Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Tara Nicole Hughes
Chicago (2002)
IMDb - 7.2 Rt - 86%အော်စကာဆု (၆) ဆု၊ ရွှေကမ္ဘာလုံးဆု၊ BAFTA ဆုတွေအပြင် တခြားဆု ပေါင်း(၅၉) ဆုအထိရရှိထားပြီး nomination များစွာလည်း ဝင်ထားတဲ့ musical comedy ရုပ်ရှင်ကားကောင်း တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ 1975 ခုနှစ်ထွက် ဘရော့ဝေးပြဇာတ် Chicago ကို ရိုက်ကူးထားတာဖြစ်ပြီး 1920 ခုနှစ်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်မှန်ကို အခြေခံထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ညီမဖြစ်သူ ဗရော်နီကာနဲ့ ယောင်္ကျားဖြစ်သူတို့နှစ်ယောက်ကို အိပ်ရာပေါ်မှာအတူတွေ့ရလို့ နှစ်လောင်းပြိုင် လက်စသတ်ပေးလိုက်တဲ့ ရှိုးသမလေး ဗယ်မာ ကယ်လီ။ ငယ်စဉ်ကတည်းက အိပ်မက်မက်ခဲ့ရတဲ့ စတိတ်စင်ပေါ်မှာဖျော်ဖြေရဖို့ဆိုတဲ့ အိပ်မက်ကို အကောင်အထည်ဖော်ဖို့လုပ်ရင်း လူလိမ်ကောင် ဖရက်ရဲ့အမြတ်ထုတ်တာကို ခံလိုက်ရတဲ့ အိမ်ထောင်သည်မလေး ရော့စီ ဟတ်။သူတို့နှစ်ယောက်လုံး ကွတ်ခ်ကောင်တီထောင်ရဲ့ လူသတ်သမားအဆောင်မှာတွေ့ခဲ့ကြပြီး ထောင်မှူး မားမား မော်တွန်ရဲ့ချိတ်ဆက်ပေးမှုကြောင့် တခါမှအရှုံးမရှိသေးတဲ့ ရှေ့နေ ဘီလီ ...
movie
Chicago (2002)
5.5
George of the Jungle (1997)
George of the Jungle (1997)ကမ္ဘာကျော် တောတွင်းဇာတ်ကောင်တွေ အများကြီးရှိခဲ့တယ်ဗျ။ ကလေးဘဝက သူများအိမ်မှာ တိုးဝှေ့ပြီးသွားကြည့်ရတာတစ်မျိုး၊ ဗီဒီယိုရုံမှာ မုန့်ဖိုးလေး ကျစ်ကျစ်ပါအောင် စုဆောင်းပြီး ကြည့်ရတာကတစ်ဖုံ မျိုးစုံကြုံခဲ့ရတာပေါ့လေ။ကောင်ကလေး မောဂ္ဂလိ၊ တောဘုရင် တာဇံ၊ မစ္စတာ ဘုန်း စသဖြင့် ဖိုက်တင်ချ၊ ရယ်စရာဟာသတွေနဲ့ ဆေးရောင်စုံပိတ်ကားကြီးကို မျက်တောင်မခတ်စတမ်း ငေးမောခဲ့ရဖူး။ဒီနေ့တင်ဆက်မှာကတော့ တောဘုရင်ကြီးဖြစ်တဲ့ တောနက်ထဲက ဂျော့ ပါတဲ့ခင်ဗျ။ စုစုပေါင်း နှစ်ကားထွက်ရှိထားပြီး ၁၉၉၇ ခုနှစ်က ပထမဇာတ်ကားကို တင်ဆက်ပါ့မယ်။ ဟာသကားဆိုတော့ ဟာသကားလောက်ပဲ Rating ရခဲ့တယ်ဆိုပေမဲ့ စိတ်ကူးကောင်းတဲ့ဟာသလေးတွေ တော်တော်များများ တွေ့ရမှာပါ။အဟောင်းဖြစ်ပြီး လူတကာကြည့်ဖူးပြီးသားဆိုပေမယ့် The Mummy နဲ့ The Whale မင်းသားကြီး Brendan Fraser ရဲ့ ငယ်မူငယ်သွေးကို ပြန်ကြည့်ရမှာမလို့ ဟောင်းပေမဲ့ ကောင်းနေဦးမှာပါ။ မင်းသမီးကြီး Leslie ...
