Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Takako Fuji
6.1
Reincarnation (2005)
Reincarnation (2005) ===================The grudge series ရဲ့ ပဲ့ကိုင်ရှင် Takashi Shimizuရဲ့ လက်ရာကောင်းလေးဖြစ်တဲ့ Reincarnation ကို တင်ဆက်လိုက်ပါတယ် ဇာတ်လမ်းနာမည်အတိုင်း လူဝင်စားတွေအကြောင်း ရိုက်ကူးထားတာပါ ဟိုတယ်တစ်ခုမှ ပါမောက္ခတစ်ယောက်ရဲ့ ရူးမိုက်စွာသတ်ဖြတ်ခြင်းကို ခံရတဲ့ လူ ၁၁ယောက် ရှိပါတယ် ယနေ့ခေတ်မှာတော့ နာဂိဆာဆိုတဲ့ တက်သစ်စ မင်းသမီးလေးဟာ ဒီဖြစ်ရပ်မှန်ကို ရိုက်ကူးမယ့်ရုပ်ရှင်မှာ သရုပ်ဆောင်ဖို အကြောင်းဖန်လာပါတော့တယ် ဇာတ်ညွှန်းကို လက်ခံရရှိပြီးကတည်းက မြင်နေကျမဟုတ်တဲ့အရာတွေကို မြင်လာရတယ် အရုပ်ကိုင်ထားတဲ့ ကလေးမလေးတစ်ယောက်ရဲ့ မှတ်ဉာဏ်တွေဟာ သူ့ဆီရောက်ရောက်လာတယ် ရိုက်ကွင်းအတွက် တကယ်ဖြစ်ပျက်ခဲ့တဲ့ ဟိုတယ်ကို သွားရောက် လေ့လာပြီးနောက်မှာ အခြေအနေတွေက ပိုဆိုးလာခဲ့တယ် သူ့ကိုယ်သူ ကလေးမလေးရဲ့ လူဝင်စားလို ယုံကြည်လာတယ် ယာယိုအီဆိုတဲ့ မိန်းကလေးတစ်ယောက်ကလည်း အဲဒီဟိုတယ်ကို ခဏခဏ အိပ်မက်ထဲ မြင်နေတာမို သူငယ်ချင်းရဲ့ အကူအညီနဲ့ လိုက်လံစုံစမ်းရာမှာတော့... သူတို နှစ်ဦး ဘယ်လိုတွေ ချိတ်ဆက်မိမလဲဆိုတာ plot twistလေးနဲ့အတူ ခံစားလိုကောင်းမယ့် ဇာတ်ကားကောင်းလေး ဖြစ်ပါကြောင်း...( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ ...
movie
Reincarnation (2005)
The Grudge 3 (2009)
The Grudge 3 (2009)ဒုတိယကားမှာ လွတ်မြောက်လာတဲ့ ဂျိတ်ဟာ စိတ္တဇဆေးရုံတစ်ခုကို ပို့ခံလိုက်ရပါတယ်။ အဲဒီကို ရောက်သွားတာတောင် တကယ်တမ်းတော့ သူဟာ မလွတ်မြောက်သေးပါဘူး။ကာယာကို ရောက်လာလို့ ထွက်ပြေးဖို့ကြိုးစားရင်း တံခါးပိတ်ထားခံရတဲ့ ဂျိတ်... သူရှင်းပြတာကို ဆေးပညာရှုထောင့်ကပဲ ကြည့်နေမိတဲ့ ဒေါက်တာ ဆူလီဗန်... တကယ်တမ်း ဂျိတ် ရက်ရက်စက်စက် အသတ်ခံရချိန်မှာ ဒေါက်တာဆူလီဗန်ဟာ သိပ်ကိုနောက်ကျသွားခဲ့တယ်။ ထူးထူးဆန်းဆန်း သေဆုံးသွားတဲ့ သူ့လူနာအတွက် အမှန်တရားကို နားလည်အောင် ကြိုးစားစုံစမ်းပါတော့တယ်။ဂျိတ်နေထိုင်ခဲ့တဲ့ တိုက်ခန်းမှာ ကျိန်စာဟာ ပြန်လည်ပေါ်ပေါက်နေတာမို့ လူခဏခဏ သေနေတဲ့ ဒီအဆောက်အဦမှာ ငှားနေသူတွေအားလုံးဟာ ပြောင်းရွှေ့ကုန်ကြတယ်။ ဒါကြောင့် ဒုက္ခရောက်ရတာကတော့ ကြားပွဲစားလေး မက်စ်ပါပဲ။ မက်စ်ဟာ ညီမ၂ယောက်နဲ့အတူ ကျိန်စာသင့်အခန်းရဲ့ အောက်တည့်တည့်မှာ နေထိုင်တယ်။ အိမ်ငှားရမ်းခ ပေးစရာမလိုဘဲ အဆောက်အဦကို ကြည့်ရှုပေးရတဲ့သူ... မွေးရာပါ ရောဂါသည် ညီမလေး ရို့စ်ကို စောင့်ရှောက်ပေးသူ... နောက်ညီမတစ်ယောက် လီဆာကလည်း ...
