Channel Myanmar

Takashi Okabe

In Love and Deep Water (2023)
In Love and Deep Water (2023)  Netflix original ရုပ်ရှင်ဖြစ်တဲ့ In Love and Deep Water ဟာဂျပန်စကားပြောရုပ်ရှင်ကားတစ်ကားဖြစ်ပြီး ဇိမ်ခံသင်္ဘောပေါ်မှာဇာတ်အိမ်တည်ထားပါတယ်။တာဝန်သိ သင်္ဘောဝန်ထမ်းတစ်ယောက်ဖြစ်တဲ့ ဆုဂုရုဟာသင်္ဘောပေါ်ကို ချိဇုရုဆိုတဲ့ မိန်းကလေးရောက်လာတဲ့အချိန်ကစပြီးသူ့ဘဝဟာလည်းကပြောင်းကပြန် ဖြစ်ကုန်ပါတော့တယ်။ ချိဇုရုဟာဆုဂုရုနဲ့သူ့ရဲ့ရည်းစားတွေအကြောင်း အဖြစ်မှန်ကိုဖွင့်ဟလိုက်တဲ့နောက်မှာတော့ သူတို့နှစ်ဦးစလုံးရဲ့ဘဝဟာ တစ်ဆစ်ချိုးပြောင်းလဲသွားပါတော့တယ်။သင်္ဘောအပေါ်ဆုံးထပ် ရေကူးကန်ထဲမှာ လူသေအလောင်းတစ်လောင်းတွေ့တာကအစပြုလို့ ချိဇုရုနဲ့ ဆုဂုရုတို့နှစ်ဦးသားဟာ တခြားခရီးသည်များနဲ့အတူလျှို့ဝှက်ဆန်းကြယ် လူသတ်မှုတစ်ခုရဲ့ မျက်မြင်သက်သေများ ဖြစ်လာခဲ့ပါတယ်။လူသေဆုံးရတဲ့အဖြစ်မှန်ကို ရှာဖွေနေတဲ့ ဆုဂုရုနဲ့ ချိဇုရုတို့ဟာလျှို့ဝှက်ဆန်းကြယ်လှတဲ့ အဖြစ်အပျက်တွေအကြား တစ်ဦးနဲ့တစ်ဦးသံယောဇဉ်တွယ်လာခဲ့ပါတယ်။ရေကြောင်းခရီးစဉ်တစ်ခုအတွင်း အချစ်ဇာတ်လမ်းနဲ့ လျှို့ဝှက်ဆန်းကြယ်အမှုအခင်းကိုတစ်လှည့်စီပြသရင်း ဇာတ်လမ်းအဆုံးထိ ဆွဲခေါ်သွားမှာမို့ ဂျပန်စကားပြောIn Love and Deep Water ဇာတ်ကားလေးကို Channel Myanmar ပရိတ်သတ်ကြီးကြည့်ရှုအားပေးနိုင်စေဖို့ တင်ဆက်လိုက်ရပါတယ်။ဒီဇာတ်ကားမှာ အမျိုးသားဇာတ်ဆောင်အဖြစ်ပါဝင်တဲ့ Ryô Yoshizawa ဟာKamen Rider ဇာတ်ကားများနဲ့ လူသိများတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။အိုင်နာအဖြစ်သရုပ်ဆောင်တဲ့ Kikuchi Yuriko ဟာ မင်းသားကြီး Brad Pittပါဝင်တဲ့ ...
movie

In Love and Deep Water (2023)

