Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Tan Zhuo
5.7
The Last Frenzy ( 2024 )
CMကနေဒီတစ်ခါမှာတော့ ဟာသကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းလေးကိုပြောပြရမယ်ဆိုရင် ကပ်စေးနည်းခြင်းအမွေကို ဆက်ခံလာတဲ့ ကျာယိုဝေ တစ်ယောက် သန်းချီလှဲလျောင်းခြင်းအစီစဉ်ကို အကောင်ထည်ဖော်ဖို့အတွက် မစားရက်မသောက်ရက်နဲ့ ငွေတွေစုနေခဲ့တာပါဒါပေမယ့် တစ်ရက်မှာ မူးလဲပြီးဆေးရုံရောက်သွားချိန်မှာ သိလိုက်ရတာတော့ ဦးနှောက်အကျိတ်ရောဂါနောက်ဆုံးအဆင့်ဖြစ်နေပြီး အကျိတ်ရဲ့ကြီးထွားနှုန်းက အရမ်းမြန်နေပြီး ၁၀ရက်ပဲ အသက်ရှင်နိုင်တော့မယ်လို့ ဆရာဝန်က သတ်မှတ်ပေးလိုက်ပါတယ်အဲ့လိုနဲ့ ကျာယိုဝေတစ်ယောက် သူ့မှာစုထားတဲ့ငွေတွေအပြင် အိမ်ခန်းကိုပါရောင်းပြီးတော့ သူ့ငယ်သူငယ်ချင်းတွေကိုပြန်ခေါ်ပြီး ပိုက်ဆံဖြုန်းတဲ့အစီစဉ်ကို စတင်ပါတော့တယ် ၁၀ရက်ပြည့်တဲ့ညမှာ ကျာယိုဝေတစ်ယောက် မူးလဲအော့အန်ပြီး ဆေးရုံရောက်သွားတဲ့နောက်ပိုင်းမှာ ဘာတွေဆက်ဖြစ်လာမှာလဲ တကယ်သေသွားမှာလားဆိုတာကို ဟာသအနှောလေးနဲ့ကြည့်ရမှာမို့လို့ ပေါ့ပေါ့ပါးပါးအပန်းဖြေချင်တဲ့သူတွေအနေနဲ့ ကြည့်ရှုသင့်တဲ့ကားလေးဖြစ်လို့ CM ကနေဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်နော် Quality : WEB-DL 1080p , 720p Format : mp4 Genres : Comedy , Drama Runtime : 1h 47 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
The Last Frenzy ( 2024 )
6.2
Beating Heart ( 2022 )
ဒီတစ်ခေါက် CM ရဲ့ တရုတ်ကားချစ်သူတွေအတွက် ဇာတ်ကားကောင်းလေးတစ်ပုဒ်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...ဇာတ်လမ်းလေးကို မိတ်ဆက်ပေးရမယ်ဆိုရင် ဂျပန်ကားလေး 1 Litre of Tears နဲ့ ပုံစံချင်းဆင်သလို ရှိတယ်ပြောလို့ရတယ်... ဘာလို့လဲဆိုတော့ ကျန်းရှောင်းယွီဆိုတဲ့ ကောင်မလေးကလည်း အာယာ့ ချန် လိုမျိုုးပဲ ရုတ်တရက်ချော်လဲရာကနေ ဆေးစစ်ဆေးကြည့်ပြီးနောက်မှ ရောဂါပြင်းကြီးဖြစ်နေတယ်ဆိုတာကို သိလိုက်ရတာမလို့ပါ...