movie
The Grudge 3 (2009)
2009
5
The Grudge 2 (2006)
The Grudge 2 (2006)ဒီဇာတ်ကားလေးက 2004 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ အမေရိကန် Ju-On ရဲ့ အဆက်လေးဆိုပါတော့... The Grudge 1 ထဲက ကယ်ရန်ရဲ့ ညီမလေး အော်ဘရီကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားပါတယ်။အမေလုပ်သူက ဖုန်းဆက်ပြီး အစ်မဖြစ်သူ ကယ်ရန် ဆေးရုံတင်ထားရတယ် ပြန်သွားခေါ်ပါဆိုလို့ မသွားချင်သွားချင်နဲ့ ဂျပန်ကို ရောက်ရှိသွားတဲ့ အော်ဘရီ... အစ်မနဲ့ တွေ့တဲ့အခါ လွတ်မြောက်အောင်လုပ်ပေးဖို့ အတင်းတောင်းဆိုခံရတဲ့ အော်ဘရီ... ထိုညမှာပဲ ကယ်ရန်တစ်ယောက် ဆေးရုံခေါင်မိုးကနေ ခုန်ချလိုက်တဲ့အခါ...ဂျပန်မှာကျောင်းလာတက်တဲ့ ဆယ်ကျော်သက် ကျောင်းသူလေး အဲလစ်ဆန်... အများနဲ့မဝင်ဆန့်လို့ သူငယ်ချင်းရှားနေတာမို့ အတန်းဖော်ကောင်မလေး ၂ယောက်ကို အတင်းဝင်ရောရင်း သူတို့ရဲ့ နောက်ပြောင်မှုကြောင့် သရဲခြောက်တဲ့အိမ်ကြီးကို ရောက်ရှိသွားတဲ့ အဲလစ်ဆန်...မိထွေးအိမ်ပေါ်ရောက်လာတာကို မကျေမနပ်ဖြစ်နေတဲ့ ဂျိတ်... ဘေးအခန်းမှာ ထူးဆန်းတဲ့အသံတွေကြားရင်း ကျိန်စာ တစ်ခုမှာ ကပ်ငြိသွားတဲ့ သူတို့မိသားစုလေး....ဒီ၃ယောက်ရဲ့ ထူးဆန်းဖွယ် အချိတ်အဆက်ကိုတော့ ဇာတ်ကားလေးကြည့်ရှုရင်း အဖြေရှာလိုက်ကြပါဦးလို့...(ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya ...
movie
The Grudge 2 (2006)
2006
5.9
The Grudge (2004)
The Grudge (2004)ဒီဇာတ်ကားလေးကတော့ ၂၀၀၂ ခုနှစ်ကထွက်ရှိခဲ့တဲ့ ဂျပန်ဟော်ရာကား Ju-On ရဲ့ Hollywood Remake ပေါ့။ Remake ဆိုပေမဲ့ ထူးခြားတဲ့ Storyline နဲ့ မူရင်း ဂျပန် Ju-On ကားတွေရဲ့ လမ်းကြောင်းကနေ မသွေဖယ်ထားလို့ ကြည့်ရတာ ကြောက်ဖို့ကောင်းနေမှာပါပဲ။ဒီဇာတ်ကားမှာတော့ ဘိုးဘွားစောင့်ရှောက်ရေးစင်တာ တစ်ခုမှာ Volunteer အနေနဲ့ ဝင်လုပ်နေတဲ့ ကယ်ရန်နဲ့ စတင်ထားတယ်။ အိမ်တစ်အိမ်ကို ဝင်ပေးနေကျ မိန်းကလေး ယိုကို အလုပ်ကိုရောက်မလာတာမို့ ကယ်ရန်ဟာ အစားထိုးဝင်ပေးတဲ့အနေနဲ့ ရောက်ရှိသွားခဲ့တယ်။ အိမ်မှာ အဘွားအိုကြီးတစ်ယောက်ပဲ ရှိနေတယ်။ ကယ်ရန်ဟာ အဖော်ပြုလုပ်ကိုင်ပေးရင်း အိမ်ထဲကနေ ထူးဆန်းတဲ့အသံတွေ ကြားလာရတယ်။ အဲဒါနဲ့ပဲ ဗီရိုထဲမှာ ပိတ်မိနေတဲ့ ကလေးလေး တစ်ယောက်ကို ရှာတွေ့သွားတယ်။အဲဒီကောင်လေးရဲ့ နာမည်ကတော့ တိုရှိအို......Horror Master တစ်ပါးဖြစ်တဲ့ Takashi Shimizu ရဲ့ ...
