Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Suriya
6.5
7Aum Arivu (2011)
7 Aum Arivu (2011)အခုတစ်ခေါက် ဘောလိ၀ုဒ်ချစ်သူ ပရိသတ်ကြီးအတွက် ဟောင်းပေမဲ့ ကောင်းနေဆဲဖြစ်ပြီး IMDB 6.5/10 ရရှိထားတဲ့ ရုပ်ရှင်ကားကောင်းလေးတစ်ခုကို တင်ဆက်ပေးပါရစေ... သိုင်းလောကမှာ ထင်ရှားတဲ့ တရုတ်နိုင်ငံရဲ့ သိုင်းပညာအခြေခံကျောင်းတော်ကြီး "ရှောင်လင်ကျောင်းတော်" ဟာ ဘယ်ကနေ အစပျိုးလာတာလဲ ...တရုတ်သိုင်းပညာဟာ တရုတ်နိုင်ငံကနေ အခြေခံတာမဟုတ်ဘဲ တမီးလ်လူမျိုး ဖြစ်ပြီး ဆေးပညာ သိုင်းပညာနဲ့ အိပ်မွေ့ချပညာမှာ တစ်ဖက်ကမ်းခတ်ကျွမ်းကျင်တဲ့ ဘို့ဒ်ဒီ ဒါမန် ဆိုသူကနေ ဆင်းသက်လာခဲ့တဲ့ သမိုင်းကြောင်း...သမိုင်းကြောင်းအရ ၆ ရာစု တရုတ်ပြည် ကပ်ရောဂါဘေးဆိုက်နေချိန် ဘို့ဒ်ဒီ ဒါမန်ဟာ အိန္ဒိယနိုင်ငံဆီကို ကပ်ရောဂါ မပျံ့နှံ့လာအောင် တရုတ်ပြည်သို့သွားရောက်ပြီး ကပ်ရောဂါဆိုးကြီးကို ကုသပေးခဲ့တယ်..၆ ရာစုမှာ ဘို့ဒ်ဒီ ဒါမန် အိန္ဒိယနိုင်ငံကို မရောက်လာအောင် တားဆီးခဲ့တဲ့ ကပ်ရောဂါကြီးဟာ ယနေ့ခေတ်အိန္ဒိယမှာ အစပျိုးလာတဲ့အချိန်.. ကူးစက်ရောဂါဆိုးကြီးက အလိုအလျောက် ပေါ်လာခြင်းမျိုးမဟုတ်ဘဲ တရုတ်နိုင်ငံရဲ့ အိန္ဒိယအပေါ် တိုက်ခိုက်တဲ့ ဇီ၀လက်နက်တစ်ခုဖြစ်နေတဲ့အခါ ဆပ်ကပ်သမားလေး တစ်ဦး ဖြစ်ပြီး ဘို့ဒ်ဒီ ဒါမန်ရဲ့ မျိုးဆက်လည်းဖြစ်တဲ့ အာဗင်ဆိုသူ နဲ့ မျိုးရိုးဗီဇ ...
movie
7Aum Arivu (2011)
2011
7.9
24 (2016)
24 (2016) Action, Comedy, Drama IMDb 7.9/10 (23K)အခုတစ်ခါ Old is Gold ဆိုတဲ့အတိုင်း မင်းသားချောလေး ဆူးရီးယားရဲ့ Time Travel ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးပါ့မယ်။ဒီဇာတ်ကားမှာ ဆူးရီးယားဟာ အဖေနေရာ..သားနေရာနဲ့ ဗီလိန်နေရာတွေမှာ သုံးကိုယ်ခွဲအဖြစ် ဇာတ်ရုပ်ကို ပိုင်နိုင်စွာ သရုပ်ဆောင်ထားပြီး မင်းသမီးချောလေး ဆမန်းသားနဲ့ နစ်သယားတို့ကလည်း ပါဝင်အားဖြည့်ပေးထားပါတယ်။ဘတ်ဂျက် ရူပီ ကုဋေ ၇၀ မှာ ခန့်မှန်းခြေ ရူပီ ကုဋေ ၁၀၀ ဝန်းကျင်အထိ ပြန်လည်ရရှိခဲ့တဲ့ ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ကဲ အခု ဇာတ်လမ်းကိုသွားမယ်။စည်သူနဲ့ အက်ထရီယားဆိုတဲ့ အမြွှာညီအစ်ကိုနှစ်ယောက်မှာ စည်သူဟာ မိဘတွေရဲ့အလေးပေးခြင်းကို ခံရပြီး သိပ်တော်သိပ်ထက်တဲ့ သိပ္ပံပညာရှင်ကြီးတစ်ယောက်ပေါ့။အိန္ဒိယနံပါတ် ၁ နာရီကုမ္ပဏီတစ်ခုဖြစ်တဲ့ ဖီးနစ်နာရီကုမ္ပဏီကို ပိုင်ဆိုင်ထားပါတယ်။စည်သူဟာ အချိန်ခရီးသွားလို့ရတဲ့ နာရီလေးတစ်လုံးကို တီထွင်ဖန်တီးနေခဲ့တယ်။အောင်မြင်သွားတဲ့အချိန်မှာ မနာလိုရန်လိုစိတ်များနေတဲ့ အက်ထရီယားဟာ စည်သူ့အိမ်ကို တပည့်တပန်းတွေတသိုက်နဲ့ နာရီကိုလက်ဝယ်အပိုင်သိမ်းဖို့ ရောက်လာခဲ့ပါပြီ။ရှေ့ဆက်ပြီး ဇာတ်လမ်းရဲ့လှည့်ကွက်လေးတွေနဲ့ ကံကြမ္မာရဲ့စေစားချက်တွေကို မျက်တောင်မခတ်တမ်းကြည့်ရမယ့် ဒီကားလေးမှာ မျောပါရဦးမှာဖြစ်ပါတယ်လို့ ညွှန်းဆိုပေးလိုက်ပါတယ်နော်။ File size…3.2GB / 1.64GB Quality…1080p ...
