Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Tawfeek Barhom
6.8
The First Omen (2024)
ဒီရုပ်ရှင်ကတော့ ၁၉၇၆ တုန်းက ကမ္ဘာကျော်ခဲ့တဲ့အင်မတန်တမူထူးတဲ့ဇာတ်လမ်း The Omen 1976 ရဲ့အစပထမကို ရိုက်ကူးထားတာပါ။ဒါကြောင့် ရုပ်ရှင်ခေတ်ကို ၁၉၇၁ ကနေ စပြထားပါတယ်။သမိုင်းအရလည်း ၁၉၆၉ ကနေ ၁၉၈၀ အတွင်းရောမနဲ့ ဥရောပနိုင်ငံအမြောက်အမြားမှာလူမှုတော်လှန်ရေးခေတ် ဖြစ်နေပြီး ဆန္ဒပြတာတွေဆူပူတာတွေနဲ့ ဗြောင်းဆန်နေတဲ့ကာလပါပဲ။ ဒီရုပ်ရှင်ဒါရိုက်တာကတော့ Legion စီးရီးရဲ့ ဖန်တီးရှင်Arkasha Stevenson ဖြစ်ပြီး Imdb 6.8 ထိုက်ထိုက်တန်တန် ရထားတယ် ပြောရမှာပါပဲ။မူရင်း The Omen 1976 ကိုလည်း ဒီရုပ်ရှင်အပြီးမှာဆက်ကြည့်သင့်ပါတယ်။ CM web နဲ့ App မှာတင်ပေးထားပါတယ်။ နောက်ထပ် နောက်ဆက်တွဲOmen ရုပ်ရှင်တွေလည်း တင်ပေးသွားပါ့မယ်။ ဇာတ်လမ်းအကျဉ်း****************ခေတ်ပြောင်းတော်လှန်ရေးမှာလူတွေကဘုရားကျောင်းကို ယုံကြည်ကိုးကွယ်တာနည်းလာကြတယ်။ ဒီတော့ အစွန်းရောက်ပြီးဘာသာရေးအာဏာကို ဆက်လိုချင်တဲ့ဘုန်းတော်ကြီးတစ်စုက မကြံကောင်းမစည်ရာကြီးတစ်ခုကို ကြံစည်လိုက်တယ်။ အဲဒါကတော့အန္တိခရစ်တော်ကို မွေးဖွားဖို့ပါပဲ။ ယေရှုခရစ်တော်ဟာဘုရားသခင်ရဲ့ လူသဏ္ဍာန်လို့ ယုံကြရင်အန္တိခရစ်တော်ဟာ စေတန်ရဲ့ လူသဏ္ဍာန်ပါပဲ။ခရစ်တော်ကဘုရားရဲ့ သားတော်ဆိုရင် ...
movie
The First Omen (2024)
7.4
Worlds Apart (2015)
Genre – Drama, Romance IMDB – 7.4/10တစ်နေရာရာမှာ စစ်ပွဲတွေဖြစ်ရင် အဲ့ဒီ့စစ်ရဲ့အကျိုးဆက်ကို ခံစားရတာက အဲ့ဒီတစ်နေရာတည်းမဟုတ်ပါဘူး။ ကမ္ဘာဟာရွာကြီးလိုဖြစ်လာတဲ့အလျောက် နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းစစ်ဟာ တခြားနိုင်ငံတွေကိုပါ မတူညီတဲ့ပုံသဏ္ဍာန်တွေနဲ့ အနည်းနဲ့အများတော့ ရိုက်ခတ်စေမြဲဖြစ်ပါတယ်။ဒီလိုပါပဲ ၂၀၁၁ လောက်ကတည်းကနေ အခုထက်တိုင်ဆို ၁၃နှစ်ကျော်ကြာ ဖြစ်ပွားနေဆဲဖြစ်တဲ့ ဆီးရီးယားပြည်တွင်းစစ်ကြောင့် တိုင်းပြည်စွန့်ခွာသူတွေအများကြီးရှိခဲ့ပါတယ်။ ဒီလိုတိုင်းပြည်စွန့်ခွာသူတွေဟာ တခြားနိုင်ငံတွေမှာ ရွှေ့ပြောင်းနေထိုင်သူတွေအဖြစ် သွားရောက်နေထိုင်ကြရပြီး အများစုဟာ ခက်ခက်ခဲခဲ ရုန်းကန်ကြရပါတယ်။ ဒါမျိုးဟာ သိပ်စိမ်းလှတဲ့အခြေအနေလည်း မဟုတ်တဲ့အလျောက် ရှည်ရှည်ဝေးဝေးမပြောတော့ပါဘူး။ဇာတ်လမ်းဘက်ကို