Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Tateto Serizawa
6.2
Masked Hearts (2023)
Masked Hearts ( 2023 ) ==================== ဒီဂျပန်ကားက ကြည့်ရတာတော့ အရမ်းသွက်ချင်မှသွက်မှာပေမဲ့ ကြည့်ရင်းနဲ့ ဇာတ်ရည်လာတဲ့အချိန် အရသာတော်တော်လေးပေါ်လာမယ့် ရုပ်ရှင်မျိုးပါပဲ။ ဇာတ်လမ်းကတော့ ဒါရိုက်တာပေါက်စမလေးတစ်ယောက်ရဲ့ ရုပ်ရှင်လောကက အခက်အခဲတွေနဲ့ စထားတယ်။ သူ့ရဲ့ရုပ်ရှင်အပေါ် ရှုမြင်ပုံတွေ ဘာတွေနဲ့ စတယ်။ ဒါက စီးပွားရေးသမားတွေအတွက် အံမကိုက်တာလား သူ့ကိုအသုံးချလိုက်တာလားတော့မသိပေမဲ့ သူစဉ်းစားထားတဲ့ဇာတ်ကို သူရိုက်ခွင့်မရလိုက်ရဘူး။ ဒီလိုနဲ့ သူက အိပ်မက်တွေကို လက်လျှော့ထားတဲ့လူတစ်ယောက်နဲ့တွေ့တယ်။ သူတို့နှစ်ယောက်အတူတူ ဒါရိုက်တာမရဲ့ဇာတ်လမ်းအတိုင်းပဲ ကိုယ်ထူကိုယ်ထရိုက်ဖို့လုပ်ကြတယ်။ ဒီလိုလုပ်ရင်း သူ့ဇာတ်လမ်းကို သူ့ဘာသာတောင် နားမလည်ခဲ့တဲ့အချက်တွေကို ဒါရိုက်တာမလေးက နားလည်လာတယ်။ သူ့အပြစ်တင်ချင်ခဲ့သမျှတွေက သူထင်သလိုမဟုတ်နေတာကိုလည်းး နားလည်လာတယ်။ဇာတ်က အေးအေးလေးပေမဲ့ အဲဒီအေးအေးလေးကိုမှ စိတ်ဝင်စားစရာလည်းကောင်းသလို ကြာလေ ထိလေဖြစ်လာအောင် ရိုက်ပြထားတဲ့ရုပ်ရှင်ပါပဲ။ ဂျပန်ရုပ်ရှင်တွေထုံးစံအတိုင်း သူ့ရဲ့လေးပင်တဲ့တန်ပိုကို စိတ်ရှည်နိုင်တဲ့ သူ့ပရိသတ်တွေနဲ့ပဲ ပိုကီးကိုက်ပါလိမ့်မယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ W ပါ )File size_(1.9GB)/(900MB) Quality_Blu-Ray 1080p ...
movie
Masked Hearts (2023)
7.9
Perfect Days (2023)
Perfect Days (2023)~ IMDb - 7.9/10, RT - 93%, Meta - 73% ~ကျွန်တော့်အတွက်တော့ ၂၀၂၃ထဲ အမျှော်ခဲ့ရဆုံးကားက "PERFECT DAYS" ပဲ။ ဘာလို့ဆို Wim Wenders ရုပ်ရှင်ဖြစ်နေတာကတစ်ကြောင်း၊ Kōji Yakusho ကြောင့်တစ်ကြောင်းပေါ့။ နောက်ကျ ကိန်းမှာ ခိုဂျိက မင်းသားဆုရသွားသလို ဂျပန်ရဲ့ အော်စကာ Entry ကားဆိုတော့လည်း ပိုမျှော်ချင်စရာကောင်းသွားတယ်။ တစ်ခုရှိတာက ဒီနှစ် ထိတ်ထိတ်ကြဲ ဂျပန်ဒါရိုက်တာနှစ်ယောက်ရဲ့ နှစ်ကားလည်း ထွက်ထားသေးတယ်။ တစ်ကားက Evil Does Not Exist ပါ။ တနှစ်က အော်စကာရခဲ့တဲ့ Drive My Car ဒါရိုက်တာ ရူဆုခဲဟမဂုချိ ရိုက်တာ။ ဒါပေမဲ့ အဲဒီကားက သိသိသာသာကို ကျန်တဲ့၂ကားကို မမီနေဘူးပြောကြတော့ ထားလိုက်လို့ရတယ်။ ...
