Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Takehito Koyasu
Appleseed (2004)
အခုတစ်ခါတင်ဆက်ပေးချင်တာကတော့ နာမည်ကြီး japanese manga ကို movieအဖြစ်အသက်သွင်းထားတဲ့ Appleseed ဆိုတဲ့ကားလေးပဲဖြစ်ပါတယ်ဒီဇာတ်လမ်းလေးက 2131ခုနှစ်ကိုဇာတ်အိမ်တည်ထားပါတယ် လူသားတွေရဲ့ အမုန်းတရားတွေ အမျက်ဒေါသတွေ မတော်လောဘတွေကြောင့် တစ်ကမ္ဘာလုံးစစ်မြေပြင်ဖြစ်သွားပြီး အားလုံးနီးပါးပျက်စီးပြီးသွားတဲ့အချိန်မှာ တိုးတက်လှတဲ့နည်းပညာတွေနဲ့ဖန်တီးတည်ဆောက်ထားတဲ့ အိုလံပတ်စ်ဆိုတဲ့ စိတ်ကူးယဥ်နိုင်ငံလေးက တစ်ကမ္ဘာလုံးကိုအုပ်ချုပ်လျက်ရှိပါတယ်ဒူနန်နွန့် ဆိုတဲ့အမျိုးသမီးစစ်သည်တော်လေးဟာ တိုက်ရည်ခိုက်ရည်မှာထူးချွန်တာကြောင့်ရော ချောမောလှပသောရုပ်ရည်ရှိတာကြောင့်ရော ထင်ရှားကျော်ကြားတဲ့သူပါ သူမကို သူမရဲ့ချစ်သူဟောင်းဖြစ်တဲ့ ဘရီယာရီယိုစ်က စစ်မြေပြင်ကနေ ကယ်ဆယ်ပြီး အိုလံပတ်စ်ကိုခေါ်လာပေးခဲ့ပါတယ် ဘရီယာရီယိုစ်ကယခုအချိန်မှာစက်ရုပ်ခန္ဓာကိုယ်တပ်ဆင်ထားရတဲ့စက်ရုပ်တစ်ပိုင်းဖြစ်နေပါပြီ အဲ့ဒီအိုလံပတ်စ်ဆိုတဲ့စိတ်ကူးယဥ်နိုင်ငံလေးမှာ လူသားတွေနဲ့ထပ်တူကျအောင်ဖန်တီးထားတဲ့ ဘိုင်အိုရွိုက်ဆိုတဲ့ လူသားကလုန်းတွေက လူဦးရေတစ်ဝက်လောက်ရှိပါတယ် "ဘိုင်အိုရွိုက်"တွေဟာ တိကျတဲ့ စိတ်ခံစားမှုတွေမရှိဘဲ သူတို့ရဲ့အဓိကတာဝန်က လူသားတွေအတွက် ငြိမ်းချမ်းမျှတအောင်ထိန်းညှိပေးဖို့ပဲဒါပေမဲ့ အုပ်ချုပ်ရေးပိုင်းတွေမှာနေရာရထားတဲ့ ဘိုင်အိုရွိုက်တွေကို မကျေမနပ်ဖြစ်ပြီး အတိုက်အခံလုပ်နေတဲ့ လူသားတစ်စုလည်းရှိပါတယ် အဲ့ဒါကြောင့် လူသားနဲ့ဘိုင်အိုရွိုက်တွေ့ရဲ့ကြားမှာ တင်းမာမှုတွေ ပဋိပက္ခတွေရှိနေပါတယ် ဒူနန်တစ်ယောက် အိုလံပတ်စ်ကိုရောက်သွားပြီးနောက်မှာ အိုလံပတ်စ်ကိုထိပါးလာတဲ့ လူတစ်စုရဲ့တိုက်ခိုက်မှုတွေကို ခုခံကာကွယ်ရင်း သူမ,မမှတ်မိတဲ့ သူမရဲ့အတိတ်ကအကြောင်းတွေကိုပါ သိရှိလိုက်ရပါတယ်..... File size…(2.2 GB)/(1.2 ...
