Channel Myanmar

Susan Traylor

Passion Play (2010) 5.5
Passion Play (2010) Passion Play (2010)အရင်က နာမည်ကြီး trumpet player ဖြစ်ခဲ့တဲ့ Nate Poole က လူဆိုးဂိုဏ်းခေါင်းဆောင်တစ်ယောက်ရဲ့ ဇနီးကို မသိဘဲအိပ်မိရာကနေ လူဆိုးဂိုဏ်းခေါင်းဆောင်က လိုက်သတ်လို ကန္တာရထဲ ထွက်ပြေးခဲ့ရတယ်။ အဲဒီမှာသူ ဆပ်ကပ်ပွဲတစ်ခုဆီရောက်သွားပြီး မထင်မှတ်ဘဲ အတောင်ပံတွေရှိတဲ့ မိန်းမလှလေးကို တွေ့ခဲ့ချိန်မှာတော့ သူ့ဘဝကြီးရော ငှက်အတောင်ပံတွေနဲ့ မိန်းမပျိုလေးရဲ့ဘဝရော ဘယ်လိုတွေပြောင်းလဲသွားမလဲဆိုတာကိုတော့ ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုလိုရပါတယ်။နာမည်ကြီး မင်းသားမင်းသမီးကြီးတွေဖြစ်တဲ့ Mickey Rourke၊ Megan fox၊ Bill Murray၊ Rhys Ifans နဲ့ Kelly Lynch တိုအကုန် ပါဝင်တာမို မလွတ်တမ်းကြည့်ရှုသင့်ပါတယ်နော်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thwal Htoo Zin ပါ )File size_(1.5GB)/(700MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:30:00 Genre_Drama, Fantasy, Romance Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated ...
movie

Passion Play (2010)

To Die For (1995) 6.8
To Die For (1995) To Die For [1995] (IMDb 6.8/10, RT 66%)မင်းသမီးကြီး Nicole Kidman ရဲ့ ကားဟောင်းတွေထဲက ကားကောင်းတစ်ကား လာပါပြီ။ ရုပ်ရှင်ဆုတွေလည်း အများကြီး ရထားခဲ့တဲ့ကားပါ။ ဖြစ်ရပ်မှန်ကို မှီငြမ်းပြီး ရိုက်ကူးထားခဲ့ကားဖြစ်တဲ့အပြင် ဇာတ်ရဲ့ စလယ်ဆုံးကို ဆက်တိုက် ဆွဲခေါ်သွားနိုင်တဲ့ ဇာတ်ကားတစ်ကားပါပဲ။ဆူဇန် မာရက်တိုဆိုသူဟာ ရုပ်မြင်သံကြားတင်ဆက်သူ တစ်ယောက်ဖြစ်ဖို့ ငယ်ငယ်လေးကတည်းက ရူးသွပ်ခဲ့ရသူပါ... ရူးသွပ်လွန်းလို့ နာမည်ကြီး အစီအစဉ်တင်ဆက်သူတွေရဲ့ ဘဝ၊ နေပုံထိုင်ပုံ၊ စားပုံသောက်ပုံ နောက်ဆုံး မင်္ဂလာပွဲမှာ သုံး ခြုံလွှာအထိ လိုက်တုပပြီး အသုံးပြုသူပါ... သူ့ယောက်ျား လယ်ရီ မာရက်တိုဟာလည်း သူ့ရဲ့ တမူထူးခြားတဲ့ ပုံစံကလေးကြောင့်ပဲ ဆူဇန်ကို ချစ်မြတ်နိုးပြီး လက်ထပ်ပေါင်းသင်းခဲ့သူပါ... ဒါပေမယ့် ဆူဇန်ဟာ ရုပ်မြင်သံကြားအလုပ်ပေါ်မှာ အလွန်အကြူးစွဲလမ်းနေတဲ့အတွက်ကြောင့် သူတို့မိသားစုပိုင်စီးပွားရေးဖြစ်တဲ့ စားသောက်ဆိုင်လုပ်ငန်းမှာ တွဲလုပ်ဖို့ တိုက်တွန်းမိပါတော့တယ်... ဒီလို တိုက်တွန်းလာတဲ့အပေါ် ဆူဇန်ကတော့ လုံးဝမကြိုက်ပါဘူး... သူ့လမ်းကြောင်းကို ပိတ်ပင်တားဆီးဖို့ ကြိုးစားနေတယ်လို့လည်း မြင်လာပါတော့တယ်... ဒီလိုနဲ့ သူရိုက်ကူးနေတဲ့ လူငယ်ရေးရာ ...
movie

To Die For (1995)

