Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Susan Blommaert
Doubt (2008)
John Patrick Shanley ရေးသားပြီး Pulitzer Prize ရရှိထားတဲ့ Doubt: A Parable ဆိုတဲ့ ဝတ္ထုကို သူကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းကတော့ စိန့်နီကိုးလပ်စ်ဆိုတဲ့ ကတ်သလစ်စာသင်ကျောင်းတစ်ကျောင်းမှာ အခြေခံထားပါတယ်။ စစ်စတာအယ်လိုဝစ်ရှက်စ်ဟာ ကျောင်းကို စည်းကမ်း တိတိကျကျနဲ့ အုပ်ချုပ်တတ်သူတစ်ဦးဖြစ်ပါတယ်။ ဖာသာဖလင်းကတော့ ခေတ်မီတဲ့အမြင်နဲ့ စည်းကမ်းတွေကို ဖြေလျှော့ပြီး ကျောင်းသားတွေနဲ့ ရင်းရင်းနှီးနှီးနေတတ်သူ တစ်ဦးပါ။ တစ်နေ့မှာ စစ်စတာဂျိမ်းစ်တစ်ယောက် ဖာသာဖလင်း ကျောင်းသားတစ်ယောက်ကို အထူးအရေးပေးပြီး ဆက်ဆံနေတာ မြင်လိုက်ပါတဲ့အကြောင်း စစ်စတာအယ်လိုဝစ်ရှက်စ်ကို ပြောပြပါတယ်။ ဘာကြောင့်ဒီလိုဆက်ဆံလဲဆိုတဲ့အကြောင်းအရင်းကိုတော့ သူတို့သေချာမသိပါဘူး။ အဲဒီမသေချာမှုကို လက်ကိုင်ထားပြီး စစ်စတာအယ်လိုဝစ်ရှက်စ် ဖာသာဖလင်းကို ဖြုတ်ချဖို့ ကြိုးစားပါတော့တယ်။ ဒီဇာတ်ကားနဲ့ ပတ်သက်လို့ ဆုတွေလည်း အများကြီးရထားပြီး သရုပ်ဆောင်ပုံတွေကလည်း ပေါ်လွင်ပါတယ်။ ဇာတ်လမ်းထဲမှာ သုံးထားတဲ့ စာသားတွေကလည်း ထိထိမိမိနဲ့ ...
movie
Doubt (2008)
7.5
John Wick: Chapter 3 – Parabellum (2019)
John Wick: Chapter 3 – Parabellum (2019) IMDb - 7.5/10_____Rotten - 90%Chapter 2 မှာ ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကြီး John wick ဟာ သူတို့လောကရဲ့ အကြီးမားဆုံးသောစည်းမျဉ်းကိုချိုးဖောက်ခဲ့လေတော့ဒေါ်လာ 14 million နဲ့ ဆုကြေးအထုတ်ခံရတဲ့အပြင် အချိန်အနည်းငယ်ပဲရခဲ့လေတော့ ဖရိုဖရဲနဲ့ ထွက်ပြေးခဲ့တာကို အားလုံးအမှတ်ရကြမယ်ထင်ပါတယ်.... ဆိုတော့ Chapter 3 နဲ့ပတ်သက်လို့ထွေထွေထူးထူးညွှန်းဆိုစရာမလိုတော့ဘူးထင်ပါရဲ့... ကိုင်း ကျွန်တော်တို့ရဲ့ John Wick ကြီး ဘယ်လိုတွေ အသက်ရှင်သန်ရေးအတွက်လှုပ်ရှားမလဲ.... ဘယ်သူတွေကရော သူ့ဘက်ပါမလဲ.... ဒုစရိုက်လောကသားအားလုံးဟာလည်း John Wick ကြီးကို သတ်ဖို့ဘယ်လိုတွေအားထုတ်ကြမလဲဆိုတာကို တော့ ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့်ခံစားကြည့်လိုက်ပါ... (function(f,b,n,j,x,e){})(); File Size : (2.9 GB) and (1.04 GB) Quality : Blu-Ray 1080p 5.1 CH and Blu-Ray 720p Format… mp4 Duration…02:10:00 Genre : Action, Crime, Thriller Subtitle : Myanmar ...
