Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Tate Donovan
7.2
Shooter (2007)
Shooter (2007)ဒီတစ်ခါ အလှည့်ကျတဲ့ old but gold ကားကတော့ IMDB 7.1/10 ရရှိထားတဲ့ Ted မင်းသားကြီး Mark Wahlberg ရဲ့ Thriller/Action ကားလေးပဲဖြစ်ပါတယ်။ဆွယ်ဂါက တောအုပ်ထဲမှာ သူချစ်တဲ့ခွေးလေးနဲ့ ဘဝကို အေးအေးချမ်းချမ်းဖြတ်သန်းနေတဲ့ အငြိမ်းစား ကျွမ်းကျင်လက်ဖြောင့်သေနတ်သမားတစ်ဦးပါ။ လွန်ခဲ့တဲ့ ၃ နှစ်က စစ်ဆင်ရေးတစ်ခုမှာ အဖြစ်ဆိုးတစ်ခုနဲ့ ကြုံခဲ့ရတာကြောင့် တပ်ထဲကနေ အငြိမ်းစားယူခဲ့တယ်လို့ ဆိုရမှာပေါ့လေ။အေးချမ်းတဲ့သူ့ဘဝထဲကို "သမ္မတကို လုပ်ကြံဖို့ အစီအစဉ်ဆွဲပေးပါ"ဆိုပြီး ဆိုင်းမဆင့် ဘုံမဆင့် ရောက်ရှိလာခဲ့သူကတော့ ဗိုလ်မှူး ဂျွန်ဆင်ပါ။ သမ္မတကို စိတ်မဝင်စားသလို အေးချမ်းစွာနေလိုတဲ့ ဆွယ်ဂါတစ်ယောက် နောက်ဆုံးကျ ဗိုလ်မှူး ဂျွန်ဆင်ရဲ့ အပြောမှာ မျောပြီး အစီအစဉ်ကို သဘောတူလိုက်မိရာမှာတော့..သူ့ကို စောင့်ကြိုနေခဲ့တဲ့ လှည့်ကွက်တွေနဲ့ အစီအစဉ်ကဘာများလဲ.. သမ္မတကို လုပ်ကြံတဲ့အစီအစဉ်ကရော အထမြောက်အောင်မြင်သွားမှာလား.. သူ့ရဲ့တစ်ချိန်က ကျွမ်းကျင်မှုတွေကို အကျိုးရှိရှိ အသုံးချပြီး အရည်အချင်းရှိရှိနဲ့ သူ့ကိုဆင်ထားတဲ့ ထောင်ချောက်ထဲကနေ လွတ်အောင်ရုန်းနိုင်ပါ့မလား.. ဆိုတာကိုတော့ နိုင်ငံရေးလှည့်ကွက်မျိုးစုံနဲ့ ဆွယ်ဂါ့ရဲ့စွန့်စားခန်းတွေကို ဇာတ်လမ်းထဲမှာပဲ စိတ်ဝင်စားဖွယ် ကြည့်ရှုလိုက်ကြပါဦးနော်။(ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို ...
movie
Shooter (2007)
2007
4K HEVC
6.9
Memphis Belle (1990)
အချိန်အားဖြင့် ဒုတိယကမ္ဘာစစ် ၁၉၄၃ မှာ တည်ထားတဲ့ ကြီးကျယ်ခမ်းနားတဲ့ တိုက်ပွဲတွေ ဒရာမာချိုးတာတွေ သိပ်မပါပေမယ့်လည်း ဟာသနဲ့ ဒရာမာ စစ်ဆင်ရေးနဲ့ မြေပြင်စခန်းက activity တွေကို မျှမျှတတ ရောစပ်ထားတဲ့ စစ်ကားလေးဖြစ်ပါတယ်Memphis Belle ဆိုတဲ့ B17 လေယာဥ်နဲ့အတူ တိုက်လေယာဥ်တပ်စုဟာ ဂျာမနီက လက်နက်စက်ရုံကို ဗုံးကြဲမယ့် စစ်ဆင်ရေးကို လုပ်ကြရမှာပါ မစ်ရှင် ၂၄ ခုအထိ အောင်မြင်ခဲ့ပြီး ၂၅ ခုမြောက်ပြည့်ရင် မှတ်ကျောက်တင်ခံရမယ့်အရေးမို့ စိတ်အားတက်ကြွနေကြပြီး စိုးရိမ်စိတ်လေးတွေကလည်း တွဲလျက်ပေါ့သူတို့ရဲ့ စစ်ဆင်ရေးခရီးစဥ်မှာကြုံတွေ့ရတဲ့ အခက်အခဲ ဘေးဒုက္ခတွေနဲ့အတူ ဝမ်းနည်းစရာတွေကို ဟာသတွေနဲ့ ဖုံးဖိလို့ သမိုင်းတစ်ခေတ်က အဖြစ်အပျက်သေးသေးလေးတစ်ခုကနေ ခံစားချက်မျိုးစုံရနိုင်မဲ့ ရုပ်ရှင်လေးတစ်ကားလို့ ညွှန်းလိုက်ရပါတယ် File size…(2.5 GB)/(1.4 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:47:00 Genre... Action, Drama, War Subtitle….Myanmar ...