1995
A River Runs Through It (1992) 7.2
A River Runs Through It (1992) [Unicode]A River Runs Through It (1992) ================= IMDb Rating - 7.2နော်မန်မက်ကလင်းဆိုတဲ့ လူတစ်ယောက်ဟာ ငါးမျှားတံကိုင်ပြီး ရပ်နေခဲ့တယ်။ စက္ခုရဲ့တုရှုမှာမြစ်တစ်စင်း။ ရေစီးထဲကိုကြိုးကိုပစ်ထည့်ရင်း ရစ်သမ်တစ်ခုအတိုင်းလက်လှုပ်ရှားနေပေမယ့် သူ့စိတ်တွေက ဒီငါးမျှားတံမှာမရှိတော့ဘူး။ သူရပ်နေတဲ့မြစ်ကမ်းပါးကို ပတ်လည်ဝိုင်းထားတဲ့ တောင်တွေကြားက အလင်းရောင်ဟာ တဖြည်းဖြည်း မှိန်ပြလာတယ်။ ဖြူဖွေးပါးလျနေတဲ့ ဆံပင်တွေဟာ သူဖြတ်သန်းခဲ့ရတဲ့ သက္ကရာဇ်‌‌တွေရဲ့ သက်သေပါပဲ။ သူချစ်တဲ့လူတွေကို သူနှစ်ခါပြန် ချိုးလို့မရတဲ့ မြစ်တစ်စင်းက ခေါ်ဆောင်သွားခဲ့ပြီ။ ရေတွေရဲ့ အသံကို သူ နားစိုက်ထောင်ကြည့်တယ်။ သူ့အဖေ သင်းအုပ်ဆရာ ရီဗားရန့်မက်ကလင်းကတော့ တစ်ခါပြောဖူးတယ်။"ဟိုးတုန်းက ရွှံ‌‌တွေပေါ်ကို မိုးစက်‌တွေကျပြီး ကျောက်တုံးတွေဖြစ်လာခဲ့တယ်။ အတိကျအဆို လွန်ခဲ့တဲ့ နှစ်သန်းငါးရာအကြာတုန်းကပေါ့။ ကျောက်တုံးတွေမဖြစ်လာခင်မှာ ဒီကန်ကြီးရဲ့အောက်ခြေမှာ တကယ်တမ်းရှိခဲ့တာက ဘုရားသခင်ရဲ့စကားလုံးတွေပဲတဲ့" သူတကယ်တမ်းကြားနေရတာကတော့ ဘုရားသခင်ရဲ့ စကားလုံးတွေမဟုတ်ဘဲ သူချစ်ခဲ့တဲ့လူ‌တွေရဲ့ စကားလုံးတွေပါပဲ။ သူ့အဖေပြောနေကြ တရားစာတွေ၊ သူ့ညီလေးပေါလ်ရဲ့စကားလုံးအရိုင်းတွေ၊ သူ့ဘဝရဲ့အချစ်ဂျက်ဆီရဲ့ စကားလုံးချိုချိုတွေ မြစ်အောက်ဘက်ကကျောက်တုံးတွေအောက်မှာ ခိုဝင်နေတဲ့စကားလုံးတွေကို သူကြားနေရတယ်။ ဟိုးအတိတ်နေ့တစ်ရံတစ်ခါဆီတုန်းက ဒီမြို့ကလေးရဲ့နေ့ရက်တွေကို သူပြန်ကြားနေရတယ်။ မြို့လယ်‌ခေါင်က အုတ်ခုံကလေးပေါ်မှာ ထိုင်ခဲ့ကြတဲ့ သူတို့ရဲ့ကလေးဘဝတွေ လူငယ်ဘဝတွေကို သူပြန်ကြားနေရတယ်။ လူဟာ ...
movie

A River Runs Through It (1992)

