Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Taskya Namya
5.0
Devil’s Horns (2024)
သရဲကားကောင်းကောင်းလေးတွေမှ ကြည့်ချင်သူတွေအတွက်အင်ဒိုသရဲကား ကောင်းကောင်းလေးတစ်ကားကို ထပ်မံတင်ဆက်ပေးလိုက်ပါတယ်။အင်ဒိုနီးရှားသည်းထိပ်ရင်ဖိုသရဲကားတွေကလည်း အခုနောက်ပိုင်းမှာ ထိုင်းသရဲကားတွေနီးနီးလိုက်မှီလာတာကိုတွေ့ရမှာပါ။ယဉ်ကျေးမှုရိုးရာတွေကလည်း ခပ်ဆင်ဆင်ဖြစ်တဲ့အတွက် ဘာသာစကားသာ မကွာခြားဘူးဆိုရင်ထိုင်းသရဲကားလို့တောင် ထင်မိမှာအမှန်ပါပဲ။အခု တင်ဆက်ပေးမဲ့ဇာတ်ကားလေးရဲ့နာမည်ကတော့ Tanduk Setan(Devil's Horn) ဖြစ်ပြီး ကျေးလက်ဒေသဖက်မှာ ကြုံတွေ့ရတတ်တဲ့ အဖြစ်အပျက်တွေအကြောင်းကို သည်းထိပ်ရင်ဖိုစရာကောင်းအောင်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ရွာတစ်ရွာမှာ ဆူမီရာဆိုတဲ့ အမျိုးသမီးတစ်ယောက်ကမီးဖွားခါနီးပြီဖြစ်တဲ့အတွက် ယောက်ျားဖြစ်သူရော အမေဖြစ်သူရော တစ်အိမ်လုံးအလုပ်တွေရှုပ်ယှက်ခတ်နေပါတော့တယ်။သားဖွားဆရာမရယ် ရွာထဲကအမျိုးတွေထဲကကလေးလာကြည့်တဲ့သူတွေရယ် ယောက်ျားဖြစ်သူဂျာရာရဲ့သူငယ်ချင်းတွေနဲ့ ဝင်လိုက်ထွက်လိုက်ဖြစ်နေခဲ့ပြီး ရိုးရိုးရှင်းရှင်းညလေးတစ်ညဖြစ်ခဲ့ပါတယ်။ဒါပေမယ့် မနေ့ကမနက်ကတည်းက ဗိုက်အောင့်နေပြီး နောက်ရက်မိုးလင်းတဲ့အချိန်အထိ ကလေးမမွေးနိုင်သေးတဲ့အခါမှာတော့ ဆေးရုံကိုတန်းပြေးရပါတော့တယ်။ကားက နှစ်ယောက်တည်းစီးလို့ရတဲ့ကား ဖြစ်နေတဲ့အတွက် ဂျာရာနဲ့ဆူမီရာတို့နှစ်ယောက်တည်းမြို့မှာ ဆေးရုံပြဖို့ထွက်လာခဲ့ကြပါတော့တယ်။မြို့ကိုသွားတဲ့လမ်းမှာ ထူးဆန်းမှုတွေအများကြီးကြုံတွေ့ခဲ့ရပြီး နောက်ဆုံးရောက်သွားခဲ့ပေမဲ့ ရောက်သွားတဲ့ဆေးရုံကြီးကကြောက်မက်ဖွယ်ရာဆေးရုံကြီးဖြစ်နေတဲ့အခါမှာ ဘာတွေဆက်ဖြစ်ကြမယ်ဆိုတာကိုသည်းထိပ်ရင်ဖိုစွာနဲ့ ကြည့်ရှုရမဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…778MB / 360MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 21m Genre ….. Drama , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ...
