Channel Myanmar

Tang Yixin

Jade Dynasty ( 2019 ) 6.0
Jade Dynasty ( 2019 ) စာရေးဆရာ Xiao Ding ရဲ့ XianXia အမျိူးအစား Zhu Xian ဝတ္ထုကို ရုပ်ရှင်အဖြစ်ပြန်လည်ရိုက်ကူးထားတာပါ... ခေါင်းဆောင်မင်းသားကတော့ အမှောင်လောကသခင် ရိလင်လောင်ဂျူလို့ လူသိများတဲ့ ရှောင်းကျန့်ဖြစ်ပြီး တွဲဖက်မင်းသမီးတွေကလည်း ခေသူမဟုတ်တဲ့ မုန့်မိန်ချီ, လီချင့် တို့ ပါဝင်သရုပ်ဆောင်ထားတာနော် ဒီ ဝတ္ထုကိုအရင်က ဇာတ်လမ်းတွဲအရှည်အဖြစ် လီရိဖုန်း, ကျောက်လိယင်, ယန်ဇီ တို့ကသရုပ်ဆောင်ခဲ့ပါသေးတယ်။ဇာတ်လမ်းကတော့ တစ်ရွာလုံး အသတ်ခံရပြီး ရှင်ကျန်သူ ကျန်းရှောင်ဖန်း ချင်ယွင်ဂိုဏ်းအကူအညီနဲ့ နတ်တို့ကျင့်စဉ်ကို လေ့ကျင့်ရင်း.... မိဘတို့အတွက် လက်စားချေချင်စိတ် လွန်ရင်း မိစ္ဆာလမ်းစဉ်ရောက်သွားတဲ့ ကျန်းရှောင်ဖန်းတစ်ယောက်အကြောင်းကို သရုပ်ဖော်တင်ဆက်ထားတာပါ ဇာတ်လမ်းတွဲအနေနဲ့ ရင်းနှီးပြီးသား ဇာတ်ကို အခု တစ်ပိုင်းတည်းအပြီး ကြည့်ရမှာဆိုတော့ အရင်ကြည့်ခဲ့တဲ့ဇာတ်လမ်းတွဲထက် ပိုကောင်းလေမလား... အရသာပဲပေါ့နေမလား... ဇာတ်အိမ်တွေ အချိုးအကွေ့တွေပြောင်းသွားလေမလား... ဇာတ်လမ်းလေးကြည့်လိုက်ကြပါတော့... Filesize : 2.45 GB / 1.40 GB Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Romance , Fantasy Runtime ...
movie

Jade Dynasty ( 2019 )

2019
Journey to the West: Conquering the Demons (2013) 6.8
Journey to the West: Conquering the Demons (2013) Journey to the West Conquering the Demons (2013)IMDb Rating (6.7) / Rotten Tomatoes (94%)ဒီရုပ်ရှင်ကို Stephen Chow က ဒါရိုက်တာအဖြစ်ရော တွဲဖက်ပရိုဂျူဆာအဖြစ်ပါ ဖန်တီးရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်ကြောင်းကတော့ အနောက်ဖက်သို့ခရီးသွားခြင်း ဒဏ္ဍာရီကို အခြေခံထားပြီး ကျမ်းစာသယ်တဲ့ ခရီးစဉ်မစတင်မီ ဆရာတော်ထန်စန်းကျန့်ဆိုပြီးဖြစ်မလာခင် သူ့ရဲ့တပည့်၃ယောက်ဖြစ်လာမယ့် ဝူခုန်းတို့ ပါကျဲတို့ မိစ္ဆာဘဝဖြစ်စဉ်နဲ့ မိစ္ဆာတွေကို နှိမ်နင်းတဲ့အကြောင်းကိုရိုက်ကူးထားတာပါ။ဇာတ်လမ်းလေးကတော့ မြစ်ဘေးကရွာတစ်ရွာမှာ ငါးမိစ္ဆာကြီးတစ်ကောင်သောင်းကျန်းနေတာကို ထန်စန်းကျန့်ကနှိမ်နင်းဖို့ကြိုးစားရာကနေစတင်ပါတယ်... မိစ္ဆာကိုမသတ်ဘဲ မေတ္တာနဲ့အစွဲချွတ်ချင်တဲ့သူ့ရဲ့လမ်းစဉ်ဟာ ထင်သလောက်မအောင်မြင်ပါဘူး... သူက လောကကြီးကိုကယ်တင်ဖို့ရာ ကြီးမားတဲ့မေတ္တာတရားကသာ အခရာလို့ သိထားပေမယ့် အစွမ်းမရှိတဲ့ သာမန်လူဖြစ်နေတော့ အခက်အခဲတွေအများအပြားနဲ့ စမ်းတစ်ဝါးဝါးဖြစ်နေခဲ့ပါတယ်။ဆိုတော့ကာ ထန်စန်းကျန့်ကိုအစွမ်းထက်အောင် ဘယ်သူကအလင်းပြမလဲ....လာပါပြီ မမရှုကြည်(Shu Qi)ပါပဲခင်ဗျာ....ထန်းစန်းကျန့်အဖြစ် မင်းသား Wen Zhang ရော မင်းသမီးရှုကြည်ရော အတိုင်အဖောက်ညီတာမလို့  ဒီရုပ်ရှင်က Rating မြင့်မားတဲ့ ...
movie