movie
John Wick: Chapter 3 – Parabellum (2019)
2019
HEVC 1080p 5.1
6.5
The Double (2013)
The Double (2013) ဇာတ်လမ်းအညွှန်း*****************************Psycho/ Mystery ဆန်ဆန်ဇာတ်ကားမျိုးကို နှစ်သက်ရင်တော့ ဒီဇာတ်ကားလေးကိုကြည့်ရှုဖို့ recommend ပေးပါတယ်နော်။ကုမ္ပဏီတစ်ခုမှာ ၇ နှစ်တာအလုပ်လုပ်ခဲ့ပေမယ့် လူရေးလူတာမသိသေးတဲ့ ဆိုင်မွန်ဂျိမ်းစ် …သူ့စကားဆိုရင် ဘယ်သူကမှ အဖက်မလုပ်ကြသလို လူရာလည်းမသွင်းကြတာကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေပျောက်ဆုံးပြီး ရဲရဲဝံ့ဝံ့မပြောရဲမဆိုရဲရှာသူပေါ့။ စိတ်ဝင်စားနေတဲ့ကောင်မလေးကိုလည်း ချောင်းကြည့်ရုံကလွဲပြီး ဘာမှမလုပ်ရဲတဲ့ လူပျော့လူညံ့ကလေးပေါ့။ တစ်နေ့မှာတော့ သူတို့ကုမ္ပဏီကို သူနဲ့ချွတ်စွပ်တူတဲ့လူတစ်ယောက် ရောက်လာခဲ့တယ်။ ရုပ်ရည်က ချွတ်စွပ်ပေမယ့် အကျင့်စရိုက်တွေအားလုံးက ဆန့်ကျင်ဘက်ဖြစ်နေတဲ့အခါ ...အဲဒီလူက ဘယ်သူလဲဆိုတာကို ဆိုင်မွန်နဲ့အတူ အဖြေရှာကြည့်လိုက်ပါဦး။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ May Myat Thu ပါ) File Size : (2.6GB), (788MB) & (400MB) Quality : 1080p BluRay, 720p ...
movie
The Double (2013)
5.2
The Kitchen (2019)
Hell’s Kitchen လို့ခေါ်တဲ့ နယ်မြေလေးမှာ လူမိုက်အဖွဲ့ ကျင်လည်ကျက်စားပါတယ်။ဆက်ကြေးကောက်လိုက် လူသတ်လိုက် ဓားပြတိုက်လိုက် လုပ်နေတဲ့အဖွဲ့ပါ ဇာတ်လမ်းအဖွင့်မှာတော့ လူမိုက်အဖွဲ့ ထိပ်သီးခေါင်းဆောင်တွေဖြစ်တဲ့ရော့ဘ်၊ ကယ်ဗင်နဲ့ ဂျင်မီတို့ သုံးယောက်သားဟာဆိုင်တစ်ဆိုင်ကို ဓားပြ၀င်တိုက်ရင်း အက်ဖ်ဘီအိုင်ရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရပါတော့တယ် တစ်ရက်နှစ်ရက်နေရင် လွတ်လာမယ်ထင်ပေမယ့်ဗဟိုကတိုက်ရိုက်ကိုင်တာမို့လို့ ထောင်သုံးနှစ်စီအသီးသီးကျသွားတဲ့အခါမှာတော့ သူတို့ရဲ့အဖွဲ့ကလစ်တဲဂျက်ကီ ဆိုတဲ့တစ်ယောက်စီ ခေတ္တလွှဲပြောင်းပေးခဲ့ရပါတော့တယ် သူတို့မိန်းမတွေကို အချင်းချင်းစောင့်ရှောက်ပေးထားမယ်ထင်ပေမယ့်မသထာရေစာ လောက်သာ ပေးကမ်းထားတဲ့အခါမှာတော့မိန်းမသားတန်မဲ့ လူမိုက်အဖွဲ့ထောင်ဖို့ ဇာတ်လမ်းဖန်လာပါတော့တယ် ဆက်ကြေးပေးပေမယ့် ကာကွယ်ပေးခြင်းမခံရတဲ့ဆိုင်တွေ..