Channel Myanmar

Susan Hogan

The Wedding March (2016) 6.3
The Wedding March (2016) The Wedding March (2016) IMDb - 6.3/10ခြောက်ကားမြောက်ထိထွက်ရှိခဲ့တဲ့ အမေရိကန်-ကနေဒီယန် rom-comရုပ်ရှင်ဇာတ်လမ်းတွဲတွေထဲက ပထမဆုံးရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ နာမည်ကျော် Before trilogyလို ရသမျိုးကို သူ့နည်းသူ့ဟန်နဲ့ ခံစားရစေမယ်လို့ ထင်ပါတယ်။ရည်းစားဦးကို မြေးဦးရတဲ့ထိတောင် မေ့မရပါဘူးတဲ့။ မစ်ခ်နဲ့ အိုလီဗီယာဆိုတဲ့ စုံတွဲလေးကလည်း ငါ့ကို အသဲခွဲသွားတာဆိုတဲ့ တစ်ဖက်သက်ခံစားချက်ကိုယ်စီနဲ့ ဝေးကွာခဲ့ကြတဲ့ရည်းစားဦးတွေ။မစ်ခ်ကတော့ သမီးတစ်ယောက်အဖေ မုဆိုးဖိုအဖြစ်နဲ့ သာယာလှပတဲ့ရေကန်အနီးက ဟိုတယ်အသေးစားလေးကို ဦးစီးလုပ်ကိုင်နေသူတစ်ယောက်။ ငယ်ရွယ်စဉ်က အောင်မြင်တဲ့အဆိုတော်ဖြစ်ခဲ့ပေမဲ့လည်း အကြောင်းကြောင်းကြောင့် ပရိသတ်တွေနဲ့ဝေးကွာသွားခဲ့သူ။ တစ်နေ့ သူ့ဟိုတယ်လေးမှာ မင်္ဂလာဆောင်မဲ့ အောင်မြင်နေတဲ့အိမ်ခြံမြေပွဲစားတွေအတွက် မဖြစ်မနေ ဧည့်ခံသီချင်းဆိုပေးဖို့ ကြုံလာပါတော့တယ်။ ဖြစ်ချင်တော့ သတို့သမီးက သူ့ငယ်ချစ်ဦး အိုလီဗီယာဖြစ်နေပါရော။ အိုလီဗီယာမှာလည်း ပထမအိမ်ထောင်နဲ့ရတဲ့ မစ်ခ်ရဲ့သမီးနဲ့ရွယ်တူ သမီးတစ်ယောက်ရှိနေပါတယ်။ ငါ့အသဲကိုခွဲသွားတာဆိုတဲ့ ခံယူချက်ကိုယ်စီနဲ့ မျက်နှာချင်းဆိုင်မရဖြစ်နေရာကနေ အကြောင်းအရင်းမှန်ကို သိလိုက်ရတဲ့နောက်မှာ။ မစ်ခ်နဲ့ အိုလီဗီယာတို့ရဲ့ ဇာတ်လမ်းလေးကို တစ်ကားချင်းစီမှာ ရသအမျိုးမျိုးခံစားရစေမှာမို့ အားပေးကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ aungmo3han ဖြစ်ပါတယ်)Genre..... Comedy, Drama, Family Quality…. 1080p | 720p File size… 1.3GB, 678MB Format… ...
movie

The Wedding March (2016)

2016
The Butterfly Effect 2 (2006)
The Butterfly Effect 2 (2006)  နစ် လာဆင်ဟာ သူ့ရဲ့ကောင်မလေး ဂျူလီ မီလာကို မတော်တဆမှုတစ်ခုမှာ ဆုံးရှုံးခဲ့ရပြီး သူ့ရဲ့ အောင်မြင်နေတဲ့ အလုပ်အကိုင်တွေနဲ့ ပျော်ရွှင်ဖွယ်ရာ ဘဝတစ်ခုဟာ ကွဲကြေပျက်ဆီးခဲ့ရပါတယ်.အဲဒီလိုနဲ့ သူ့ကိုယ်သူအပြစ်ရှိတဲ့ စိတ်နဲ့ရှင်သန်နေပြီး တစ်နှစ်လောက်အကြာမှာတော့ နစ်ဟာ သူ အချိန်နောက်ပြန်သွားနိုင်တယ်ဆိုတာကို မထင်မှတ်ပဲ သိသွားခဲ့ပါတယ်. သူက အဲဒီ့အစွမ်းကိုသုံးပြီးတော့ သူ့ကောင်မလေးဂျူလီ မသေဆုံးရအောင် ကာကွယ်ပါတော့တယ်.ကံမကောင်းစွာနဲ့ နစ်ရဲ့ အဲဒီလို အချိန်နောက်ပြန်သွားခြင်းဟာ အနာဂတ်မှာ ဖြစ်လာမယ့် အရာတွေကိုပါ ထိခိုက်လာပါတော့တယ်.နစ် တစ်ယောက် ဘာမှဆိုးဆိုးရွားရွားမဖြစ်ပဲ သူချစ်ရတဲ့ ဂျူလီကို ကယ်နိုင်မလား.... ဒါမှမဟုတ် ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ဇာတ်လမ်းတစ်ခုလုံးကို စီးမျောပြီး အချိန် တစ်နာရီခွဲလောက် ကုန်လို့ကုန်သွားမှန်းမသိအောင်ကို ဆွဲဆောင်ထားနိုင်တဲ့ Mystery Thriller ဇာတ်ကားတစ်ကားဖြစ်ပါတယ်.နာမည်ကျော် The Mask ရုပ်ရှင်, Child's Play 3 ရုပ်ရှင်တွေအပြင် အခြားနာမည်ကြီး Horror ကားတွေဖြစ်တဲ့ Insidious, The Conjuring ...
movie