movie
Appleseed (2004)
8.4
Violet Evergarden: The Movie (2020)
Violet Evergarden : The Movie(2020)---------------------------------------------------IMDb Rating - 8.4/10Rotten Tomatoes- 99%ဒီကားကိုတော့ အားလုံးသိကြမှာပါ။Release Dateပြန်ပြန်ရွှေ့ခဲ့ရပေါင်းလည်း မနည်းပါဘူး။2019ကတည်းက ထွက်လာခဲ့သင့်ပေမယ့် Kyoto Animationစတူဒီယိုမီးရှို့ခံခဲ့ရတာကြောင့်2020 ကိုမှ ထွက်လာနိုင်ခဲ့ပါတယ်။April 2020မှာ ရုံတင်ဖို့ စီစဉ်ထားပေမယ် ကိုဗစ်-၁၉ကြောင့် September အထိ ထပ်ရွှေ့သွားပါတယ်။အကြည်(CamRip)ကတော့ ဒီလမှ ထွက်လာတာပေါ့။ဒီကားက 2018က ထွက်ခဲ့တဲ့ Violet Evergarden စီးရီးနဲ့ 2019တုန်းက ထွက်ခဲ့တဲ့Violet Evergarden: Eternity and the Auto Memory Dollဇာတ်ကားရဲ့အဆက်ပါအဆက်ဆိုပေမယ့်လည်း ရှေ့ကားတွေမကြည့်ဘဲ ဒီတိုင်းတန်းကြည့်လို့ရတဲ့ကားပါဇာတ်လမ်းအကျဉ်းကတော့…Violet Evergardenက စစ်ဖြစ်နေချိန်အတွင်းမှာ လက်နက်အနေနဲ့ အသုံးချခံခဲ့ရတဲ့ ကလေးစစ်သားတစ်ယောက်ပါ။အဲ့စစ်ပွဲကြောင့်ပဲ သူလက်နှစ်ဖက်လုံးကို ဆုံးရှုံးခဲ့ရတဲ့သူပါ။ စစ်ပြီးသွားတဲ့နောက်မှာတော့ ဆုံးရှုံးလက်နှစ်ဖက်လုံးနေရာမှာ လက်အတု(စက်)ကိုအစားထိုးခဲ့တယ်။ နောက်တော့ စစ်တုန်းက သိခဲ့ရတဲ့ ဒုတိယဗိုလ်ချုပ်ကြီးအကူအညီနဲ့ ...
movie
Violet Evergarden: The Movie (2020)
2020
7.0
Hello World (2019)
Hello World(2019)ဒီဇာတ်ကားလေးကတော့ ၂၀၂၇ ခုနှစ် Kyoto မြို့မှာ အခြေတည်ပြီး ဇာတ်လမ်းစထားပါတယ်နာအိုမီ ကာတာဂါကီ (Naomi Katagaki) ဆိုတဲ့ကောင်လေးဟာ စာဖတ်ရတာကြိုက်နှစ်သက်ပြီး တစ်ကိုယ်တည်းအေးဆေးသမားလေးပါ...တစ်နေ့ သူ စာကြည့်တိုက်က အပြန် ထူးဆန်းတဲ့အဖြစ်အပျက်တွေနဲ့အတူ လူတစ်ယောက်နဲ့တွေ့ဆုံခဲ့ပါတယ်ပိုပြီး ထူးဆန်းတာက အဲ့ဒီလူဟာ အနာဂတ်ကလာတဲ့ သူကိုယ်တိုင်ဖြစ်နေတာပါပဲ...ဒီမှာဇာတ်လမ်းစပြီး အနာဂတ်က သူက ဘာလာလုပ်တာလဲ?? ဘာတွေဆက်ဖြစ်လာမှာလဲ?? ဆိုတာတွေကိုတော့ ဒီဇာတ်ကားလေးထဲမှာ စိတ်ဝင်တစားကြည့်ရှူရမှာပဲဖြစ်ပါတယ်ဒီကားလေးက Anime ချစ်သူတွေအတွက် မလွတ်တမ်းကြည့်ရှူသင့်တယ်လို့ ကျွန်တော်တော့ထင်မိပါတယ်...