Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Takeshi Kitano
6.7
Kubi (2023)
လည်ပင်းလို့အဓိပ္ပာယ်ရတဲ့ Kubi ဂျပန်ဆာမူရိုင်းရုပ်ရှင်မှာခေါင်းဖြတ်တာတွေကိုတော့ ပေါပေါများများမြင်တွေ့ရမှာဖြစ်ပါတယ်။ Takeshi Kitano က ကိုယ်တိုင်ရေးသားရိုက်ကူးထားတဲ့အပြင် ကိုယ်တိုင်လည်းပါဝင်သရုပ်ဆောင်ထားပါတယ်။၁၅၈၂ ခုနှစ် စံဂိုကုခေတ်ကာလကဖြစ်ပွားတဲ့ခဲ့သမိုင်းဝင်အဖြစ်အပျက် Honnō-ji ကို ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ ရုပ်ရှင်ကို ၁၆ ရာစုမှာအခြေတည်ထားပြီး ပြိုင်ဘက်စစ်နယ်ရှင်တွေဟာ ဂျပန်ကိုထိန်းချုပ်ခွင့်ရဖို့ အပြိုင်အဆိုင်ကြိုးစားလျက်ရှိတဲ့ခေတ်ကာလဖြစ်ပါတယ်။ ဂျပန်နိုင်ငံတစ်ခုလုံးကိုထိန်းချုပ်နိုင်ဖို့ရည်ရွယ်ထားတဲ့အရှင်အိုဒါနိုဘူနာဂါဟာ မျိုးနွယ်စုတွေအများကြီးနဲ့ စစ်ပွဲဆင်နွှဲနေစဉ်မှာပဲ သစ္စာခံတစ်ယောက်ဖြစ်တဲ့အာရာကီမူရာရှီဂီက ပုန်ကန်ထကြွပြီး စစ်ရှုံးချိန်မှာပျောက်ချင်းမလှပျောက်သွားခဲ့ပါတယ်။ နိုဘူနာဂါကမီဆူဟီဒီနဲ့ဟီဒီယိုရှီအပါအဝင် တခြားသစ္စာခံတွေကိုစုစည်းပြီးဝရမ်းပြေးမူရာရှီဂီကိုဖမ်းဖို့အမိန့်ပေးလိုက်တဲ့အပြင်ကြိုးစားသူတိုင်းကိုလည်း သူ့နေရာကိုဆက်ခံခွင့်ပေးမယ်လို့ကြေညာလိုက်ပါတယ်။နိုဘူနာဂါရဲ့နေရာကိုဆက်ခံချင်သူတိုင်းက အမျိုးမျိုးသောစိတ်ကူးတွေ၊ အကြံအစည်တွေ၊ ထောင်ချောက်တွေနဲ့အတူသိပ်မကြာခင်မှာပဲ ရှုပ်ထွေးတဲ့အခြေအနေတစ်ခုမှာထိပ်တိုက်ရင်ဆိုင်တွေ့မိကြပါတော့တယ်။နိုဘူနာဂါလာရောက်မယ့်ဟွန်နိုဂျီဘုရားကျောင်းမှာနိုဘူနာဂါရဲ့သစ္စာခံတွေအတွက် ဘယ်လိုကံကြမ္မာတွေကစောင့်ကြိုနေမယ်ဆိုတာကတော့ ဆက်လက်ကြည့်ရှု့ရမှာပဲဖြစ်ပါတယ်။ File size…2.45GB / 1.2GB Quality…WEB-DL 1080p / 720p Format…mp4 Duration….2h 11m Genre …..Action , Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie
Kubi (2023)
The Blind Swordsman: Zatoichi (2003)
The Blind Swordsman: Zatoichi (2003) ဇာတ်လမ်းအညွှန်း *******************************************************ဒီဇာတ်လမ်းလေးဟာ ဆာမူရိုင်း အကြောင်းရိုက်ကူးထားတဲ့ ဇာတိုအိချိ ဆိုတဲ့ ဇာတ်လမ်းတွဲကို ပြန်လည် အသက်သွင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်လေးပါမျက်မမြင် အနှိပ်သည်ယောင် ဆောင်ထားတဲ့ တုနှိုင်းမဲ့ ဓားသမားတစ်ယောက် ခြေဦးတည့်ရာ လျှောက်သွားရင် လူမိုက်ဂိုဏ်းတွေ ကြီးစိုးနေတဲ့ မြို့လေးတစ်မြို့ဆီ ရောက်လာခဲ့တယ်။မြို့ကိုရောက်တဲ့အချိန်မှာ လယ်သမား မိသားစုလေးတစ်ခုနဲ့ တွေ့မိပြီး အပြန်အလှန် ရိုင်းပင်းကူညီရင်း ခင်မင်သွားခဲ့တယ်။တစ်နေ့မှာတော့ မျက်မမြင်အနှိပ်သည်ဟာ စိတ်ပြေလက်ပျောက် လောင်းကစားဝိုင်းသွားရာမှ ဝိုင်းမှာ မတရားလုပ်နေတဲ့ လူမိုက်ဂိုဏ်းကို နှိပ်ကွပ်ဆုံးမလိုက်တာကြောင့် လူမိုက်ဂိုဏ်းတွေရဲ့ ရန်ငြိုးထားခြင်းကို ခံခဲ့ရပါတယ်။တစ်ချိန်တည်းမှာပဲ ကလေးဘဝမှာ တောပုန်းဓားပြတွေရဲ့ လက်ချက်ကြောင့် မိဘတွေနဲ့ မျိုးရိုးဂုဏ်ကိုပါ ဆုံးရှုံးလိုက်ရတဲ့ မောင်နှမလေးနှစ်ယောက်ကလည်း လက်စားချေဖို့ ကြိုးစားရင်း အဆိုပါ မြို့လေးကို ရောက်ရှိလာကြပါတယ်။မျက်မမြင်အနှိပ်သည် တစ်ယောက် လူမိုက်ဂိုဏ်းရဲ့ ရန်က လွတ်ပါ့မလား၊ မောင်နှမလေးနှစ်ယောက်ကကော သူတို့မိဘတွေအတွက် သွေးကြွး ဆပ်နိုင်ပါ့မလား ဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ကြပါစို့။ File Size - 2.2GbQuality - Blu-ray 1080p 5.1chDuration ...
movie
The Blind Swordsman: Zatoichi (2003)
7.7
Battle Royale (2000)
Battle Royale (2000) ဒီကားအကြောင်းကို မပြောခင် Pubg ဆိုတဲ့Gameကို အားလုံးသိကြမယ်ထင်ပါတယ် Pubg ကို ရေးဆွဲခဲ့တဲ့ သူက ဒီကားကိုကြည့်ခဲ့ပြီး ဂိမ်းအဖြစ်ပြန် အသက်သွင်းဖို့ အကြံရခဲ့တယ်လို့ဆိုထားပါတယ် ဇာတ်လမ်းအကျဉ်းအနေနဲ့က ဂျပန်နိုင်ငံဟာ လူဦးရေတွေထူထပ်လျက်ရှိပြီး အလုပ်အကိုင်လဲရှားပါးနေပါပြီ အထက်လူကြီးတွေရဲ့ မစီမံနိုင်တဲ့အပေါ် ကျောင်းသား လူငယ်တွေကလဲ သပိတ်မှောက်ကြပါတယ် ဒီမှာတင် အစိုးရအဖွဲ့က ကျောင်းသင်ခန်းစာအသစ်တစ်ခုတိုးပေးလ်ုက်ပါတယ် BR actလို့ခေါ်တဲ့ ဒီသင်ခန်းစာဟာ ကျောင်းသားတွေကို ကျွန်းတစ်ကျွန်းပေါ်ပို့ အချိန်၃ရက်အတွင်း ရှင်သန်သူတစ်ယောက်ထဲကျန်တဲ့အထိ အချင်းချင်းသတ်ဖြတ်စေပါတယ် နှစ်စဉ် နိုင်ငံတစ်ဝှမ်းလုံးက ၈တန်းကျောင်းသားတွေထဲက အတန်းခွဲတစ်ခုကို ကျပန်းရွေးချယ်ပြီး ကျင်းပလေ့ရှိတဲ့ BR actသင်ရိုးကို နာနာဟာရာတို့အတန်းက ကံထူးပြီးသင်ရတဲ့အခါမှာတော့... ဘာတွေဖြစ်လာမလဲ ဆက်လက်ကြည့်ရှူလိုက်ကြပါ File Size : (1gb) and (600 MB) Quality : blu-ray 720p Running Time : 1h 54min Format : Mp4 Genre : Adventure, Drama, Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Source : Bluray.1080p.x264-RSG Translated by Waizin ...
