Channel Myanmar

Tara Strong

Despicable Me 3 (2017) 6.2
Despicable Me 3 (2017) Despicable Me 3 (2017) Genre – Animation, Adventure, Comedy IMDB – 6.2/10Gru တို့ မိသားစုတွေ တတိယမြောက်အကြိမ် ပြန်လာကြတဲ့ ဇာတ်ကားလေးပါ။ အရှေ့ ၂ ကားနဲ့ ယှဉ်ရင် Rating လေး ကျသွားတယ်ဆိုပေမဲ့လည်း ကြည့်ပျော်ရှုပျော်ကတော့ ဖြစ်နေဆဲဆိုတာ အမှန်ပါပဲ။ ဒီကားလေးမှာတော့ ဆရာသမား Gru လည်း အေးဂျင့်ဖြစ်သူ Lucy နဲ့ ချစ်သူဖြစ်ပြီးတော့ လိမ်မာနေပါပြီ။ ချစ်သူနဲ့အတူ ဗီလိန်-တန်ပြန် တိုက်ဖျက်ရေး အဖွဲ့အစည်းမှာတောင် အလုပ်တွေလုပ်လို့ ပျော်နေပြီပေါ့လေ။ ဒါပေမဲ့ မထင်မှတ်ထားတဲ့ အကြောင်းအရာ ပေါ်လာပါတယ်။ အဲဒါကတော့ အမွှာညီအစ်ကို ရှိနေတာဖြစ်ပြီး ငယ်စဉ်ကတည်းက ကွဲကွာနေလို့ မသိခဲ့ရပဲ ယခုမှ သိရတဲ့အတွက် အမွှာညီအစ်ကိုတွေ ပြန်ဆုံဖို့ ဖြစ်လာပါတယ်။ ဒါပေမဲ့ ညီအစ်ကိုဆိုတော့ သွေးထဲက ဇာတိပြတဲ့အတိုင်း သူကလည်း ...
movie

Despicable Me 3 (2017)

4K HEVC
Despicable Me 4 (2024) 6.3
Despicable Me 4 (2024) Despicable Me 4 (2024)IMDb Rating (6.3) / Rotten Tomatoes (56%)နာမည်ကျော် ကာတွန်းရုပ်ရှင်တွဲတွေ ဖြစ်တဲ့ Despicable Me လေးကားမြောက်လာပါပြီ။ ရှေ့ကထွက်ခဲ့တဲ့ ၃ ကားနဲ့ Minions ၂ ကား ကိုလည်း Channel Myanmar Web နဲ့ App မှာ ကြည့်ရှုနိုင်ပါတယ်။Despicable Me 1 Despicable Me 2 Despicable Me 3 Minions : The rise of Gru 2022 Minions 2015 တို့ပြီးရင် အခုရုပ်ရှင်လာပါတယ်။ဇာတ်လမ်းအကျဉ်းကတော့...ဗီလိန်တိုက်ဖျက်ရေးအဖွဲ့ရဲ့အေးဂျင့် ဖြစ်လာတဲ့ ဂရု ဟာ ကျောင်းသားဟောင်းတွေ့ဆုံပွဲမှာ သူ့ရဲ့ပြိုင်ဘက်ဟောင်း ဗီလိန် မက်ဆင်းကို ဖမ်းပေးလိုက်ပါတယ်။ ဒါပေမဲ့ မက်ဆင်းက ထောင်ကနေ ဖောက်သွားပြီး ဂရုကိုလက်စားချေဖို့ ကြိုးစားလာတဲ့အတွက် ဗီလိန်တိုက်ဖျက်ရေးအဖွဲ့က ဂရုတို့ မိသားစုကို နာမည်ဝှက်နဲ့ မြို့လေးတစ်မြို့မှာ ...
movie

Despicable Me 4 (2024)

4K HEVC
Superman: Brainiac Attacks (2006)
Superman: Brainiac Attacks (2006) Superman: Brainiac Attacks (2006) IMDb: 5.8/10 Rotten Tomatoes: 60% Genre: Action/Sci-fi/Animationဇာတ်ညွှန်း ဘရိန်းနီးရာ့ခ်တစ်ယောက် ကမ္ဘာကိုတဖန်ပြန်ရောက်လာခဲ့ပြီး လက်စ်လူသာ ပိုင်ဆိုင်တဲ့ လက်စ်ဓာတ်ခွဲခန်းတစ်ခုကို အနုကြမ်းဝင်စီးခဲ့ပါတယ်။ ဓာတ်ခွဲခန်းမှာရှိသမျှ အသိဉာဏ်တွေအားလုံးကို စုပ်ယူနေတဲ့အချိန်မှာ စူပါမန်းရောက်လာပြီး ဘရိန်းနီးရာ့ခ်ကိုအနိုင်ယူခဲ့ပါတယ်။ ဒါပေမယ့်လည်း စူပါမန်းမသိခဲ့တာက ဘရိန်းနီးရာ့ခ်ရဲ့ အစိတ်အပိုင်းလေးတစ်ခုကျန်ခဲ့တယ်ဆိုတာပါပဲ။အဲဒါကိုပထမဦးဆုံးမြင်ခဲ့တဲ့လူကတော့ လက်စ်လူသာဖြစ်ပါတယ်။ လက်စ်လူသာဟာလည်းခေသူမဟုတ်တော့ ဘရိန်းနီးရာ့ခ်ကိုအသက်ပြန်သွင်းခဲ့ပြီး အရင်ကထက်ပိုကောင်းတဲ့ ဝတ်စုံတစ်ခုကိုပေးခဲ့ပါတယ်။နောက်ထပ်ကျန်ခဲ့တဲ့အရာတစ်ခုကတော့ စူပါမန်းရဲ့ ဒီအန်အေပဲဖြစ်ပါတယ်။ လက်စ်လူသာနဲ့ ဘရိန်းနီးရာ့ခ်တို့နှစ်ယောက်လက်တွဲပြီး စူပါမန်းကိုဘယ်လိုမျိုးတိုက်ခိုက်မှာလဲ။ ကမ္ဘာကိုအုပ်စိုးချင်နေတဲ့လူနှစ်ယောက်လက်တွဲလိုက်ခြင်းက မက်ထရိုပိုလစ်မြို့ကိုရော၊ ကမ္ဘာကိုရော ဘယ်လောက်ထိ အန္တရာယ်များစေလဲ။ File size…    1.2 GB /  544 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 16m Genre ..... Animation/Action/Sci-Fi Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Lucifer Maximoff
movie