movie
Memphis Belle (1990)
8
The Holdovers (2023)
The Holdovers (2023)~ IMDb - 8/10, RT - 96%, Meta - 82% ~တစ်နှစ်တာလုံးရဲ့ အနွေးထွေးဆုံးအချိန်တစ်ခုကို ရွေးရရင် ကျွန်တော်တော့ ကိုယ့်ယဉ်ကျေးမှုနဲ့ မဆီမဆိုင် ခရစ္စမတ်ကိုပဲ ရွေးမိလိမ့်မယ်။ ခရစ္စမတ်ဟာ ကာတွန်းတွေ ရုပ်ရှင်တွေနဲ့ ကြီးပြင်းလာရတဲ့ ကျွန်တော်တို့အတွက် တိုက်ရိုက်မသက်ဆိုင်တောင် ချာလီနဲ့ချောကလက်စက်ရုံထဲက ချောကလက်တစ်ချောင်းကို လူ၇ယောက်ကိုဖဲ့ကျွေးခဲ့တဲ့ နွေးထွေးမှုလို၊ It's a Wonderful Life ထဲက ကူညီရိုင်းပင်းခြင်းရဲ့ နွေးထွေးမှုလို၊ Home Alone ထဲကလို ဒစ္စနေးခရစ္စမတ်ကာတွန်းတွေထဲကလို၊ Klaus ထဲကလို၊ How the Grinch Stole Christmas ထဲကလို ခရစ္စမတ်မှာတော့ အရာအားလုံးအဆင်ပြေသွားမယ့် ယုံကြည်ခြင်းတွေလို... နွေးထွေးမှုတွေကူးစက်ခြင်းနဲ့ သက်ဆိုင်နေတဲ့ ကာလတစ်ခုပေါ့။ တစ်ဆင့်ခံစားမှုနဲ့တောင် ကျွန်တော်တို့အတွက် ခရစ္စမတ်က ဒီလောက်နွေးထွေးနေရင် သူတို့အတွက် ...
movie
The Holdovers (2023)
2023
7.4
Good Night, and Good Luck (2005)
ဆုပေါင်း ၃၉ ဆု၊ အော်စကာ ဆန်ကာတင် ၆ဆုအပါအဝင် ဆန်ကာတင်ပေါင်းတစ်ရာကျော် ဆွတ်ခူးထားတဲ့ ရုပ်ရှင်ဝါသနာအိုးတွေနဲ့ မစိမ်းတဲ့ဖြစ်ရပ်မှန်သမိုင်းဇာတ်ကားပါ၊ဇာတ်လမ်းက ၁၉၅၀ ဝန်းကျင်တုန်းကဖြစ်ခဲ့တဲ့ အစီအစဉ်တင်ဆက်သူအက်ဒ်မော်ရိုးနဲ့ ကွန်မြူနစ်တွေကို မြေလှန်ပစ်ချင်နေတဲ့ အမတ် မက်ကာတီတို့ကြားက အပြန်အလှန်ခြေကန်မှုတွေကိုအဓိကထားဇာတ်အိမ်တည်ထားပါတယ်။မော်ရိုးက ကိုယ့်အလုပ်ရဲ့အားသားချက်ကိုသုံးပြီး လူထုကို နိုင်ငံရေးအတွေးအခေါ်လူမှုရေးစသဖြင့်ပညာပေးတင်ဆက်ပေးနေသူပါ၊ မဟုတ်မမှန် မတရားတာတွေဆို သူနဲ့ သူ့မိတ်ဆွေလုပ်ဖော်ကိုင်ဖက်တွေက ရုပ်မြင်သံကြားကနေတဆင့် အတိုင်အဖောက်ညီညီဖော်ထုတ်ပါတယ် ။ မက်ကာတီကျ ရထားတဲ့အာဏာလေးနဲ့ ကွန်မြူနစ်ရှင်းထုတ်တယ်ဆိုတဲ့အမည်ခံနဲ့ ကိုယ်နဲ့မကြည် မကျေနပ်တဲ့လူတွေကိုပါ ဝါးလုံးယမ်းတာတွေလုပ်တတ်ပါတယ် ၊ဒီကားမှာ ထိုနှစ်ဦးအပြင် အဲ့ခေတ်ကာလတုန်းက အမေရိကန်ရဲ့ ကွန်မြူးနစ်အယူသီးပုံတွေ ၊ရုပ်မြင်သံကြားအပေါ်လူတွေရဲ့အမြင်၊ မော်ရိုးတို့ သတင်းတင်ဆက်သူတွေရဲ့ခံယူချက်စတဲ့ လက်တွေ့ဖြစ်ရပ်တွေကိုအခြေခံရိုက်ကူးထားတာမို့ သမိုင်းရုပ်ရှင်တွေကိုစိတ်ဝင်စားသူတွေရဲ့ အသည်းစွဲပါပဲ ။ File size…(1.5 GB)/(730 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre...Drama, Biography, History Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mia
movie