ရှောင်းယွီလေး ကျောင်းတွင်း မီတာ ၄၀၀ အပြေးပြိုင်ပွဲမှာ ထိပ်ဆုံးက ပြေးနေခဲ့ရာကနေ ရုတ်တရက် ချော်လဲသွားပြီး မေ့မြောသွားခဲ့ပါတယ်... ဒီလိုနဲ့ ဆေးရုံကိုလည်းရောက်ရော ဆေးစစ်ချက်က " ဦးနှောက်ကင်ဆာ" တဲ့... ဖြစ်ချင်တော့ ရှောင်းယွီလေး က single mom တစ်ယောက်တည်းအားနဲ့ နေရတဲ့အပြင် လူကြီးရောဂါသည် အဖိုးကလည်း ရှိနေပြန်တော့ သူ့ရောဂါကို ကုဖို့ဆိုတာ သိပ်မလွယ်ကူဘူးပေါ့...ဒီလိုနဲ့ တစ်ဖက်မှာလည်း သူနဲ့ သွေးအမျိုးစားချင်းတူပြီး မွေးရာပါနှလုံးအားနည်းနေတဲ့ ယန်ဇီဆိုတဲ့ ကောင်မလေးလည်း ရှောင်းယွီ အရေးပေါ်ရောက်ချိန်မှာ သူလည်းရောက်လာတာပေါ့.. ယန်ဇီကတော့ ရှောင်းယွီဘဝနဲ့ မိုးနဲ့မြေပေါ့... ဒါပေမယ့် သူလည်း single daddy ရဲ့ သမီးလေးပေါ့... သို့ပေမယ့် သူ့ single daddy က စွန့်ဦးတီထွင်သူ လုပ်ငန်းရှင်ကြီးဖြစ်နေတာပေါ့... အခု ...
movie
Beating Heart ( 2022 )
6.8
Sheep Without a Shepherd (2019)
Sheep without a Shepherd (2019)Sheep without a shepherd ရုပ်ရှင်ခေါင်းစဉ်က ထူးထူးဆန်းဆန်းပါလားပေါ့။ တရုတ်ကားတို့ထုံးစံအတိုင်း အင်္ဂလိပ်နာမည်ကိုကြုံသလိုပေးမိတယ်ထင်တာ။ ဒါပေမဲ့လည်း Drshym ကို remake ပြန်ရိုက်ထားတာဆိုတော့ ဘယ်လိုမျိုးလဲသိချင်ခဲ့မိပါတယ်။ ရုပ်ရှင်ကိုအစအဆုံးကြည့်ပြီးသွားတော့ ဘာလို့အဲ့ဒီလိုပေးဖြစ်ခဲ့လဲဆိုတာ ခံစားမိသွားခဲ့ပါတယ်။ ပိုထူးခြားတာက remake လို့မထင်ရလောက်အောင်ကို တကယ်ကောင်းတဲ့ကားလေးတစ်ကားလို့ ထင်မိပါတယ်။ဒီကားလေးထဲမှာ သိုးနဲ့ပတ်သက်တဲ့စကားလေးနှစ်ခွန်းပါပါတယ်။ ပထမတစ်ခွန်းက မျက်စိမှုန်တဲ့သိုးလေးတွေက အကောင်ကြီးတွေစားတာကိုခံရတယ်တဲ့။ ဒုတိယတစ်ခွန်းက သိုးလေးတွေက စားစရာသာပေးထားရင် သူတို့သိုးမွှေးတွေကိုရိတ်ပစ်လည်း ဂရုမစိုက်ပါဘူးတဲ့။ အန္တရာယ်ကိုကြိုမမြင်နိုင်ဘူးပေါ့။ အဲ့ဒါကြောင့် သိုးလေးတွေကဖြူစင်သလို သနားဖို့လည်းကောင်းပါတယ်။ ပြီးတော့ သူတို့ကိုစောင့်ရှောက်ပေးဖို့ သိုးထိန်းကောင်းတစ်ယောက်လည်း လိုအပ်ပါတယ်။လီဝေကျယ်ဆိုတဲ့ ရုပ်ရှင်ရူးအင်တာနက်ပိုင်ရှင်ဆီမှာ ဖိန်ဖိန်ဆိုတဲ့ သမီးလေးရှိပါတယ်။ ဆယ်ကျော်သက်အရွယ်မိန်းကလေးတို့ထုံးစံအတိုင်း အိမ်မှာအဖေနဲ့သိပ်မတည့်ကြပါဘူး။ သူတို့မိသားစုကို ၁၈၀ ဒီဂရီပြောင်းလဲသွားအောင် လုပ်လိုက်တာကတော့ ဖိန်ဖိန်ရဲ့နွေရာသီစခန်းလေးပဲဖြစ်ပါတယ်။အရွယ်နုနယ်တဲ့သိုးငယ်လေး ဖိန်ဖိန်လေးကတော့ သိုးထိန်းမရှိတဲ့အချိန် နွေရာသီစခန်းမှာ လူငယ်သဘာဝအတိုင်း မှားခဲ့မိရာကနေ ချန်ပန်းတစ်မြို့လုံး အုတ်အုတ်သဲသဲဖြစ်သွားတဲ့အထိ ပြဿနာတွေကြီးမားသွားခဲ့ပါတယ်။ ဖိန်ဖိန်ကို ကျူးလွန်စော်ကားတဲ့သူက တစ်ခြားသူမဟုတ်ဘဲ ရဲမှူးကြီးရဲ့သားဖြစ်နေတော့ သာမာန်ပြည်သူတစ်ယောက်နဲ့ အာဏာပိုင်ရဲအရာရှိတို့ကြား လွန်ဆွဲမှု၊ ဉာဏ်ကစားမှုတွေကို စိတ်ဝင်တစားကြည့်ရှုရမှာမို့ လက်လွှတ်မခံသင့်တဲ့ ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် ။ ။အညွှန်း နဲ့ ...
movie
Sheep Without a Shepherd (2019)
2019
6.3
Shallow ( 2022 )
ဒီတစ်ခါမှာတော့ CM ပရိတ်သတ်တိုအတွက် ကြည့်ရင်းနဲ့ အားတက်လာစေမယ့် အမျိုးသမီးလက်ဝှေ့ရုပ်ရှင်ကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ အမျိုးသမီးလက်ဝှေ့လက်ရွေးစင်တစ်ယောက်ဖြစ်တဲ့ ပိုင်ယန်ဟာ လွန်ခဲ့တဲ့ ၆ နှစ်လောက်က အမှားတစ်ခုကြောင့် ထောင်ကျခဲ့ပြီး တစ်နှစ်အရွယ်သားလေးနဲ့ ခွဲခွါခဲ့ရပါတယ်။ထောင်ထဲက ထွက်လာပြီးနောက် သားလေးနဲ့တူတူ ပြန်နေချင်ပေမဲ့ သူမရဲ့ အခြေအနေကြောင့် အစ်မဖြစ်သူရဲ့ တားဆီးခြင်းကို ခံခဲ့ရပါတယ်။ လက်ဝှေ့ပဲထိုးတတ်တဲ့ သူမဟာ လက်ဝှေ့နည်းပြရှန်ဟောက်ရဲ့ အကူအညီနဲ့ အောင်မြင်အောင် ဘယ်လိုကြိုးစားမလဲ...... သူတို သားအမိတတွေ ပြန်လည်ဆုံဆည်းနိုင်ပါ့မလား ဆိုတာကို ရုပ်ရှင်ကြည့်ရင်း လိုက်ပါခံစားလိုက်ပါဦး... Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama Runtime : 1h 36 min Subtitle : Myanmar Subtitle ( Hardsub ) Translated by Chu Chu , Moon Encoded by LK
movie
Shallow ( 2022 )
6.2
Coffee or Tea? ( 2020 )