Superman: Brainiac Attacks (2006)

Superman/Batman: Apocalypse (2010) 7.2
Superman/Batman: Apocalypse (2010) Superman Batman: Apocalypse 2010 ကမို့ ကြာခဲ့ပါပြီ... သို့သော် Superman နဲ့ Supergirl ရဲ့ Super Action တွေဟာ ခုအချိန်ထိ မဟောင်းသေးပါဘူး။ Sir Bat က Action နည်းတယ်လို့ပြောလို့ရပေမယ့် သူ့လုပ်ကွက်တွေကလဲ ခုချိန်ထိ အရမ်းကို Batman ဆန်နေဆဲပါ။ Batman ဆန်နေမှတော့ ကြည့်လို့ကောင်းပြီရယ်ပေါ့။ အကောင်းဆုံး ဇာတ်ကားတစ်ကားလို့မပြောပေမယ့် အစကနေ ပြီး အဆုံးထိ ပေါ့ပေါ့ပါးပါးလေး သူခေါ်သွားပါလိမ့်မယ်။ DC Trinity ရဲ့ ချစ်စရာ အမူအကျင့်လေးတွေကို Supergirl ရဲ့ အပြစ်ကင်းစစ် ချစ်စရာကောင်းမှု နဲ့ အတူ ကြည့်ရမှာပါ။ BatFan တွေ ကြိုက်ကြသလို Superman Fan တွေလဲ အားရကြပါတယ်... DC ဟာ Animation မှာ နာမည်ရှိပါတယ်.... အဲ့လိုဖြစ်စေတဲ့ Animations များစွာထဲမှာ ဒီ Animation လေး အပါအဝင်ပါပဲ... ဒီ Animation Movie လေးကို ဘာသာပြန်ပေးထားတာကတော့ Han Minn ဖြစ်ပြီး Review ကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်။   File ...
movie

Superman/Batman: Apocalypse (2010)

2010
Batman: Mystery of the Batwoman (2003) 6.6
Batman: Mystery of the Batwoman (2003) Batman: Mystery of Batwoman(2003) IMDb: 6.6/10 Rotten Tomatoes: 60% Genre: Animation/Action/Crime Batman: Mystery of Batwoman ဟာ ၂၀၀၃ခုနှစ်ထွက် ရုပ်ရှင်ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။ဇာတ်ညွှန်း ဘတ်မန်းနဲ့ ရော်ဘင်တို့နှစ်ယောက် ပြဿနာတစ်ခုကြုံနေရပါတယ်။ အဲဒါကတော့ စူပါဟီးရိုးအသစ် ဘတ်ဝူးမန်းပေါ်လာတာဖြစ်ပါတယ်။ သူ(မ)ဟာ ဘာဘရာ(ဘတ်ဂဲလ်) မဟုတ်သလို အရင်ကရှိခဲ့ဖူးတဲ့လူလည်းမဟုတ်ပါဘူး။ လုံးဝကိုအသစ်ဖြစ်ပါတယ်။နာမည်ကျော်လူဆိုး ပင်ဂွင်း၊ ဒစ်ကမ့်နဲ့ ရူးပတ်သွန်းတို့သုံးယောက်ဟာ ကက်ရှ်နီးယားဒေသအတွက် တရားမဝင်လက်နက်များကိုထုတ်ပေးနေခဲ့ပါတယ်။ ဒါပေမယ့်လည်းတင်ပို့ခါနီးမှာ အမျိုးသမီး စူပါဟီးရိုးအသစ်တစ်ယောက်က သူတို့ကိုလာတားခဲ့ပါတယ်။ ဒါပေမယ့် ဒီတစ်ခါပေါ်လာတဲ့ တစ်ယောက်ကဘယ်သူမှမမြင်ဖူးတဲ့ ဟီးရိုးအသစ်ဖြစ်ပါတယ်။ ဘတ်မန်းနဲ့ရော်ဘင်တို့နှစ်ယောက်တောင် ဘယ်သူမှန်းမသိခဲ့ပါဘူး။တစ်ဖက်မှာက ပင်ဂွင်းတို့အုပ်စု... တစ်ဖက်မှာက ဘတ်ဝူးမန်း... ဘတ်မန်းတစ်ယောက်ဘယ်လိုမျိုးကိုင်တွယ်ဖြေရှင်းသွားမှာလဲ။File size…    1.2 GB /  573 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 15m Genre ...
movie

Batman: Mystery of the Batwoman (2003)

Teen Titans: Trouble in Tokyo (2006) 7.0
Teen Titans: Trouble in Tokyo (2006) ဇာတ်လမ်းအကျဉ်းတစ်ရက်မှာ တင်းန်တိုက်တန်စ်မျှော်စင်ကို သူတို့မမြင်ဖူးတဲ့ လူဆိုးတစ်ယောက်က လာဖျက်ဆီးခဲ့တယ်။လူဆိုးကိုဖမ်းပြီး စစ်မေးတဲ့အခါမှာ သူ့ကိုဂျပန်က ဘရက်ရှိုးဂန်း (Brushogun) ဆိုတဲ့လူဆိုးတစ်ယောက်ကအတင်းခိုင်းလို့ရောက်လာတာပါလို့ ပြောတာကြောင့် တိုက်တန်တို့ တိုကျိုမြို့ကိုသွားဖို့ အကြောင်းဖန်လာပါတယ်။ဂျပန်စကားလည်းမတတ်ကြသလို ဂျပန်စာလည်းမဖတတ်တဲ့ တင်းန်တိုက်တန်အဖွဲ့သားတို့ အမှန်တရားကိုဘယ်လိုဖော်ထုတ်ကြမလဲဆိုတာကိုသိရဖို့တော့ ဇာတ်လမ်းလေးကို ကြည့်ရှုလိုက်ကြပါ။File size…    1.32 GB /  679 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 15m Genre ..... Animation/Action/Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Kasashi
movie

