Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Susana Abaitua
Staring at Strangers (2022)
Staring at strangers ဆိုတဲ့အတိုင်း ဒီဇာတ်လမ်းမှာ ဇာတ်ကောင် Carpenter Damián ကအဝတ်ဗီရိုထဲမှာ ပုန်းနေပြီး အပြင်ကမိသားစုတစ်စုမသိအောင် နေနေရတဲ့သူတစ်ယောက်ပါ။သူ့သူဌေးဆီက အလုပ်ဖြုတ်ခံရပြီး ဗီရိုတစ်ခုထဲ ဝင်ပုန်းနေရာက အဲဒီဗီရိုကို အလုပ်သမားတွေ လူရှိနေမှန်းမသိဘဲ ဗီရိုဝယ်သူဆီ သယ်သွားခဲ့ကြတယ်။မိသားစုမရှိ သူငယ်ချင်းလည်းမရှိတဲ့ Carpenter တစ်ယောက် အပြင်လောကကြီးကို အဆက်အသွယ်ဖြတ်ပြီး ဗီရိုထဲမှာပဲ သူ့ရဲ့ကမ္ဘာငယ်တစ်ခုအဖြစ် ထွက်ပေါက်ရှာနေထိုင်ရင်းက အိမ်ပိုင်ရှင်ဇနီးသည် Lucia နဲ့ ဘယ်လိုတွေ ခံစားချက်ပေါ်ပေါက်လာမလဲ၊ လူမမိအောင် အမြဲတမ်းပုန်းနေနိုင်ပါ့မလားဆိုတာကို စိတ်လှုပ်ရှားစွာစောင့်ကြည့်ရမဲ့ psychology thriller ကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ File size…(1.2 GB)/(632 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:47:00 Genre...Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Thwal Htoo Zin
movie
Staring at Strangers (2022)
6.9
Stockholm (2013)
IMDb - 6.9/10ဇာတ်လမ်းအညွှန်းအလေးအနက်ထားချင်တဲ့ကောင်မလေးတစ်ယောက်နဲ့တစ်ညတာပျော်ပါးချင်တဲ့ကောင်လေးတစ်ယောက်ပါတီပွဲတစ်ခုမှာ တွေ့ကြပါတယ်။ကောင်လေးက ကောင်မလေးကို ချစ်မိသွားပါပြီဆိုတဲ့စကားနဲ့ စတင်မိတ်ဆက်တယ်၊ ကောင်မလေးကို အိမ်အပါခေါ်ဖို့ဆွယ်တယ်။ပုံမှန်ကောင်မလေးတစ်ယောက်အတွက်ဆိုရင်တော့ဒီကောင်လေးက ငြင်းရက်စရာမရှိပေမယ့်ဒီဇာတ်လမ်းရဲ့ဇာတ်ဆောင်အမျိုးသမီးလေးကတော့ ငြင်းပါတယ်။ဒီလိုကနေ ကောင်မလေးရဲ့အိမ်အပြန်လမ်းမှာဒီကောင်လေးဟာ စကားတွေလိုက်ပြောရင်း သူ့အချစ်တွေကိုသက်သေပြဖို့လုပ်တော့တာပေါ့။အလိမ်အညာမပါ အမှန်တွေသာ ပြောနေပါတယ်ဆိုတဲ့ကောင်လေးနဲ့ သူစိမ်းတစ်ယောက်ကိုအလွယ်တကူမယုံလိုက်နိုင်တဲ့ကောင်မလေးတို့ရဲ့ စကားပြောခန်းတွေဟာ စိတ်ဝင်စားစရာဖြစ်လာပြီးကောင်လေးရဲ့ ပိုးပန်းမှုလေးတွေက ကြည်နူးစရာ ဖြစ်နေမှာပါ။ဇာတ်လမ်းသဘောလေးက ပါတီပွဲကအိမ်ပြန်လာတဲ့သူတို့နှစ်ယောက် ညသန်းခေါင်အချိန် လမ်းမထက်မှာစကားတောက်လျှောက်ပြောကြတဲ့ပုံစံကိုရိုးရိုးရှင်းရှင်း ရိုက်ကူးထားတာမျိုးလေးဖြစ်ပါတယ်။ဒါပေမဲ့လည်း ပျင်းစရာကောင်းနေတာမျိုးမဟုတ်ဘဲကောင်လေးက ကောင်မလေးကို အိမ်အပါခေါ်နိုင်ပါ့မလား၊သူတို့နှစ်ယောက်ဇာတ်လမ်းလေး ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့စိတ်ဝင်စားစရာဖြစ်နေမှာပါ။ရိုးရိုးရှင်းရှင်းရိုက်ကူးထားတယ်ဆိုပေမယ့်လည်းလူငယ်တွေရဲ့ သဘာဝတွေ ရိုမန့်ဖြစ်တဲ့အချစ်တွေလိမ်ညာမှုတွေ ဒါတွေ စဉ်းစားကြည့်မယ်ဆိုရင်တော့တကယ့်အကြောင်းတွေပဲဆိုတာမျိုးဖြစ်နေမှာပါ။“ကြွေမွအက်ကွဲနေတဲ့ ဖန်ခွက်လေးတစ်ခွက်ဟာ ထိလိုက်တဲ့အခါမှာအစိတ်စိတ်အမွှာမွှာသာဖြစ်သွားမယ်ဆိုရင်…ဒီဖန်ခွက်ကိုဒီအတိုင်းလေး ဆက်ရှိစေချင်သေးတယ်ဆိုရင်မထိလိုက်ဘဲ ဒီအတိုင်းထားလိုက်တာ ပိုကောင်းမယ်မလား။ဒီလိုဖန်ခွက်နဲ့တူတဲ့ အမျိုးသမီးလေးတစ်ယောက်ရှိပါတယ်။“ awards တွေလည်း အများကြီးသိမ်းပိုက်ခဲ့တဲ့ romance/dramaဇာတ်လမ်းလေးကို ဆက်လက်ခံစားကြည့်ရှုလိုက်ကြပါဦး။ File size… 803.2 MB / 402.1 MB Quality… WEB Dl 1080p / 720p Format… mp4 Duration…. 1h 31m Genre ..... ...
movie
Stockholm (2013)
2013
5.7
Love at First Kiss (2023)
Love at First Kiss (2023)ဘဝမှာ supernatural ability တစ်ခုသာ ပိုင်ဆိုင်ခွင့်ရခဲ့မယ်ဆိုရင် အနာဂတ်ကိုကြိုမြင် ကြိုသိနေချင်ပါတယ်ဆိုတဲ့လူတွေ ရှိနေမှာပါ။ ဒါပေမဲ့ တကယ်တမ်းအားလုံးကိုကြိုသိနေရခြင်းက တကယ်ပဲကောင်းတာဟုတ်ရဲ့လား။ ဇာတ်သိမ်း Spoil မိသွားတဲ့ ရုပ်ရှင်တစ်ခုတောင် ကြည့်ရတာအရသာပျက်သွားပြီဆိုရင် ဇာတ်သိမ်းကိုကြိုမြင်နေရတဲ့ ဘဝတစ်ခုကရော.....မိန်းကလေးတစ်ယောက်နဲ့ ပထမဆုံးအနမ်းတစ်ပွင့်ခြွေဖူးရုံနဲ့တင် ဒီမိန်းကလေးနဲ့သူရဲ့ အချစ်ဇာတ်လမ်းကို မြင်နိုင်တဲ့ထူးခြားတဲ့အစွမ်းကို ပိုင်ဆိုင်ထားတဲ့ဟာဗီယာ၊ အနာဂတ်ရှေ့ရေးကို အမြဲကြိုမြင်နေတဲ့ဟာဗီတစ်ယောက် အဆင်မပြေနိုင်မှန်းသိနေတဲ့ RS တွေကို ဘာမပြောညာမပြောနဲ့ သစ်စိမ်းချိုးချိုးလေ့ရှိပါတယ်။ ဒီတော့ ဟာဗီကိုယ်တိုင်လည်း Commitment ဆိုတာကို ကြောက်လာသလို မိန်းကလေးတွေကြားမှာလည်း လူရှုပ်လူပွေအဖြစ် နာမည်ဆိုးထွက်သူတစ်ယောက် ဖြစ်လာတော့တာပေါ့။ဘယ်မိန်းကလေးနဲ့နမ်းနမ်း