Entrepreneur ကိုမစိမ်းကြပေမယ့် social entrepreneur ကို စိမ်းနေကြတဲ့သူတွေလေ့လာလချင်သူတွေ မဖြစ်မနေကြည့်သင့်တဲ့ကားလေးနော်ဇာတ်ကားလေးက ကောင်လေး၃ ယောက်ကို အခြေခံရိုက်ကူးထားတာပါတစ်ယောက်က ငယ်စဉ်တည်းက ငွေမက်ပြီး ရောင်းလို့ရသမျှအကုန်ရောင်းပြီး စီးပွါးရေးတွေလုပ်လာခဲ့သူပေါ့... ဒါပေမယ့် သူလုပ်ငန်းတိုင်းကြာရှည်မမြဲခဲ့ပါဘူးဒီလိုမမြဲလို့လည်း သူအိပ်မပျော်တဲ့ရောဂါဖြစ်ပြီး နောက်ဆုံး စိတ်ရောဂါဆရာဝန်နဲ့ ဆွေးနွေးမှု ခံယူနေရတယ်...နောက်တစ်ယောက်က ရွာကနေ မြို့တက်ပြီး ပါဆယ်လိုက်ပို့သူ delivery manအလုပ်ကို ဂုဏ်ယူစွာ လုပ်နေသူတစ်ယောက်။ သူက တစ်နေ့မှာ ရုတ်တရက်ကြီးအလုပ်ကထွက်လိုက်တယ်။ အကြောင်းကတော့ သူ့ရွာလေးကိုပြောင်းလဲပေးချင်လို့ သူရွာပြန်ပြီး ပါဆယ်ပို့လုပ်ငန်းလုပ်မယ်လို့ ရည်ရွယ်ပြီး ရွာပြန်လာသူပေါ့...ဒီလိုပဲ မြို့ကနေ ရွာပြန်လာသူတစ်ယောက်ရှိသေးတယ်။သူကကြတော့မိရိုးဖလာလက်ဖက်လုပ်ငန်းကို ဆန့်ကျင်ပြီးကော်ဖီလုပ်ငန်းလုပ်ချင်စိတ်ပြင်းပြနေသူပေါ့... ဒါပေမယ့် ကော်ဖီစိုက် ကော်ဖီကျိတ်ကော်ဖီနှပ်ချင်ပေမယ့် စီးပွါးဖြစ်လုပ်ဖို့ စိတ်ကူးမရှိသူတစ်ယောက်ပါ။ဒီလို ၃ ယောက် ပေါင်းစည်းပြီး ဘယ်လိုတွေ society ကိုအကျိုးပြုအောင်စွန့်ဦးတီထွင်လမ်းဖောက်တယ်ဆိုတာ သေချာလေ့လာရင် လေ့လာသလို ပညာရတဲ့ဇာတ်ကားလေးပါ...အားလုံး အိပ်ပျော်သောညများပိုင်ဆိုင်နိုင်ကြပါစေ Quality : WEB-DL 720pFormat : mp4During ...
movie
Coffee or Tea? ( 2020 )
7.3
The Bravest (2019)
The Bravest(2019) အညွှန်း***********************(zawgyi)ကျန်းကျိဝေ ဆိုတာ သိပ်တော်တဲ့မီးသတ်ခေါင်းဆောင်တစ်ယောက်....အတွေ့အကြုံလည်းများသလို တစ်ဒင်္ဂအတွင်းမှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကြောင့် ငယ်သားတွေကလည်း လေးစားအထင်ကြီးကြတယ်..တစ်နေ့တော့ မီးလောင်မှုတစ်ခုမှာ သူတို့အဖွဲ့ ကယ်ဆယ်ရေးလုပ်ကြတယ်...ကလေးတစ်ယောက်ကို ကျန်းကျိဝေခက်ခက်ခဲခဲကယ်ထုတ်နိုင်ခဲ့တယ်... ဒါပေမယ့် သူကလွဲလို့ မီးသတ်တစ်ဖွဲ့လုံးမမျှော်လင့်တဲ့ ဂစ်အိုးပေါက်ကွဲမှုကြောင့် သေဆုံးကုန်ကြတယ်.....ကျန်းကျိဝေအတွက် စိတ်ဒဏ်ရာအရဆုံးဖြစ်သလို ဦးတည်ရာမဲ့ရပ်တည်နေသလိုခံစားရတယ်...