movie
The Grudge (2004)
2004
6.3
Ju-on: The Grudge 2 (2003)
Ju-On: The Grudge 2 (2003)ဂျပန်နာမည်ကြီးရုပ်ရှင် ဒါရိုက်တာ Takashii Shimizu ရဲ့ အောင်မြင်ခဲ့တဲ့ Ju-On sequel ကားတွေထဲက ၂၀၀၃ခုနှစ်ထွက် ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ အရင်ထွက်ခဲ့တဲ့ Ju-On ၂၀၀၂ကားရဲ့အဆက်လို့ပြောလို့ရပေမဲ့ တစ်ကားတည်းကြည့်ရင်လည်း အဆင်ပြေပါတယ်။ Ju-On ရုပ်ရှင်တွေက ဂျပန်မှာ အလွန်အောင်မြင်ခဲ့တာဖြစ်ပြီး သူ့ရဲ့ဇာတ်ကားတွေက ထိုခေတ်အခါက တခြားhorrorတွေနဲ့ မတူကွဲပြားတယ်လို့ ဆိုကြပါတယ်။ Howling Villageအပါအဝင် Ox-Head Village,Suicide Forest village ကားတွေရဲ့ ပဲ့ကိုင်ရှင် ဒါရိုက်တာပါပဲ။နဲရိမခရိုင်မှာ သရဲအခြောက်ကြမ်းပြီးကျိန်စာသင့်နေတယ်ဆိုတဲ့ အိမ်တစ်အိမ်ရှိခဲ့ပါတယ်။ အဲဒီအိမ်မှာနေထိုင်တဲ့မိသားစုမှန်သမျှ ကျိန်စာမိပြီး လူစားလဲခံရကာ အကုန်သေဆုံးကုန်ပါတယ်။အဲဒီအိမ်ရဲ့အရင်ပိုင်ရှင်ဖြစ်သူက သူ့မိသားစုတစ်ခုလုံးကိုပြန်သတ်ပြီး သူကိုယ်တိုင်လည်း သူ့မိန်းမရဲ့ဝိဉာဉ်သတ်လို့ သေဆုံးခဲ့တာပါ။ ဇောကပ်ပြီး သေဆုံးခဲ့ရတဲ့သူ့မိသားစုရဲ့ဝိဉာဉ်တွေ အထူးသဖြင့် မိန်းမဖြစ်သူက မကျွတ်မလွတ်နိုင်ဘဲ အဲဒီအိမ်ထဲကို ဝင်လာသူမှန်သမျှ သေစေဖို့ ကျိန်စာတိုက်ခဲ့ပါတယ်။ တစ်ယောက် သေပြီးရင် နောက်တစ်ယောက်ဆီကို ...
movie
Ju-on: The Grudge 2 (2003)
6.7
Ju-on: The Grudge (2002)
Ju-On: The Grudge (2002)ဂျပန်နာမည်ကြီးရုပ်ရှင် ဒါရိုက်တာ Takashii Shimizu ရဲ့ အောင်မြင်ခဲ့တဲ့ Ju-On sequel ကားတွေထဲက ၂၀၀၂ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ Ju-On ရုပ်ရှင်တွေက ဂျပန်မှာ အလွန်အောင်မြင်ခဲ့တာဖြစ်ပြီး သူ့ရဲ့ဇာတ်ကားတွေက ထိုခေတ်အခါက တခြားhorrorတွေနဲ့ မတူကွဲပြားတယ်လို့ ဆိုကြပါတယ်။ Howling Villageအပါအဝင် Ox-Head Village,Suicide Forest village ကားတွေရဲ့ ပဲ့ကိုင်ရှင်ပါပဲ။နဲရိမခရိုင်မှာ သရဲအခြောက်ကြမ်းပြီးကျိန်စာသင့်နေတယ်ဆိုတဲ့ အိမ်တစ်အိမ်ရှိခဲ့ပါတယ်။ အဲဒီအိမ်မှာနေထိုင်တဲ့မိသားစုမှန်သမျှ ကျိန်စာမိပြီး လူစားလဲခံရကာ သေဆုံးကုန်ပါတယ်။အဲဒီအိမ်ရဲ့အရင်ပိုင်ရှင်ဖြစ်သူက သူ့မိသားစုတစ်ခုလုံးကိုပြန်သတ်ပြီး သူကိုယ်တိုင်လည်း သူ့မိန်းမရဲ့ဝိဉာဉ်သတ်လို့ သေဆုံးခဲ့တာပါ။ ဇောကပ်ပြီး သေဆုံးခဲ့ရတဲ့သူ့မိသားစုရဲ့ဝိဉာဉ်တွေက မကျွတ်မလွတ်နိုင်ဘဲ အဲဒီအိမ်ထဲကို ဝင်လာသူမှန်သမျှကို ကျိန်စာတိုက်ခဲ့ပါတယ်။ ကျိန်စာမိသွားတဲ့သူတစ်ယောက် သေပြီးရင် နောက်တစ်ယောက်ဆီကို ကျိန်စာကူးပြောင်းကာ ထူးဆန်းစွာနဲ့ ထပ်မံသေဆုံးရပါတယ်။ ဒီအိမ်မှာ လက်ရှိနေထိုင်နေတဲ့ နခဂဝါမိသားစုဝင်တွေရော ဘယ်လိုအဖြစ်ဆိုးတွေနဲ့ ကြုံရပြီး ကျိန်စာသင့်ကြဦးမှာပါလဲ။ သရဲ တစ္ဆေနဲ့ ကျိန်စာဇာတ်လမ်းတွေနှစ်သက်တဲ့ ...