Teen Titans: Trouble in Tokyo (2006)

2006
The Batman vs. Dracula (2005) 6.6
The Batman vs. Dracula (2005) The Batman vs. Dracula (2005) ======================= IMDb Rating - 6.6/10Old but Gold, Batman animation ဇာတ်ကားလေး တစ် ကား တင်ဆက်ပေးလိုက်ပါတယ်။ ဒီရုပ်ရှင်ကတော့ ၂၀၀၅ ခုနှစ် က ထွက်ရှိထားခဲ့ပြီး Dc Elseworld Universe ထဲက အကောင်း ဆုံး animation ကားတွေထဲက တစ်ကား အပါအဝင်ပါပဲ။ ကျွန် တော်တို့ ကလေးဘဝက အခွေထဲမှာကြည့်ခဲ့ဖူးတဲ့ animation ကားကို ပြန်ကြည့်ရင်း ကလေးဘဝက အမှတ်တရတွေကို ပြန်ခံ စားလိုက်ကြပါစို့။ဇာတ်လမ်းအကျဉ်းကတော့ အာခမ်စိတ္တဇဆေးရုံမှာ ရောက်နေတဲ့ ထောင်သားတစ်ယောက်ဟာ ပျောက်ဆုံးနေတဲ့ ရတနာတွေ ရှိတဲ့ နေရာကို သိကြောင်း၊ သူ့ကို လွတ်အောင်ကူညီပေးမယ်ဆိုရင် တစ် ဝက်ခွဲပေးမယ်ဆိုပြီး ပင်ကွင်းကို ပြောပါတယ်။ ဒါပေမယ့် အဲအ ကြောင်းကို ဂျိုကာလည်း သိထားပါတယ်။ ဒီလိုနဲ့ ဂျိုကာ ထောင် ဖောက်ထွက်ပြေးသလို၊ ပင်ကွင်းလည်း ထွက်ပြေးပြီး အဲရတနာ တွေကို လိုက်ရှာဖို့ ကြိုးစားပါတယ်။ပင်ကွင်းလည်း သူများအပြောနဲ့ ...
movie

The Batman vs. Dracula (2005)

2005
Star Wars: Episode IX – The Rise of Skywalker (2019) 6.8
Star Wars: Episode IX – The Rise of Skywalker (2019) Epic Sci-fi အမျိုးအစားဖြစ်တဲ့ Star Wars ဇာတ်လမ်းတွေကို စုစည်းတင်ဆက်ပေးထားပါတယ်။ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေထဲမှာ သမိုင်းတလျှောက်အအောင်မြင်ဆုံး ရုပ်ရှင်တွဲတွေထဲက တစ်ခုပါပဲ။ နောက်ပိုင်းထွက်သမျှ ရုပ်ရှင်တွေထဲမှာလည်း ဒီရုပ်ရှင်တွေထဲက စကားစုတွေ ကိုးကားချက်တွေကို မကြာခဏတွေ့ရတတ်ပါတယ်။ ပညာရှိ ဆရာဆိုရင် Master Yoda ကိုအမြဲတင်စားကြသလို ဗီလိန်ဆိုရင်လည်း Darth Vader ဟာ ပြောစမှတ်တွင်ကျန်ခဲ့တာပါပဲ။ဇာတ်လမ်းကတော့ ဟိုးအတိတ်ကာလတစ်ခုတုန်းက ဝေးကွာလှတဲ့ နဂါးငွေ့တန်းကြယ်စုတွေကြားထဲမှာ ဖြစ်ပျက်နေတဲ့အကြောင်းတွေပါ။ အစဦးမှာ ကြယ်စုတွေ ဂြိုလ်တွေဟာ လွှတ်တော်ဖွဲ့စည်းထားပြီး ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်မှုအောက်မှ နေထိုင်ကြပါတယ်။ လွှတ်တော်နဲ့အတူ ဂလက်ဆီကြီးတစ်ခုလုံးရဲ့ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုကို ထိန်းသိမ်းပေးတဲ့ သူရဲကောင်းအဖွဲ့တစ်ခုလည်း ရှိနေပါတယ်။ အဲဒီသူတွေကိုတော့ Jedi တွေလို့ ခေါ်ကြပြီး သူတို့မှာ Lightsaber ဆိုတဲ့ အလင်းဓားလက်နက်တွေ ပိုင်ဆိုင်ကြပါတယ်။ ဒါ့အပြင် သူတို့ကို သာမန်လူတွေထဲ ထူးခြားတဲ့ စိတ်စွမ်းအင်တွေနဲ့ ...
movie

Star Wars: Episode IX – The Rise of Skywalker (2019)

