Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Susumu Terajima
7.0
Hula Girls (2006)
The Wandering Moonတို့ Rageတို့လို ဂျပန်ကားကောင်းတွေကို ရိုက်ခဲ့ဖူးတဲ့ကိုရီးယားဂျပန် ဒါရိုက်တာ အီဆန်းဂီရိုက်ထားတဲ့ကား။ဒီဒါရိုက်တာကလည်း အကောင်းကြီးလည်းမဟုတ်ဘူးမကောင်းတာလည်းမဟုတ်ဘူး။ ထားတော့ အဲဒီထက်အခရာကျတာက ဒီရုပ်ရှင်မှာသူမတူတဲ့ဆွဲဆောင်မှုက သက်သက်ပါပြီးသား။ Yu Aoi(ယုအအိုအိ)ပေါ့။ ဂျပန်စီနီမာကြီးတစ်ခုလုံးက မင်းသမီးတွေထဲ ယုအအိုအိက ဘယ်သူနဲ့မှမတူဘူး။ဆွဲဆောင်မှုရှိတယ်။ တစ်ချိန်တည်းမှာပဲ အပြစ်ကင်းတယ်။ကလေးလေးတစ်ယောက်ကို မြင်တဲ့အမြင်နဲ့ရော လိင်စိတ်နိုးကြွစရာအရာတစ်ခုအဖြစ်နဲ့ရောယုအအိုအိကို ခင်ဗျားနှစ်ခုလုံးမြင်ကြည့်လို့ရတယ်။ ရုပ်လှပေမဲ့လည်း အဲဒီလှနေတဲ့ရုပ်က သရုပ်ဆောင်မှုကို ထိခိုက်သွားခဲ့တဲ့သာဓကတွေ ကျွန်တော်တို့အများကြီး ကြုံခဲ့ရတယ်။ ဒါပေမဲ့ ယုအအိုအိကတော့ အဲဒီဘောင်ကို အလိုလိုကျော်လွှားနိုင်ခဲ့တယ်။သူရိုက်ခဲ့တဲ့ ဒါရိုက်တာတွေဆိုတာကလည်း ဒိတ်ဒိတ်ကြဲတွေများတယ်။One Million Yen Girlတို့ All About Lily Chou-Chouတို့ Birds Without Namesတို့Wife of a Spyတို့လို ကားတွေကို တော်တော်များများကြည့်ဖူးကြမှာပါ။ဂျပန်ရုပ်ရှင်တစ်ကားကို ယုအအိုအိထည့်လိုက်တယ်ဆိုတာကညနေခင်းထဲ သက်တန့်ရောင်တိမ်တွေ ပစ်ထည့်ပေးလိုက်သလိုပဲ။ကျွန်တော်တော့ ယုအအိုအိရဲ့ ဘယ်ကားကိုမှ ဝန်လေးနေမှမဟုတ်ဘူး။ ဇာတ်ကတော့ ကျောက်မီးသွေးလုပ်ငန်းနဲ့အသက်မွေးတဲ့ မြို့လေးတစ်မြို့မှာအပြောင်းအလဲတစ်ခုဖြစ်လာတယ်။မိုင်းလုပ်သားတွေ အလုပ်လက်မဲ့ဖြစ်ကြတယ်။သူတို့သမီးတွေက သူတို့တာဝန်ကို ဟူလာအကသမတွေအဖြစ်အကသင်ပြီး အိမ်ထောင်တာဝန်ကို ကူထမ်းဖို့လုပ်ကြပေမဲ့သူတို့ဘဝကို ...