Good Night, and Good Luck (2005)
6.3
The Only Living Boy in New York (2017)
The Only Living Boy in New York (2017) ============================= IMDb Rating - 6.3/10မြို့တစ်မြို့ရဲ့ စိတ်ဝိညာဉ်ဆိုတာ ဘာလဲလို့ မေးလာခဲ့ရင် အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ကြမယ်လို့ထင်ပါတယ်။ ဒီလိုပဲ နယူးယော့ခ်မြို့ကြီးမှာ နေထိုင်ရင်း ဘဝအဓိပ္ပာယ်ကို ရှာ ဖွေနေသလို၊ မြို့ရဲ့ဝိညာဉ်ပျောက်ဆုံးနေပြီလို့ စွပ်စွဲနေတဲ့ သောမတ် ဝက်ဘ်ဆိုတဲ့ ကောင်လေးတစ်ယောက်ရှိလေရဲ့။ သောမတ်ဟာ ချမ်းသာတဲ့ သူ့မိဘတွေရဲ့ ဝေးရာမှာနေထိုင်ရင်း သူ စိတ်ဝင်စားတဲ့အလုပ်ကို ရှာဖွေနေရင်းဘဝကို ပျင်းရိဖွယ် ဖြတ်သန်းနေတာပါ။ သူ့ဘဝမှာက ချစ်ရတဲ့သူဆိုလို့ မီမီ ဆိုတဲ့ ကောင်မလေးတစ်ယောက်ပဲ ရှိတယ်လို့လည်း ထင်နေတဲ့သူပါ။ဒါပေမယ့် သောမတ်တစ်ယောက် သူ့အဖေ အီသန် ဖောက်ပြန် နေတာကို တွေ့လိုက်ရပါတယ်။ ဒီလိုနဲ့ သူ့အဖေနဲ့ ဖောက်ပြန်နေ တဲ့ ဂျိုဟန်နာဆိုတဲ့ အမျိုးသမီးကို လိုက်ချောင်းရင်း ပျင်းစရာ သူ့ဘဝကြီးအပြောင်းအလဲဖြစ်လာပုံကို Plot Twist လေးတွေနဲ့ ကြည့်ရှုရမှာပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Leonard Lin ဖြစ်ပါတယ်)File Size..........(1.26 GB) / (449 MB) Quality............WEB-RIP 1080p / ...
movie
The Only Living Boy in New York (2017)
2017
6.8
Worth (2020)
Worth (2020)~ IMDb - 6.8/10, Rotten Tomatoes - 82% ~အမေရိကန်နိုင်ငံရဲ့ နာမည်ကြီးတိုက်ခိုက်ခံရမှု 9/11 ဖြစ်ရပ်မှန်ကို ကျောရိုးယူပြီး Michael Keaton, Amy Ryan နဲ့ Stanley Tucci တို့လို အကျော်အမော်တွေနဲ့ Netflix ကနေ ရိုက်ထားတဲ့ ကားကောင်းတစ်ကားပါ။~ ဇာတ်လမ်းအကျဉ်း ~ကန်တစ်ယောက် နိုင်ငံရဲ့ ထိပ်သီး ဥပဒေလုပ်ငန်းတစ်ခုကို ဦးဆောင်နေရင်း တစ်နေ့ 9/11 ဖြစ်စဥ်ကြောင့် လူအမြောက်အများသေဆုံးမှုတစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်။ အစိုးရက နစ်နာသူတွေ လေကြောင်းလိုင်းတွေကို တရားမစွဲရေး လုပ်ဆောင်ဖို့ လျော်ကြေးကိစ္စတစ်ခုနဲ့ ဖြေရှင်းဖို့စဥ်းစားမိရင်း အဲဒီအကြံကို အောင်အောင်မြင်မြင် အကောင်အထည်ဖော်ဖို့ ကန်တစ်ယောက် တာဝန်ယူဖို့ ဆုံးဖြတ်လိုက်ပါတယ်။လူတစ်ယောက်ရဲ့ အသက်တန်ဖိုးကိုငွေပမာဏဘယ်လောက်ဆိုပြီး နှိုင်းယှဥ်ပြီး ကန်က ဖော်မြူလာထုတ်ပြလိုက်တဲ့အခါ နစ်နာသူအများစုက မနှစ်မြို့ကြပါဘူး။တစ်ဖက်မှာလည်း ကန်တို့အဖွဲ့မှားယွင်းနေတာတွေကို ထောက်ပြဖို့ ချားစ်ဦးဆောင်တဲ့ အဖွဲ့ပေါ်ပေါက်လာပြီး ...
