Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Takato Yonemoto
8.4
Godzilla Minus One (2023)
Godzilla Minus One (2023) ===================== IMDb Rating - 8.3/10ဂျပန်နိုင်ငံရဲ့ ဂန္ဓဝင် ဂေါ်ဇီလာ ရှေးဟောင်းကားတွေကို အမှတ်တရဖြစ်စေမဲ့ စတိုင်နဲ့ ရိုက်ကူးထားတဲ့နောက်ဆုံးထွက် ဂေါ်ဇီလာကားပဲဖြစ်ပါတယ်။ ဂေါ် ဇီလာအမှတ်တံဆိပ်စတင်ခဲ့ပြီး နှစ် ၇၀ မြောက်အထိမ်းအမှတ်လည်းဖြစ်ပါ တယ်။ ဒီရုပ်ရှင်ဟာ ဘက်ဂျက် ၁၅ သန်းထဲနဲ့ ရိုက်ကူးထားပြီး ဂျပန် နဲ့ အမေ ရိကန်မှာတင် ၇၅ သန်းကျော် ပြန်ဝင်နေပါပြီ။ CGI သုံးထားတာဖြစ်ပေမဲ့ ဂန္ဓဝင် အရုပ်စတိုင်အတိုင်း တူအောင် ပြန်ဖန်တီးထားတာလည်းတွေ့ရပါတယ်။ IMdb မှာလည်း 8.4 တောင်ရရှိထားပါတယ်။ Godzilla (2014) ရဲ့ ဒါရိုက်တာ Gareth Edwards ကတော့ ဂေါ်ဇီလာရုပ်ရှင်ဆိုတာ ဒီလိုဖြစ်ရမှာဆိုပြီး အားကျသံကြီးနဲ့ မှတ်ချက်ပေးသွားပါသေးတယ်။ဇာတ်လမ်းအကျဉ်း - ဂေါ်ဇီလာရဲ့ မူလဂျပန်နာမည်ကတော့ ဂေါ်ဂျီရာဖြစ်ပြီး ဂေါ်ရီလာ (ဂျပန်သံ ဂေါ် ရီရာ) နဲ့ ဝေလငါး ကူဂျီရာတို့ကို ပေါင်းခေါ်ထားတာပါ။ ဂေါ်ဇီလာဆိုတာ သမိုင်း မတင်ခင် လက်ကျန် တွားသွားသတ္တဝါမျိုးနွယ် အနေနဲ့ ...
movie
Godzilla Minus One (2023)
2023
4K HEVC
5.7
Prisoners of the Ghostland (2021)
Prisoners of the Ghostland (2021)=========================IMDb Rating - 5.7/10မင်းသားကြီး Nicolas Cageရဲ့ 2021ထွက် အသစ်စက်စက် actionဇာတ်ကားကြီးရပါပြီ၊ ဒီကားကတော့ လူကြမ်းကြီးနဲ့မင်းသမီးလေး နှစ်ပါးသွားကြမယ့်ဇာတ်ကားပါ။ဇာတ်လမ်းအညွန်းကတော့ ဂျပန်ဆာမူရိုင်းတွေချည်းပဲ နေထိုင်တဲ့မြို့လေးတစ်မြို့ကို ဇတ်ဇတ်ကြဲဘဏ်ဓါးပြကြီး Heroတစ်ယောက် ဓါးပြသွားတိုက်ရာ အတိုက်မတော် တစ်ကျွန်းဆိုသလို ထောင်နန်းစံမြန်းလိုက်ရပါတယ်၊ဖြစ်ချင်တော့ အဲ့ဒီမြို့အကြီးအကဲရဲ့ မြေးမလေးဖြစ်သူ ဘားနစ်က Nightoutထွက်ရင်း Ghostlandလို့ခေါ်တဲ့ ဖုန်းဆိုးမြေတစ်ခုမှာပျောက်ချင်းမလှ ပျောက်ဆုံးသွားပါတယ်၊ မြေးမလေးကို ပြန်ရှာဖို့အတွက် အကြီးအကဲက ဓါးပြကြီး Heroကို သူ့ရဲ့ထောင်ဒဏ်နဲ့အပေးအယူလုပ်ခဲ့ပါတယ်၊ Heroတစ်ယောက် ဘားနစ်ကို Ghostlandကြီးထဲမှာ ကောက်ရိုးပုံထဲအပ်ပျောက်ရှာသလို လိုက်ရှာဖို့မြို့အကြီးအကဲပေးလိုက်တဲ့အချိန်က "၅ရက်"ထဲပါ။ဘားနစ်ကို ဓါးပြကြီးHeroတစ်ယောက် ဘေးမသီရန်မခပဲ ပြန်ခေါ်လာနိုင်မှာလား၊ ၅ရက်အတွင်း ပြန်မခေါ်လာနိုင်ရင် ဘာပြစ်ဒဏ်ခံရမလဲ၊ဘားနစ်ပျောက်ဆုံးသွားတဲ့ Ghostlandဆိုတာ ဘယ်လိုနေရာမျိုးလဲ၊ ဘယ်သူတွေကျက်စားနေကြတဲ့နေရာမျိုးလဲ၊ ဘာလျှို့ဝှက်ချက်တွေရှိနေလဲဆိုတာကို Nicolas Cage ဇာတ်ကားတွေရဲ့ထုံးစံအတိုင်း အရွန်းဖောက်ထားတဲ့ ဟာသတွေ၊ အပြောအဆိုခပ်ကြမ်းကြမ်း၊အလန်းစားအက်ရှင်တွေနဲ့ ရိုက်ကူးထားတာဖြစ်လို့ ...