2019
4K HEVC
The Secret Life of Pets 2 (2019) 6.5
The Secret Life of Pets 2 (2019)   Secret Life Of Pets (2016) ရဲ့ Sequel အနေနဲ့ထွက်ရှိထားတဲ့ဒုတိယမြောက်ဇာတ်ကားလေးပါ။ပထမကားထက် Character ပိုစုံလာသလို ဇာတ်လမ်းဇာတ်ကွက်ကလည်းမြိုင်မြိုင်ဆိုင်ဆိုင်ရှိတဲ့အတွက် ပရိသတ်ကြီးတို့ သဘောကျကြဦးမှာပါ။ကျွန်တော်တို့ ဇာတ်လိုက်လေး Max ဟာ အခုတော့ Duke နဲ့အတော်လေး အပေးအယူမျှသွားကြပါပြီ။ဆိုတော့ အရင်ကလို သခင်နဲ့အတူအပူအပင်ကင်းကင်းနေတော့မယ်ဆိုတဲ့အချိန်မှKatie ဟာ ရုတ်တရက် အိမ်ထောင်ကျသွားပါတယ်။ ဒီလိုနဲ့ Liam ဆိုတဲ့ ကလေးလေး မွေးဖွားလာခဲ့ပါတယ်။အာရုံနောက်တာ မကြိုက်တဲ့ Max တစ်ယောက် တိုင်ပတ်တာပေါ့ဗျာ။မြင်မြင်ရာ အလွတ်မပေးတတ်တဲ့ Liam နဲ့ ထိပ်တိုက်မတွေ့အောင်ရှောင်ရင်းတိမ်းရင်းပဲ အချိန်တွေကုန်လာခဲ့ပါတယ်။ဒီလိုနဲ့ Liam လေး အရွယ်ရောက်လာတဲ့အခါမှာ Max နဲ့သံယောဇဉ်တွယ်လာခဲ့သလို Max ဟာလည်းမျက်စိရှေ့က အပျောက်မခံနိုင်လောက်အောင်ကို အဖြစ်သည်းလာခဲ့ပါတယ်။Liam ကို ခြေမွှေးမီးမလောင်လက်မွှေးမီးမလောင်ကာကွယ်ရင်း ဗျာများနေရတဲ့ Max အဖြစ်ကို မြင်ရမှာဖြစ်သလိုတစ်ဖက်မှာလည်း ယုန်လေး Snowball ဟာအရင်ကလို ယုန်ကြမ်းကြီး မဟုတ်တော့ဘဲတိအကျိုးကို သယ်ပိုးထမ်းရွက်မဲ့ ဟီးရိုးတစ်ယောက်ဖြစ်လို့နေပါပြီ။ တိဥပဒေ စိုးမိုးရေးကို အကောင်အထည်ဖော်နိုင်ဖို့ ကြံဆနေတုန်းသူ့ကို အကူအညီလာတောင်းတဲ့ ...
movie

The Secret Life of Pets 2 (2019)

2019
4K HEVCHDR
Ice Age (2002) 7.5
Ice Age (2002) ဒီကားဟာ Ice Age franchiseရဲ့ ပထမဆုံးဇာတ်ကား ဖြစ်သလိုကျွန်​တော်တို့ ချစ်ရတဲ့ ဇာတ်​ကောင်​တွေကို ပထမဆုံး မြင်ဖူးခဲ့တဲ့Animationလည်း ဖြစ်ပါတယ်။ မန်နီ၊ ဒီ​ယေဂို၊ ဆစ်ဒ​နေ ​ဘော်ဒါသုံး​​ယောက်ဟာ အဖွဲ့မဖြစ်သေးပါဘူး။သူတို့ကိုဆုံ​စေခဲ့တဲ့ အဓိကအ​ကြောင်းရင်းက​တော့က​လေးတစ်​ယောက်ပါပဲ။ဒီ​ယေဂိုရဲ့ ကျားအုပ်က လူ​သားတွေကို တိုက်ခိုက်ရင်း ထွက်​ပြေးလွတ်​မြောက်လာတဲ့ မိခင်တစ်​ယောက်နဲ့ က​​လေးတစ်​ယောက်ကဆစ်ဒ် မန်နီတို့နဲ့ တိုက်တိုက်ဆိုင်ဆိုင်တွေ့ခဲ့ပြီး မိခင်ဆုံးပြီး​နောက်ကျန်ခဲ့တဲ့ လူမမယ်က​လေး​​လေးကို သူ့ဖခင်လူသား​တွေဆီ ပြန်ပို့​ပေးဖို့က မန်နီတို့ရဲ့တာဝန် ဖြစ်လာခဲ့ပါတယ်။ တစ်ဖက်မှာလည်းဒီ​ယေဂိုရဲ့ခေါင်း​ဆောင်ကျားက အဲဒီက​လေးကို အရှင်လတ်လတ်ပြန်ဖမ်း​ခေါ်လာဖို့ အမိန့်​ပေးထားလို့ ဒီ​ယေဂိုအ​နေနဲ့ မန်နီနဲ့ ဆစ်ဒနီ၂​​ကောင်ကြား ဝင်​ရောဖို့ ကြိုးစားရင်း အလွဲလွဲအ​ချော်​ချော်​​တွေ၊ပဋိပက္ခ​တွေ ​ပေါင်းစုံနဲ့ ဗရုတ်သုက်ခအဖွဲ့ကြီးရဲ့ မဟာစွန့်စားခန်းစတင်ခဲ့ပါ​တော့တယ်။  File size…  4.2 GB / 1.6 GB /  837 MB Quality… Web-DL  4K HDR /  1080p / 720p Format… ...
movie

Ice Age (2002)