movie
Worth (2020)
2020
5.8
Ghosted (2023)
Ghosted (2023)ကပ္ပတိန်အမေရိကမင်းသား ခရစ်အီဗန်နဲ့ မင်းသမီး အန်နာဒအာမက်စ်တို့ရဲ့ ဟာသ အက်ရှင်ကားအသစ်လာပါပြီ။ ဇာတ်လမ်းကတော့ ရိုးရှင်းပေမဲ့ ဟာသတွေ၊ ဧည့်သည်သရုပ်ဆောင် နာမည်ကြီးတွေ အများကြီးသုံးထားတာမို့ ကြည့်ရတာ တန်တဲ့ ရုပ်ရှင်ပါပဲ။ အစက ခေါင်းဆောင်မင်းသမီးနေရာမှာ စကားလက်ဂျိုဟန်ဆန်ကိုရွေးထားပေမဲ့ အချိန်ညှိမရတာကြောင့် အန်နာဒအာမက်စ်ကလေး ပါလာတာပါပဲ။ကိုးလ်ဟာ သူ့မိသားစုနဲ့အတူ ခြံစိုက်စားနေတဲ့ လူရိုးတစ်ယောက်ပေါ့။ တစ်နေ့မှာတော့ ကမ္ဘာလှည့်ပြီး အနုပညာပစ္စည်းတွေ စုဆောင်းရှာဖွေရတဲ့ ကောင်မလေးတစ်ယောက်နဲ့ တစ်ရက်ချိန်းတွေ့မိပြီး ချစ်ကြိုက်သွားခဲ့ပါတယ်။ အဲဒီကောင်မလေးက သူ့ကိုတစ်ရက်တည်းနဲ့ ပလစ်ပြီး လန်ဒန်ထွက်သွားတဲ့အချိန်မှာ နောက်ကလိုက်သွားခဲ့တယ်။ လန်ဒန်မှာ သူ့ကို နာမည်ကြီး စပိုင်တစ်ယောက်နဲ့မှားပြီး လူဆိုးဂိုဏ်းက မှားဖမ်းတဲ့အခါ သူ့ကောင်မလေးကမှ စပိုင်အစစ်ဖြစ်နေပြီးလာကယ်တာကြောင့် သူတို့နှစ်ယောက်အတူ စွန့်စားခန်းတွေ အလွဲလွဲအချော်ချော်နဲ့ ဖွင့်ရပါတော့တယ်...(ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2.5GB, 1.2GB Quality - 1080p, 720p IMDb ...
movie
Ghosted (2023)
2023
4K HEVC
5.6
The Pacifier (2005)
The Pacifier (2005)ဒီဇာတ်လမ်းကတော့ မိသားစုကြည့် ပျော်စရာလေးပါ။ နာမည်ကိုက "ချိုလိမ်" ဆိုတော့ စဉ်းစားသာကြည့်ပေါ့ဗျာ။ မင်းသားကြီး Vin Diesel ကို အကြမ်းပတမ်း တိုက်ခိုက်ရေးမင်းသားကြီးကနေ ကလေးထိန်းအဖြစ် အသွင်ပြောင်းပစ်လိုက်တဲ့ ဇာတ်ကားဆိုပါတော့။ သူ့ကို Riddick ဇာတ်ကောင်ရယ် The Last Witch Hunter ရယ်မှာ တိုက်ခိုက်ရည်ပြည့်ဝပြီး ရုန်းကန်နိုင်တဲ့ ယောက်ျားကောင်းဇာတ်ရုပ်နဲ့ ကြည့်ဖြစ်လာခဲ့တော့ အခုဇာတ်ကားက သူနဲ့စာရင် ပေါတောတော ဆန်သွားသလိုပါပဲ။ ဒါပေမဲ့ ပျော်ဖို့ကောင်းပါသေးတယ်။ Jackie Chan ရဲ့ The Spy Next Door ထက်တောင် ကြိုက်မိပါသေးတယ်။ဇာတ်လမ်းကတော့ Navy Seals တပ်ဖွဲ့ ဗိုလ်တစ်ဦးဖြစ်တဲ့ Shane က နျူလက်နက်တွေ မီးပန်းဖောက်သလို ပစ်မရအောင် နှောင့်ယှက်နိုင်တဲ့ ကိရိယာကို တီထွင်ခဲ့တဲ့ ပုဂ္ဂိုလ်ကို သွားရောက်ကယ်တင်ရာက အစပြုပါတယ်။ ...