movie
Hula Girls (2006)
Casshern (2004)
ဒီဇာတ်ကားကတော့ လူသားမျိုးနွယ်ကို ခြိမ်းခြောက်နေတဲ့ ရန်သူအသစ်ကို တိုက်ထုတ်ဖို့အတွက် superhuman စွမ်းအားနဲ့ အသက်ပြန်ရှင်လာခဲ့တဲ့ လူငယ်တစ်ံယောက်အကြောင်းကို ရိုက်ကူးထားတဲ့ ဂျပန် sci-fi ကားပဲဖြစ်ပါတယ်။ဒီရုပ်ရှင်မှာ စစ်ပွဲတွေရဲ့ အကျိုးဆက်တွေအပေါ် လေးလေးနက်နက်သုံးသပ်ချက်တွေကို တွေ့မြင်ရမှာဖြစ်ပြီး အက်ရှင်ပြကွက်အကြမ်းစားတွေနဲ့ သူ့ခေတ်သူ့အခါက အကောင်းဆုံး CGI တွေပေါင်းစပ်ထားတဲ့အတွက် ကြည့်ရတာ အရသာတစ်မျိုးတော့ဖြစ်နေမှာပါ။ ဇာတ်သွားက ကြည့်ရတာရှုပ်ထွေးနိုင်ပေမယ့် ရှုပ်ထွေးတာကိုမှကြိုက်တဲ့သူတွေအတွက်ကတော့ ဇာတ်ကားကောင်းလို့ပြောလို့ရပါတယ်။ File size…(1.6 GB) Quality….Webrip 720p Format…mp4 Duration….01:40:00 Genre... Drama, Horror, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min
movie
Casshern (2004)
6.7
Kubi (2023)
လည်ပင်းလို့အဓိပ္ပာယ်ရတဲ့ Kubi ဂျပန်ဆာမူရိုင်းရုပ်ရှင်မှာခေါင်းဖြတ်တာတွေကိုတော့ ပေါပေါများများမြင်တွေ့ရမှာဖြစ်ပါတယ်။ Takeshi Kitano က ကိုယ်တိုင်ရေးသားရိုက်ကူးထားတဲ့အပြင် ကိုယ်တိုင်လည်းပါဝင်သရုပ်ဆောင်ထားပါတယ်။၁၅၈၂ ခုနှစ် စံဂိုကုခေတ်ကာလကဖြစ်ပွားတဲ့ခဲ့သမိုင်းဝင်အဖြစ်အပျက် Honnō-ji ကို ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ ရုပ်ရှင်ကို ၁၆ ရာစုမှာအခြေတည်ထားပြီး ပြိုင်ဘက်စစ်နယ်ရှင်တွေဟာ ဂျပန်ကိုထိန်းချုပ်ခွင့်ရဖို့ အပြိုင်အဆိုင်ကြိုးစားလျက်ရှိတဲ့ခေတ်ကာလဖြစ်ပါတယ်။ ဂျပန်နိုင်ငံတစ်ခုလုံးကိုထိန်းချုပ်နိုင်ဖို့ရည်ရွယ်ထားတဲ့အရှင်အိုဒါနိုဘူနာဂါဟာ မျိုးနွယ်စုတွေအများကြီးနဲ့ စစ်ပွဲဆင်နွှဲနေစဉ်မှာပဲ သစ္စာခံတစ်ယောက်ဖြစ်တဲ့အာရာကီမူရာရှီဂီက ပုန်ကန်ထကြွပြီး စစ်ရှုံးချိန်မှာပျောက်ချင်းမလှပျောက်သွားခဲ့ပါတယ်။ နိုဘူနာဂါကမီဆူဟီဒီနဲ့ဟီဒီယိုရှီအပါအဝင် တခြားသစ္စာခံတွေကိုစုစည်းပြီးဝရမ်းပြေးမူရာရှီဂီကိုဖမ်းဖို့အမိန့်ပေးလိုက်တဲ့အပြင်ကြိုးစားသူတိုင်းကိုလည်း