movie
24 (2016)
2016
5.9
Massu Engira Maasilamani (2015)
Masss (2015)==============အခုမိတ်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ Horror ဆိုပေမယ့် အရမ်းကြောက်စရာကောင်းနေတာမျိုးမဟုတ်ပဲ တစ်ကားလုံးကို ဆက်ကြည့်နေချင်အောင်၊ စိတ်၀င်စားစရာကောင်းအောင် ဆွဲခေါ်သွားတဲ့ အက်ရှင်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ဒီဇာတ်ကားမှာ မင်းသား Suriya က နှစ်ကိုယ်ခွဲ သရုပ်ဆောင်ထားပြီးတော့ ဇာတ်ကောင်နှစ်ယောက်လုံးက လူအတူတူပဲလို့ကိုမထင်ရအောင် သရုပ်ဆောင်ပီပြင်လွန်းနေတာပါ။ဇာတ်လမ်းအကျဉ်းကတော့ ငယ်ကတည်းက မိဘမဲ့ဖြစ်ခဲ့တဲ့ မားစ်ဟာ သူ့သူငယ်ချင်း ဂျက် နဲ့အတူ ကြီးပြင်းလာခဲ့ပြီး ဓားပြတိုက်လုယက်မှုတွေ လုပ်ရင်းနေခဲ့ပါတယ်။ တစ်ရက်မှာ ငွေတွေဓားပြတိုက်ပြီးပြန်လာတုန်း ကားတိုက်မှုတစ်ခုနဲ့ကြုံခဲ့ရပါတယ်။ ဒါပေမယ့် ကံကောင်းထောက်မစွာနဲ့ အသက်မသေခဲ့ပဲ ပြန်သတိရလာတဲ့အခါမှာ သူဟာ သရဲတွေကိုပါ မြင်နိုင်လာခဲ့ပါတယ်။အစပိုင်းမှာတော့ သရဲတွေနဲ့ပူးပေါင်းပြီး စီးပွားရှာ ကြီးပွားလာခဲ့ပေမယ့် ရှက်တီ ဆိုတဲ့ သရဲပေါ်လာတဲ့အခါမှာ သူ့ဘ၀ အလှည့်အပြောင်းဖြစ်သွားခဲ့ပါတယ်။ မားစ် ဟာ တဖြေးဖြေးနဲ့ သူ့ဘ၀အဖြစ်မှန်တွေကို သိလာရပြီးတဲ့အချိန်မှာ ဘယ်လိုတွေဆက်ပြီး ရှေ့ဆက်သွားမလဲဆိုတာကို စိတ်၀င်တစား ကြည့်ရှူရမှာဖြစ်ပါတယ်။ File size…3.8GB / 1.8GB Quality…1080p WEBDL / 720p Format…mp4 Duration….2h 31m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Haruko
movie
Massu Engira Maasilamani (2015)
2015
9.2
Rocketry: The Nambi Effect(2022)
Rocketry: The Nambi Effect(2022) အညွှန်း*************************************IMDb...9.2 Rocketry: The Nambi Effect ဟာအိန္ဒိယရဲ့ဂုဏ်ထူးဆောင် သိပ္ပံပညာရှင်၊ လေကြောင်း၊အာကာသယာဉ်တည်ဆောက်မှုအင်ဂျင်နီယာကြီး Nambi Narayanan ရဲ့ဘ၀ဇာတ်ကြောင်းကို အခြေခံထားတဲ့ biographical dramaဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ Narayanan ရဲ့ပရင်စတန်တက္ကသိုလ်ဘွဲ့ရကျောင်းသားဘ၀၊သိပ္ပံပညာရှင်တစ်ဦးမဖြစ်ခင်ဘ၀နဲ့ သူ့အပေါ်သူလျှိုမှုနဲ့လုပ်ကြံစွဲချက်တင်ခံခဲ့ရပုံတွေနဲ့ ဒီလောကဓံတွေကိုရင်ဆိုင်ဖြတ်ကျော်ခဲ့ပုံတွေကိုရှုစားရမှာဖြစ်ပါတယ်။ Nambi Narayanan အဖြစ် 3 Idiots ဇာတ်ကားနဲ့မြန်မာပရိသတ်တွေရင်းနှီးကြတဲ့R. Madhavan ကခေါင်းဆောင်ပါဝင်ထားတဲ့အပြင် ဇာတ်လမ်းဇာတ်ညွှန်းဒါရိုက်တာအဖြစ်ပါတာဝန်ယူခဲ့တာပါ။ဝေဖန်သူတွေရော ပရိသတ်တွေပါ အကြိုက်တွေ့အောင်မြင်ခဲ့ပြီး ကိန်းရုပ်ရှင်ပွဲတော်မှာပြသဖို့ရွေးချယ်ခံခဲ့ရတဲ့ ရုပ်ရှင် ၆ ကားထဲမှာတစ်ကားအပါအဝင်ဖြစ်ခဲ့ပါတယ်။ ကမ္ဘာကျော်ဘောလိဝုဒ်မင်းသားကြီး Shah Rukh Khan နဲ့ထိပ်သီးတမီလ်မင်းသားကြီး Suriya တို့ကလဲ Cameo ပါဝင်ပေးထားပါသေးတယ်။ အတ္တုပတ္တိဇာတ်ကားတစ်ကားဆိုပေမယ့် ပျင်းစရာမကောင်းပဲနစ်မျောသွားအောင်သေသပ်တဲ့တင်ဆက်ပုံ၊ပီပြင်တဲ့ ဇာတ်ပို့ဇာတ်ရံတွေရဲ့ အင်အားနဲ့အဆုံးအထိဆွဲခေါ်သွားနိုင်မယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ File Size : (980 MB) and (380 MB) Quality : WEB-DL 1080P5.1Ch,720p Format…mp4 Duration…02:37:00 Genre : Action , Biography , Drama Subtitle : Myanmar ...
movie
Rocketry: The Nambi Effect(2022)
8.8
Vikram (2022)
Vikram (2022) ============== 1080p True WEB DLအကြည်ဗားရှင်းကိုတင်ဆက်ထားပါပြီဒီရုပ်ရှင်ကတော့ ရုံတင်ပြီး သုံးရက်အတွင်းကုဋေ၁၀၀ကျော်ရရှိထားပြီးworld wideအနေနဲ့ကုဋေ၂ရာကျော်ရရှိတဲ့အထိအောင်မြင်ထားတဲ့ရုံတင်ကားပဲဖြစ်ပါတယ်တောင်ပိုင်းက စူပါစတားတွေဖြစ်ကြတဲ့ မင်းသားကြီး ကမာလ်ဟာစန်းဗီဂျေးစည်သူပတီ ဖဟဒ်ဖာဆစ်လ် ဆူရီးယားတို့အပြိုင်ကြဲပြီးပါဝင်တစ်ယောက်ဆောင်ထားတယ်....တောင်ပိုင်းအက်ရှင်တွေကိုဆိုရင် အိုဗာများလွန်းလို့ မကြည့်ရဲတဲ့ ပရိသတ်တွေအတွက်လည်းဒီဇာတ်ကားမှာ လုံးဝ အိုဗာအက်ရှင်တွေမပါဘဲ နောက်ဆုံးထိ ဇာတ်ကွက်ကို ဆွဲခေါ်သွားနိုင်ခဲ့ပါတယ်....ဇာတ်လမ်းကိုပြောရမယ်ဆိုရင် အစိုးရအရာရှိတွေကိုချည်းလိုက်သတ်နေတဲ့ မျက်နှာဖုံးစွပ်ကွင်းဆက်လူသတ်သမားအဖွဲ့တစ်ဖွဲ့ရှိေနတယ်....လူသတ်ပြီးရင် ခြေရာလက်ရာ ဘာသဲလွန်စမှ မကျန်ခဲ့တဲ့အပြင် ရဲဌာနကိုပါလူသတ်ဗီဒီယိုကို ရိုက်ပို့တဲ့ထိ ရဲတင်းသတ္တိပြောင်လွန်းလှတဲ့အဖွဲ့တဖွဲ့ရှိတယ်...