2002
4K HEVCHDR
Bolt (2008) 6.8
Bolt (2008) Walt Disney Animation Studio ရဲ့၂၀၀၈ ခုနှစ်ထွက် Animationဇာတ်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင် ပါတယ်ဘို့တ် ဆိုတဲ့ ခွေးလေးနဲ့ ပိုင်ရှင်ဖြစ်သူ ပန်နီတို့ဟာထူးခြားတဲ့ဆက်နွယ်မှုနဲ့ တစ်ယောက်ကိုတစ်ယောက်ရှာတွေ့ခဲ့ကြသူတွေ ဖြစ်ပါတယ်။ သူ့ရဲ့ ပိုင်ရှင်ဖြစ်သူ ပန်နီရဲ့အဖေပြန်ပေးဆွဲခံရပြီးနောက်ဘို့တ်ဟာလည်း သူ့ရဲ့စွမ်းအားတွေနဲ့ သခင်ဖြစ်သူ ပန်နီကိုကာကွယ်ပေးရတဲ့သူလေး ဖြစ်လာခဲ့ပါတယ်။ဒါပေမယ့် သူကိုယ်တိုင်ထင်မှတ်ထားသလိုမဟုတ်ခဲ့ဘဲ သူ့ဘဝတစ်ခုလုံးကို တီဗီရှိုးတစ်ခုထဲမှာအချိန်ကုန်ခဲ့ရပြီး သူ့ရဲ့ စူပါပါဝါတွေကလည်းအတုအယောင်တွေသာ ဖြစ်နေခဲ့ပါတယ်။ သူ့ရဲပိုင်ရှင် ပန်နီဖြစ်သူ ပြန်ပေးဆွဲခံရပြီး နောက်မှာတော့ဘို့တ်ဟာ ရိုက်ကွင်းကနေ ထွက်ပြေးပြီး သခင်ဖြစ်သူကိုကယ်တင်ဖို့ လိုက်လံရှာဖွေနေခဲ့ပါတယ်။ဆက်တင်ကနေ တစ်ဖဝါးမှ မခွာဖူးသူ ဘို့တ်ဟာ သူ့စူပါပါဝါတွေဟာအစစ်အမှန်တွေလို့ ယုံကြည်နေပြီးအပြင်လောကကြီးထဲမှာ လိုက်လျောညီထွေနေနိုင်ဖို့ ခက်ခဲလာပါပြီ။နောက်ဆုံးမှာတော့ လမ်းကြားကကြောင်လည်လေး မစ်တမ်းစ် နဲ့ သူ့ရဲ့ပရိသတ်အကြီးစားဖြစ်သူကြွက်ကလေး ရိုင်နို တို့နဲ့အတူပြည်နယ်ကျော်ပြီး အိမ်အပြန်စွန့်စားခန်းထွက်ဖို့ ဖြစ်လာခဲ့ပါတော့တယ်။ခွေးအစစ်ပီပီသသ မဖြစ်ဖူးသူ ခွေးလေးဘို့တ်ဟာသူသိထားတဲ့ကမ္ဘာကြီး ပြိုလဲသွားချိန်မှာတော့အပြင်လောကရဲ့ ခက်ခဲကြမ်းတမ်းမှုတွေကိုနဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ရပုံ နဲ့ ချစ်ခြင်းမေတ္တာ၊ ယုံကြည်မှု နဲ့ရဲစွမ်းသတ္တိတို့ရဲ့ စွမ်းအားအစစ်တွေကို ထင်ဟပ်ပြသနိုင်တဲ့ Animation ...
movie

Bolt (2008)

2008
Leroy & Stitch (2006) 6.1
Leroy & Stitch (2006) Leroy & Stitch (2006) ================= IMDb Rating - 6.1/10ဒီတစ်ခါ Movie လေးမှာတော့ သုတေသန ၆၂၅ ကောင်ကို မရလိုက်ဘဲ ထောင်ကျသွားတဲ့ Dr. Hamsterviel ကို Gantu က ထောင်ဖောက်ပြီး ပြန်ကယ်လိုက်ပါတယ်။ Lilo နဲ့ Stitch ကတော့ အလေအလွင့်ဖြစ်ပြီး ကျွန်းပေါ်ပျံ့ကုန်တဲ့ သုတေသနတွေကို ပြန်စုဆောင်းပေးတဲ့အပြင် အိမ်ပါ ရှာပေးလိုက်နိုင်လို့ ဆုအချီးမြှင့်ခံနေရချိန်ပေါ့။Stitch, Jumba, Pleakley တို့သုံးယောက်ကို ရာထူးကြီးတွေပေးပြီး ဂြိုလ် ပေါ်ပြန်ခေါ်ဖို့လုပ်ပေမယ့် Lilo မျက်နှာကြောင့် မနေခဲ့ဖြစ်ကြပါဘူး။ ဒါပေ မယ့် ဝါသနာပါတဲ့နေရာအသီးသီးကို ဆုရထားတဲ့ ၃ယောက်ကတော့ လူက ဟာဝိုင်အီ စိတ်က Turo ဂြိုလ်ဖြစ်နေခဲ့ကြတယ်လေ။ ငိုချင်လျက် လက်တို့ ဖြစ်နေသူ ၃ယောက်သားကို မကြည့်ရက်လို့ Lilo ကပဲ ဂြိုလ်ပေါ်သွားနေဖို့ ပြန်ဖျောင်းဖျလိုက်ရပါတယ်။ Jumba တစ်ယောက် ဂြိုလ်ပေါ်ရောက်ပြီး သိပ္ပံပညာရှင်အလုပ်ပြန်ရသွားခြင်းက Hamsterviel အတွက် အကွက်တွေ့ စရာပါပဲ။ ရှိနေပြီးသား သုတေသနတွေအားလုံးက Lilo ...
movie

Leroy & Stitch (2006)