သူ့နေရာကိုဆက်ခံခွင့်ပေးမယ်လို့ကြေညာလိုက်ပါတယ်။နိုဘူနာဂါရဲ့နေရာကိုဆက်ခံချင်သူတိုင်းက အမျိုးမျိုးသောစိတ်ကူးတွေ၊ အကြံအစည်တွေ၊ ထောင်ချောက်တွေနဲ့အတူသိပ်မကြာခင်မှာပဲ ရှုပ်ထွေးတဲ့အခြေအနေတစ်ခုမှာထိပ်တိုက်ရင်ဆိုင်တွေ့မိကြပါတော့တယ်။နိုဘူနာဂါလာရောက်မယ့်ဟွန်နိုဂျီဘုရားကျောင်းမှာနိုဘူနာဂါရဲ့သစ္စာခံတွေအတွက် ဘယ်လိုကံကြမ္မာတွေကစောင့်ကြိုနေမယ်ဆိုတာကတော့ ဆက်လက်ကြည့်ရှု့ရမှာပဲဖြစ်ပါတယ်။ File size…2.45GB / 1.2GB Quality…WEB-DL 1080p / 720p Format…mp4 Duration….2h 11m Genre …..Action , Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie
Kubi (2023)
6.6
Yudo: The Way of the Bath (2023)
Yudo: The Way of the Bath ( 2023 ) ========================ကိုယ်လုံးတီးတွေချွတ်ပြီး အများသုံးရေချိုးအိမ်ထဲ စုပြုံရေချိုးကြတဲ့ ဓလေ့ဟာ ကျွန်တော်တို့ မျက်စိထဲ တော်တော်တော့ အဆင်မပြေခဲ့ကြလောက်ဘူး။ ကျွန်တော်တို့မှ မဟုတ်ပါဘူး။ ရဲဘော်သုံးကျိပ်ရဲ့ ဂျပန်ပြည်သွားခဲ့တဲ့ မှတ်တမ်းစာအုပ်တွေထဲလည်း သူတို့လည်း တစ်မျိုးဖြစ်ခဲ့တာကို တွေ့ရတယ်။ ဒီရုပ်ရှင်ကို မကြည့်ခင်အထိတော့ အဲဒီဓလေ့ကို ကျွန်တော် နားမလည်နိုင်ပေမဲ့ ဒီရုပ်ရှင်မှာတော့ အဲဒီဓလေ့ဟာ ဖလော်ဆော်ဖီရော ယဉ်ကျေးမှုရော နှလုံးသားရော ပေါင်းစပ်ထားတဲ့ ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားတဲ့ အရာတစ်ခုအဖြစ်သိလိုက်ရတယ်။ ဂျပန်တွေရဲ့ အနုပညာဟာ သဘာဝကလာတော့ သဘာဝကပဲလာတဲ့ ရေချိုးခြင်းဟာ အနုပညာတစ်ရပ်လိုဖြစ်နေတာလည်း ဆန်းတော့မဆန်းပါဘူး။ ဒါပေမဲ့ ရေချိုးခြင်းက ဘယ်လောက်အနုပညာမြောက်သလဲဆိုတာကတော့ ဆန်းနေတယ်။လက်ရှိမှာတော့ ဂျပန်ပြည်ရဲ့ နေအိမ်၉၅ရာခိုင်နှုန်းမှာ ရေချိုးခန်းတွေရှိနေပြီဆိုပေမဲ့ ရှိုးဝါးခေတ်ရဲ့လက်ကျန်လို့လည်းဆိုကြတဲ့ ဒီအများသုံးရေချိုးအိမ်တွေကို သုံးတဲ့သူတွေလည်း သုံးနေကြတုန်းပါပဲ။ မနှစ်ကထွက်ခဲ့တဲ့ Perfect Daysရဲ့ အဓိကဇာတ်ကောင်လည်း ဒီလိုရေချိုးအိမ်မှာပဲ ...