Heat(1995) 8.2
Heat(1995) HEAT(1995) IMDb...8.2,,,,Rotten...86 ဒီကားက ၁၉၉၅ခုနှစ်ကထွက်ခဲ့တဲ့တာဆိုတော့ ၂၀၂၀ ခုနှစ်မှာ နေထိုင်တဲ့ခင်ဗျားတို့အမြင်မှာရိုးစင်းလွန်းတယ် ...ဒီဘက်ခေတ်အမြင်မှာ အဆင့်မရှိလောက်ဘူး ဇာတ်လမ်းကောင်းရင်တောင် ကြည့်ရတာ အံဝင်မယ်မဟုတ်ဘူးလို့ ထင်နေရင်တော့အဲ့ဒီအမြင်ကိုမြောင်းထဲလွှင့်ပစ်လိုက်ပါလို့ ကျွန်တော်ရဲရဲကြီးပြောလိုက်မယ်....ဒီကားက ဟီးဟီးဟားဟားကွက်တွေ အော်ဂလီဆန်စရာသတ်ဖြတ်မှုတွေ ခြောက်လှန့်မှုတွေမပါဘူး ...ဒါပေမယ့် ပြသချိန် ၃နာရီနားပါးကြီးမှာ တစ်ချိန်လုံးခင်ဗျားဟာ စိတ်လှုပ်ရှားနေတယ်.... ဘာလို့ဆို မတူညီတဲ့ဇာတ်ကောင် ၂ယောက်ရဲ့အားပြိုင်မှုကြောင့်ပဲ..... တစ်ယောက်က ရဲ။... သူ့မှတ်တမ်းတစ်လျှောက်လုံးမှာ ဆိုးပါတယ် လိုက်ဖမ်းရခက်ပါတယ်ဆိုတဲ့ လူတွေကိုမှထောင်ထဲထည့်ခဲ့တဲ့သူ. ..ရဲဌာန တစ်ခုလုံးကလည်း သူ့ကိုလေးစားရတယ်.....အယ် ဒါပေမယ့် တစ်နေ့တော့ သူ့နှုတ်ဖျားက ဒီကောင် အရမ်းတော်တယ်ဆိုပြီး ညည်းညူခဲ့ရတဲ့ ဓားပြတစ်ယောက်ပေါ်လာတယ်... တကယ်တော့ သူပြောတာထက်တောင်ပိုပါတယ်... အဲ့ဒီဓားပြက အကွက်ချတာတော်တယ်... ပတ်ဝန်းကျင်ကိုလေ့လာအကဲဖြတ်ပြီး တစ်ဒင်္ဂအတွင်းအကောင်းဆုံးသော ဆုံးဖြတ်ချက်ကိုချနိုင်တယ်. ....လက်အောက်ငယ်သားတွေကိုကြည့်တယ်...ဒီကားက စစချင်း ၁၀မိနစ်လောက်ကတည်းက ခင်ဗျားတို့အာရုံတွေ ဖမ်းစားလိုက်ပြီ..... ဒီကားထဲက အဓိကသရုပ်ဆောင်မင်းသားကြီး (၂)လက်ဖြစ်တဲ့ Al Pacino နဲ့Robert De Niro ကိုတော့ ...
movie

Heat(1995)

1995
The Con is On(2018) N/A
The Con is On(2018) 1999 လောက် ကထွက်ရှိခဲ့ဘူးတဲ့ Steven Martian တို့ ရိုက်ကူးထားတဲ့ကားကိုတဖန်ပြန်လည်ဆန်းသစ်ပြီးတော့ ရိုက်ကူးထားတာဖြစ်ပြီးတော့ လောင်းကစာသမားတွေရဲ့သဘောသဘာဝတွေ နဲ့ လောင်းကစားသမားတွေမှာ ရှိတတ်တဲ့ အမူအကျင့်တွေကိုပုံဖော်ရိုက်ကူးပြထားတာဖြစ်ပါတယ် လောင်းကစားသမားဆိုတဲ့ အမျိုးက ပေါက်ကရ လျှောက်ပြောပေါက်ကရစကားတွေနဲ့ ပေးထားတဲ့ ကတိကိုတည်တတ်တဲ့လူမျိုးမဟုတ်ပါဘူး ဒါ့ကြောင့်လောင်းကစားသမားတွေနဲ့ ဆက်ဆံရင် သတိထားကြဖို့ ဒီကားလေးက သတိပေးထားသလိုပါပဲဇာတ်လမ်း အကျဉ်းလေးကတော့ဟယ်ရီဆိုတဲ့လောင်းကစားမက်တဲ့အမျိုးသမီးကကိုယ်စားဘိန်းအရောင်းအဝယ်လုပ်လို့ရလာတဲ့ငွေတွေကိုလောင်းကစားဝိုင်းမှာအကုန်သုံးစွဲပစ်လိုက်တယ်။ ယောက်ျားဖြစ်သူရောမိန်းမဖြစ်သူရောကလည်း ဘိန်းစားတွေဖြစ်ပါတယ်။သူတို့လင်မယားအကုန်သုံးလိုက်တဲ့ပိုက်ဆံတွေကအရီနာဆိုတဲ့အမျိုးသမီးဂိုဏ်းစတားတစ်ဦးရဲ့ငွေပါ။ အရီနာကသူတို့လင်မယားကိုလိုက်သတ်ဖို့လုပ်တဲ့အချိန်မှာတော့သူတို့အကုန်သုံးလိုက်တဲ့ငွေတွေကိုပြန်ရှာပေးဖို့ လော့စ်အိန်ဂျလစ်မြို့ကိုထွက်လာပါတော့တယ်ပိုက်ဆံတွေကို ဘယ်လိုလိမ်ကောက်ပြီးရှာကြမလဲဆိုတော့Qty - 720p Web DLGern - ComedyDuration - 1hr 44minTranslator - Ye Man AungEncoder - Kyaw Ye Aung
movie

The Con is On(2018)

2017