movie
Battle Royale (2000)
2000
6.4
Ghost in the Shell ( 2017 )
မတ်လထဲမှာ ရုံတင်ပြသခဲ့တဲ့ သိပ္ပံစိတ်ကူးယဉ်ကားသစ်ကို တင်ပေးလိုက်ပါတယ်။ဂျပန်နာမည်ကြီး Anime ကို ပြန်လည်ရိုက်ကူးထားတဲ့ liv-action ဖြစ်သလိုမင်းသမီး စကားလက် ဂျိုဟန်ဆန်လည်းဖြစ်တာမို့ မထွက်ခင်ကတည်းကလူအတော်များများ စိတ်ဝင်စားနေကြပါတယ်။လက်ရှိမှာတော့ IMDb မှာ 6.8 ရထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အနာဂါတ်ကာလတစ်ခုမှာလူသားတွေဟာ နည်းပညာတွေ တိုးတက်လာနေပြီးစက် နဲ့ လူသားတွေကြားက စည်းကို ဖြတ်ကျော်သွားခဲ့ပါပြီ။လူသားတွေကိုယ်ထဲမှာ စက်အစိတ်အပိုင်းတွေအစားထိုးပြီးစွမ်းအင်မျိုးစုံကို မြှင့်တင်နေနိုင်ပါပြီ။ ဒါပေမယ့် မေဂျာဆိုတဲ့မိန်းကလေးကတော့ ခန္ဓာတစ်ခုလုံးကို ပြုလုပ်ဖန်တီးပြီးတော့မှလူသားအစစ်ရဲ့ ဦးနှောက်နဲ့ ပေါင်းစပ်ထားတဲ့ ပထမဆုံးမျိုးဆက်အဖြစ် ပေါ်ပေါက်လာခဲ့ပါတယ်။သူဟာ ဟန်ကာ စက်ရုပ်ကုမ္မဏီရဲ့ အစွမ်းထက်ဆုံး လက်နက်နဲ့အဆင့်မြင့်ဆုံး နည်းပညာတစ်ခု ဖြစ်လာခဲ့ပါတယ်။အဲဒီကုမ္မဏီရဲ့ သိပ္ပံပညာရှင်တွေကို လိုက်လံသတ်ဖြတ်နေတဲ့နည်းပညာအကြမ်းဖက်သမား ကူဇေးကို လိုက်လံဖမ်းဆီးဖို့ကြိုးစားရင်းနဲ့ မထင်မှတ်တာတွေ ကြုံလာရပါတော့တယ်။အမှန်နဲ့အမှား၊ လူဆိုးနဲ့ လူကောင်း၊ မှတ်ဥာဏ် နဲ့အတိတ်စစ်တွေဟာ သူထင်သလို မရိုးရှင်းတာတွေကို သိလာရတဲ့အခါ.....(ဘာသာပြန် သူကတော့ Myoko Yeman ပါ)
movie
Ghost in the Shell ( 2017 )
2017
5.2
Outrage Coda (2017)
ဒီဇာတ်ကားလေးကတော့ ဂျပန်ရာကူဇာဂိုဏ်းတွေကြားကအကွဲအပြဲတွေကိုရိုက်ူးပြထားတဲ့ ဇာတ်ကားလေးပါ။ဆန်နိုရာကူဇာဂိုဏ်းနဲ့ ဟာနာဘူရှီရာကူဇာဂိုဏ်းတို့ကြား စစ်ပွဲတွေဖြစ်ပွားပြီး ၅နှစ်အကြာမှာပဲ ယခင်ရာကူဇာလူမိုက်ကြီးဖြစ်တဲ့ အိုတိုမိုဟာ ဂျပန်မှာရောကိုရီးယားမှာပါသြဇာရှိတဲ့ မစ္စတာချန်ဆီမှာ ခိုလုံအလုပ်လုပ်နေခဲ့ပါတယ်။ဖြစ်ချင်တော့ သူရှိတဲ့ဂျုယ်ဂျူကျွန်းကို ဟာနာဘူရှီဂိုဏ်းကလူတစ်ယောက်လာသောင်းကျန်းရာကစပြီး မစ္စတာချန်တို့ချက်ကလူတစ်ယောက်ဆုံးရှုံးသွားပါတယ်။အဲဒီပြဿနာကစပြီး နဂိုကမှ အတွင်းပိုင်းမှာ အကွဲအပြဲဖြစ်ချင်နေတဲ့ ဟာနာဘူရှီဂိုဏ်းဟာ မစ္စတာချန်နဲဲ့ပြဿနာကိုအရင်းပြပြီး အချင်းချင်းချောက်ချကြတော့တာပါပဲ။ရာကူဇာတွေကြား စီးပွားရေးလက်ဝါးအုပ်မှုတွေ၊ ရာကူဇာတွေဘယ်လိုသြဇာကြီးတယ် စီးပွားရေးဘယ်လိုလုပ်တယ်ဆိုတာတွေကိုတွေ့ရမယ့်အပြင် အချင်းချင်းဂိုဏ်းတွေကြား ပြဿနာတွေကိုလည်းတွေ့ရမှာပါ။အိုမိုတိုကတော့ တကယ်လက်စားချေနိုင်မလား။လူမိုက်ဟောင်းကြီး ဘယ်လိုအဆုံးသတ်မလဲ။ဇာတ်သိမ်းပိုင်းလေးကတော့ စိတ်ဝင်စားစရာကောင်းပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုသူရပါ)File Size : (850 MB) Quality : Blu-Ray 720p Running Time : 1hr 44min Format : Mp4 Genre : Action, Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Source : 1080p BluRay x264 DTS-REGRET Translated by Thura Zarni Aung Encoded by Thanhtike ...
movie
Outrage Coda (2017)
2017