movie
Yudo: The Way of the Bath (2023)
Traveling Sandwich (2022)
Traveling Sandwich (2022)အလောင်ကားတွေ အဆွေးကားတွေအကြည့်များပြီး ပြာဖြစ်နေတဲ့CM ပရိသတ်တို့အတွက် ကျေးလက်သဘာဝအကြောင်းရိုက်ကူးထားတဲ့ ဂျပန် ရုပ်ရှင်လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ တောတောင်ရေမြေရဲ့သဘာဝ၊ စိုက်ပျိုးရေးကိုအဓိကလုပ်ကိုင်တဲ့ ဂျပန်နယ်မြို့လေးရဲ့ နေထိုင်မှုဘဝကို တစေ့တစောင်းရိုက်ကူးပြထားပြီး သွားရည်ယိုချင်စရာ Sandwich လေးတွေကိုပါ ငမ်းရမှာဆိုတော့ ညဘက်မှာကြည့်မိရင်တော့ ရေခဲသေတ္တာထဲ လှန်လှောရှာမိစေမယ့်ရုပ်ရှင်လေးပါပဲ။တိုကျိုမှာSandwichဆိုင်ဖွင့်ထားတဲ့ Kurumiနဲ့ Kaedeဆိုတဲ့ သူငယ်ချင်းနှစ်ယောက်က ပုံမှန် ဖြစ်ရိုးဖြစ်စဉ်ဘဝတွေထဲမှာ ရှင်သန်ရတဲ့ဘဝကို မနှစ်မြို့ရာက စလို့ ကားပေါ်မှာ Sandwichဆိုင်ပြောင်းဖွင့်ဖို့ အကြံရရာကနေ အစပြုထားပါတယ်။ ဦးတည်ရာမဲ့လျှောက်သွားရင်းနဲ့ ရောက်တဲ့နေရာမှာရှိတဲ့ပစ္စည်းနဲ့ မီနူးသစ်ကိုတီထွင်တာကတော့ Traveling Sandwich ဆိုင်လေးရဲ့ ထူးခြားချက်တစ်ခုပါပဲ။ ဒီတစ်ခါမှာတော့ Sandwich ကားလေးက ရောက်တတ်ရာရာသွားရင်းနဲ့ တာကာဆာကီဆိုတဲ့ စိုက်ပျိုးရေးမြို့လေးကို ရောက်သွားပါတယ်။"ပေါင်မုန့်ဆိုတာ ရှိနေရင်ဝေမျှရတယ်" ဆိုတဲ့ဆောင်ပုဒ်ကို လက်ကိုင်ထားတဲ့ Kurumiတစ်ယောက် လမ်းမှာတွေ့သမျှလူတွေကို ကူညီရင်းနဲ့ ရွာသားတွေနဲ့ ဘယ်လိုရင်းနှီးသွားမလဲ။ စိုက်ပျိူးရေးမြို့ငယ်လေးဖြစ်တာနဲ့အညီ ဒေသထွက်ကုန်ဖြစ်တဲ့ လတ်ဆတ်တဲ့ သစ်သီးဝလံ ဟင်းသီးဟင်းရွက်တွေနဲ့ ဘယ်လိုထူးခြားတဲ့ sandwich တွေကို ဖန်တီးသွားမလဲ။ သူတို့ကိုတည်းခိုခွင့်ပေးထားတဲ့တောင်သူကြီးယိုဂျီရဲ့ပြဿနာကိုရော ဘယ်လိုကူညီဖြေရှင်းပေးသွားမလဲဆိုတာကို အားလုံးအတူကြည့်ရှုရမှာဖြစ်ပါတယ်။စိတ်အပန်းဖြေဖို့ ရုပ်ရှင်လေးတစ်ကားလည်းကြည့်ချင်တယ် အချိန်လည်းအများကြီးမပေးချင်ဘူးဆိုသူတွေအတွက် တစ်နာရီနဲ့ Healingဖြစ်စေမယ့် ဒီရုပ်ရှင်လေးကိုကြည့်ဖို့ တိုက်တွန်းလိုက်ရပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ...