သာယာတဲ့အနာဂတ်ကိုမမြင်ရလို့ စိတ်ပျက်နေတဲ့အပြင် အလုပ်ကပါအဆင်မပြေလို့ အရှုံးပေါ်နေပြန်လို့ အနုတ်ပြနေတဲ့ဟာဗီရဲ့ဘဝထဲကို အနမ်း ၂ ပွင့်နဲ့အတူ ဝင်ရောက်လာခဲ့တဲ့ မိန်းကလေး ၂ ယောက်၊ အဲဒီထဲကတစ်ယောက်တော့ ဟာဗီရဲ့အချစ်ဆုံးသူငယ်ချင်းရောဘတ်တိုရဲ့ချစ်သူဖြစ်တဲ့ လူစီယာနဲ့ နောက်တစ်ယောက်ကတော့ အမြဲတမ်းခံစားချက်တွေကို သိမ်းထားတတ်တဲ့ဟာဗီကို ရင်ဖွင့်လာအောင်လုပ်နိုင်ခဲ့တဲ့ လွတ်လပ်ပြီးပျော်ပျော်နေရတာကြိုက်တဲ့အေရီယာနာ။ ဘယ်တစ်ယောက်နဲ့ ဘယ်လိုအနာဂတ်တွေကို ဟာဗီမြင်လိုက်ပြီးတော့ သူရွေးမဲ့လူက ဘယ်သူဖြစ်မလဲဆိုတာ အားလုံးအတူ ကြည့်ရှုရင်း အဖြေရှာလိုက်ရအောင်ပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ...
movie
Love at First Kiss (2023)
2023
5.9
4 latas (2019)
တိုရှို၊ ဂျိုဆေးဗားနဲ့ ဂျွန်ပီယာတို့ ၃ ဦးက အရမ်းခင်တဲ့ သူငယ်ချင်း ၃ ယောက်ဖြစ်ပါတယ်သူတို့ ၃ ဦးဟာ မကြာခဏ ခရီးတွေထွက်လေ့ရှိပြီးများသောအားဖြင့် ဆဟာရ သဲကန္တာရကို ဖြတ်ကျော်ခရီးနှင်လေ့ရှိပါတယ်အဲဒီလိုနဲ့အကြောင်းကြောင်းကြောင့် သူငယ်ချင်းတွေ ကွဲကွာသွားရင်းနေလာရာကနေ တစ်ရက်မှာတော့ တိုရှိုတစ်ယောက်ဂျိုဆေးဗားရဲ့ အမျိုးသမီးဆီကနေ စာတစ်စောင် လက်ခံရရှိပါတော့တယ်သူတို့ရဲ့သူငယ်ချင်းဖြစ်သူ ဂျိုဆေးဗားတစ်ယောက်နောက်ဆုံးအချိန်ရောက်နေပြီဆိုတာကို အသိပေးထားတဲ့စာပါအဲဒီလိုနဲ့ပဲတိုရှိူတစ်ယောက်ဟာ နောက်ထပ်သူငယ်ချင်းတစ်ဦးဖြစ်တဲ့ဂျွန်ပီယာဆီသွားပြီး ဂျိုဆေးဗားဆီ လိုက်ကြဖို့လုပ်ပါတော့တယ်လေယာဉ်နဲ့အားချင်းသွားဖို့စီစဉ်ထားပေမယ့် ဂျိုဆေးဗားသမီးဖြစ်သူအကြံနဲ့ဟိုးအရင်ကလို ဟိုးအရင်ကကားနဲ့ပဲသဲကန္တာရကို ဖြတ်ကျော်ခရီးနှင်ဖို့ဆုံးဖြတ်လိုက်ကြတဲ့အခါမှာတော့ စွန့်စားခန်းကြီးစတင်ပါတော့တယ်သဲကန္တာရအလယ်မှာ ကြုံရတဲ့အခက်အခဲမျိုးစုံ ဒုက္ခသုခပေါင်းစုံနဲ့ ။ကြုံဆုံရတဲ့ လူအမျိုးမျိုး စိတ်အထွေထွေ အကြောင်းကိုဟာသနှောပြီး ခပ်သွက်သွက်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ရယ်မောစရာလည်းပါ ရင်မောစရာလည်းပါတဲ့ ကားကောင်းတစ်ကားပဲဖြစ်ပါတယ်File Size : (987 MB) & ( 368 MB)Quality : Web-DL 720pRunning Time : 1 hr 44 minFormat : Mp4 ...
movie
4 latas (2019)
2019