Channel Myanmar

Susy Kane

Stan and Ollie(2018) 7.5
Stan and Ollie(2018) Stan and Ollie (2018) IMDb - 7.5 Rotten Tomatoes 93% "ဘယ်သူပြိုင်လို့လှပါတော့နိုင် "ဆိုတဲ့ဇာတ်ကားကို ဆရာကြီးဦးသုခရိုက်တော့ လူကြမ်းသရုပ်ဆောင် ဦးအံကျော်ကြီးပါလာတယ်...အမြဲတမ်း လူကြမ်းဗီလိန် သရုပ်ဆောင်သော ဦးအံကျော်ကြီးက ဆရာကြီးဦးသုခရဲ့ ဇာတ်ကားထဲတွင် စာမတတ်ပေမတတ် ကိုချစ်စရာအဖြစ်သရုပ်ဆောင်ပြီး ထန်းလျက်တောင်းကြီးထမ်းကာ ဆရာမလို့ရင်ခေါင်းသံကြီးအော်ခေါ်ပြေးလိုက်တဲ့ ဟန်ပန်က ကျွန်တော်တို့အားလုံးရဲ့ ကိုမျက်ရည်စို့စေခဲ့သည်... ဒီကားနဲ့ပင် အကယ်ဒမီဆုကြီးကို ထိုက်ထိုက်တန်တန်ရရှိခဲ့သည်....ဆရာကြီးဦးသုခလို လူမျိုးကြီးနဲ့ လက်တွဲခွင့်ရလိုက်တဲ့ ဦးအံကျော်ကြီးကံကောင်းတယ်လို့ပင်ပြောရမည်လားမသိပေ... ဒီဘက်ခေတ်မှာတော့ လူကြမ်း၊ဗီလိန်၊ဟာသသရုပ်ဆောင်တွေအတွက် လုပ်ကွင်း လုပ်ကွက် အတော်နည်းသည်မှာ အထွေအထူးငြင်းစရာမရှိပေ.... ဒီကားကတော့ Oliver Hardy(John C.Reilly) နဲ့ Stan Laurel(Steven Coogan) တို့နှစ်ယောက်ရဲ့ဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်... သူတို့(၂)ယောက်ဟာ အတွဲညီညီ ပြောက်မြောက်တဲ့ ပြက်လုံးတွေကြောင့် ငယ်စဉ်အခါမှာတော့ အတော်အောင်မြင်ခဲ့ပါတယ်... နောက်ပိုင်း ခေတ်ကာလ အပြောင်းအလဲကြောင့်  လူတွေက သူတို့ကို သိပ်မကြိုက်ကြတော့ပါဘူး.. သူတို့ရဲ့အရည်အချင်းကို အကောင်းဆုံးအသုံးချပေးမယ့် သူ လက်တွဲဖေးမပေးမယ့်သူလည်းမရှိ့ဘူး... သို့ပေမယ့် သူတို့(၂)ယောက်လက်မလျော့ခဲ့ဘူး...သူ့တို့ရွှေခေတ်ကိုပြန်ရောက်ဖို့ တက်ညီလက်ညီ ကြိုးစားတဲ့အခါမှာတော့... ကိုင်း သူတို့ဘယ်လိုကြိုးစားကြလဲ...သူတို့အောင်မြင်နိုင်ပါ့မလား...ဒီကားကိုကြည့်ရင်း ရှေးခေတ်တင်ဆက်ပုံတွေကိုကြည့်ရမှာဖြစ်သလို သရုပ်ဆောင်တွေနဲ့ ဒါရိုက်တာတွေကြား၊ထုတ်လုပ်သူတွေ၊ခေတ်အလိုက်ပရိတ်သတ်တွေကို တစ်ခါထဲဗဟုသုတရဖွယ်တွေ့ရှိပါလိမ့်မယ်... ကိုင်း ခံစားကြည့်လိုက်ပါဦး.... File Size : (900 MB) and (326 ...
movie

Stan and Ollie(2018)

2018