movie
The Pacifier (2005)
2005
7.3
Hercules(1997)
ကျနော်တို့ Translator ကြီး ကိုမျိုးမင်းသူသန်းမြင့် မှ Animation ရုပ်ရှင်များကိုစဉ်ဆက် မပြတ် ဘာသာပြန်ပေးနေရင်းကနေ ယခု တစ်ခါ ကျနော်တို့ ငယ်ဘ၀ ကိုပြန်ပြောင်းသတိရစေမယ့် ဟာကျူလီ (Hercules) ကာတွန်းကားကို ထပ်မံဘာသာပြန် တင်ဆက်ပေးလိုက်ပါပြီ....ပိုထူးခြားစေတာကတော့ ကာတွန်းရုပ်ရှင်ထဲမှ ဇတ်ဝင်သီချင်းများကိုပါ အသေးစိတ်ကျကျဘာသာပြန်ပေးထားတာ ဖြစ်လို့ Download ဆွဲ သိမ်းထားသင့်တဲ့ ကာတွန်းရုပ်ရှင်ဖြစ်ပါတယ်..(သစ်ဆန်းခန့်)File size…1.51GB and 761MB and 358MB Quality…1080p Blu-Ray HEVC and 720p and 480p Format…Mp4 Duration….1h 33mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Myo Min Thu Than Myint
movie
Hercules(1997)
1997
HEVC 1080p 5.1
7.7
Argo (2012)
ARGO ==== ARGO ရုပ်ရှင်ဟာ ၁၉၇၉-၈၀ မှာဖြစ်ခဲ့တဲ့ အီရန်တော်လှန်ရေးအတွင်း သံရုံးက လွတ်မြောက်အမေရိကန်သံရုံးဝန်ထမ်း ၆ ယောက်ကို ကယ်ထုတ်တဲ့အကြောင်းကိုရိုက်ပြထားတဲ့ဇတ်ကားပါ။၁၉၇၉ မှာ အီရန်နိုင်ငံတွင်းတော်လှန်ရေးဖြစ်ခဲ့ပါတယ် တော်လှန်ရေးအတွင်းမှာ အမေရိကန်သံရုံးကိုသိမ်းပြီး အီရန်ဘုရင်ဟောင်း ရှားကိုနိုင်ငံခိုလှုံခွင့်ပေးထားရာကနေပြန်လွဲပေးဖို့ တောင်းဆိုလာခဲ့ပါတယ်။ အဲ့ဒီသံရုံးအသိမ်းခံရချိန်မှာ လွတ်သွားတဲ့ သံရုံးဝန်ထမ်း ၆ ယောက်ကိုကယ်ဖို့ စီအိုင်အေကလူတွေ ကြိုးစားကြပုံကိုရိုက်ကူးထားတာဖြစ်ပါတယ်။ARGO ကို အောက်တိုဘာ ၁၂ ရက် ၂၀၁၂ ခုနှစ်မှာထွက်ခဲ့ပြီးတော့ ဇတ်လိုက်မင်းသား Ben Affleck ကိုယ်တိုင်ရိုက်ကူးထားပြီး ထုတ်လုပ်သူကလဲ Ben Affleck နဲ့ George Clooney ကြီးတို့ပါပဲ။ ဒီဇတ်ကားဟာ ၈၅ ကြိမ်မြောက်အကယ်ဒမီမှာ nominations ၇ ခုဝင်ပြီး ဆု သုံးခုရခဲ့ပါတယ် (Best Picture, Best Adapted Screenplay, and Best Film Editing) အဲ့နောက် Golden Globe Award မှာလဲ Best Motion Picture – Drama ...
movie
Argo (2012)
2012
8.2
The Nomads 2019
The Nomadsဆိုတဲ့ ဇာတ်ကားက Philadelphiaလို့ခေါ်တဲ့ မြို့မှာဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပါ... ဘဏ္ဍာရေးအခြေအနေကြောင့် ကျောင်းအများစုကို ပိတ်ပစ်ပြီး တခြားကျောင်းတွေနဲ့ ပေါင်းလိုက်တဲ့အခါ အလုပ်လက်မဲ့ဖြစ်သွားတဲ့ ဆရာ၊ဆရာမတွေအများကြီး ရှိသွားခဲ့တယ်... အလုပ်မရှိတော့တဲ့ ဆရာတွေထဲမှာ Macလို့ခေါ်တဲ့ အင်္ဂလိပ်ဆရာမ တစ်ယောက်လည်းပါခဲ့တယ်...ငွေရေးကြေးရေး အခက်ခဲကြောင့် ရရာနေရာလုပ်မယ်ဆိုတဲ့ စိတ်ကူးနဲ့ Whitmanဆိုတဲ့ကျောင်းမှာ သမိုင်းသင်ဖို့ဖြစ်လာခဲ့တယ်... Whitmanကျောင်းဆိုတာက ခပ်ဆိုးဆိုးကျောင်းသားတွေရှိတဲ့နေရာ...အဲ့ဒီမှာ Nolinလို့ခေါ်တဲ့ ဆရာတစ်ယောက်နဲ့ ခင်သွားပြီး ကောလိပ်ဝင်ခွင့်ရဖို့တောင် မသေချာတဲ့ကလေးတွေအတွက် ရက်ဘီဆိုတဲ့အားကစားနဲ့ ထူးချွန်အောင်လုပ်မယ်ဆိုပြီး လှုပ်ရှားပေးခဲ့ကြတယ်... အဲ့ဒီလို လှုပ်ရှားရာမှာ ဘာအထောက်ပံ့မှမပေးတဲ့ အစိုးရနဲ့ ခပ်ဆိုးဆိုးကျောင်းသားတွေကြား ဘယ်လိုကြိုးစားရုန်းကန်သွားလဲဆိုတာကို ဒီဇာတ်ကားလေးထဲမှာ ဆက်ကြည့်လိုက်ကြရအောင်..... Quality – 720p blurayrip Duration - 1 hr 37 min Subtitle – Myanmar Hardsub Format – Mp4 Genre : Drama, ...
