်းလေးတွေဖြစ်ကြမလဲ...... မာရင်နဲ့ ဆန်ဘွန်ရဲ့ ကိစ္စကရော ဘယ်လိုဆက်ဖြစ်သွားမလဲ .....ဆိုတာတွေကို ကြည့်ရှုခံစားရမယ့် ဟာသဒရာမာဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Sakura ပဲ ဖြစ်ပါတယ် File size…(2.3 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:20:00 Genre... Drama, Comedy, Romance  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sakura
movie

Something’s Gotta Give (2003)

Christmas with the Kranks (2004)
Christmas with the Kranks (2004) ဇာတ်လမ်းအစမှာတော့ လူသာနဲ့ နိုရာတို့ရဲ့ တစ်ဦးတည်းသောသမီးလေးက တောင်အမေရိကမှာရှိတဲ့ ပီရူးနိုင်ငံကို ခရီးထွက်သွားပါတယ်။ နောက်နှစ်ခရစ်စမတ်မှ ပြန်လာတော့မှာ ဖြစ်ကြောင်းလည်း မိဘနှစ်ပါးကို ပြောခဲ့ပါသေးတယ် အထီးကျန်ပြီးကျန်ခဲ့တဲ့ ခရန့်ခ်တို့လင်မယားက ဒီနှစ် ခရစ်စမတ်မှာ သမီးလေးမရှိတဲ့အတွက် ပါဝင်ဆင်နွှဲခြင်းမပြုတော့ဘူးလို့ ရပ်ကွက်ထဲမှာရော အသိမိတ်ဆွေတွေကိုရော လိုက်လံပြောကြားပါတော့တယ်။ဒါပေမဲ့ ခရစ်စမတ်နေ့ ရောက်မှ သူတို့ရဲ့ သမီးလေးက အိမ်ပြန်လာတဲ့ လမ်းမှာ ရောက်နေပြီဖြစ်ကြောင်း အကြောင်းကြားပြီး မိဘနှစ်ပါးကို အံ့အားသင့်အောင် လုပ်လိုက်တဲ့အခါ သူတို့လင်မယားနှစ်ယောက် ခရစ်စမတ်ပွဲကို အမြန် ဘယ်လိုစီစဉ်ကြမလဲဆိုတာ ဆက်လက်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ မိသားစုဟာသကားဖြစ်တဲ့အလျောက် ပေါ့ပေါ့ပါးပါးကြည့်ရှုလို့ရမယ့် ဇာတ်လမ်းကောင်းလေးတစ်ခုပဲ ဖြစ်ပါတယ်။ အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။File size…(2.1 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre... Comedy, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
movie

Christmas with the Kranks (2004)