movie
Prisoners of the Ghostland (2021)
2021
6.3
47 Ronin (2013)
47 Ronins (သို့မဟုတ်) ဂျပန်နိုင်ငံရဲ့သမိုင်းထဲက အံ့ဩမှင်သက်ဖွယ်ရာဖြစ်ရပ်မှာန်ဇာတ်လမ်းတစ်ပုဒ် အပြစ်တစ်ခုကိုလုပ်မိတဲ့အတွက် ပြစ်ဒဏ်ခတ်ခြင်းမခံရတဲ့အခါ ကမ္ဘာကြီးကဟန်ချက်ပျက်လာတယ်။ အမှားတစ်ခုကိုကျူးလွန်ခဲ့တယ်သူဟာ ဒဏ်ခတ်အပြစ်ပေးခြင်းမခံရတဲ့အခါ ကောင်းကင်ဘုံက ငါတို့ကိုရှက်စရာလူတွေအဖြစ်သတ်မှတ်လိုက်တယ်။ ဒီညငါတို့ရဲ့သခင်အတွက်ကလဲ့စားခြေပြီး ဆုံရှုံးသွားတဲ့တို့ရဲ့ဂုဏ်သိက္ခာကို ပြန်အဖက်ဆယ်ကြမယ်။ ငါတို့ထဲကဘယ်သူမှ ဘယ်အချိန်သေမယ် ဘယ်လောက်ကြာကြနေရမယ်ဆိုတာ မသိဘူး။ ဒါပေမယ့် အနှေးနဲ့အမြန် ငါတို့သေသွားတဲ့အခါ ငါတို့ရဲ့ရင်သွေးတွေအတွက်ချန်ထားခဲ့နိုင်တဲ့အရာဟာ ငါတို့ရဲ့နာမည်ကိုသူတို့ရဲ့ပါးစပ်ကထွက်တဲ့အခါ ဘယ်လောက်များများဂုဏ်ယူရမလဲဆိုတဲ့ခံစားချက်သာဖြစ်တာ်။ ဒါကဇာတ်ကားထဲက ဒိုင်ယာလော့တစ်ချို့ပါ။ ဒီဇာတ်ကားမှာ ဂျပန်နိုင်ငံရဲ့ အမှတ်အသားလိုဖြစ်နေတဲ့ ဆာမူရိုင်းတွေရဲ့ စည်းလုံးပုံနဲ့ ဆာမူရိုင်းရယ်လို့နာမည်တစ်လုံးနဲ့ ကမ္ဘာမှာခုချိန်ထိကျော်ကြားလောက်အောင်စွမ်းဆောင်နိုင်ခဲ့တဲ့ သူတို့ရဲ့သတ္တိနဲ့ မဆုတ်မနစ်တဲ့စိတ်ဓာတ်တွေကိုတွေ့မြင်ခံစားရမှာပါ။ ဂျပန်တွေဟာ သတ္တိအရမ်းကောင်းတယ်။ သေရမှာထက် ရှုံးရမှာကိုပိုပြီးရှက်ကြတယ်။ ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်ခေါင်းဆောင်တွေဟာ လက်နက်ချကြောင်းတရား၀င်ကြေငြာမယ့်သူကလွဲရင် ကျန်တဲ့စစ်ဗိုလ်တွေအားလုံး အဆုံးစီရင်သွားကြတယ်လို့ဖတ်ဖူးတယ်(မှန်မမှန်တော့မသိပါဘူး)။ သေတဲ့အခါမှာလည်း ဂုဏ်သိက္ခာရှိတဲ့သေခြင်းဆိုတာကို ကျွန်တော်တို့ချမ်းသာစည်းစိမ်ကိုလိုချင်တပ်မက်သလိုမျိုးကိုမက်မောကြတယ်။ ဒီဇာတ်ကားမှာလဲ ဆာမူရိုင်းတွေရဲ့သေခြင်းနဲ့ပက်သက်တဲ့စိတ်ထားကို ရင်သပ်ရှုမောစွာခံစားကြရလိမ့်မယ်။ သူတို့ဟာသေပြီးတဲ့နောက်မှာ ဂုဏ်သိက္ခာကို အရမ်းတန်ဖိုထားနေေသးတာကိုလေးနက်စွာနားလည်ရပါလိမ့်မယ်။ ဂျပန်နိုင်ငံရဲ့ဆာမူရိုင်းလောကမှာ ရိုနင်တွေဟာ ရှက်စရာအကောင်းဆုံးလူတွေဖြစ်တယ်။ဆာမူရိုင်းတစ်ေယာက်ဟာ သတ္တိကြောင်ပြီးတိုက်ပွဲကနေထွက်ပြေးခဲ့ရင်ပဲဖြစ်ဖြစ် တိုက်ပွဲမှာရင်ဆိုင်တိုက်ခိုက်ကြရင်း ရှုံးနိမ့်သွားခဲ့ရင်ပဲဖြစ်ဖြစ် သူ့သခင်အပေါ်မှာ တာ၀န်မကျေခဲ့ရင်ပဲဖြစ်ဖြစ် ရိုနင်တစ်ယောက်ဖြစ်လာရပါတယ်။ ဆာမူရိုင်းတွေရဲ့တာ၀န်ဟာ သူတို့ရဲ့ဆရာသခင်နဲ့ သူတို့နေတဲ့ဒေသကိုကာကွယ်စောင့်ရှောက်ဖို့ဖြစ်တဲ့အတွက် ရိုနင်တွေထဲမှာ ရှက်စရာအကောင်းဆုံးကတော့ ကိုယ့်ရဲ့ဆရာသေသွားလို့ ရိုနင်ဖြစ်လာတဲ့ သခင်မဲ့ဆာမူရိုင်းတွေပဲ။ ကိုယ့်ရဲ့အသုံးမကျညံ့ဖျင်းမှုနဲ့တာ၀န်မကျေမှုရဲ့ပြယုတ်မလို့ပါပဲ။ ဆာမူရိုင်းတို့ရဲ့စည်းကမ်းတွေဟာတင်းကြပ်လှပါတယ်။ တင်းကြပ်သလောက်လဲ ဖောက်ဖျက်မိရင် ရရှိမယ့်ပြစ်ဒဏ်က ပြင်ထန်လွန်းလှတယ်။ ဒီဇာတ်လမ်းမှာ အာကိုဆိုတဲ့ဒေသကိုအုပ်ချုပ်ရတဲ့ သခင်အာဆိုနိုဟာ သူ့ဆီကိုအလည်လာတဲ့သခင်ကီရာကို ဓားနဲ့ရွယ်ခဲ့မိတယ်။ ဖြစ်ချင်တော့ အဲ့ဒီ့အချိန်က ဂျပန်နိုင်ငံကိုအုပ်ချုပ်တဲ့စစ်ဗိုလ်ကြီးရှော့ဂန်းကလည်း သခင်အာဆာနိုရဲ့အိမ်မှာကျင်းပတဲ့ပြိုင်ပွဲအတွက်ရောက်နေတဲ့အချိန်လည်းဖြစ်တယ်။ အိမ်သူအိမ်သားတွေရှိနေတဲ့ ရဲတိုက်ထဲမှာ ဓားအိမ်ထဲကဓားကိုဆွဲထုတ်ခြင်းအတွက်ပြစ်ဒဏ်ကသေခြင်းပါ။ ဒီလိုနဲ့ သခင်အာဆာနိုရဲ့လက်အောက်က ဆာမူရိုင်းတွေဟာ သခင်မဲ့ရိုနင်တွေဖြစ်လာကြပါတယ်။ ဒါပေမယ့်သူတို့ဟာ သူတို့သခင်ရဲ့သေဆုံးခြင်းဟာ တစ်စုံတစ်ယောက်ရဲ့ပယောဂပါနေတယ်ဆိုတာကိုရိပ်မိခဲ့ကြပါတယ်။ အဲ့ဒီလိုနဲ့ပဲ အရှက်ကွဲခဲ့တဲ့ရိုနင်တွေဟာ သူတို့ရဲ့သိက္ခာကိုပြန်ဆယ်ဖို့နဲ့ သူတို့သခင်ရဲ့ဝိညဉ်တမလွန်မှာငြိမ်းချမ်းစွာအိပ်စက်အနားယူနိုင်ဖို့အတွက် ကလဲ့စားခြေနိုင်ဖို့ကြိုးစားခဲ့ပါတယ်။ ဘာတွေဘယ်လိုဆက်ဖြစ်ကြမှာလဲ သူတို့ကလဲ့စားခြေတာကရော အောင်မြင်မှာလား အဲ့ဒီ့နောက်မှာရော ဘာတွေဆက်ဖြစ်ကြမလဲခံစားကြည့်ပါဦး။ ---------------- ဒီဇာတ်ကားမှာ ထူးထူးခြားခြားလေးကတော့ John ...