2006
Scooby-Doo on Zombie Island (1998) 7.7
Scooby-Doo on Zombie Island (1998) Scooby-Doo on Zombie Island (1998)~ IMDb - 7.7/10, Rotten Tomatoes - 88% ~2019 က ထွက်ခဲ့တဲ့ Return to Zombie Island ရဲ့ပထမပိုင်း 1998 က လက်ရာဟောင်းတစ်ခုပါ။ နောက်ပိုင်းလက်ရာထက်တော့ နည်းနည်းခေတ်ဟောင်းဆန်ပေမဲ့ ဒီအပိုင်းထဲက ဖုတ်ကောင်တွေက သူတို့အမြဲဖြေရှင်းခဲ့သလို မျက်နှာဖုံးစွပ်နဲ့ လူဆိုးတွေမဟုတ်ဘဲ တကယ့် ဖုတ်ကောင်အစစ်တွေပါ။ ဒီလောက်ဆို စိတ်၀င်စားစရာကောင်းနေပါပြီ။~ ဇာတ်လမ်းအကျဉ်း ~စကူဘီတို့ အဖွဲ့သားတွေဟာ လျှို့ဝှက်ဆန်းကြယ်မှုတွေ ‌ဖြေရှင်းတိုင်း နောက်ဆုံးမှာ လူတွေအယောင်ဆောင်တာပဲ ဖြစ်နေတဲ့အတွက် ငြီးငွေ့လာကြပြီး ကိုယ်စီ လမ်းခွဲလို့ အဆင်ပြေရာအလုပ်တွေ ခွဲလုပ်ကြပါတယ်။ ဒက်ဖနီက သူ့ကိုယ်ပိုင် တီဗီရှိုးမှာ ခြောက်လှန့်တတ်တဲ့နေရာတွေအကြောင်း ရိုက်ကူးတင်ဆက်ရာကနေ Season 2 အတွက် နေရာရှာတာက ဇာတ်လမ်းစပါတယ်။ ဒီတစ်ခါမှာတော့ တကယ်သရဲအစစ်ခြောက်တဲ့နေရာကို လိုချင်တာပါ။ဒီလိုနဲ့ ...
movie

Scooby-Doo on Zombie Island (1998)

1998
Guardians of the Galaxy Volume 3 (2023) 8.4
Guardians of the Galaxy Volume 3 (2023) Guardians of the Galaxy Volume 3 (2023)**************************************WEB-DL ကြည်တောက်ရှင်းထွက်ရှိလို့လာပါပြီဒါရိုက်တာ ဂျိမ်းဂန်းပဲ ရိုက်ကူးထားပြီး မူရင်းသရုပ်ဆောင်တွေပဲ ပါဝင်ထားတာဖြစ်ပါတယ်။ Rating 8.4 အထိ IMDb မှာတက်နေတာမို့ အတော်လေးကောင်းမယ်ဆိုတာ သိသာပါတယ်။ GotG 1 တုန်းကတောင် 8 အထိပဲ တက်ခဲ့တာပါ။ဇာတ်လမ်းအကျဉ်းဂါဒီယံတွေဟာ နိုးဝဲမှာ အေးအေးဆေးဆေးအနားယူနေချိန်၊ ပီတာကြီးလည်းအသည်းကွဲပြီးမူးရူးလို့ကောင်းနေချိန်မှာ အန္တရာယ်အသစ်ပေါ်ပေါက်လာပါတယ်။ပထမဆုံးအန္တရာယ်ကောင်ကတော့ အဒမ် ဝေါလော့ခ်ပါပဲ။ အဲဒီနောက်မှာတော့သူ့ကို ခိုင်းစေနေတဲ့ဟိုက်အီဗော်လူရှင်နရီဆိုတဲ့ ဉာဏ်ကြီးရှင်ကြီးတစ်ယောက်ပါလာပါတယ်။သူ့ရဲ့ ရည်ရွယ်ချက်ကတော့ နှစ်ပေါင်းများစွာ မျိုးဗီဇတွေကို ဆန်းသစ်တီထွင်ပြီး ပြီးပြည်စုံတဲ့မျိုးစိတ်တွေနဲ့ကမ္ဘာကို ဖန်တီးဖို့ပါပဲ။ အဲဒီမတိုင်ခင် မျိုးစုံစမ်းသပ်ထားတဲ့ ကမ္ဘာတွေပါ ရှိနေတာမို့ သူ့ကိုနတ်ဘုရားအဆင့်လို့တောင် သတ်မှတ်ကြပါတယ်။ အဲဒီလို အင်အားကြီးတဲ့ဟိုက်အီဗော်လူရှင်နရီက ဂါဒီယံအဖွဲ့ထဲက ရော့ကတ်ကို အသေရရ အရှင်ရရ လိုချင်နေတာပဲဖြစ်ပါတယ်။အဲဒီအကြောင်းရင်းက ဘာဖြစ်မလဲ ဂါဒီယံတွေကရော အရမ်းအင်အားကြီးတဲ့ ဗီလိန်ကိုဘယ်လိုရင်ဆိုင်ကြမလဲဆိုတာ စွန့်စားခန်းတွေနဲ့ ထုံးစံအတိုင်းဟာသတွေနဲ့ကြည့်ရမှာပါပဲ။ဒါလေးကိုမကြည့်ခင် Guardians ...
movie

Guardians of the Galaxy Volume 3 (2023)

4K HEVC
Scooby-Doo! And Krypto, Too! (2023) 7
Scooby-Doo! And Krypto, Too! (2023) Scooby-Doo! and Krypto, too! (2023) Leaked Version(Official မဟုတ်ဘဲ Leak လာတာဖြစ်တဲ့အတွက် 1080p မရတာကို နားလည်စေချင်ပါတယ်။ 720p တောင်မှ ကြည့်လို့ပြေအောင် ချဲ့ကုတ်ထားရပါတယ်)မော်ဒန်ခေတ် Animation ဆိုတဲ့ ခေါင်းစဉ်အောက်မှာ Studio တွေရဲ့ ပြိုင်ဆိုင်မှုတွေ Fan တွေရဲ့ ပေါက်ကွဲအားတွေနဲ့ အတူ Animation တွေဟာ ရုပ်ရှင်ဇာတ်ခုံမြင့်ပေါ်မှာ အလုအယက် နေရာယူလာကြပါပြီ။ ခွေခေတ် VCD ခေတ်တွေကနေ Streaming Service ကို ကူးပြောင်းလာတဲ့ ကာလမှာ Writer တွေ Producer တွေဟာလည်း Animation တွေကို တစ်ခေတ်ဆန်းတဲ့နည်းနဲ့ ခေတ်နဲ့လည်း လိုက်လျောညီထွေအောင် ရိုက်ရင်း ပရိသတ်တွေဆီကို အမြင်သစ်နဲ့ ယူဆောင်လာခဲ့ကြတယ်။ သို့ပေမဲ့လို့ Streaming Service တွေ မပေါ်ခင် ကျွန်တော်တို့ Generation ...
movie