ဇာတ်လမ်းက Anime တို့ ထုံးစံအတိုင်း မတူကွဲပြားတဲ့ပုံစံနဲ့ ဆွဲဆောင်ထားတယ်...Kyoto မြို့ကြီးကို မြင်နေကြတဲ့မဟုတ် ပုံစံနဲ့တွေ့ရတာရယ် လှပတဲ့ရှုခင်းတွေ ဇာတ်ဝင်တေးကောင်းကောင်းလေးတွေနဲ့ ကြည့်ရတာ တော်တော်လေးအရသာရှိပါတယ်...ကဲ ပြောနေကြာတယ် အခုပဲ ကြည့်ရှူခံစား အားပေးကြပါဦး...(E sub ကနေ ဘာသာပြန်ထားတာဖြစ်တဲ့အတွက် လိုအပ်ချက်လေးတွေရှိခဲ့ရင် နားလည်ခွင့်လွှတ်ပေးကြပါ...ဇာတ်ဝင်တေးတွေကအစ သေသေချာချာလေး အကောင်းဆုံးပြန်ဆိုပေးထားလို့ အားရကျေနပ်ကြလိမ့်မယ်လို့မျှော်လင့်မိပါတယ်...တစ်လက်စတည်း.. ဘာသာပြန်ဆိုရာမှာ ဂျီကျသမျှမငြီးမငြူ ...
movie
Hello World (2019)
7.1
Batman Ninja (2018)
"Batman ရဲ့ဇာတ်လမ်းအားလုံးကို သင်ကြားဖူးလား။အားလုံးကိုမကြားဖူးတာတော့သေချာပါတယ်။"တကယ်လည်းအကုန်မကြားဖူး မမြင်ဖူးဆိုတာကို သက်သေပြတဲ့အနေနဲ့ Warner Bros. ကနေပြီးတော့ ဂျပန်ဒါရိုက်တာ Junpei Mizusaki နဲ့အတူပေါင်းပြီး Batman ကို ဂျပန် Anime ပုံစံထုတ်လိုက်ပါပြီ။Trailer ထွက်တုန်းက Superhero fan တွေကြားမှာအရမ်းရေပန်းစားခဲ့ပြီးတော့ Series အဖြစ်ထွက်ရှိမယ်လို့ အများထင်ကြေးပေးခဲ့ပေမယ့် တကယ်ထွက်လာတဲ့အခါမှာ Movie အဖြစ်သာထွက်ရှိလာခဲ့ပါတယ်။Animation ဇာတ်ကောင်တွေကို Anime ဇာတ်ကောင်အဖြစ် ဖန်တီးထားတာကြောင့် အမြင်ဆန်းသစ်နေမှာဖြစ်ပြီးတော့ Anime တို့ရဲ့ထုံးစံအတိုင်း Fight Scene တွေဟာလည်း သာမန် Animation ကားတွေနဲ့မတူပဲ သာလွန်ပြီး ကွဲထွက်နေပါတယ်။ဇာတ်လမ်းအကျဉ်း ------------------ Batman ဟာ Gotham မြို့မှာ Gorila Grodd ကိုတိုက်ခိုက်နေပါတယ်။ ထိုအချိန်မှာ Grodd ရဲ့ အချိန်ယန္တရားအသက်ဝင်သွားတာကြောင့် ထိုအနီးအနားတစ်ဝိုက်မှာရှိတဲ့လူတွေအားလုံး ဂျပန်ပဒေသရာဇ်ခေတ်ကိုရောက်သွားကြပါတယ်။Batman ဂျပန်ပဒေသရာဇ်ခေတ်ကို ရောက်ရောက်ချင်းမှာပဲ ဆာမူရိုင်းတွေလိုက်ဖမ်းခြင်းကိုခံရကြောင့် ထွက်ပြေးရင်း တောထဲအရောက်မှာ Selina Kyle aka ...
movie
Batman Ninja (2018)
2018