movie
Traveling Sandwich (2022)
2022
8.2
Ran (1985)
Ran (1985)~ IMDb - 8.2/10, Rotten Tomatoes - 96% ~ကူရိုဆာဝါရဲ့ Ran ဟာ ရှိတ်စပီးယားရဲ့ King Lear ပြဇာတ်ကို ပြန်ရိုက်တဲ့ထဲက အခမ်းနားဆုံးနဲ့ အအောင်မြင်ဆုံး ရုပ်ရှင်ပါပဲ။ ၁၉၈၆ အော်စကာမှာ ဂျပန်က လူတွေနဲ့ အဆင်မပြေခဲ့တာကြောင့် Best International Feature အတွက် နိုင်ငံကိုယ်စားပြု အရွေးမခံခဲ့ရပေမဲ့ Main Categories တွေထဲက Best Director, Best Cinematography, Best Art Direction-Set Decoration, Best Costume Design ဆုတွေ ဆန်ခါတင်ဝင်ခဲ့တယ်။ ကူရိုဆာဝါအတွက် ပထမဆုံး Best Director ဆန်ခါတင်ဝင်ခဲ့တဲ့ရုပ်ရှင်လည်းဟုတ်တယ်။ ကံဆိုးချင်တော့ Best Costume Design ဆုပဲရသွားခဲ့တယ်။ သိပ်တော့လည်း အရေးမကြီးလှပါဘူးလေ။ ဘာနေနေ ...
movie
Ran (1985)
1985
6.3
Noise (2023)
Death Note ကား ထဲက L နဲ့ Light Yagami မင်းသား 2ယောက်ကို အတူတူတွေ့ရမှာပါရှီရှီခါရီ ဆိုတဲ့ ကျွန်းလေးဟာ လူဦးရေခေါင်းပါလာပြီး အေးချမ်းသာယာတဲ့ကျွန်းလေးပါ ကျွန်းရဲ့အဓိကထွက်ကုန်ကတော့ အနက်ရောဂ်သဖန်းသီးတွေပါဒီကျွန်းပေါ်မှာ သဖန်းပင်စိုက်ပျိုးပြီး ကျွန်းလေးကိုအကျိုးပြုနတောကြောင့် လူအများချစ်ခြင်းမေတ္တာရရှိကာ ကျွန်းရဲ့ကယ်တင်ရှင်လို့ တင်စားခံရတဲ့ ကီတာ... အမဲလိုက်ခြင်းနဲ့ အသက်မွေးဝမ်းကြောင်းလုပ်ကိုင်ပြီး အမဲလိုက်ရာသီမဟုတ်ရင် သဖန်းခြံမှာ လာရောက်ကူညီလေ့ရှိတဲ့ ဂျွန်... ဒီကျွန်းအတွက် အဘက်ဘက်က အကာအကွယ်ပေးမယ့်ဆို့တဲ့ အ်ယူကို လက်ခံထားတဲ့ ရဲဝန်ထမ်းလေး ရှင်း...ဒီလို အေးချမ်းစွာ နေနေရင်းကနေ တစ်နေ့တော့ Life Changing event တစ်ခုဖြစ်ပွားခဲ့ပါတယ် ပြည်မကြီးအကျဉ်းထောင်ကနေ ပြန်လည်ထူထောင်ရေးစခန်းမှ အကျဉ်းသား အိုမီဆာကာ ဟာဒီကျွန်းကိုအလုပ်လုပ်ဖို့လာရောက်ခဲ့ပေမယ့် လူတစ်ယောက်သတ်ပြီး ထွက်ပြေးနေခဲ့ပါတယ် ဒီလိုအန္တရာယ်များတဲ့လူတစ်ယောက်ကျွန်းပေါ်ရောက်နေတာကြောင့် ဟို3ယောက်ဟာ သူ့ကိုသတ်ရမယ့်အကြောင်းအရာပေါ်ပေါက်လာခဲ့ပါတယ် ပထမတော့ စိတ်မနှံ့တဲ့အကျဉ်းသားမို့လို့ ဘယ်သူမှလာမရှာဘူးလို့ထင်ထားပေမယ့် ကြိုးစားပန်းစားလာရှာတဲ့ရဲတွေကြောင့် သူတို့၃ယောရ် ဒီကိစ္စကိုဘယ်လိုဖြေရှင်းကြမလဲ ဘယ်လိုအခက်အခဲတွေနဲ့ရင်ဆိုင်ရမလဲ ဘယ်သူတွေပါပါဝင်နေသေးလဲဆိုတာကို ကြည့်ရှုခံစားရမှာပါ Plot ...