movie
47 Ronin (2013)
2013
6.5
The Forest of Love (2019)
ဒီတစ်ခါမှာတော့CMပရိသတ်တွေကို Rating 6.5ရထားတဲ့ ဂျပန်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ကားလေးကတော့ဖြစ်ရပ်မှန်ကိုရိုက်ကူးထားတဲ့ဇာတ်ကားလေးပါ ရုပ်ရှင်ရိုက်ကူးနေတဲ့ ဂျေး နဲ့ ဖူကာမီတို့ဟာရှင်း နဲ့ဆုံမိပြီးတော့ရုပ်ရှင်တစ်ကားကိုဖန်တီးခဲ့ကြတယ် ဂျိုးမူရာတာရဲ့ဘဝဇာတ်ကြောင်းကိုရိုက်ကူးဖို့လုပ်ခဲ့ကြတာပေါ့မူရာတာဟာကောင်မလေးတွေကိုမြူဆွယ်ပြီးတော့အကြမ်းဖက်ကာ ပိုက်ဆံတွေကိုလိမ်ယူနေတဲ့သူပေါ့ သူနဲ့ပတ်သတ်ခဲ့တဲ့မိန်းကလေးတွေထဲကမှတာအီကိုဟာဂျေးတို့နဲ့ခင်မင်နေတဲ့သူပါ ပြီးတော့သူမရဲ့သူငယ်ချင်း မီစုကိုကိုလည်းမူရာတာဟာချင်းကပ်ခဲ့ပါတယ်တာအီကိုနဲ့မီစုကိုတို့ဟာအထက်တန်းကျောင်းတုန်းကအခန်းဖော်တွေပေါ့ တာအီကိုနဲ့မီစုကို သူတို့၂ယောက်မှာအထက်တန်းကျောင်းတုန်းကအံ့သြစရာအဖြစ်အပျက်တွေရှိခဲ့ကြတယ် ဂျေးတို့ဟာတာအီကိုရဲ့ပြောပြချက်တွေကြောင့်မူရာတာရဲ့ဘဝဇာတ်ကြောင်းကိုရိုက်ကူးဖို့ကြိုးပမ်းခဲ့ကြတယ် ရှင်းဟာမူရာတာနေရာမှာသရုပ်ဆောင်ခဲ့တယ် မူရာတာဟာ လူတိုင်းကိုအကြမ်းဖက်နှိပ်စက်တတ်ပြီးတော့မိန်းကလေးတွေကိုလည်းနှိပ်စက်တဲ့သူပါနောက်ပိုင်းမှာ ဂျေးတို့သူ့အကြောင်းဇာတ်လမ်းတစ်ပုဒ်ရိုက်နေတာသိသွားတဲ့အခါမှာတော့သူကိုယ်တိုင် ထုတ်လုပ်သူအဖြစ်ပါဝင်လာခဲ့တယ် သူပါဝင်လာပြီးတဲ့နောက်မှာ ဂျေးတို့ရိုက်ကူးနေတဲ့ဇာတ်ကားဟာ ရက်စက်ကြမ်းကြုတ်ပြီးတော့အကြမ်းဖက်တဲ့အခန်းတွေပါခဲ့တယ်ဇာတ်ကားရိုက်နေရင်းနောက်ပိုင်း လူသတ်မှုတွေပါကျူးလွန်လာခဲ့တယ် နောက်ပိုင်းမှာမူရာတာဘာတွေအထိလုပ်ခဲ့လဲဆိုတာကိုဇာတ်ရှိန်မြင့်မြင့်နဲ့ကြည့်ရှု့ရမှာပါဒီဇာတ်ကားထဲမှာဆိုရင်လည်းကောင်မလေးတွေကိုတောထဲမှာသတ်ထားခဲ့တဲ့ကွင်းဆက်လူသတ်သမားဟာဆိုရင်လွတ်မြောက်နေတုန်းပဲ လွတ်မြောက်နေတဲ့လူသတ်သမားဟာ ဘယ်သူလဲဆိုတာကိုတော့ ဇာတ်လမ်းကိုအဆုံးထိကြည့်ရှု့ပြီးမှသိလာမှာပါ File Size : ( 1 GB , )Quality : WEB-DL 720pRunning Time : 2 hr 31 minFormat : Mp4Genre ...
movie
The Forest of Love (2019)
2019