သွားရမယ်ဆိုရင်တော့ အပေါ်က ဆီးရီးယားဒုက္ခသည်တွေထဲက အများစုဟာ တဆင့်ခံ တထောက်နားရာနေရာအဖြစ် ဂရိနိုင်ငံထဲကိုခိုဝင်ကြပါတယ်။ ဂရိနိုင်ငံလို့ပြောရင် လူတွေက.. ရှေးခေတ်ဒဏ္ဍာရီတွေ.. အိုလံပစ်ပြိုင်ဂိမ်းကို ပြေးသတိရမှာပါ။ တချို့လည်း သိမှာပေမယ့် အများစု မေ့နေကြမှာက ‘ဒီမိုကရေစီ မွေးဖွားရာနေရာ’ ဆိုတာပါပဲ။ ဒီလို သမိုင်းကြီးတဲ့ ဂရိနိုင်ငံမှာ ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ ဒဏ်ကို စ,ခံလာရပါတော့တယ်။ အပြန်အလှန်ပါပဲ ရွှေ့ပြောင်းနေထိုင်သူ ဒုက္ခသည်တွေဟာလည်း ဖက်ဆစ်ဆန်လာတဲ့ တချို့သောဂရိနိုင်ငံသားတွေရဲ့ တိုက်ခိုက်မှုတွေကို ခံလာရတာပါပဲ။နိုင်ငံတစ်နိုင်ငံဟာ ဒုက္ခသည်တွေကို လက်ခံထားပြီဆိုရင် လက်ခံထားရုံနဲ့မပြီးပါဘူး၊ စီးပွားရေးအပေါ်မှာလည်း အများကြီး ရိုက်ခတ်မှုရှိပါတယ်။ ဥရောပနိုင်ငံချင်းအတူတူဆိုပေမယ့် ရွှေ့ပြောင်းတွေရဲ့ဒဏ်ကို အဲ့လောက်မခံရသေးတဲ့ မြောက်ပိုင်းဥရောပနိုင်ငံကြီးတွေက ဒါကို သဘောမပေါက်တဲ့အလျောက် ဥရောပသမဂ္ဂရဲ့ ...
movie
Worlds Apart (2015)
7.1
Cairo Conspiracy (2022)
Cairo Conspiracy (2022)~ IMDb - 7.1/10, RT - 77%, Meta - 74% ~ကားနာမည်အတိုင်းပဲ... အီဂျစ်နိုင်ငံရဲ့မြို့တော် ကိုင်ရိုက အီဂျစ်နိုင်ငံရဲ့ ရာထူးအကြီးဆုံးထိပ်သီးတွေ ဘာသာရေးခေါင်းဆောင်တွေ ပါဝင်ပတ်သက်နေတဲ့ လျှို့ဝှက်ပူးပေါင်းကြံစည်မှုတစ်ခုအကြောင်းပါ။ အီဂျစ်ဟာ အစ္စလာမ်ကမ္ဘာမှာ အဓိက အင်အားကြီးနိုင်ငံဖြစ်တာနဲ့အညီ ဒီကားက အစ္စလာမ်ဘာသာကို အဓိကထားပြီး ဇာတ်အိမ်တည်ထားပါတယ်။ နောက် အစ္စလာမ်ဘာသာရေးဆိုင်ရာ သင်ကြားမှုတွေရဲ့ အချက်အချာဖြစ်တဲ့ အယ်အာဇာကိုလည်း ဒီကားရဲ့ အဓိကလိုကေးရှင်းအဖြစ်သုံးထားပါတယ်။ နိုင်ငံရေးနဲ့ ဘာသာရေးကြားက အားပြိုင်မှုတွေကြားမှာ ကြားကမြေစာပင်ဖြစ်သွားတဲ့ ကျေးလက်ကကောင်လေးကို အဓိကနေရာကထားပြီး တင်ပြသွားပါတယ်။ဒီကားမှာ အစ္စလာမ်ဘာသာရေးခေါင်းဆောင်တွေ၊ အကြမ်းဖက်ဝါဒီတွေ၊ အစိုးရဘက်တော်သားတွေ စသဖြင့် ဘက်သုံးဘက်ကိုတွေ့မြင်ရမှာဖြစ်ပြီး ဒီသုံးခုရဲ့အားပြိုင်မှုကို ချိတ်ဆက်တင်ပြသွားပုံကလည်း တော်တော်လေး သေသပ်တယ်ပြောရပါမယ်။ ဇာတ်လမ်းအစမှာ အစိုးရဘက်ကို သတင်းပေးနေတဲ့ အယ်အာဇာက ကျောင်းသားတစ်ယောက် သေသွားတယ်။ ကျောင်းသားက တစ်ဖက်က အစိုးရသတင်းပေးလည်းဖြစ်နေတာမို့ ...