Bakuman (2015) 6.9
Bakuman (2015) Bakuman(2015)Mangaတွေ animeတွေကိုကြိုက်ကြတဲ့သူတွေ တော်တော်များများရှိပါတယ်။ ဒါပေမဲ့ ဒီmangaတွေကို ဖန်တီးကြတဲ့ ပညာရှင် "Mangaka"တွေရဲ့ mangaဖန်တီးမှုနောက်ကွယ်က အကြောင်းအရာတွေ သူတို့ရဲ့ ဘဝနေထိုင်ဖြတ်သန်းပုံတွေနဲ့ ဘယ်လိုမျိုး ကြိုးစားရပ်တည်ပြီး ပညာရှင်အဆင့်ရောက်ခဲ့ကြလဲဆိုတာကိုတော့ အသေးစိတ် လေ့လာမိတဲ့သူက နည်းပါလိမ့်မယ်။ဒီရုပ်ရှင်ထဲမှာတော့ အထက်ပါအကြောင်းအရာတွေကို သေချာ ကြည့်ရှုရမှာပါ။မင်းသားနှစ်ယောက်လုံးက Ruroni Kenshinထဲမှာ သရုပ်ဆောင်ထားကြတဲ့ နာမည်ကြီး Takeru Satouနဲ့ Kamiki Ryunosukeတို့ဖြစ်ပြီး Nana Komatsuကလည်း Takeruရဲ့ first loveအဖြစ်ပါဝင်ထားတာပါ။ဇာတ်လမ်းအကျဉ်းကတော့ ပုံဆွဲတော်ပေမဲ့ ဇာတ်လမ်းမစဉ်းစားတတ်တဲ့ မရှိရို (Takeru Satou)နဲ့ ပုံဆွဲအလွန်ညံ့ပြီး ဇာတ်လမ်းကောင်းရေးတတ်တဲ့ တကဂိ (kamiki ryunosuke) နှစ်ယောက်ပေါင်းပြီး မန်ဂက အဖြစ်ရပ်တည်ကြဖို့ အဖွဲ့ဖွဲ့လိုင်ကါတယ် ။ ခက်တာက သူတို့ဟာ အထက်တန်းကျောင်းသားတွေပဲ ရှိသေးပြီး တကယ့်နာမည်ကြီးကုမ္ပဏီဖြစ်တဲ့ Shonen JUMPမှာ မန်ဂဆွဲချင်နေကြတာပါ။ဒါကြောင့် JUMP တည်းဖြတ်ဌာနကို စာမူကြမ်းသွားပြကြပြီး ...
movie

Bakuman (2015)

Character (2021) 6.6
Character (2021) CHARACTER 2021IMDb rating - 6.6/10 Genre - Psychological Thriller, Familyကိုယ်လုပ်တာတွေကို အကုန်ပုံတူကူးချပြီး လိုက်လုပ်တတ်တဲ့ copycat သူငယ်ချင်းမိတ်ဆွေမျိုး ကြုံဖူးကြလား Copycatတွေက နေ့စဉ်ဘဝမှာဆိုရင် ဘေးနားကလူတွေကရဲ့ ဝတ်ပုံစားပုံတွေ အကျင့်တွေကအစ ပုံတူကူးချပြီးနေထိုင်တတ်ပါတယ်။ သို့ပေမဲ့ တခြားသူကျူးလွန်ထားတဲ့ လူသတ်မှုတွေကိုလိုက်ကြည့်ပြီး ပုံတူကူး လိုက်သတ်တတ်တဲ့ Copycat killer တစ်ယောက်ဆိုရင် ဘယ်လိုဖြစ်မလဲ...ဇာတ်လမ်းထဲမှာတော့ "ယမရှိရို ခဲအိဂေါ့"ဆိုတဲ့ Mangaစာရေးဆရာတစ်ယောက်က mangaဆွဲတာလည်း သေသပ်လှပပြီး ဖြတ်သွားဖြတ်လာလူတစ်ယောက်ရဲ့ပုံကိုတောင် ချက်ချင်းဆွဲနိုင်တဲ့ ပါရမီရှိတဲ့သူတစ်ယောက်ပါ။ ပြဿနာက သူရေးချင်တဲ့အမျိုးအစားက Thriller,Crimeဖြစ်ပြီး သူကိုယ်တိုင်ကတော့ သဘောကောင်းလွန်းတဲ့သူတစ်ယောက်ဖြစ်နေတာပါပဲ။ တော်ပေမဲ့အသက်ဝင်တဲ့ဇာတ်ကောင်ကိုမရေးဆွဲနိုင်တာကြောင့် ကိုယ်ပိုင်Mangaကို debutမလုပ်နိုင်သေးပါဘူး။ဒီလိုနဲ့စိတ်ဓာတ်ကျပြီးအလုပ်ထွက်ဖို့ပြင်နေတုန်း သူ့ရဲ့ဆရာဖြစ်သူက စံအိမ်တစ်လုံးရဲ့ပုံကို ညဘက်ကြီးမှာ သွားဆွဲခိုင်းခဲ့ပါတယ်။ ပုံကြမ်းဆွဲနေတုန်း စံအိမ်ထဲကသီချင်းသံကအရမ်းကျယ်လို့ အိမ်နီးချင်းက ပြဿနာလှမ်းရှာတာကြောင့် သူပါအခြေအနေမဟန်မှာစိုးလို့ အိမ်ပိုင်ရှင်တွေကိုလှမ်းပြောဖို့လုပ်ပါတယ်။ ဒါပေမဲ့အထဲက တုံ့ပြန်သံမကြားတာနဲ့ အထဲဝင်သွားတဲ့အခါ အိမ်ရှင်တွေကို ဓားနဲ့ထိုးသတ်ခံထားရတာကိုတွေ့လိုက်ရပါတယ်။ သူ့ဘဝမှာပထမဆုံး အဖြစ်ပျက်ဆိုးနဲ့ကြုံရတာမို့ကြောက်လန့်နေခဲ့တုန်းမှာ လူသတ်သမားဖြစ်သူကိုမြင်လိုက်ရပါတယ်။ ဒါပေမဲ့ ရဲတွေကမေးလို့ထွက်ချက်ပေးတဲ့အခါမှာတော့ သူဟာ လူသတ်သမားကိုမမြင်ခဲ့ပါဘူးလို့ထွက်ဆိုခဲ့ပါတယ်။အဲဒီကစလို့ ...
movie