Scooby-Doo! And Krypto, Too! (2023)

2023
Scooby-Doo! Camp Scare (2010) 7.2
Scooby-Doo! Camp Scare (2010) Scooby-Doo! Camp Scare (2010) ======================= IMDb Rating - 7.2/10မိုးအေးအေးမှာ ငယ်ငယ်က အသဲစွဲကြိုက်ခဲ့ရတဲ့ စကူဘီ-ဒူဘီ-ဒူးရဲ့ ဇာတ်လမ်းလေးကို ပြန်ကြည့်ရင်း memory recall ပြန်လုပ်လိုက်ရအောင်လား...ဇာတ်လိုက်ကျော်ကြီး စကူဘီဒူး၊ ရှက်ဂီ၊ ဗယ်မာ၊ ဒက်ဖနီ တို့ လေး ယောက်သားက ဖရက်ဒီရဲ့ ငယ်ငယ်တုန်းက အမြဲသွားခဲ့တဲ့ လစ်တဲမုစ်ဆိုတဲ့ စခန်းကို သွားလည်ကြမယ့်သူတွေပေါ့။ လစ်တဲမုစ် ဆိုတာ ယုံတမ်းစကားတွေ၊ ဒဏ္ဍာရီတွေ၊ သရဲပုံပြင်တွေနဲ့ ပြည့်နေတဲ့ နေရာတစ်ခုဖြစ်ပြီး မြို့ပြနဲ့ ကွဲထွက် နေတဲ့ နေရာတစ်ခုပါ။အဲဒီစခန်းငယ်လေးမှာ စခန်းချသွားကြရင်း လုခ်၊ ထရူဒီ နဲ့ ဒီကွန်ဆိုတဲ့ ကလေး သုံးယောက်နဲ့ တွေ့ပြီး စခန်းကို ခြောက်လှန့်နေတဲ့ ဝုစ်မန်း၊ ဖစ်ရှ်မန်း နဲ့ အရိပ် တောင်ကြားတစ္ဆေဆိုတဲ့ မကောင်းဆိုးဝါးသုံးကောင်နဲ့ ရင်ဖိုဖွယ် နှစ်ပါးသွား ဇာတ်လမ်းတစ်ပုဒ်ကို ကြည့်ရှူ့ရမှာပဲ ဖြစ်ပါတယ်။ အသည်းခိုက်အောင် ကြောက် တတ်တဲ့ စကူဘီဒူးနဲ့ ရှက်ဂီတို့ ဘော်ဘော်နှစ်ယောက်နဲ့တင် ဒီဇာတ်ကားကို ကြည့်ဖို့က ပြည့်စုံနေပြီမို့ အများကြီး ...
movie

Scooby-Doo! Camp Scare (2010)

2010
Minions & More 1 (2022) 6.5
Minions & More 1 (2022) Minions & More 1 (2022) ================== IMDb Rating - 6.5/10နောက်ဆုံးထွက်ရှိထားတဲ့ မီနီမမ်လေးတွေရဲ့ ဇာတ်လမ်းတို စုစည်းမှုလေးတွေပါ။ ကျွန်တော်တို့ ကြည့်ဖူးတဲ့ Minion and Puppy အပိုင်းလို ဇာတ်လမ်းလေးတွေလည်း ပါသလို ဇာတ်လမ်း ကောင်းအသစ်လေးတွေလည်း အများကြီးပါပါတယ်။Despicable Me ဇာတ်ကားထဲက Minion လေးတွေကို သီးသန့် ရိုက်ပြထားတဲ့ ရယ်စရာဟာသ ဇာတ်လမ်းတို မျိုးစုံကို တစ်ဖန်ပြန် လည်ကြည့်ရှုနိုင်ဖို့ မြန်မာစာတန်းထိုးနဲ့ တင်ဆက်ပေးလိုက်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်) File Size..........(815 MB) / (350 MB) Quality............BluRay 1080p / 720p Duration.........48mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Animation, Adventure, Comedy Translator.......Thiha Yan Naing Encoder..........SWM
movie

Minions & More 1 (2022)

2022
Rugrats Go Wild (2003) 5.5
Rugrats Go Wild (2003) Rugrats Go Wild (2003)IMDb 5.5 အပျော်စီးသင်္ဘောကြီးငှားပြီး အားလပ်ရက်ထွက်ကြတဲ့မိသားစုတွေ လက်မှတ်ပျောက်ပြီး သင်္ဘောကြီးနဲ့မဟုတ်တော့ဘဲ သင်္ဘောလေးနဲ့ပဲပင်လယ်ထဲရွက်လွှင့်ရာက မုန်တိုင်းနဲ့တိုးပြီ းသင်္ဘောကတစ်စစီဖြစ်သွားပါတယ် အသက်ကယ်လှေလေးနဲ့လွတ်ရာလွတ်ကြောင်းပြေးရင်း ကျွန်းတစ်ကျွန်းပေါ်ရောက်သွားခဲ့ပါတယ် ဒီတစ်ခါမှာတော့ အရင်တစ်ခေါက်ကလို တောနက်ထဲရောက်မသွားဘဲ လူသူမရှိတဲ့ကျွန်းပေါ်ရောက်သွားခဲ့တာပါ သားရဲတိရစ္ဆာန်တွေလည်းပေါတဲ့ ဒီကျွန်းမှာ ကလေးအုပ်စုနဲ့လူကြီးအုပ်စုကွဲသွားပြီးနောက် ဘာဆက်ဖြစ်ကြမလဲ ချောချောမွေ့မွေ့နဲ့အိမ်ပြန်နိုင်မှာလား ကျွန်းပေါ်မှာပဲ ရာသက်ပန်နေဖြစ်မလား ဆက်ကြည့်ရှုလိုက်ကြပါဦး File size…1.84GB / 930MB Quality…1080p BluRay AAC5.1CH / 720p Format…Myanmar Subtitle(Hard Sub) Duration….1h 20m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni
movie