movie
Devil’s Horns (2024)
6.1
Sesuai Aplikasi / Fit in the App (2018)
Sesuai Aplikasi (2018) IMDb 6.1/10ဒီကားလေးကတော့ Tiktok မှာ trend ဖြစ်ခဲ့တဲ့ အင်ဒို သီချင်းလေး "အကို ဆရာ ဒါမူကြိုကျောင်းဆရာ" ဆိုတဲ့ ဇာတ်ဝင်တေးသီချင်းလေးပါတဲ့ ဇာတ်ကားကောင်းလေးပါ ပေါ့ပေါ့ပါးပါးနဲ့ လက်တွေ့ဘဝကို ထင်ဟတ်အောင်ရိုက်ကူးထားပြီး ဟာသလေးတွေနဲ့ပေါင်းဆက်လိုက်တော့ ကြည့်ရတာ ကြည်နူးစရာပါ အင်ဒိုကားလေးဖြစ်တော့ ဇာတ်လမ်းဇာတ်ကွက်တွေက အရှေ့တောင်အာရှဆန်တယ် ဇာတ်လမ်းလေးကတော့ ပရက်စ် နဲ့ ဒူရက်စ် ဆိုတဲ့ သူငယ်ချင်းနှစ်ယောက်က Delivery ပို့ရတဲ့ ကောင်လေးနှစ်ယောက်ပေါ့ နှစ်ယောက်သား အိမ်ချင်းကပ်ရပ်နေကြပြီး ရိုးသားကြိုးစားပြီးမိသားစုကို ရှာဖွေကျွေးနေခဲ့ရာကနေ ဘဝရဲ့လောကဓံတွေတစ်ခုပြီးတစ်ခုရင်ဆိုင်လာရချိန်မှာတော့ သူတို့တွေ ဘယ်လိုရုန်းကန်လှုတ်ရှားကြလဲဆိုတာ ကြည့်ရှုအားပေးလို့ရပါပြီ ချစ်ခြင်းမေတ္တာနဲ့ ကိုယ်ချင်းစာတရားကို အဓိကထားပြီးရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးဖြစ်လို့ မိသားစုနဲ့ အတူတူကြည့်မယ်ဆိုလဲ သင့်တော်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Thet Oo ပဲ ဖြစ်ပါတယ်။Genre..... Comedy Quality…. 1080p | 720p File size… 1.3GB | 620MB Format… mp4 Duration…. 1h 29min Subtitle…. Myanmar Subtitle (Hardsub) Translator ...
movie
Sesuai Aplikasi / Fit in the App (2018)
2018
6.7
The Verge of Death (2023)
The Verge of Death / Di Ambang Kematian [2023] (IMDb 6.7/10)ဇာတ်လမ်းအစမှာ နာဒီယာဟာ သူ ၇နှစ်သမီးတုန်းက မိသားစုလိုက် ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်ကို ပြန်ပြောင်းပြောလို့ နေခဲ့ပါတယ်... သူ့အမေဟာ နာတာရှည်ရောဂါဆိုးကြီးကို ရင်ဆိုင်နေရရင်းက ရုတ်တရက်ပြန်ကောင်းလာပြီးနောက်မှပဲ သတ်သေသွားခဲ့ပါတယ်... အသေဆိုးနဲ့ သေခဲ့ရပြီးတဲ့နောက်မှာ သူ့အစ်ကိုဟာ ထူးဆန်းတာတွေကို စတင်မြင်တွေ့လာပါတော့တယ်... အဲ့လိုနဲ့ နှစ်အတန်ကြာတဲ့ နောက်မှာတော့ အစ်ကိုဖြစ်သူ ယိုဂက နာဒီယာကို အမေသေရတာဟာ အဖေ့ကြောင့်ဖြစ်ကြောင်း ပြောပြလာပါတော့တယ်.. ဒီလိုနဲ့ သူတို့အဖေရဲ့ လှုပ်ရှားမှုကို စောင့်ကြည့်ရင်းက သူတို့အဖေ ယစ်ပူဇော်နေတာကို တွေ့ရပါတော့တယ်... ဒီတော့မှ ဖြစ်ကြောင်းကုန်စင်ကို သိလိုက်ရပြီးတော့ သူတို့ရထားတဲ့ ချမ်းသာကြွယ်ဝမှု မှန်သမျှဟာ အရာတစ်ခုဆီမှာ အလဲအလှယ်ပြုလုပ်ပြီး ရထားကြောင်းနဲ့ အပြန်အလှန်အနေနဲ့ မအေလုပ်သူက အသက်ပေးလိုက်ရတယ်ဆိုတာပါပဲ... နာဒီယာ့အဖေဟာ ကျန်တဲ့သူတွေ အသက်မပျောက်စေရေးအတွက် ယစ်ပူဇော်မှုတွေ ဆက်လုပ်နေခဲ့ရတာပါ... ဒါပေမယ့် အရာမထင်ခဲ့ပါဘူး... ဘယ်သူတွေ ဆုံးပါးသွားပြီး ဘယ်သူတွေ အသက်ဆက်ရှင်ဖို့ ကြိုးစားသွားမလဲဆိုတာကို ရှုစားရမှာပဲဖြစ်ပါတယ်အညွှန်း ...
movie
The Verge of Death (2023)
2023
5.5
Pamali (2022)
ဒီရုပ်ရှင်လေးကတော့ အင်ဒိုနီးရှား horror game "Pamali"ကိုရုပ်ရှင်အဖြစ်ပြန်လည်ရိုက်ကူးထားတာပါ...အင်ဒိုနီးရှားယုံတမ်းပုံပြင်တစ်ခုကို ပဟေဠိဆန်ဆန်ဗီဒီယိုဂိမ်းအဖြစ်ထုတ်ဝေခဲ့တုန်းက လူကြိုက်များခဲ့သလို အခုတစ်ခါမှာတော့ရုပ်ရှင်အဖြစ်မြင်တွေ့ရမှာပါ"Pamali"ဆိုတာက ဘာသာရေး၊ ယုံကြည်မှုတို့အရ မလုပ်သင့်မလုပ်အပ်သည်ကို ညွှန်းချင်တာပါ...။ငယ်ငယ်တုန်းကဆိုကြားဖူးကြမှာပါ...ညဘက်ကြီးလက်သည်းမညှပ်နဲ့၊ ညဘက်အိမ်ပြန်လာရင် ဖတ်၊ဖတ်၊ဖတ်သုံးခါရွတ်တို့ ဘာတို့ပေါ့....။မဟုတ်ရင် မကောင်းဆိုးဝါးကပ်တတ်တယ်ဘာညာပေါ့....။ခုဇာတ်လမ်းလေးကလည်း ဒီလိုတားမြစ်ချက်တွေကို မလိုက်နာမိလို့ကံကြမ္မာဆိုးဝင်ခဲ့ရတဲ့ မိသားစုအကြောင်းပုံပြင်လေးပါ...။အင်ဒိုကားတွေက သိပ်ညွှန်းစရာမလိုအောင် သူ့ရသနဲ့သူရှိပြီးသားမို့ကြည့်ဖြစ်အောင်ကြည့်လိုက်ပါဗျာ... File size…1.51 GB / 554 MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 39m Genre ….. Horror , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie
Pamali (2022)
5.8
Suzzanna: Kliwon Friday Night (2023)