ဆက်ကြေးကောက်ထားပေမယ့် ဘာတစ်ခုမှပြန်မလုပ်ပေးတာတွေကိုသူတို့ပြုပြင်မယ်ဆိုပြီး ရည်ရွယ်ချက်နဲ့ လူမိုက်ဖွဲ့ထောင်လိုက်တာယောကျာ်းတွေထက်ရော လက်ရှိ လူမိုက်အဖွဲ့ထက်ပါလက်ဇောင်းတွေထက်ကုန်လို့ ရဲတွေရော နာမည်ကြီးလူမိုက်အဖွဲ့တွေကပါသူတို့ကို ပြောင်းစောင့်ကြည့်ရတဲ့အဆင့်ရောက်သွားပါတော့တယ် စိတ်နဲ့မတည့်ရင်သတ်ထည့်လိုက်တဲ့အဆင့်ထိ ကြမ်းလာတဲ့အခါမှာတော့ဂိုဏ်းထဲမှာအချင်းချင်း သွေးကွဲမှုတွေ ပေါ်ပေါက်လာပါတော့တယ် အဲဒီအချိန်မှာပဲ သူတို့ကိုအနိုင်ကျင့်တတ်တဲ့သူတို့ယောကျာ်းတွေက စောပြီးလွတ်လာတဲ့အခါမှာတော့… သူတို့တွေဆက်လက်ရပ်တည်နိုင်ပါ့မလားအနိုင်ကျင့်တတ်တဲ့ယောကျာ်းတွေလက်ကလွတ်နိုင်ပါ့မလား လူမိုက်ဂိုဏ်းကိုမိန်းမသား ၃ ယောက်တည်းနဲ့ ဦးဆောင်နိုင်ပါ့မလားဆိုတာကိုစိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာပါတချိန်းချိန်းချမနေပေမယ့် တဒိုင်းဒိုင်းနဲ့တော့သတ်နေတဲ့ကားပါ ...
movie
The Kitchen (2019)
2019
7.6
United 93 (2006)
9/11 ကိစ္စ ကို မှတ်မိကြအုံးမယ် ထင်ပါတယ် အမေရိကန် လေကြောင်းလိုင်းက လေယဉ် (၄) စီးအား အနုကြမ်းစီးကာ အမေရိကန်နိုင်ငံ ရဲ့ လူနေထူထပ်ပြီး တန်ဖိုးရှိတဲ့ နေရာတွေကို အသေခံ မောင်းချတိုက်ရန် စစ်သွေးကြွ အကြမ်းဖက်သမားများ က အကွက်ချ စီစဉ်ခဲ့တဲ့ ကိစ္စပါ... ဒီလေယဉ်တွေထဲမှာ United Flight 93 ခရီးသယ်တင် လေယဉ်ကြီး လဲ ပါဝင်ခဲ့ပါတယ်.... ဒီရုပ်ရှင်ကား ဟာ အကြမ်းဖက်ခံရတဲ့ လေယဉ် အမှတ် ၉၃ ရဲ့ ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာဖြစ်ပြီး ခရီးသယ်များ ရဲ့ ဖုန်းအဆက်အသွယ် ပိုင်းလော့တွေ ရဲ့ သတင်းပို့ချက်တွေ အပေါ် ကိုးကားရိုက်ကူးထားတာဖြစ်ပါတယ် ရင်ထိတ်သည်းဖို ကြည့်ရှုရမှာ ဖြစ်ပြီး ဒီဇတ်ကားကို ဘာသာပြန်ပေးထားသူကတော့ ညို့မျက်ဝန်း ဖြစ်ပါတယ် Thit San Khant က Encode ၍ တင်တက်ပေးထားပါတယ်
movie
United 93 (2006)
2006
6.6
Pet Sematary(1989)