movie
Noise (2023)
7.6
The Taste of Tea (2004)
Taste of Tea (2004)IMDb rating 7.6/10ထိ ရရှိထားတဲ့ ၂၀၀၄ခုနှစ်ထွက် ဂျပန် မိသားစု ဒရာမာဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။တိုကျိုမြောက်ပိုင်း တိုချိဂိစီရင်စုမှာရှိတဲ့ ကျေးလက်ရွာလေးမှာနေထိုင်ကြတဲ့မိသားစုတစ်စုရှိပါတယ်။ အဖေဖြစ်သူ နိုဘုအိုက အိပ်မွေ့ချနည်းနဲ့ကုသပေးတဲ့ဆရာဝန်တစ်ယောက်ပါ။ အမေဖြစ်သူကတော့ အိမ်ရှင်မဖြစ်ရုံတင်မကဘဲ animatorအလုပ်တွေကို အိမ်ကိုယူပြီး လုပ်တဲ့မိခင်တစ်ယောက်ပါ။သူတို့ရဲ့သားဖြစ်သူ "ဟာဂျိမဲ"ကတော့ အဖေ့ထံကနေ ကျားကွက်ထိုးနည်းသင်ခံရပြီး တော်လည်းတော်ပါတယ်။ ဒါပေမဲ့ မိန်းကလေးတွေနဲ့ အချစ်ရေးနဲ့ပတ်သက်လာရင်တော့ ဒုက္ခရောက်နေတဲ့ ကောင်ကလေးပါပဲ။သူတို့ရဲ့သမီးဖြစ်သူ စချိကိုကတော့ သူ့ရဲ့ကိုယ်ပွားအကြီးကြီးက သူ့ကိုအမြဲစောင့်ကြည့်နေတယ်လို့ ထင်ယောင်ထင်မှားဖြစ်နေပါတယ်။ သူ့ဦးလေးပြောပြခဲ့တဲ့ပုံပြင်ကြောင့် ဒီလိုမြင်ရတဲ့အခြေအနေက အစပျိုးခဲ့တာပါ။ ဒီပုံပြင်နဲ့ဆက်စပ်တဲ့အကြောင်းအရာတွေနဲ့ သူတို့ ကျေးလက်မိသားစုလေးရဲ့ နိစ္စဓူဝလှုပ်ရှားသက်ဝင်ပုံတွေကို ရိုက်ကူးထားတဲ့ရုပ်ရှင်ဟောင်း ရုပ်ရှင်ကောင်းတစ်ကားပါပဲ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ )File Size__(3.5GB) / (1.6GB) Quality__BluRay_1080p, 720p IMDb Rating__7.6/10 Format__mp4 Duration__02:24:00 Type__Comedy, Fantasy Subtitle__Myanmar Subtitle (Hardsub) Translated by Ingyin ...
movie
The Taste of Tea (2004)
5.6
[18+]Disregarded People (2013)
အလုပ်မရှိ အကိုင်မရှိ sex ကိစပဲစဥ်းစားနေတဲ့ ဘဲကြီးတစ်ယောက် နဲ့မိသားစု ဘ၀ကို ပျော် ပျော် ရွှင်ရွှင် ဖြတ်သန်းချင်တဲ့ မိန်းမတစ်ယောက်ရဲ့ အချစ်ဇာတ်ကားပါSex လုပ်တာပဲ ဘ၀ထင်နေတဲ့သူအနေနဲ့ ရေရှည်မှာ ဘာတွေအဆင်မပြေဖြစ်လာမလဲဆိုတာကို ခမ်ကြမ်းကြမ်းလေး ကြည့်ရမှာပါ ။File Size__(1GB) Quality__720p IMDb Rating__5.3/10 Format__mp4 Duration__02:02:00 Type__Adult, Drama Subtitle__Myanmar Subtitle (Hardsub) Translated by Butterfly Encoded by Dark Devil