Suzzanna Kilwon Friday Night 2023CM ပရိသတ်ကြီးအတွက် ခုတစ်ခါတင်ဆက်ပေးချင်တာကတော့ ငယ်ငယ်တုန်းက ကြည့်နေကျ မလေးရှားစုန်းဇာတ်ကားတွေလိုမျိုး အောက်လမ်းပညာတွေ စုန်းကဝေတွေအကြောင်း ပါဝင်တဲ့ အင်ဒိုသရဲကားလေးပဲ ဖြစ်ပါတယ်ဆူဇနာနဲ့ ဆူရာဟာအရမ်းချစ်မြတ်နိုးကြတဲ့ စုံတွဲလေးပါ မကြာခင်မှာလက်ထပ်ဖို့လည်း ရည်ရွယ်ထားပြီး စေ့စပ်ပြီးကြပါပြီ ဒါပေမဲ့ ဘဝဆိုတာ ကိုယ်စီမံသလိုဖြစ်မလာပဲ လောင်းကစားမက်တဲ့ ဆူဇနာရဲ့အဖေကြောင့် ဆူဇနာဟာ ရွာသူဌေး ရာဒန်ရဲ့အကြွေးနဲ့သိမ်း မယားငယ်လုပ်ခြင်းကို ခံလိုက်ရပါတော့တယ် ဒါကိုပဲ မယားကြီးဖြစ်သူက မကျေနပ်လို့ အောက်လမ်းနဲ့ပြုစားတဲ့ ဘာတွေဖြစ်လာမလဲ ဆူဇနာကိုဆုံးရှုံးလိုက်ရပေမယ့် အချစ်မပြယ်သေးတဲ့ ဆူရာကရော ဘာတွေဆက်လုပ်မလဲဆိုတာ ရင်နာနာနဲ့ မျက်ရည်လဲဝဲ ကြောက်လဲကြောက်ရင်း ကြည့်ရှုရမှာမို့ ဒီလိုမျိုး ဖျော်ဖြေမှုအသားပေး ငယ်ဘဝအမှတ်တရ စုန်းသရဲကားတွေကြိုက်တဲ့ ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်အညွှန်းနဲ့ဘာသာပြန်ထားတာကတော့ Sai Thurein Lynn ပဲဖြစ်ပါတယ်Genre..... Drama, Fantasy, Horror Quality…. 1080p | 720p File size… 1.6GB | 841MB Format… mp4 Duration…. 2h 12min Subtitle…. Myanmar ...
movie
Suzzanna: Kliwon Friday Night (2023)
2023
6
Maghrib Time (2023)
Waktu Maghrib (2023)အသစ်ထွက်အင်ဒိုသရဲကား Waktu Maghrib (နေဝင်ရီတရောချိန်) ပါ။ သရဲကားတွေအများစုမှာ သရဲခြောက်ရင် သေချာပေါက်ညဘက်အများဆုံးပဲမဟုတ်လား။ ညဆိုတာကလဲ သူ့ရဲ့ဆိတ်ငြိမ်မှုကကို တော်ရုံစိတ်မခိုင်သူအတွက် ကြောက်မက်ဖွယ်ရာဖြစ်စေတယ်မလား။ ဒါပေမဲ့ တကယ်တမ်းကျတော့ ညထက် ပိုကြောက်စရာကောင်းတာကတော့ နေဝင်ချိန်ပါ။ မြန်မာတွေကြားမှာလဲ ပြောလေ့ရှိကြတယ် နေဝင်ချိန် နေဝင်ရီတရောအချိန် ညီကိုမသိတသိအချိန် အပုပ်ချိန် စသဖြင့်ခေါ်ကြတဲ့ဒီအချိန်။ အစ္စလာမ်ဘာသာဝင်တွေမှာလဲ ညနေချိန်မှာဝတ်ပြုမှုရှိပါတယ်။ အဲ့ဒီဝတ်ပြုမှုအတွက် ဗလီသွားတာကလွဲရင် အပြင်သွားခြင်းကိုရှောင်လေ့ရှိကြပါတယ်။ အထူးသဖြင့်ကလေးတွေကို အိမ်ထဲမှာပဲနေစေပါတယ်။ အဲ့ဒီအချိန်က မကောင်းဆိုးဝါးတွေ မိစ္ဆာတွေထွက်ချိန်ဖြစ်လို့ပါ။ဒီဇာတ်လမ်းထဲမှာ ကစားလွန်ပြီး နေဝင်ချိန်အပြင်မှာရှိနေခဲ့တဲ့ ကလေးသုံးယောက်ကြမ္မာဆိုးနဲ့ကြုံခဲ့ရပါတယ်။ ဆိုးရွားမှုတစ်ခုခုဆိုတာ သေချာပေမယ့် ဘာဆိုတာသေချာမဖော်ပြခဲ့ပါဘူး။ နောက် အနှစ်၃၀ ကြာပြီးမှ နောက်ထပ်ကလေးတွေသတ်ခံရတာတွေဖြစ်လာတော့ ပထမကလေးသုံးယောက်ကရော သတ်ခံခဲ့ရတာလား ဘာတွေဖြစ်ခဲ့လဲ ဘယ်လိုအနှောင့်အယှက်တွေများရွာမှာရှိနေခဲ့လဲ အနှစ်၃၀ကြာပြီးမှ တစ်စခန်းပြန်ထလာတဲ့ဖြစ်ရပ်တွေနဲ့ နေဝင်ချိန်နဲ့ဘယ်လိုများဆက်စပ်နေလဲဆိုတာတွေ ကြည့်လိုက်ကြပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Horror Quality…. 1080p | 720p File size… 1.3GB | 637MB Format… mp4 Duration…. 1h 23min Subtitle…. Myanmar Subtitle (Hardsub) Translator ..... ...
movie
Maghrib Time (2023)
2023
5.8
Ivanna (2022)
Ivanna (2022)ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ အင်ဒိုနီးရှားသရဲကားလေးပါ။ အင်ဒိုနီးရှားနိုင်ငံမှာ 2022 ခုနှစ်အတွင်း စတုတ္ထမြောက် ဝင်ငွေအများဆုံးရခဲ့တဲ့ဇာတ်ကားလို့လည်း သိရပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ Amber နဲ့ Dika တို့မောင်နှမက မိဘတွေဆုံးသွားတဲ့နောက်မှာ သူ့မိဘတွေရဲ့မိတ်ဆွေ အဒေါ် Wati တို့နဲ့ ဂေဟာမှာ လာနေကြပါတယ်။ Amber က မျက်လုံးခွဲစိတ်ပြီးနောက်ပိုင်းမှာ တခြားသူတွေမမြင်နိုင်တဲ့အရာတွေကို မြင်နိုင်စွမ်းရှိနေတဲ့သူပါ။ သူတို့သွားနေတဲ့ ဂေဟာကတော့ ဟိုးအရင် အင်ဒိုနီးရှားနိုင်ငံကို အင်္ဂလိပ်တွေ အုပ်စိုးတဲ့အချိန်တုန်းက ဒတ်ချ်လူမျိုးမိသားစု နေခဲ့တဲ့နေရာပါ။ အင်ဒိုနီးရှားနိုင်ငံကို ဂျပန်တွေ လာသိမ်းတဲ့အချိန်မှာတော့ အဲဒီအိမ်မှာပဲ ဒတ်ချ်အမျိုးသမီးတစ်ယောက် ရက်ရက်စက်စက်ခေါင်းဖြတ်ပြီး အသတ်ခံထားရပါတယ်။ သူတို့ရောက်သွားတဲ့အချိန်မှာမှ အဲဒီအမျိုးသမီးရဲ့ဝိညာဉ်က အကြောင်းတိုက်ဆိုင်ပြီး ပေါ်လာတဲ့အချိန်မှာ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ဇာတ်လမ်းထဲမှာပဲ ကြည့်ရှုလိုက်ပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။Genre.....Horrr, Thriller Quality…. 1080p | 720p | 480p File size…1.2GB | 550MB | 277MB Format… mp4 Duration…. 1h 43min Subtitle…. Myanmar ...
movie
Ivanna (2022)
2022