Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Takehiro Murata
6.0
Godzilla 2000: Millennium (1999)
Godzilla 2000: Millennium (1999)=====================ဂေါ်ဇီလာဟာ ဂျပန်အတွက်တော့ သဘာ၀ရဲ့စွမ်းအားတစ်ရပ်ပဲဖြစ်ပါတယ်။သူ့နောက်ကြောင်းနဲ့ဆန်းကြယ်မှုတွေ ပဟေဠိတွေကို စိတ်ဝင်စားတဲ့ သိပ္ပံပညာရှင်နဲ့ဝါသနာတူတစ်စုဟာ ဂေါ်ဇီလာခန့်မှန်းရေးကွန်ယက်ဆိုတဲ့ (GPN) ကိုဖွဲ့စည်းပြီး သူ့အကြောင်းတွေ ရောက်လာနိုင်မယ့်အချိန်ကိုခန့်မှန်းတွက်ချက်နေကြပါတယ်။ အဲ့ဒီအချိန်မှာပဲ အရေးပေါ်အခြေအနေထိန်းသိမ်းရေးအဖွဲ့ (CCI) ဟာ နှစ်သန်းပေါင်းခြောက်ဆယ်သက်တမ်းရှိ အမည်မသိယာဉ်ပျံကြီးတစ်ခုကိုရေအောက်ကနေ ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ အဲ့ဒီအချိန်မှာပဲ မြေပေါ်ကိုပြန်တက်လာပြီဖြစ်တဲ့ ဂေါ်ဇီလာနဲ့ ဂျပန်ကာကွယ်ရေးတပ်ဖွဲ့တွေဟာ အပြင်းအထန်တိုက်ပွဲဆင်နွှဲနေကြပါတယ်။ တကယ်လို့ ဒီ ဂြိုလ်သားယာဉ်ပျံကြီးကပါ မိတ်ဆွေမဟုတ်ပဲ ရန်သူဖြစ်နေခဲ့မယ်ဆိုရင် အင်အားကြီး ရန်သူနှစ်ဦးကြားမှာ လူသားတွေအမှုန့်ခြေခံရတော့မှာပဲဖြစ်ပါတယ်။Godzilla 2000 ကတော့ Millennium era ရဲ့အဖွင့်ဇာတ်ကားပဲဖြစ်ပါတယ်။ပြန်လည်ခံစားကြည့်လို့ရပါပြီ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(1.9GB)/(900MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:39:00 Genre_Adventure Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias
movie
Godzilla 2000: Millennium (1999)
7.3
Pom Poko (1994)
Studio Ghibli ရဲ့ Masterpiece တွေထဲကတစ်ခုဖြစ်တဲ့Pom Poko ဆိုတဲ့ရုပ်ရှင်လေးကိုတင်ဆက်ပေးလိုက်ပါတယ်။ အညွှန်းအနေနဲ့ပြောပြရမယ်ဆိုရင် ဘာမှမပြောချင်တော့ပါဘူး။ အရမ်းကောင်းတယ် ကြည့်ဖြစ်အောင်ကြည့်ကြ မကြည့်မိရင် နောင်တရသွားလိမ့်မယ်လို့ပဲပြောချင်ပါတော့တယ် ¯\_(ツ)_/¯ စတာပါ တကယ်ပါ။ လုံးဝမပြောလို့ကလည်းမဖြစ်ပြန်သေးဘူးဆိုတော့လည်းနည်းနည်းလောက်တော့ပြောပြလိုက်ပါဦးမယ်။ဇာတ်လမ်းလေးကဒီလိုစပါတယ်....... ပုံစံမျိုးစုံကိုပြောင်းလဲနိုင်စွမ်းရှိတဲ့ ရက်ကွန်းဆိုတဲ့သတ္တဝါလေးတွေဟာတာမာတောင်ကုန်းကြီးပေါ်မှာပျော်ရွှင်စွာနေထိုင်ကြပါလေသတဲ့ .... ပျော်ရွှင်အေးချမ်းနေတဲ့သူတို့ရဲ့ကမ္ဘာလေးထဲကို လူဆိုတဲ့လောကမှာညဏ်အများဆုံး တစ်ကိုယ်ကောင်းအဆန်ဆုံးသတ္တဝါတွေကမြို့လည်ကောင်မှာလူနေထိုင်ဖို့နေရာမလုံလောက်တော့ဘူးဆိုတဲ့အကြောင်းပြချက်နဲ့တာမာတောင်ကုန်းမှာရှိတဲ့သစ်တောတွေကိုအပြောင်ရှင်းပြီးမြို့သစ်တစ်ခုတည်ဆောက်ဖို့ကြိုးစားကြပါတော့တယ် ...... အဲ့ဒီအခါ ရက်ကွန်းလေးတွေဟာ သူတို့ကိုယ်စွမ်းညဏ်စွမ်းရှိသလောက်သူတို့သစ်တောလေးကိုကာကွယ်ဖို့အစွမ်းကုန်ကိုနှစ်ရှည်စီမံကိန်းကြီးဆွဲပြီးကြိုးစားကြပါတယ်။ ဒါပေမဲ့လည်း လူသားတွေကသူတို့ရဲ့ပြိုင်ဘက်မဟုတ်ဘူးဆိုတာကိုအသက်ပေါင်းများစွာကိုစတေးပြီးတဲ့အချိန်မှသိခဲ့ကြရတဲ့အခါမှာ ....... ဒီရုပ်ရှင်ဟာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုမီးမောင်းထိုးပြနေတဲ့အဖိုးတန်ရုပ်ရှင်ကားတွေထဲကတစ်ခုဖြစ်ပါတယ်။လူသားတွေရဲ့ဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့အရာတွေအတွက် သဘာဝပတ်ဝန်းကျင်ဟာအခုအချိန်အထိ စတေးခံနေရတုန်းပဲဖြစ်ပါတယ်။နေရင်းဒေသတွေပျက်စီးမှုကြောင့် မရေမတွက်နိုင်တဲ့မျိုးစိတ်တွေမျိုးသုဥ်းပျောက်ကွယ်မှုနဲ့ရင်ဆိုင်နေရတဲ့ လက်ရှိကမ္ဘာကြီးရဲ့ရုန်းကန်နေရမှုတွေကဒီရုပ်ရှင်မှာပဲ့တင်ထပ်စေမှာဖြစ်ပါတယ်။ တိုးတက်မှုလို့နာမည်တပ်ထားတဲ့ နောက်ကွယ်မှာ ရင်ဆိုင်ရမယ့်အစားထိုးမရတဲ့ဆုံးရှုံးမှုတွေအတွက် သတိပေးချက်တစ်ခုလည်းဖြစ်တဲ့ဒီ Pom Poko ဆိုတဲ့ဇာတ်ကားလေးကို အတူတူလိုက်ပါစီးမြောခံစား၊ ဝမ်းနည်းစာနာနိုင်စေဖို့CM က ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ File size… 2.10 GB / 972 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 59m Genre ..... Animation , Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated ...
movie
Pom Poko (1994)
1994