Channel Myanmar

Tanay Chheda

My Name Is Khan (2010) 7.9
My Name Is Khan (2010) IMDb Rating (7.9) / Rotten Tomatoes (83%)မင်းသားရှရွတ်ခန်းနဲ့ မင်းသမီးကာဂျိုးတို့တွဲရိုက်လိုက်တိုင်း နာမည်ကြီးနေကျဆိုသလို ဒီဇာတ်ကားကလဲ ကမ္ဘာ့အလည်မှာ နာမည်ရခဲ့တဲ့ Bollywood ရုပ်ရှင်ကားတစ်ကားဖြစ်ခဲ့ပါတယ်။ ရှရွတ်ခန်းဟာ ဒီဇာတ်ကားမှာ Asperger's syndrome ရောဂါဝေဒနာရနေတဲ့သူတစ်ယောက်အဖြစ် သရုပ်ဆောင်ထားပြီး သူ့ရဲ့သရုပ်ဆောင်မှုတွေက ပြောစရာမရှိအောင် ပြည့်စုံခဲ့ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့....Khan ဟာ Asperger's syndrome  လူမှုဆက်ဆံရေးချွတ်ချော်တဲ့ရောဂါလို ဂေါက်တောက်တောက်ပုံစံဖြစ်နေတာမလို့ သူ့ညီဖြစ်သူက သူ့ကိုဆို မကြည်ဖြူပေမယ့် မိဘတွေကတော့ သူ့ကိုအချစ်ပိုကြပါတယ်။ဒီလိုနဲ့သူ့မိဘတွေဆုံးတော့ Khan တစ်ယောက် အိန္ဒိယကနေ သူ့ညီရှိရာ အမေရိကကိုပဲ  လိုက်ပါသွားဖို့ ဖြစ်လာပါတော့တယ်။Spoiler Alert....(ဇာတ်ကားကြည့်မည့်သူများ အောက်ကစာကိုမဖတ်ဘဲ ကြည့်သင့်ပါတယ်။)သူဟာ သူ့ညီကုမ္ပဏီက အလှပြင်ပစ္စည်းတွေ ရောင်းချပေးနေရင်း Mandira နဲ့ တွေ့ဆုံမိပြီး  မြင်မြင်ချင်းသဘောကျသွားပါတော့တယ်။ Mandira ဟာ အလှပြင်ဆိုင်မှာလုပ်နေတဲ့သူတစ်ယောက်ဖြစ်ပြီး သူ့မှာ သားတစ်ယောက်ရှိပါတယ်။ သူ့ယောကျာ်းနဲ့တော့ ကွဲနေပါတယ်။ သူမဟာ မကြာခင် အိမ်ပြောင်းဖို့ရှိနေပြီး ကိုယ်ပိုင်အလှပြင်ဆိုင်လေးတစ်ခုဖွင့်ဖို့ ...
movie

My Name Is Khan (2010)

4K HEVC
Slumdog Millionaire (2008) 8.0
Slumdog Millionaire (2008) ဗြိတိန်ဇာတ်ကားလေးတစ်ခုကို ပြန်လည်အသက်သွင်းချင်ပါတယ်။ ငွေကြေးအရရော၊ အနုပညာအရပါ အကြီးအကျယ် အမြတ်ရခဲ့တဲ့ လက်ရာကောင်းတစ်ခုပါ။ ရုပ်ရှင်ချစ်ပရိသတ်တိုင်း ကြည့်ဖူးပြီးသားမလို့ အညွှန်းကို မိတ်ဆက်အနေနဲ့ မရေးတော့ဘဲ ထဲထဲဝင်ဝင်ရေးချင်ပါတယ်။ မကြည့်ရသေးသူများကတော့ ဇာတ်လမ်းကို အရင်ကြည့်ဖို့ တိုက်တွန်းပါတယ်ခင်ဗျာ။ဇာတ်လမ်းအကျဉ်းက တစ်ကြောင်းနှစ်ကြောင်းလောက်ပဲရှိပါတယ်။ ဆင်းဆင်းရဲရဲကြီးပြင်းလာတဲ့ လူငယ်လေးတစ်ယောက်ဟာ ငယ်ငယ်ကဆုံခဲ့ပြီး သံယောစဉ်ဖြစ်ရတဲ့ မိန်းကလေးကို အစဉ်တစိုက်လိုက်ရှာရင်း မိန်းကလေးနဲ့ဆုံမယ့်အခွင့်အရေးရနိုင်မလားတွေးပြီး မိန်းကလေးကြိုက်နှစ်သက်တဲ့ တီဗီအစီအစဉ်မှာဝင်ပြိုင်ခဲ့တာပါ။ မေးခွန်းတိုင်းဟာ သူတွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေဖြစ်လို့ ကောင်းမွန်စွာ ဖြေနိုင်တယ်ဆိုတဲ့အကြောင်းပေါ့။ သူလိုလူက ဖြေနိုင်နေလို့ မသမာလုပ်တယ် မသင်္ကာဖြစ်ခံရပြီး နောက်ဆုံးမေးခွန်းမရောက်ခင်မှာ ရဲစခန်းကိုဖမ်းခေါ်ပြီး စစ်မေးခံရတဲ့ ဇာတ်ကွက်နဲ့ ဇာတ်လမ်းကိုစပါတယ်။အိန္ဒိယမြေက ဇာတ်လမ်းလေးတစ်ပုဒ်ကို အသက်သွင်းထားတာဖြစ်ပြီး အိန္ဒိယသရုပ်ဆောင်များနဲ့ပဲ ရိုက်ကူးခဲ့တာမလို့ ဘောလိဝုဒ်နဲ့ မှားတတ်ကြပါတယ်။ ဗြိတိန်ဇာတ်ကားဖြစ်ပြီး စကားပြောများကို British Accent သံနဲ့ပဲ နားထောင်ရမှာပါ။ again ကို အဂိန်း (အနီးစပ်ဆုံး) လို့ကြားရပါလိမ့်မယ်။ အိန္ဒိယစာရေးဆရာရဲ့ ဝတ္ထုကိုပဲ ပြန်လည်ရိုက်ကူးထားတာပါ။၁၅ ...
movie