Character (2021)

Loved Like a Flower Bouquet (2021) 7.1
Loved Like a Flower Bouquet (2021) I Fell in Love Like a Flower Bouquet (2021)အသက်၂၁နှစ်အရွယ် တက္ကသိုလ် ကျောင်းသားချစ်သူနှစ်ဦးကြားက ချိုချဉ်ခါးအရသာအစုံ ပေးမယ့် ဂျပန်ရိုမန့်ခပ်ငြိမ့်ငြိမ့်လေးလာပါပြီဗျာရာမာနဲမူကီနဲ့ ဟာချီရာကီနှစ်ယောက် ရထားဘူတာမှာ ဆုံတွေ့ခဲ့ရင်းက ထူးဆန်းစွာပဲ အကြိုက်ချင်း ဝါသနာချင်း အသေးစိတ်လေးကအစ တူညီနေကြတာကို သိလိုက်ရပါတယ်ထပ်တူကျတဲ့ ဝါသနာအကြိုက်လေးအကြောင်းတွေကို ဖလှယ်ရင်း ဆွေးနွေးရင်း နောက်တော့ တရက် မတွေ့ရမနေနိုင်ဖြစ်သွားပြီး ချစ်မိခဲ့ရောပေါ့အဲ့လိုနဲ့ နှစ်ယောက်သား living together နေကြရင်း ဖြတ်သန်းလာကြရတဲ့ ၄နှစ်တာ ချစ်သူမက ဆက်ဆံရေးမှာ လူမှုရေးကိစ္စပြသနာတွေနဲ့ အမြင်ကွဲလွဲမှုတွေဝင်ရောက်လာတဲ့အခါ... စိတ်တူကိုယ်တူသူတို့နှစ်ယောက်ကြား ပျော်ရွှင်မှုဆိုတာ တည်မြဲနိုင်ခဲ့သလားဆိုတာကိုလူငယ်နှစ်ယောက်ရဲ့ အချစ်ရေး စလယ်ဆုံး အမျိုးစုံကြိုးခုန် အဖြစ်အပျက်တို့ကို လက်တွေ့ဆန်ဆန် ပုံဖော်ထားတဲ့ ဒီကားလေးမှာကြည့်ရှုရမှာပါမိုးအေးအေးလေးမှာ ကွေးကွေးလေးနဲ့ အတည်ကြီး ဖီးလ်တတ်ရင် ကြည်နူးမိရင်း ငိုချင်မိသလိုဖြစ်သွားစေမှာလည်း အမှန်အကန်ပါ ။( အညွှန်းရေးသားထားသူကတော့ Hay Mann ...
movie

Loved Like a Flower Bouquet (2021)