Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Tao Hui
6.1
Advancing of ZQ ( 2023 )
အားလုံးကိုစိတ်အပန်းပြေစေမယ့် မိသားစုဟာသကားလေး တစ်ကားတင်ဆက်ပေးလိုက်ပါတယ်။ ဒီကားလေးက တရုတ်ပြည်မြောက်ပိုင်းမှာက Dilraba Dilmuratလို Uyghurလူမျိုးတွေနေထိုင်တဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ခါရှီချီခါဆိုတဲ့နေရာလေးမှာရိုက်ကူးထားတာဖြစ်တဲ့အတွက် တခြားတရုတ်ကားတွေနဲ့မတူ အမြင်တစ်မျိုးလေးဆန်းနေမှာဖြစ်ပါတယ်။ဇာတ်လမ်းလေးကတော့ ...... ကျန့်ချန်ဟာ သူ့ရဲ့မပြည့်စုံတဲ့အိမ်ကနေထွက်ပြေးပြီးရှန်ဟိုင်းမှာ HiiiPayဆိုတဲ့Applicationကိုပရိုဂရမ်ရေးဆွဲခဲ့ပါတယ်။ သူ့ရဲ့Appကစပြီးအောင်မြင်လာတဲ့အချိန်မှာ အဖိုးဆုံးပြီဆိုတဲ့သတင်းကြောင့် ခါရှီချီခါကိုပြန်လာခဲ့ရပါတယ်။အဲဒီအချိန်မှာ ငွေမဲတွေခဝါချဖို့သူ့ရဲ့Appကိုအသုံးချချင်တဲ့ သူဌေးကြီးနဲ့တွေ့ပါလေရော...... အဖိုးရဲ့အသုဘမှာ ဆန်းကြယ်မှုတွေဖြစ်လာပြီး အ ဖိုးကပြန်ရှင်လာတဲ့အပြင် မိသားစုဝင်တွေဟာ တစ်ယောက်တစ်မျိုးဆီစွမ်းအားတွေရှိသွားပါတယ်။ သူတို့မိသားစုဟာ ဂိုဏ်းစတားသူဌေးကြီးကို ဘယ်လိုစည်းစည်းလုံးလုံးနဲ့ပြန်ပြီး တွန်းလှန်ကြမလဲဆိုတာကို ရယ်ရယ်မောမောနဲ့ကြည့်လိုက်ပါဦးနော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Fantasy , Comedy , Action Runtime : 1h 52 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
Advancing of ZQ ( 2023 )
6.5
The Winners 2020
Winner 2020 အခုလို ကိုဗစ်ကာလမှာ ပျင်းနေကြပြီလား။အပျင်းပြေအောင် ဆန်းလည်းဆန်း ၊ ရယ်စရာလဲကောင်းတဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါ့မယ်။ Comedy အမျိုးအစားဖြစ်ပြီး Chinese IMDBအရ Rating 6.8ရထားတဲ့ဇာတ်ကားတစ်ပုဒ်ဖြစ်ပါတယ်။ ရထားတဲ့ ratingနဲ့အညီ နောက်ဆုံးအထိ ရယ်လဲရယ်ရသလို မြုပ်ကွက်တွေကလဲ တကယ်အံသြစရာကောင်းပါတယ်။ အဓိကလူက ယန်ဂျင်။ ဂျင်ဆိုတဲ့ စကားလုံးက တာဝန်သိတတ်မှု၊ အလေးအနက်ထားမှုနဲ့ အသေးစိတ်ကျမှုဆိုပြီ အဓိပ္ပါယ်ရတယ်။ ဒီလိုပါပဲ ယန်ဂျင်တစ်ယောက်ဟာလဲ နာမည်နဲ့အတူ တာဝန်ကျေပွန််တယ်။ လုပ်ထုံးလုပ်နည်းအတိုင်း တသွေမတိမ်းသွားတယ်၊ စည်းစနစ်ကျတယ်။ အဲ့လိုလူတစ်ယောက်ဖြစ်တဲ့ ယန်ဂျင်ဟာ တစ်ရက်မှာ စစ်ရေးလေ့ကျင့်မှုတစ်ခုမှာ ဓားပြနေရာသရုပ်ဆောင်ဖို့ အကြောင်းဖန်လာပါလေရော။ ယန်ဂျင်က ဘဏ်ဝန်ထမ်းတစ်ယောက်၊ စစ်ရေးလေ့ကျင်မှုက ဘယ်လိုလဲဆိုရင် တကယ်ဘဏ်ကို ဓားပြအတိုက်ခံရသလိုမျိုး လေ့ကျင့်ရတာ။ ယန်ဂျင်ရဲ့ ဇာတ်ဆောင်နေရာက.... ဓားပြ။ ဘယ်အရာမဆို အသေးစိတ်ကျတတ်တဲ့ ယန်ဂျင််ကတော့ ထုံးစံအတိုင်း ဓားပြတိုက်ဖို့ အစီအစဥ်တွေဆွဲ၊ အကြံတွေထုတ်၊ လေ့ကျင့်ခန်းတွေ လုပ်တာပေါ့လေ။ ရဲတွေကတော့ ဒီတိုင်းပြီးသွားမှာပဲ ဆိုပြီး ...
movie
The Winners 2020
2020