movie
Ju-on: The Grudge (2002)
8.4
Princess Mononoke (1997)
ဒီတစ်ခါတော့ ခံစားချက်ပေါင်းများစွာ ရစေမဲ့ အဓိပ္ပါယ်အများကြီးရှိတဲ့ ဂျပန် Anime လေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်ကားဟောင်းပေမဲ့ နှစ်ချို့ဝိုင်လို ခေတ်အဆက်ဆက် ဖြတ်သန်းပြီးတာတောင် ဟောင်းလေကောင်းလေ သတ်မှတ်ထားကြတဲ့ ဇာတ်ကားတစ်ကားပါပဲ။ ဒီ ကမ္ဘာလောကကြီးမှာ ဖြစ်နိုင်မယ်ဆိုရင် လူတိုင်းက အရာအားလုံးကို လိုချင်ကြတာပါပဲ။ ကိုယ် လိုချင်တာတွေ အတွက် လူတွေ အပြိုင်အဆိုင် ဖြစ်လာတဲ့အခါ အမုန်းတရားနဲ့ အမှား အမှန် ဖြစ်တည်လာရတယ်။ ဒီ ဇာတ်လမ်းရဲ့ ထူးခြားချက်ကတော့ ကိုယ့်အမှန်တရားနဲ့ကိုယ် ရှိနေတဲ့ ဘက်နှစ်ဘက်ရယ် လောဘသက်သက် အတ္တ အမှန်တရားရှိနေတဲ့တစ်ဘက်ရယ် ကြားနေလူတစ်ယောက်ရယ်နဲ့ အမှန်တရားဆိုတာ ဘက်တိုင်းမှာ ရှိနေကြောင်း ကောင်းကောင်းကြီး မီးမောင်း ထိုးပြ နိုင်ခဲ့ပါတယ်။ ဘက်တိုင်းမှာ ရှိနေတာဟာ ဘယ်ဘက်မှာမှ မရှိတာနဲ့ အတူတူပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့.... ရှေးပဝေဏသီ အတိတ်တစ်ခုတုန်းက သားရိုင်းတွေ သစ်တောဝိညာဉ် နတ်ဘုရားတွေ သစ်တောထဲ နေခဲ့ကြတယ်။ သူတို့ကို စောင့်ရှောက်တဲ့ သားရိုင်းကြီးတွေနဲ့ လူတွေလည်း အတူ သဟာဇာတ ဖြစ်ဖြစ် ရှိခဲ့ကြတယ်။ သစ်တောကို ရှင်းလင်းပြီး အမျိူးသမီးတစ်ယောက်က ပြည့်တန်ဆာနဲ့ နူနာသည်လို လူ့လောက အပယ်ခံတွေ အတွက် မြို့တစ်မြို့ တည်ဆောက်တဲ့အချိန် သစ်တောရဲ့ မူလနေထိုင်သူတွေနဲ့ တိုက်ပွဲတွေဖြစ်ခဲ့တဲ့အပြင် သံသတ္တုပေါများတဲ့ ဒေသ ့ဖြစ်တာကြောင့် ဧကရာဇ်ရဲ့ မျက်စိကျ ခံရပြီး တိုက်ခိုက်ခံရတဲ့ ဒေသလည်း ဖြစ်ခဲ့တယ်။ သစ်တောဝိညာဉ်နတ်ဘုရားရဲ့ ခေါင်းက ထာဝရအသက်ကို ပေးနိုင်တယ်လို့ ယုံကြည်သွားတဲ့ ဘုရင်တစ်ပါးက ...
movie
Princess Mononoke (1997)
1997