movie
Perfect Days (2023)
2023
6.2
The Asian Angel (2021)
The Asian Angel (2021)Aoki ဟာ အောင်မြင်မှုနဲ့ အလှမ်းေ၀းနေတဲ့ ဂျပန်နိုင်ငံသား ၀တ္ထုစာရေးဆရာတစ်ယောက်ဖြစ်ပြီး တရက်မှာတော့ သူ့အကိုဖြစ်သူရဲ့ ဆွယ်မှုကြောင့် ကိုးရီးယားကို သားဖြစ်သူနဲ့ ရောက်လာပါတယ်။ ဆော ဟာလည်း အဆိုတော်တစ်ယောက်ဖြစ်ပေမယ့် ကုမ္ပဏီဥက္ကဌ ရဲ့ အနိုင်ကျင့် အမြတ်ထုတ်တာကို ခံနေရတဲ့ ကိုးရီးယားနိုင်ငံသူလေးဖြစ်ပြီး မောင်နဲ့ ညီမ အတွက် အလုပ်ကို အမြဲ ပင်ပန်းကြိုးစားနေရသူပါ။တရက်မှာတော့ အစ်ကိုဖြစ်သူ က ပင်လယ်ကမ်းဘက် စီးပွားရေးလုပ်ဖို့အတွက် Aoki နဲ့ သူ့ကလေး လိုက်လာရင်း တဘက်မှာလည်း မိဘ သင်္ချိုင်းကန်တော့ဖို့ လာကြတဲ့ ဆော တို့ မောင်နှမတွေနဲ့ အမှတ်မထင် ကြုံလာခဲ့ပါတော့တယ်။မတူညီတဲ့ ဘာသာစကားတွေပြောကြပေမယ့်လဲ အတိတ်ကတူညီတဲ့ အဖြစ်အပျက်တွေကြောင့် ကိုးရီးယားစကားမတတ်တဲ့ Aoki နဲ့ ဂျပန်စကားမတတ်တဲ့ ဆော တို့ ဘာဆက်ဖြစ်ကြမလဲ။The Asian Angel (2021) ဟာ ၂ နာရီသာသာ ကြာမြင့်ပြီး drama ...
movie
The Asian Angel (2021)
2021
5.7
Kisaragi Station (2022)
ဂျပန်မှာရှိတဲ့ ဒဏ္ဍာရီသရဲပုံပြင်တွေအများကြီးကမှ ၂၀၀၄ ခုနှစ်မှာ အင်တာနက်ပေါ်စတင်ရောက်ရှိ နာမည်ကြီးလာခဲ့တဲ့ ကီဆာရာဂီ ဘူတာရုံအကြောင်းကို ပြန်လည်စိတ်ကူးပုံဖော်ထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်လိုက်ပါရစေကီဆာရာဂီဘူတာရုံဆိုတာ အပြင်မှာမရှိတဲ့ ဘူတာရုံတစ်ခု ဟာဆာမီ ဆိုတဲ့အကောင့်နာမည်တစ်ခုကနေ စတင်ဝေမျှရင်း နာမည်ကြီးလာတဲ့ ဒဏ္ဍာရီတစ်ပုဒ်ဇာတ်လမ်းအစမှာပေါ့ 'ဆုဆုမီ'ဆိုတဲ့ ကော်လိပ်ကျောင်းသူဟာ သူမရဲ့ သုတေသနစာတမ်းအတွက် ကီဆာရာဂီဘူတာမှပြန်လည်ရောက်ရှိလာသူ ကျောင်းဆရာမ 'ဟယာမာ'ကို အင်တာဗျူးဖို့ ရောက်လာခဲ့တယ် 'ဟယာမာ'ဟာ တူမလေးဖြစ်တဲ့ 'ရင်'နဲ့အတူ နေထိုင်လျက်ရှိတယ် သူမရဲ့ အဖြစ်အပျက်ကို လုံးစေ့ပတ်စေ့ သေချာပြောပြပြီးချိန်မှာ ဆုဆုမီတစ်ယောက် စမ်းသပ်ရင်း ကီဆာရာဂီဘူတာသို့ ရောက်ရှိသွားတဲ့အခါ...သည်းထိတ်ရင်ဖိုရပြီး လှည့်ကွက်တွေပါတဲ့အပြင် အမှန်အကန် လန့်ရမယ့် ဇာတ်လမ်းလေးတစ်ဖြစ်လဲ IMDb 6.3အထိ ရရှိထားတာမို့ မကောင်းမှာမပူရဘူးနော် ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Mugiwara Ya ပါ )File Size__( 1.7GB) / ( 984MB) Quality__1080p, 720p IMDb Rating__5.7/10 Format__mp4 Duration__01:35:00 Type__Drama, Horror Subtitle__Myanmar ...
movie
Kisaragi Station (2022)