movie
George of the Jungle (1997)
1997
5.9
Rock of Ages (2012)
Rock of Ages (2012)Musical filmတစ်ခုဖြစ်ပြီး Main leadတစ်ယောက်အနေနဲ့ ကျွန်တော်တို့ရဲ့ Tom Cruiseကြီးက ပါဝင်သရုပ် ဆောင်ထားပါတယ်။ဇာတ်အိမ်ကိုတော့ Los Angeles မြို့နယ်အခွဲလို့ပြောလို့ရတဲ့ ဟောလီးဝုဒ် အဆိုကျော်တွေ ကျင်လည်ရာ Sunset Stripမြို့လေးမှာ တည်ထားပါတယ်။ဇာတ်လမ်းအစမှာတော့ သီချင်းဆိုပြီး အသက်မွေးဝမ်းကြောင်းပြုမယ်ကြံပြီး နယ်မြို့လေးကတက်လာတဲ့ Sherrieဟာ မြို့ပေါ်ရောက်ရောက်ချင်းပဲ လုယက်ခံလိုက်ရပါတယ်။ အဲဒီမှာပဲ နာမည်ကြီး Bourbon roomမှာ အချိန်ပိုင်းအလုပ်ဝင်လုပ်နေတဲ့ လူငယ်လေး Drewနဲ့ ကံအကြောင်းဆိုင်လို့ Bourbon room မှာပဲ အလုပ်တစ်ခုရဖို့ ဖြစ်လာပြီးတဲ့နောက် ဝါသနာတူ Drewနဲ့ ကိုယ်စီ အနုပညာလမ်းကို လျှောက်လှမ်းဖို့အကြောင်းဖန်လာတဲ့အခါမှာတော့.. ။တစ်ဖက်မှာလည်း သူ့ခေတ်သူ့အခါမှာ ရော့ခ်နတ်ဘုရားလို့ တင်စားရလောက်တဲ့ Stacee Jaxxတစ်ဖြစ်လဲ Tom Cruiseဟာ လူမှုရေးပြဿနာတချို့ကြောင့် အနုပညာလမ်းကြောင်း တန့်နေတာ ကြာခဲ့ပါပြီ။ အဲဒီလိုနဲ့ တိုက်ဆိုင်စွာပဲ Bourbon roomမှာ ပထမဆုံးအကြိမ် တစ်ကိုယ်တော်ရှိုးပွဲဆိုပြီး အနုပညာသက်တမ်း ပြန်ဆက်ဖို့လုပ်နေတဲ့အခိုက် Sherrieနဲ့ Drewကြား ဆူးညှောင့်တစ်ခုလို ဖြစ်လာပါတော့တယ်။ကျန်တာကိုတော့ ကိုယ်တိုင်သာ ဆက်လက် ...
movie
Rock of Ages (2012)
2012
8.4
La La Land (2016)
(သီချင်းလေးတွေပါ ဘာသာပြန်ပြီး ပြန်လည်တင်ဆက်လိုက်ပါတယ်..BluRay 4K Quality ထိ ခံစားကြည့်ရှုနိုင်ပါတယ်။)IMDb - (8/10) / Rotten Tomatoes (91%)၂ဝ၁၆ ခုနှစ်အတွင်း ပြသခဲ့သည့်ရုပ်ရှင်နှင့် ရုပ်သံဇာတ်လမ်းများထဲမှအကောင်းဆုံးအတတ်ပညာရှင်၊ အနုပညာရှင်များကိုဂုဏ်ပြုသည့်(၇၄) ကြိမ်မြောက် ရွှေကမ္ဘာလုံးဆုပေးပွဲကို ဇန်နဝါရီ ၈ ရက် ဒေသစံတော် ချိန်ညနေ ၅ နာရီတွင် ကယ်လီဖိုးနီးယားပြည်နယ် ဘေဘရီဟေးစ်ရှိ The Beverly Hilton ဟိုတယ်၌ ခမ်းနားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။အစီအစဉ်တင်ဆက်သူအဖြစ် ဟာသပညာရှင် ဂျင်မီဖော်လန်က ဆောင် ရွက်ခဲ့သည့်ဆုပေးပွဲတွင် “La La Land” ရုပ်ရှင်က ဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့သည့်ဆုခုနစ်ခုကိုသိမ်းကျုံးရယူခဲ့ကာ သမိုင်းမှတ်တိုင်သစ်ကို စိုက်ထူနိုင်ခဲ့သည်။တင်ဆက်သူ ဖော်လန်က ”ဒါဟာလူကြိုက်များတဲ့မဲကိုဂုဏ်ပြုနေသေးတဲ့ အမေရိကမှာ ကျန်နေသေးတဲ့နေရာတွေထဲကတစ်ခုဖြစ်တဲ့ ရွှေကမ္ဘာလုံး ဆုပေးပွဲဖြစ်ပါတယ်” ဟုဆိုကာ နိုင်ငံရေးနှင့်ဆက်နွှယ်သော စကားဖြင့် ပွဲကိုစဖွင့်ခဲ့သည်။ကွယ်လွန်သူ ဒါရိုက်တာကြီး ဗင်ဆန်တီမီနယ်လီနှင့်ဂျက်ကွက်ဒမ်မီတို့ ဖန်တီးခဲ့သော ရုပ်ရှင်များကို ...
movie
La La Land (2016)
2016
4K HEVC