movie
The Nomads 2019
7.7
Rocketman(2019)
Rocketman(2019) IMDb....7.7,,,,,Rotten....89% ((BluRay1080p5.1ch,720pတို့ဖြင့် ပြန်လည် Update ပေးထားပါသည်....)) ဒီရုပ်ရှင်ကတော့ Bohemian Rhapsody လိုပဲ ကမ္ဘာကျော် အဆိုတော်တစ်ယောက်ရဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားတာဖြစ်မှာပါ။ သရုပ်ဆောင်ကတော့ Kingsman ရဲ့ မင်းသားTaron Egerton ဖြစ်နေတာ တိုက်ဆိုင်တာပါပဲ။ Kingsman ရုပ်ရှင်ထဲမှာ အယ်လ်တန်ဂျွန်ပါခဲ့တာကိုး။ သူ့နာမည်ကတော့ အယ်လ်တန် ဂျွန်ပါ။ လူအများကြားဖူးကြမယ်ထင်ပါတယ်။ အပြည့်အစုံဆိုရင်တော့ ဆာ အယ်လ်တန် ဟာကျူလီ ဂျွန် ဖြစ်ပါတယ်။ သူဟာ အမေရိကရဲ့ ရော့ခ်ဂီတသမိုင်းမှာ အအောင်မြင်ဆုံး တစ်ကိုယ်တော်ဂီတသမားဖြစ်ပြီး ကမ္ဘာ့ဂီတသမိုင်းမှာ တတိယမြောက် အအောင်မြင်ဆုံး ဖြစ်ပါတယ်။ သူ့ရှေ့မှာ မက်ဒေါနား နဲ့ ဘီတယ်စ် ပဲ ရှိပါတော့တယ်။ (မကြာခင် ဘီတယ်စ်ရဲ့အကြောင်းဖြစ်တဲ့ Yesterday ရုပ်ရှင်လည်း ရုံတင်တော့မှာပါ) အယ်လ်တန်ဟာ ဂရမ်မီဆု 5ကြိမ်ရရှိခဲ့ပြီး အခြားသော ဆုကြီးတွေလည်း အများအပြားကို ရရှိခဲ့တာပါ။ Gold album 26 ခု၊ ပလက်တီနမ် နဲ့ မာလ်တိုင်ပလက်တီနမ် ၃၈ ခု၊ ဒိုင်းမွန်း ...
movie
Rocketman(2019)
2019
The Upside (2017)
မတော်တဆမှုတစ်ခုကြောင့် ကိုယ်ရောလက်ပါ အကြောသေခဲ့ရတဲ့ စီးပွားရေးလုပ်ငန်းရှင်သူဌေးကြီးတစ်ဦး နဲ့ မိသားစုဘ၀ကို ပြန်လည်ထူထောင်ဖို့ ကြိုးစားနေတဲ့ ထောင်ထွက်တစ်ဦးရဲ့ကြားက သံယောဇဉ်ကို ရိုက်ပြထားတဲ့ဇာတ်ကားလေးပါ။ တကယ့်အပြင်မှာလည်း ရှိခဲ့တဲ့သူတွေရဲ့အကြောင်းပါ။ သူတို့နှစ်ယောက်က လုံးဝကို ကွာခြားနေခဲ့တဲ့ လူနှစ်ယောက်ပါ။ တစ်ယောက်က သူဌေး၊ တစ်ယောက်က ထောင်ထွက်။ တစ်ယောက်က လူဖြူ၊ တစ်ယောက်က လူမည်း။ တစ်ယောက်က ပညာရှင်၊ တစ်ယောက်က ပညာမဲ့။ ဒီလို ကွာခြားမှုတွေ များလွန်းလှတဲ့ လူနှစ်ယောက်ကြားက သံယောဇဉ်ကို ဇာတ်လမ်းဆုံးတဲ့အထိ မျောပါသွားအောင် ရိုက်ပြထားတာပါ။ မင်းသမီးချော Nicole Kidman ကလည်း ဒီလူနှစ်ယောက်ရဲ့ သံယောဇဉ်ကို အဓိက ပံ့ပိုးသူအနေနဲ့ သရုပ်ဆောင်ထားပါသေးတယ်။ မေတ္တာတရားဆိုတာ အသားအရောင်၊ အဆင့်အတန်း၊ ပညာတတ်ခြင်း မတတ်ခြင်း ဆိုတာတွေအပေါ်မှာ မူတည်မနေဘူး ဆိုတာကို ဒီဇာတ်လမ်းက သက်သေပြသွားပါလိမ့်မယ်။ မူရင်းကတော့ ၂၀၁၁ ခုနှစ်က ပြင်သစ်ရုပ်ရှင် The Untouchables ပါ။ The Untouchables တုန်းကလည်း အရမ်းကို အောင်မြင်ခဲ့တဲ့ ဇာတ်ကားတစ်ကားပါပဲ။ Remake အနေနဲ့ ပြန်ရိုက်ခဲ့ပြီးတော့ သရုပ်ဆောင်တွေကတော့ နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Bryan Cranston၊ Kevin Hart နဲ့ Nicole ...