Journey to the West: Conquering the Demons (2013)

2013
The Golden Era (2014) 6.4
The Golden Era (2014) [Unicode]The Golden Era 2014၁၉၉၃ ခုနှစ်နောက်ပိုင်း ဂျပန် တရုတ် စစ်ပွဲကာလအတွင်းက တရုတ်နိုင်ငံရဲ့ နာမည်ကျော် စာရေးဆရာမ ရှောင်ဟုန်သူကတော့ ၁၉၉၄ ခုနှစ် အသက် ၃၂ နှစ်အရွယ် ငယ်ငယ် နဲ့ ကွယ်လွန်ခဲ့ရတဲ့သူ တစ်ယောက်...သူ့အကြောင်းကို ဒါရိုက်တာ Ann Hui က သူ့ရဲ့နောက်ဆုံး ရိုက်ကူးမယ့် ဇာတ်ကားအဖြစ်သတ်မှတ်ပြီး အကောင်းဆုံး ရိုက်ကူးထားတာပါဒါ့ကြောင့် ဇာတ်ကားက ၃ နာရီကြာပြီး Opening Weekend USA: $50,242 ရရှိခဲ့ပြီး Cumulative Worldwide Gross: $8,396,062 ရရှိခဲ့ပါတယ်ဇာတ်ကား တစ်ဝက်လောက်ထိကတော့ ဇာတ်ကောင်မိတ်ဆက် ဇာတ်အစပျိုးတာပေါ့ တစ်ဝက်ကျော်မှ ဇာတ်လမ်းစတာပါဒီလိုဇာတ်မျိုးကြိုက်တဲ့သူအတွက် အရမ်းကောင်းပေမယ့် မကြိုက်တဲ့သူကတော့ ပျင်းမှာပါ လူတိုင်း ကြိုက်တဲ့ကားမျိုးတော့ မဟုတ်ပါဘူးဘဝဇာတ်ကြောင်းလေး ဖြစ်လို့ အကျဉ်းချုပ်ကို သိပ်မပြောတော့ဘဲ စာရေးဆရာမ ရှောင်ဟုန်ရဲ့ မွေးဖွားတဲ့အချိန်ကစ ...
movie

The Golden Era (2014)