Rugrats Go Wild (2003)

2003
Rugrats in Paris: The Movie (2000) 6.1
Rugrats in Paris: The Movie (2000) Rugrats In Pairs 2000 IMDb 6.1 ဒီတစ်ခါတော့ ဒီကလေးတစ်သိုက်က တောထဲရော လူသူကင်းမဲ့တဲ့ကျွန်းပေါ်ပါရောက်သွားတာမျိုးမဟုတ်ဘဲ ပဲရစ်မြို့ကြီးကိုရောက်သွားတာပါ အလုပ်မှာအမှားဖြစ်သွားတာကြောင့် ReptarLandရဲ့ တာဝန်ရှိသူက ချက်ကီရဲ့အဖေကိုလှမ်းခေါ်ပြီး အမှားပြင်ဆင်ခိုင်းပါတယ်ချက်ကီမှာအားလုံးသိကြတဲ့အတိုင်း အမေမရှိပါဘူး တခြားကလေးတွေလိုမိခင်ရဲ့နွေးထွေးကြင်နာမှုကိုမခံရဘဲ ဖခင်နဲ့ပဲကြီးပြင်းလာတဲ့ချက်ကီလေးတစ်ယောက်ပဲရစ်မြို့ကြီးမှာတစ်ယောက်တည်းအထီးကျန်နေရာက သူငယ်ချင်းတွေကကြည့်မနေနိုင်တော့ဘဲ မေမေသစ်ရှာပေးမယ်ဆိုပြီး အကောင်အထည်ဖော်ပါတော့တယ်ဖြစ်ချင်တော့ ReptarLandရဲ့ တာဝန်ရှိသူ ကိုကိုးကလည်းကလေးချစ်တဲ့အထက်အရာရှိကို သူလည်း ကလေးအဖေတစ်ယောက်နဲ့ယူတော့မှာဖြစ်ကြောင်းလိမ်လည်လိုက်ရာက အထက်လူကြီးကမင်္ဂလာပွဲအထိလာကြည့်ပြီးမှ လုပ်ငန်း‌တွေဆက်လက်တွဲသွားမယ်ဆိုပြီး ပြောလာတာကြောင့် အကြပ်ရိုက်နေချိန် ...တစ်ဖက်မှာလည်းမေမေသစ်လိုချင်နေတဲ့ချက်ကီနဲ့ ဘယ်လိုနှစ်ပါးသွားကြမလဲ ကလေးမချစ်တတ်တဲ့ကိုကိုးနဲ့ ချက်ကီတို့ကလေးတစ်သိုက်ရဲ့ ဗရုတ်ကျတဲ့အလွဲတွေနဲ့ ရယ်မောစရာကာတွန်းလေးကိုတင်ဆက်ပေးလိုက်ရပါတယ်ရှင် Reviewed by Yunni File size…1.7GB /  900MB Quality…1080p Bluray AAC 5.1Ch / 720p Format…mp4 Duration….1h 18m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni
movie

Rugrats in Paris: The Movie (2000)

2000
The Rugrats Movie (1998) 5.9
The Rugrats Movie (1998)  ဒီတစ်ခါမှာတော့ သားသားမီးမီးတွေအကြိုက်တွေ့စေမယ့် ကာတွန်းကားကောင်းလေးကိုတင်ဆက်ပေးချင်ပါတယ်၂၄မီလီယံအကုန်ကျခံရိုက်ကူးထားပြီး ၁၄၁မီလီယံထိပြန်ရခဲ့တဲ့ ဒီဇာတ်ကားဟာဘာတွေကောင်းမလဲကြည့်လိုက်ကြရအောင်ကလေးတွေရဲ့သ‌ဘာဝအတိုင်းအချစ်ခံချင်ဆိုးချင်ကြတာချည်းပါပဲ ဒီအတိုင်းပဲ တွန်မီဆိုတဲ့ကလေးဟာလည်းအငယ်ဆုံးပီပီ ဆိုးချင် ရစ်ချင်သူလေးပေါ့ ဒါပေမယ့် တစ်နေ့သူ့ရဲ့ညီလေး ဒေးလ်ဖြစ်သူလောကကြီးထဲရောက်လာတော့အစကပျော်ဖို့ကောင်းမယ်တွေးခဲ့တာတွေက ထင်သလိုဖြစ်မလာဘဲသူပိုင်တဲ့အရုပ်တွေပစ္စည်းတွေကိုလုကြရင်း သူဒီကလေးကို မုန်းမိလာပါတော့တယ်ဒါကိုသိတဲ့တွန်မီ့သူငယ်ချင်းတွေက ကလေးကို ဆေးရုံကဝယ်လာခဲ့တယ်လို့ထင်ပြီးဆေးရုံကိုသွားပြန်ပေးဖို့လုပ်ကြရင်း အလွဲလွဲအမှားမှားတွေနဲ့ တောနက်ထဲရောက်သွားကြတဲ့အခါမှာတော့....ဘာတွေဆက်ဖြစ်သွားမလဲ လမ်းလျှောက်တတ်စအရွယ်ကလေးတစ်သိုက် လူသူမနီးတဲ့တောနက်ကြီးထဲဘယ်လိုရှင်သန်သွားကြမလဲ ၅၂၈မေတ္တာကိုပုံပေါ်လာအောင်ရိုက်ကူးထားတဲ့အတွက် ကလေးတွေကိုပြသဖို့ အသင့်တော်ဆုံးဇာတ်ကားပဲဖြစ်ပါတယ်ရှင်  File size…3.7GB / 1.13Gb Quality…1080p BluRay AAC5.1CH / 720p Format…mp4 Duration….1h 19m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Yunni   
movie

The Rugrats Movie (1998)

1998