movie
The Upside (2017)
5.3
Blood Fest (2018)
ဒီကားလေးအကြောင်းစမပြောခင် Blood Fest ဆိုတဲ့နာမည်အကြောင်းကို အရင်စပြောလိုက်ရအောင်…. Blood Fest ဆိုတာ သွေးသံရဲရဲနဲ့ကစားရတဲ့ ကစားနည်းတစ်မျိုးဖြစ်ပြီးတော့ ဒီကစားနည်းဟာ အရမ်းကိုကျယ်ဝန်းလှတဲ့ ဧက၂၀ မြေကွက်ကြီးတစ်ခုမှာပြုလုပ်တဲ့ ဆယ်စုနှစ်ရဲ့အကောင်းဆုံးသော ” သွေးသံရဲရဲ ဧည့်ခံပွဲ ” ကစားနည်းလို့လည်းနာမည်ပေးထားပါတယ်….. အဲကွင်းကြီးထဲမှာ နာမည်ကြီး Horror ရုပ်ရှင်တွေထဲက လူသတ်သမားတွေရဲ့ ပုံစံသရုပ်ဆောင်တွေကိုထည့်သွင်းထားပြီးတော့ ပါဝင်ကစားတဲ့ လူတွေကို ခြောက်လှန့်စေတာဖြစ်ပါတယ်… Vampire , Zombie , Clown , The Arborist , Red အစရွိတဲ့ နာမည်ကျော်မကောင်းဆိုးဝါးတွေကို ဒီ Horror ကားထဲမှာမြင်တွေ့ရမှာဖြစ်ပါတယ်…. ဟောလိုဝင်းညပါတီပွဲကို ပျော်ချင်လို့ဆိုပြီး ဒီကွင်းကြီးထဲကို ဂိမ်းကစားဖို့ရောက်လာကြတဲ့ ဆယ်ကျော်သက်လေးသုံးယောက်ဟာ တကယ်တမ်း ဂိမ်းမဟုတ်ပဲ ကြမ်းတမ်းတဲ့အရာတွေနဲ့တွေ့ကြုံလာရတဲ့အခု လွတ်မြောက်ဖို့ကြိုးစားရပါတော့တယ်… တစ်ကွင်းလုံးမှာလည်း အတုအယောင်တွေပြုလုပ်ထားတဲ့ သရဲကားတွေထဲကလို စိတ္တဆေးရုံတွေ သချိင်္ုင်းတွေနဲ့ နာမည်ကြီးရုပ်ရှင်တွေထဲက နာမည်ကျော်လူသတ်သမားတွေနဲ့ ဂိမ်းကစားနေတာမဟုတ်တော့ပဲ သေရေးရှင်ရေးအတွက် အဲကွင်းထဲကနေလွတ်မြောက်နိုင်အောင်ကြိုးစားရတော့မှာပါ…. Horror ကားဆိုပေမယ့် ဒီကားဟာ ဟာသလေးတွေနှောပြီးရိုက်ပြထားတာပါ…. ဒါပေမယ့် Horror ကားရဲ့အနှစ်အရသာကိုတော့ ပျောက်ပျက်သွားတာမျိုး မဟုတ္ပါဘူး… တချို့အခန်းတွေက ကြောက်စရာကောင်းသလို တချို့အခန်းတွေမှာလည်း စိတ်ပေါ့ပါးစွာနဲ့ရယ်မောမိကြမှာပါ….. ဒါကြောင့် ဒီဇာတ်ကားလေးကို ကြည့်သင့်မကြည့်သင့်ကိုကတော့ သင်တို့ကိုယ်တိုင်ပဲဆုံးဖြတ်လိုက်ကြပါ…. File Size : (879 MB) Quality : WED DL 720p Running Time : 1hr 36min Format : ...