movie
[18+]Disregarded People (2013)
7.9
Still Walking (2008)
Still Walking (2008) =============== Directed By Hirokazu Koreeda IMDb Rating - 7.9/10ဇာတ်အဖွင့်မှာ Koreedaဟာ မိသားစုတစ်စုရဲ့ သေသူ၊ ရှင်ကျန်သူတွေ ပြန်ဆုံစည်းကြတဲ့ နေ့တစ်နေ့ကို ခေါ်သွားတယ်။ နှစ်ပေါင်းများစွာ မပျက် မကွက် လမ်းလျှောက်နေတဲ့ လူတစ်ယောက်ဆီခေါ်သွားတယ်။ အဲဒီမိသားစုက လူတစ်ယောက်ချင်းစီရဲ့ စိတ်ထဲကို ခေါ်သွားတယ်။ သူတို့မိသားစုရဲ့မရှိတော့တဲ့ သူတို့အတွက်အဖိုးအတန်ဆုံး တစ်ယောက်ဆီ ခေါ်သွားတယ်။ သူတို့ရဲ့ဆန္ဒ တွေဆီ ခေါ်သွားတယ်။ ဒီလိုနဲ့နောက်တစ်နေ့ မိုးလင်းသွားတယ်။ တစ်ချို့ဆန္ဒ တွေက ဘယ်တော့မှမဖြစ်လာခဲ့ကြသလို တစ်ချို့က ဒီလမ်းကို ဆက်မလျှောက် နိုင်ကြတော့ဘူး။ ဒါပေမဲ့ ကျန်နေခဲ့သူတို့ကတော့ ဆက်လျှောက်နေရတုန်း။ Koreedaဟာ ကျွန်တော်တို့ကို ဒီမိသားစုက လူတစ်ယောက်ချင်းစီရဲ့ စိတ်အနေ အတိတ်တွေကို ပြတော့ပြတယ်။ ဒါပေမဲ့ ပေါ်လွင်အောင်တော့ မပြပါဘူး။ စကားတစ်ခွန်းနဲ့ အဲဒီစကားနောက်မှာ ဖြစ်သွားတဲ့ ဇာတ်ကောင်ရဲ့ အမူအရာနဲ့ကို ချိတ်ဆက်ပြီး ပြသွားတယ်။Koreedaရဲ့ Still walkingဟာ ဟဲမင်းဝေးရဲ့ ရေခဲတုံးကြီးလိုပါပဲ။ Koreedaဟာ ကျွန်တော်တို့ကို သူပြချင်တဲ့အကြောင်းအရာကို ရိုးရိုးရှင်းရှင်းနဲ့ ရေခဲတုံးကြီးရဲ့ ပေါ်နေတဲ့အစွန်းကလေးကိုပဲ ရိုက်ပြသွားပေမဲ့ ကြည့်ရှုသူကိုတော့ ...
movie
Still Walking (2008)
2008
6.1
Last of the Wolves (2021)
ခပ်မိုက်မိုက် အက်ရှင်ကားကောင်းတွေကိုမှ တောင့်တနေပါတယ်ဆိုတဲ့ CM ပရိတ်သတ်တွေအတွက် အကြမ်းစားနဲ့ အလန်းကြီးလန်းမဲ့ ဂျပန်ယာခူဇာ ကားလေး တင်ဆက်ပေးလိုက်ပါတယ်နော်ဒီဇာတ်ကားလေးဟာ ရုပ်ရှင် နှစ်ကားထွက်ထားတာဖြစ်ပြီး ပထမတွဲမှာတော့ ဟီအိုခါနဲ့အိချီနိုစဲတို့ အတူ ယာခူဇာဂိုဏ်းကြီးနှစ်ဂိုဏ်း ကြားက ရန်ပွဲတွေကို ငြိမ်းချမ်းအောင်လုပ်ပေးခဲ့ပါတယ်အခု ဒုတိယတွဲမှာတော့ ဟီအိုခါတစ်ယောက် ငြိမ်းချမ်းရေးကို မလိုလားတဲ့ ဂိုဏ်းအကြွင်းအကျန်တွေလက်ထဲကနေ ငြိမ်းချမ်းရေးကို ဘယ်လိုထိန်းသိမ်းမလဲဆိုတာကို ရိုက်ကူးပုံဖော်ထားတာပါ ဇာတ်ကြောင်းလေးကတော့...