The Eight Hundred ( 2020 ) 7.2
The Eight Hundred ( 2020 ) IMDB 7.2 ရရှိထားပြီးစစ်ကားကောင်းကြိုက်သူတွေအကြိုက်တွေ့စေမယ့်august 21 2020မှာထွက်လာပြီး Budget $80millionသုံးထားတဲ့တရုတ်ဖြစ်ရပ်မှန် ဇာတ်ကားလေးပါBox office ဝင်ငွေ $451.5million စံချိန်တင်လည်းချိုးထားပါတယ်တရုတ်ပြည်ရဲ့ရှန်ဟိုင်းမြို့ကိုဂျပန်တွေကျူးကျော်တိုက်ခိုက်ချိန်ပင်မတပ်ကြီးပြန်ဆုတ်သွားပေမယ့် ကျန်ရှိနေတဲ့တပ်သား၈၀၀ ရဲ့လက်နက်အင်အားမမျှတဲ့ကြားက အရှုံးမပေးပဲအသက်စွန့်ပြီး ၄ရက်ကြာတိုက်ခိုက်ခဲ့တာကိုဂုဏ်ပြုရိုက်ကူးထားတာပါရှန်ဟိုင်းကိုဂျပန်တွေကျူးကျော်တိုက်ခိုက်ချိန်ဂက်စ်ပိုက်လိုင်းတွေရှိနေတဲ့ဂိုထောင်မှာ အမှတ်၈၈ခေါင်းဆောင်ဦးဆောင်တဲ့တပ်သား၈၀၀အဖွဲ့ဟာတပ်မဆုတ်ပဲ စောင့်ကြပ်ကာကွယ်နေခဲ့ပါတယ်..တိုင်းပြည်ဂျပန်တွေလက်ထဲမရောက်ရဖို့အရေး လက်နက်အင်အားမမျှပေမယ့်အသက်စွန့်တိုက်ခိုက်မှုကြောင့် ဂျပန်တွေက အင်အားသုံးတိုက်ခိုက်ပေမယ့်၄ရက်ကြာ မသိမ်းပိုက်နိုင်ဖြစ်ရပါတယ်.....ဂိုထောင်ရဲ့မြစ်တစ်ဖက်ကမ်းမှာ အဂ်လိပ်တွေကာကွယ်ပေးထားတဲနယ်မြေသစ်မှာပြည်သူတွေ ၄သိန်းကျော်ရှိနေတာပါ.....တရုတ်တပ်သားတွေအသေခံတိုက်ခိုက်နေတာကိုမြစ်တစ်ထက်ကမ်းကပြည်သူတွေရင်နင့်စွာမြင်နေရရင်းဂျပန်ကိုတော်လှန်လိုစိတ်တွေတက်ကြွလာခဲ့ပါတယ်...ဒါပေမယ်လဲ နယ်မြေသစ်ရဲတံတားကိုဖြတ်တာနဲ့ ဂျပန်တွေပစ်သတ်တာခံရမှာပါ....လိုနေတဲ့ရိက္ခာတွေကို အသက်စွန့်ပြီး ပို့ပေးမယ့်သူတွေပေါလာတဲ့အခါ....တပ်သားတွေရဲ့အသက်စွန့်ပြီးရဲဝံ့စွာတိုက်ခိုက်မှုတွေကြောင့်သတင်းစာမှာဖော်ပြခံရပြီးနိုင်ငံတစ်ကာက ချီးမွမ်းခဲ့ကြပေမယ့်လက်နက်အင်အားကြီးနေတဲ့ဂျပန်နိုင်ငံနဲ့ရန်ငြိုးမဖွဲ့လိုလို့ တရုတ်နိုင်ငံကို ဘယ်သူမှတပ်ကူမပေးလိုတဲ့အခါ.....တပ်သား၈၀၀ ကျော်ရဲ့အရှုံးမ ပေးပဲ အသက်စွန့်တိုက်ခိုက်မှုဟာတရုတ်ပြည်သူတစ်ရပ်လုံးကိုနိုးထစေခဲ့ပြီးနောင်တစ်ချိန်ကွန်မြူနစ်အစိုးရရဲ့ ဦးဆောင်မှုအောက်မှာဂျပန်ကိုတစ်ကြိမ်ထဲနဲ့ အပြတ်တိုက်ထုတ်နိုင်ခဲ့ပါတယ်.... Translated & Reviewed By Phyo ZawEncoded By LK
movie

The Eight Hundred ( 2020 )