Slumdog Millionaire (2008)

Every Child is Special/Like Stars on Earth/Taare Zameen Par (2007) 8.4
Every Child is Special/Like Stars on Earth/Taare Zameen Par (2007) ဒီနေ့တော့အရမ်းကောင်းတဲ့ အိန္ဒိယကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်..ပါဝင်တဲ့မင်းသားကို လည်းစိမ်းကြမယ်မထင်ပါဘူး..ကျွန်တော်တို့တွေကြိုက်နှစ်သက်ခဲ့ကြတဲ့ PK ဇာတ်ကားမှ ကျွန်တော် တို့ရဲ့အသည်းကျော်မင်းသား Aamir Khan ပဲဖြစ်ပါတယ်..ဆု 15 ခု လျာထားခြင်းခံခဲ့ရပြီး 13 ဆု တိတိရရှိခဲ့ပါတယ်...ဇာတ်လမ်းကတော့.. အသက် ၈ နှစ်အရွယ်ရှိ အီရှန်ဟာ မိသားစုမှာ အငယ်ဆုံးသားဖြစ်ပြီး ထူးချွန်တဲ့ အဖေ၊ အစ်ကိုတွေနဲ့ ဆန့်ကျင်ဘက်ပါ။ ကျောင်းမှာလည်း အမြဲတန်း နောက်ဆုံးကဖြစ်ပြီး စာသင်ရတာကို စိတ်မဝင်စားသူပါ။ ပန်းချီဆွဲရတာကို ဝါသနာပါပြီး စာကောင်းကောင်းမလုပ်တဲ့အတွက် အမြဲတမ်း ဆရာမတွေရဲ့ ဆူပူ၊ အပြစ်ပေးခြင်းကို ခံရလေ့ရှိပါတယ်။ တတိယတန်းကို တစ်ကြိမ်ကျခဲ့လို့ ပြန်တက်နေရတဲ့ ကျောင်းသားလေးလည်းဖြစ်ပါတယ်။ လူကောင်ငယ်ပေမယ့် ဂျစ်ကန်ကန်ကျောင်းသားလေးဖြစ်ပြီး သူစိတ်ဝင်စားတာက ပြင်ပလောကကြီးကိုပါ။ စာအလွန်ညံ့ပြီး အဆော့မက်တဲ့ အီရှန်ဟာ ကျောင်းက အမှတ်စာရင်းတွေပို့ရင်လည်း အိမ်ကိုပြန်မပြပဲ ကျောင်းလည်း ပြေးတတ်ပါသေးတယ်။ အတန်းထဲမှာ စာဖတ်ခိုင်းရင်လည်း မဖတ်တတ်ပဲ ဆရာမကိုပြန်ပြောင်လို့ အခန်းအပြင်ထုတ်ပြီး အပြစ်ပေးခံရပါတယ်။ စာသင်နှစ်ဝက်ရောက်တဲ့ အချိန်မှာတော့ ကျောင်းအုပ်ဆရာမကြီးက အီရှန်ရဲ့ ...
movie

Every Child is Special/Like Stars on Earth/Taare Zameen Par (2007)

2007
HEVC 1080p 5.1