The Butterfly Effect 2 (2006)

Elsewhere (2019) 5.3
Elsewhere (2019) Elsewhere (2019)==============#Unicode2020 ခုနှစ်ထွက် drama ဇာတ်ကားလေးဖြစ်ပါတယ်...ဇာတ်လမ်းအကျဉ်းလေးကတော့ ဇနီးသည်သေဆုံးပြီး ၂ နှစ်ကြာတဲ့အထိ ဗိသုကာပညာရှင် ဘရူနိုဟာကြေကွဲဝမ်းနည်းနေတုန်းပါပဲ... ဘဝကို အရှုံးပေးထားတဲ့ ဘရူနိုတစ်ယောက် သူတို့လင်မယားအတူတူဒီဇိုင်းဆွဲဆောက်လုပ်ခဲ့တဲ့သစ်သားအိမ်လေးမှာ နေထိုင်ပါတယ်... တစ်ရက်တော့ ဘရူနိုရဲ့ ယောက္ခမတွေကသူတို့သမီးကိုပေးထားတဲ့ အိမ်ကို ပြန်လည်သိမ်းယူသွားပါတော့တယ်... မိဘအိမ်ပေါ် ပြန်တက်နေရတဲ့ ဘရူနိုဟာအိမ်ကိုပြန်ရယူအောင်ကြိုးစားနေဆဲမှာပဲ အဲ့အိမ်ကို ရောင်းထုတ်ခံလိုက်ရပါတယ်... အသစ်ပြောင်းလာသူနဲ့ဆုံကြတဲ့အခါ ဘရူနိုဘာတွေဆက်လုပ်မလဲ သူ့အိမ်ကိုပြန်ရနိုင်မလားဆိုတာကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်.... #Zawgyi2020 ခုနှစ်ထွက် drama ဇာတ်ကားလေးဖြစ်ပါတယ်...ဇာတ်လမ်းအကျဉ်းလေးကတော့ ဇနီးသည်သေဆုံးပြီး ၂ နှစ်ကြာတဲ့အထိ ဗိသုကာပညာရှင် ဘရူနိုဟာကြေကွဲဝမ်းနည်းနေတုန်းပါပဲ... ဘဝကို အရှုံးပေးထားတဲ့ ဘရူနိုတစ်ယောက် သူတို့လင်မယားအတူတူဒီဇိုင်းဆွဲဆောက်လုပ်ခဲ့တဲ့သစ်သားအိမ်လေးမှာ နေထိုင်ပါတယ်... တစ်ရက်တော့ ဘရူနိုရဲ့ ယောက္ခမတွေကသူတို့သမီးကိုပေးထားတဲ့ အိမ်ကို ပြန်လည်သိမ်းယူသွားပါတော့တယ်... မိဘအိမ်ပေါ် ပြန်တက်နေရတဲ့ ဘရူနိုဟာအိမ်ကိုပြန်ရယူအောင်ကြိုးစားနေဆဲမှာပဲ အဲ့အိမ်ကို ရောင်းထုတ်ခံလိုက်ရပါတယ်... အသစ်ပြောင်းလာသူနဲ့ဆုံကြတဲ့အခါ ဘရူနိုဘာတွေဆက်လုပ်မလဲ သူ့အိမ်ကိုပြန်ရနိုင်မလားဆိုတာကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်....(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Myat Thu ...
movie

Elsewhere (2019)

2019