စိတ်ပညာဆရာဝန်တွေရဲ့ဆုံးဖြတ်ချက်အရမူမမှန်သလိုဖြစ်နေတဲ့သူ့ကို မီးသတ်အဖွဲ့ကလည်း နှုတ်ထွက်စေချင်ကြတယ်.... တစ်နေ့တော့ တရုတ်နိုင်ငံရဲ့အကြီးဆုံး ဆိပ်ကမ်းရေနံသိုလှောင်ကန်ကြီး ပယောဂတစ်ခုကြောင့် မီးလောင်မှုဖြစ်ပွားခဲ့တယ်....အကြီးဆုံးရေနံသိုလှောင်ကန်ဆိုတော့ တကယ့်ကို ကပ်ဆိုးကြီးဆိုက်တာပါပဲ...အခက်အခဲဆုံးမီးလောင်မှုတွေမတားနိုင်ခဲ့ရင် အက်တမ်ဗုံး အလုံး ၂၀ အားနဲ့ ညီမျှတဲ့ပေါက်ကွဲမှုဖြစ်နိုင်တယ်လို့ကျွမ်းကျင်ပညာရှင်တွေကဆိုကြတယ်....ဘယ်လောက်တောင်အားကြီးမလဲစဉ်းစားသာကြည့်တော့... ကျန်းကျိဝေတို့မီးသတ်အဖွဲ့တွေ နဲ့ တာဝန်ရှိသူတွေ ဘယ်လိုတားဆီးကြမလဲဆိုတာ စောင့်ကြည့်လိုက်ကြပါဦး... ဒီကားက ဖြစ်ရပ်မှန်ကိုအခြေခံပြီးရိုက်ကူးထားတာပါ... မီးသတ်နေတာကိုကြည့်ရုံနဲ့ ပျင်းစရာဇာတ်ကားကြီးလို့ထင်ရင်တော့မှားသွားလိမ့်မယ်...အစကနေအဆုံးထိ တကယ့်ကို ရင်တထိတ်ထိတ်နဲ့ကြည့်ရတာပါ..ကိုယ်တိုင်မီးသတ်တပ်ဖွဲ့ထဲရောက်သွားသလိုခံစားရပြီး ဖြစ်နိုင်ခြေတွေ လိုက်ကြည့်ရတာ ခင်ဗျားတို့ပါဇောချွေးပြန်လာလိမ့်မယ်... ရိုက်ချက်တွေကလည်း တကယ့်ကိုခမ်းနားသလို တခြားနိုင်ငံရဲ့ အထင်ကြီးလောက်စရာ နည်းစနစ်တွေကို အားကျစရာမြင်တွေရပါ့လိမ့်မယ်.... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Ba Chit ပဲဖြစ်ပါတယ်.....(Unicode)ကျန်းကျိဝေ ဆိုတာ သိပ်တော်တဲ့မီးသတ်ခေါင်းဆောင်တစ်ယောက်....အတွေ့အကြုံလည်းများသလို တစ်ဒင်္ဂအတွင်းမှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကြောင့် ငယ်သားတွေကလည်း လေးစားအထင်ကြီးကြတယ်..တစ်နေ့တော့ မီးလောင်မှုတစ်ခုမှာ သူတို့အဖွဲ့ ကယ်ဆယ်ရေးလုပ်ကြတယ်...ကလေးတစ်ယောက်ကို ကျန်းကျိဝေခက်ခက်ခဲခဲကယ်ထုတ်နိုင်ခဲ့တယ်... ဒါပေမယ့် သူကလွဲလို့ မီးသတ်တစ်ဖွဲ့လုံးမမျှော်လင့်တဲ့ ဂစ်အိုးပေါက်ကွဲမှုကြောင့် သေဆုံးကုန်ကြတယ်.....ကျန်းကျိဝေအတွက် စိတ်ဒဏ်ရာအရဆုံးဖြစ်သလို ဦးတည်ရာမဲ့ရပ်တည်နေသလိုခံစားရတယ်...စိတ်ပညာဆရာဝန်တွေရဲ့ဆုံးဖြတ်ချက်အရမူမမှန်သလိုဖြစ်နေတဲ့သူ့ကို မီးသတ်အဖွဲ့ကလည်း နှုတ်ထွက်စေချင်ကြတယ်.... တစ်နေ့တော့ ...