စာရေးဆရာကြီး Stephen King ရဲ့ ဝတ္ထုကိုရိုက်ကူးထားတဲ့ နာမည်ကျော် ဟော်ရာကားတစ်ကား တင်ပေးထားပါတယ်။ဇာတ်လမ်းခေါင်းစဉ်ရဲ့ အဓိပ္ပါယ်ကတော့ အိမ်မွေးတိရစ္ဆာန်လေးတွေရဲ့ သချႋုင်း လို့ ဖြစ်ပါတယ်။စာလုံးပေါင်းအမှန်ကတော့ (Pet Cemetery) ပါ။ဒါပေမယ့် အဲဒီသချႋုင်းကို ပြုလုပ်ခဲ့တဲ့သူတွေက စာလုံးပေါင်းအမှန်ကို မပေါင်းတတ်ဘဲ အသံထွက်အတိုင်း အမှားကြီးရေးခဲ့လို့ ခေါင်းစဉ်မှာကို စာလုံးပေါင်းအမှားဖြစ်နေတာပါ။(မြန်မာလူမျိုးအများစု ပဲ နဲ့ ဘဲ၊ လဲ နဲ့ လည်း၊ ကျ နဲ့ ကြ၊ တတ် နဲ့ တက်လောက်ကို မကွဲသလို သူတို့တွေလည်း C နဲ့ S မှားတာမျိုး ရှိတတ်ပါတယ်။ ဒါပေမယ့် ကလေးတွေမို့ မှားခဲ့တာဖြစ်ဖို့များပါတယ်)ဇာတ်လမ်းအကျဉ်း ============မြို့လေးကို အသစ်ပြောင်းလာတဲ့ ဆရာဝန်မိသားစုမှာ သမီးတစ်ယောက်၊ သားတစ်ယောက် နဲ့ ကြောင်လေးတစ်ကောင် ပါလာပါတယ်။သူတို့ ပြောင်းလာရတဲ့အိမ်က ကားတွေမပြတ်သွားနေတဲ့ အဝေးပြေးလမ်းမရဲ့ လမ်းဘေးလေးတင်ဖြစ်တဲ့အတွက် ကလေးတွေအတွက်ရော ကြောင်လေးအတွက်ပါ အန္တရာယ်များတဲ့ ...
movie
Pet Sematary(1989)
1989
7.9
Edward Scissorhands (1990)
Edward Scissorhands (1990) IMDb - 7.9/10_____Rotten - 90% ခပ်ကြောင်ကြောင်သရုပ်ဆောင်ချက်တွေနဲ့မင်းသား Johnny Depp နဲ့ အမြင်ဆန်းတွေနဲ့ ပညာသားပါပါရိုက်ပြပြီး Message လှလှလေးတွေ ပေးတတ်တဲ့ ဒါရိုက်တာ Tim Burton တို့ရဲ့ပူးပေါင်းမှု နောက်တစ်ခုပါ။ဆုကိုးဆုရရှိခဲ့ပြီး ရွှေကမ္ဘာလုံးဆုအပါအဝင် အခြားဆုတွေမှာ ဆန်ကာတင် ၂၂ခုရှိခဲ့ပါတယ်။ IMDB Rating 7.9 နဲ့ Rotten Tomatoes (89%) ထိရရှိခဲ့တဲ့ဇာတ်ကားကောင်းတစ်ပုဒ်ပါ။အဆင်မပြေဖြစ်နေတဲ့အရောင်းစာရေးမတစ်ယောက်ဖြစ်တဲ့ Peggy တစ်ယောက် ဖောက်သည်အသစ်ရှာရင်း သရဲခြောက်တဲ့အိမ်ကြီးလို့နာမည်ကြီးတဲ့အိမ်ကိုရောက်သွားတဲ့အခါ လူပုံစံအတိုင်းပြုလုပ်နေပေမယ့် အဆုံးမသတ်ခင်တီထွင်သူကသေဆုံးသွားခဲ့တဲ့ စက်ရုပ်လေး Edward တစ်ယောက်နဲ့ဆုံတွေ့ခဲ့ပါတယ်။စိတ်ထားကောင်းလှတဲ့ Peggy ကစက်ရုပ်လေးကို မွေးစားပြီး လူနေမှုဘဝတွေနဲ့မိတ်ဆက်ပေးခဲ့ပါတယ်။ တီထွင်ဖန်တီးဉာဏ်ရှိပေမယ့် အသိဉာဏ်မဖွံ့ဖြိုးသေးတဲ့စက်ရုပ်လေး Edward တစ်ယောက် အချောမသပ်ရသေးပေမယ့် နှလုံးသားနဲ့ဦးနှောက်ကိုတပ်ဆင်ပေးခဲ့လို့ Peggy ရဲ့သမီး Kimber နဲ့တွေ့ပြီး ရင်ခုန်မိသွားပါတယ်။စက်ရုပ်လေးEdward လူ့အသိုင်းအဝိုင်းအဝိုင်းမှာ အဆင်ပြေပါ့မလားဆိုတာကတော့...သေချာတာတစ်ခုက အဲဒီမြို့မှာသူမရောက်ခင်ကနှင်းမကျပါဘူး ဒါပေမယ့် ...
movie
Edward Scissorhands (1990)
1990