ခုရဲဟာရမြို့ရဲ့ အိုဒါနီ ဂိုဏ်းနဲ့ ဟီရိုရှီးမားမြို့ရဲ့ ဂျင်စေးခိုင်ဆိုတဲ့ ယာခူဇာဂိုဏ်းကြီးနှစ်ဂိုဏ်းကြားက ပဋိပခတွေကို ဂျင်စေးခိုင်ရဲ့ ခေါင်းဆောင်ရှိုဟေး သေဆုံးပြီးတဲ့နောက်ပိုင်းမှာ နှစ်ဖက်လုံးက အာဃာတတရားတွေ အငြှိုးအတေးတွေကို ဖယ်ရှားပြီး ယာယီစစ်ပြေငြိမ်းမှုရယူခဲ့ကြပါတယ်စစ်ပြေငြိမ်းမှုရယူပြီး နှစ်ဖက်လုံး ကိုယ့်စီးပွားရေးကိုသာအဓိက အားထားပြီးလုပ်နေချိန်မှာ ဟီအိုခါဆိုတဲ့ စုံထောက်က အဖွဲ့နှစ်ဖွဲ့ကြားမှာ ငြိမ်းချမ်းအောင် ဖျန်ဖြေရေး အကျိုးဆောင်လုပ်ပေးနေခဲ့ပါတယ်ဒီလိုနဲ့ သုံးနှစ်ကြာမြင့်ပြီးချိန်မှာတော့ သေသွားတဲ့ ဂျင်စေးခေါင်းဆောင် ရဲ့ ညာလက်ရုံး အူအဲဘာယရှီဟာ ထောင်ထဲမှ လွတ်မြောက်လာခဲ့ပါတယ်သူဟာ အရင်ကတည်းက သူ့ခေါင်းဆောင်အပေါ်သစ္စာရှိပြီး ...
movie
Last of the Wolves (2021)
7.7
When Marnie Was There (2014)
ဇာတ်လမ်းပုံစံလုံးဝမသိပဲကြည့်မှဖီးလ်လို့ကောင်းမယ့်ဂျပန်ကာတွန်းပါ Studio Ghibliရဲ့လက်ရာကောင်းတစ်ခုဖြစ်ပြီး မူရင်းဝတ္ထုကလည်းဆယ်စုနှစ်တစ်ခုရဲ့အကောင်းဆုံးဝတ္ထုတစ်ခုဖြစ်ခဲ့တာမို့ ကြည့်သင့်တဲ့ကားကောင်းတစ်ကားပဲဖြစ်ပါတယ် နောက်ခံတေးဂီတပိုင်းမှာဆိုရင်လည်းအပြစ်ပြောစရာမလိုလောက်တောင်ပြီးပြည့်စုံလွန်းနေပြီး ဇာတ်လမ်းထဲစီးဝင်သွားလောက်တဲ့ထိကိုကောင်းမွန်နေပါတယ် ဇာတ်လမ်းအကျဉ်းကတော့ကျန်းမာရေးမကောင်းလို့ ဘောင်ပြင်ရောက်နေတဲ့ဆယ်ကျော်သက်ကောင်လေးနဲ့ ပိုက်ဆံချမ်းသာလွန်းလို့ဘောင်ပြင်ထွက်ပေးနေရတဲ့ ဆယ်ကျော်သက်ကောင်မလေးတို့ရဲ့အချစ်ဇာတ်လမ်းပဲဖြစ်ပါတယ် (English dubကိုဘာသာပြန်ထားတာကြောင့်မူရင်းဂျပန်versionတွင်စာကြောင်းအနည်းငယ်ကျန်နေတာမျိုးဖြစ်နိုင်ပါသည်။) File Format - mp4 IMDB rating - 7.7/10 Quality - Blu-ray1080p/Blu-ray480p Running Time - 1h 43min Translated by Dolly Encoded by sithu
movie
2014