movie
The Bravest (2019)
2019
8.1
Dying to Survive ( 2018 )
Chinese All Time Box Office မှာ 3.097 billion ၀င်ငွေရရှိထားပြီးနံပါတ် ၅ ချိတ်ထားတဲ့ဇာတ်ကားလေးဖြစ်တဲ့ Dying To Survive ကိုတင်ဆက်ပေးလိုက်ပါတယ် IMDb Rate ကလည်း 8.1 ပဲဖြစ်ပါတယ်ကောင်းလားမကောင်းလားဆိုတာတော့ သိပ်ပြောနေစရာတောင်မလိုပါဘူး ဇာတ်လမ်းအကျဉ်းကတော့ တိုင်းပြည်ထဲမှာCMLရောဂါသည်တွေအများအပြားရှိနေပါတယ်..CMLလူနာတွေဟာ Glinicဆိုတဲ့ဆေးကိုအမြဲမပြတ်သုံးစွဲနေရမယ့်သူတွေပါ...တရားဝင်Glinicဆေးတွေဟာဈေးနှုန်းမြင့်မားလွန်းတဲ့အတွက်သာမန်လူတွေအဖို့လက်လှမ်းမမှီနိုင်ဖြစ်ရပြီးဆေးမရပဲသေဖို့စောင့်နေသူတွေများလာပါတယ်..ဒီအချိန်မှာပဲ အိန္ဒိယက copyယူပြီးထုတ်ထားတဲ့ Glinicဟာဈေးနှုန်းအားဖြင့်အရမ်းနည်းနေပြီးအာနိသင်တူနေတာကိုCML လူနာတစ်ယောက်ကသတိထားမိလာပါတယ်..ဒါပေမယ့်အိန္ဒိယGlinicဟာတားမြစ်ဆေးအဖြစ်သတ်မှတ်ခံထားရပါတယ်..ဘယ်လိုတွေဆက်ဖြစ်မယ်ဆိုတာ ဆက်လက်ကြည့်ရှုခံစားပါ အညွှန်းနဲ့ဘာသာပြန် ဖြိုးဇော်ဖြစ်ပါတယ်Encoded By LK
movie
Dying to Survive ( 2018 )
2018
7.2
Wrath of Silence ( 2017 )
တရုတ်ပြည်ရဲ့ တနှစ်တာဇာတ်ကားတွေထဲမှာကြည့်သင့်တဲ့ ဇာတ်ကား List ထဲမှာ နေရာယူထားတဲ့ Wrath Of Silence ဆိုတဲ့ကားလေးနဲ့တင်ဆက်ပေးလိုက်ပါတယ်IMDb Rate ကလည်း 7.2 ထိရထားပါတယ်ဇာတ်လမ်းအညွှန်းကတော့...သိုးကျောင်းရင်းပျောက်သွားတဲ့သားကိုလိုက်ရှာနေတဲ့မိုင်းတွင်းလုပ်သား အဖေတစ်ယောက်လိုင်စင်မရှိပဲ သတ္တုတူးတဲ့မိုင်းတွင်းပိုင်၇ှင်သူဌေးတစ်ယောက်အဲ့ဒီအမှုမှာပါဝင်ပတ်သက်နေတဲ့ရှေ့နေတစ်ယောက် တို့ ကြားထဲကပတ်သတ်မှုဇာတ်လမ်းလေးပါပဲ..သားပျောက်ရှာနေတဲ့အဖေကရောပြန်လည်ရှာတွေ့နိုင်ပါ့မလား..ဥပဒေကိုလက်တလုံးခြားလုပ်တဲ့သတ္တုခိုးတူးတဲ့သူငှေးကရောဘယ်လို လှည့်ကွက်တွေလာမလဲဥပဒေအရာရှိေ ရှ့နေကရော ဘယ်လိုပါဝင်ပတ်သတ်နေတာလဲသူတို့၃ယောက်ကြားက ဆက်စပ်မှုရောဘယ်လိုရှိမလဲဆိုတာကိုယ်တိုင်ဆက်လက်ခံစားကြည့်ရှုပါ အညွှန်းနဲ့ဘာသာပြန် Ei Pyae ဖြစ်ပါတယ်Subbed & Encoded By LK
movie
Wrath of Silence ( 2017 )
2017