movie
Blood Fest (2018)
2018
5.8
Blame (2017)
ဒရာမာ ဇာတ်ကားတွေကိုမှကြည့်ချင်ကြတဲ့လူတွေအတွက် ၂၀၁၇ ထွက် Blame ဆိုတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်…အက်ဘီဂယ်ဆိုတဲ့ ကောင်မလေးဟာ စိတ်ရောဂါသည်လေးတစ်ယောက်အဖြစ် အတန်းထဲမှာလှောင်ပြောင်ခံနေရတဲ့မိန်းကလေတစ်ယောက်ပေါ့…တစ်နေ့တော့ သူတို့အတန်းရဲ့ ဒရာမာ ဆရာမ ခွင့်ယူသွားတဲ့အတွက် ဂျရမီဆိုတဲ့ ဆရာတစ်ယောက် အစားထိုးဝင်ရောက်လာပါတော့တယ်…အတန်းထဲမှာ လူတကာ အနှိမ်ခံ ကောင်မလေးကို အစားထိုးဒရာမာဆရာ ဂျရမီကနေ သနားစိတ်နဲ့ သံယောဇဉ်တွယ်မိရာကနေ…အစားထိုးဆရာကို တစ်ဖက်သတ်ကြိုက်နေပြီး အက်ဘီဂယ်အပေါ်မှာ မနာလိုဖြစ်နေတဲ့ မာလီဆာဆိုတဲ့ ခပ်ဆိုးဆိုး ကောင်မလေးက သူတို့နှစ်ယောက်အပေါ် မစားရတဲ့အမဲ သဲနဲ့ပက်ပါတော့တယ်..။၂၀၁၇ ထွက် ကားလေးတစ်ကားဖြစ်ပြီး လူငယ်တွေစိတ်ဝင်စားမယ့်ကားတစ်ကားဖြစ်ပါတယ်…။Rating တွေအနေနဲ့ကတော့ IMDb – 5.8/10…Rotten Tomatoes – 83% (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zuel Khant Thwin ပါ) File Size : (799 MB) and (350 MB) Quality : AMZN WEB-DL 720p Running Time ...
movie
Blame (2017)
2017
7.8
Manchester by the Sea (2016) IMDb - 7.8/10______Rotten - 96% Won 2 Oscars. Another 128 wins & 259 nominations အခုတစ်ခါတော့ အားလုံးစောင့်မျှော်နေကြတဲ့ အောစကာဇကာာတင်စာရင်းမှာ ဝင်ခဲ့ပြီး အကောင်းဆုံးဇာတ်ကားဆုကိုဆွတ်ခူးရရှိခဲ့ပြီးIMDb 7.8 ရရှိထားတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်ဗျ ဒီဇာတ်ကားမှာဆိုရင် လီချန်ဒလာ အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Casey Affleck ဟာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကိုဆွတ်ခူးရရှိခဲ့ပါတယ် ဇာတ်ကားဟာလဲ တခြား ရုပ်ရှင်ဆုပေါင်း ၁၂၈ဆုနဲ့ ၂၅၉ ကြိမ်ထိ ဇကာတင်စာရင်းမှာဝင်ခဲ့ပါတယ် ဒီဇာတ်ကားလေးက သာမန်ဒရာမာကားတွေထက်ပိုပြီးတော့ တူဖြစ်သူနဲ့ ဦးလေးကြားဆက်ဆံရေး ဦးလေးဖြစ်သူ လီ နဲ့ အတိတ်က အကြောင်းအရာတွေ အိမ်ထောင်ရေး ပြသနာတွေ၊ အစ်ကိုဖြစ်သူသေဆုံးမှုကြောင့် ဝမ်းနည်းမှုကြားကကိုယ့်ကိုကိုယ်လမ်းပျောက်နေသူတစ်ဦး၏ တရားဥပဒေအရ တူဖြစ်သူကိုထိန်းသိမ်းစောင့်ရှောက်ခွင့်အပ်နှင်းခံရသူတယောက်ရဲ့ အကြပ်အတည်းတွေနဲ့နေ့စဉ်တွေ့ကြုံနေကြလူနေမှု ဘဝတွေကို ပုံဖော်ရိုက်ကူးထားတာပဲဖြစ်ပါတယ် ဇာတ်လမ်း အကျဉ်းလေးကတော့ လီချန်ဒလာဟာ ဘောစတွန်မြို့မှာ တိုက်လေးတိုက်ကို ပြုပြင်ထိန်းသိမ်းရေး တာဝန်ကိုယူရသူတစ်ဦးဖြစ်ပြီး သူ့ရဲ့ မူရင်းဇာတိဖြစ်တဲ့ မန်ချက်စတာမြို့ကနေ အကြောင်းတစ်ခုကြောင့် လာရောက်ဇာတ်မြှုပ်နေထိုင်နေသူတစ်ဦးဖြစ်ပါတယ် ဒီလိုနဲ့ တနေ့မှာ လီ ရဲ့ အစ်ကို ဂျိုးချန်ဒလာ နှလုံး ရောဂါဖောက်ပြီး မထင်မှတ်ပဲ ကွယ်လွန်သွားခဲ့ပါတယ် အစ်ကိုဖြစ်သူကွယ်လွန်သွားခဲ့တဲ့အခါမှ တူဖြစ်သူ ၁၆နှစ်သား ပက်ထရစ်ဟာ ဦးလေးဖြစ်သူ ...
movie
Manchester by the Sea (2016)
2016