movie
Cairo Conspiracy (2022)
2022
5.2
The Rhythm Section (2019)
Paramount Pictureကနေဖြန့်ချီလိုက်ပြီးမင်းသမီးချောBlake Livelyနဲ့ Jude Lawတို့ပါဝင်ထားတဲ့Action Dramaကားတစ်ကားပါ။Assassinကားသဘောမျိူးပါပဲ။လေယာဉ်ပျက်ကျရာမှမိသားစုတစ်ခုလုံးကိုဆုံးရှုံးလိုက်ရပြီးနောက်စတစ်ဖနီတစ်ယောက် သာမန်ကျောင်းသူတစ်ယောက်ဘဝကနေ စိတ်ကျတွေကျ၊ ဆေးတွေသုံးပြီးပေတေနေတဲ့ပြည့်တန်ဆာမဘဝကိုပြောင်းလဲသွားပါတယ်။တစ်နေ့သူ့ဆီကို ဂျာနယ်လစ်သမားတစ်ယောက်ရောက်လာတဲ့အခါမှာတော့သူ့မိသားစုစီးခဲ့တဲ့လေယာဉ်ကစက်ချို့ယွင်းလို့ပျက်ကျတာမဟုတ်ပဲဗုံးပေါက်ကွဲလို့ဆိုတာသိသွားပါတယ်။အဲ့နောက်မှာတော့ အဲ့ဗုံးကိစ္စနဲ့ပတ်သတ်သူမှန်သမျှကိုအပြတ်ရှင်းပစ်မယ့် လုပ်ကြံသတ်ဖြတ်သူဖြစ်သွားပါတော့တယ်။ဒီကားမှာတော့ တခြားassassinကားတွေလိုအထူးလေ့ကျင့်ထားတဲ့သူလျှိုမတွေပုံစံလိုမဟုတ်ပဲသာမန်မိန်းကလေးတစ်ယောက်စိတ်အားထက်သန်စွာနဲ့လက်စားလိုက်ချေပုံတွေကို မြင်ရမှာပါ။ကြည့်ရှုခံစားကြည့်ပါအုံး။ File Size : ( 1 GB , 377 MB) Quality : WEBRip 720p Running Time : 1 hr 31 min Format : Mp4 Genre : Action , Drama , Mystery Subtitle : Myanmar Subtitle (Hard Sub) ...
movie
The Rhythm Section (2019)
6.0
Mary Magdalene(2018)
Mary Magdalene(2018) Mary ဟာ သူရဲ့ မိသားစုနဲ့ တံငါရွာလေးကို ကျောခိုင်းပြီး Jesusရဲ့နောက်ကို လိုက်ခဲ့ပြီး ရှင်သန်ခြင်းရဲ့အခြားနည်းလမ်းကိုရှာဖွေခဲ့ပါတယ်... အဲ့လိုလိုက်ခဲ့တာက အခြားသူတွေ၊Saint Peter အပါအဝင်အခြားတမန်တော်တွေ ပဋိပက္ခတွေဖြစ်စေခဲ့ပါတယ်... နောက်ပိုင်းမှာတော့ Mary ဟာ Jesus လိုပဲ လက်ဝါးကပ်တိုင်မှာပဲ အဆုံးစီရင်စေခဲ့ပါတယ်.... ဒီကားလေးကတော့ Jesusရဲ့ တမန်တော်တွေထဲက တစ်ပါးဖြစ်တဲ့ Mary အကြောင်းကို အခြေခံပြီး ရိုက်ကူးထားတဲ့ ခရစ်ယာန် ဘာသာရေးကားလေးတစ်ကားပဲဖြစ်ပါတယ်... Garth Davis က ရိုက်ကူးထားပြီး Rooney Mara, Joaquin Phoenix အစရှိတဲ့ သရုပ်ဆောင်တွေက ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်.... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ညီမငယ် Tinnilar Lwin ဖြစ်ပါတယ်.... File Size : (900 MB) and (336 MB) Quality : Blu-Ray 720p Format…mp4 Duration…02:00:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Tinnilar Lwin Encoded by Phyo ...
movie
Mary Magdalene(2018)
2018