ဌာနကလူတွေက ဒီအမှုကိုမနိုင်တော့တဲ့အတွက် ဘလက်စကွက်ဒ်ဆိုတဲ့အဖွဲ့ကို တာဝန်ပေးလိုက်တယ်....ဒီအဖွဲ့ကလည်း မဖြေရှင်းနိုင်တဲ့အမှုရယ်လို့ကို မရှိတဲ့ထိ ဂုဏ်သတင်းကျောဇောပြီး ညဏ်ပြေးတဲ့အဖွဲ့ပါ..ဒီလို ပြိုင်စံရှားအဖွဲ့နှစ်ဖွဲ့ကြား ညဏ်ကစားမှုတွေထင်မှတ်မထားတဲ့ လှည့်ကွက်တွေလည်းအများကြီးနဲ့မို့ အားရကျေနပ်စေမှာ အမှန်ပါပဲ.....။(ဒီဇာတ်ကားထဲက ဇာတ်ကောင်တချို့ဟာ Kaithi(2019) ဇာတ်ကားထဲကဖြစ်ပါတယ်..Kaithi (2019) ကို ဒီမှာ https://channelmyanmar.to/kaithi-2019/ ကြည့်ပါ။ File size…7.7GB / 2.5GB / 1.38GB Quality…. 1080p True WEBDL AAC5.1CH / 720p Format… ...
movie
Vikram (2022)
2022
4K HEVC Web-DL
8.2
Etharkkum Thunindhavan (2022)
Etharkum Thuninthavan 2022ဟယ်လို ..ဘာ ကျွန်မသားကလူနှစ်ယောက်ကိုသတ်တယ်ဟုတ်လား မဖြစ်နိုင်တာ..။။ယောကျာ်းရေ ကျွန်မတို့သားကလူနှစ်ယောက်ကိုသတ်လိုက်လို့ ဆိုပြီးဖုန်းဆက်နေတယ်-လိမ်နေတာ သူတကယ်သတ်တာလေးယောက်IMDb 8.3ထိရရှိထားတဲ့ဒီကားဟာ 2019ခုနှစ် အိန္ဒိယနိုင်ငံရဲ့ Pollachi ရွာလေးမှာဖြစ်ပျက်ခဲ့တဲ့လိင်ပိုင်းဆိုင်ရာကိုယ်ထိလက်ရောက်ကျူးလွန်မှုကိုအခြေခံပြီးရိုက်ကူးထားတဲ့ဖြစ်ရပ်မှန်ကားတစ်ကားပဲဖြစ်ပါတယ်သားဖြစ်သူသဘောကျနေတဲ့ကောင်မလေးကို တင်တောင်းလို့မရရင်ပြန်ပေးဆွဲကွာဆိုပြီး ဝိုင်းမြှောက်ပေးကြတဲ့အဖေနဲ့အမေမျိုးရှိတဲ့မိသားစု ဟာဆိုရင်ဖြင့်အတော်ဗရုတ်ကျစရာနဲ့ ခွီနေရမှာပါ ဟုတ်ပါတယ်ကန်နာဘီရန်လို့ခေါ်တဲ့ရှေ့နေရဲ့မိဘတွေက ဒီလိုမျိုးတွေပါ သားဖြစ်သူကလမ်းမှားမလျှောက်ဘူးဆိုတာအမြဲယုံကြည်ထားကြတဲ့လူတွေပါ ဒါပေမယ့်မိန်းမခိုးပွဲနေ့ကြီးမှာတော့ ထင်မှတ်မထားတာဖြစ်လာခဲ့ပါတယ်ခိုးပြေးမယ့်မိန်းမရဲ့ သူငယ်ချင်းဖြစ်သူက အန္တရာယ်ဖြစ်နေပြီဆိုပြီးသတင်းရတော့ သွားကယ်တင်ရင်း သိလာခဲ့ရတဲ့အမှန်တရားတွေ...တစ်မြို့လုံးကမိန်းကလေးတွေနဲ့အကျပ်ကိုင်ခြိမ်းခြောက်လာတဲ့အခါမှာတော့ ဒီကိစ္စကသာမန်မဟုတ်တော့ပါဘူးနောက်ကွယ်ကအကျပ်ကိုင်သူဟာသူမယှဉ်နိုင်တဲ့လူဖြစ်နေတဲ့အခါ ဘယ်လိုလှည့်ကွက်တွေသုံးမှာလဲ၇၅ကုဋေထိအကုန်အကျခံရိုက်ကူးထားပြီး လူကြိုက်များ Rating များတဲ့ဇာတ်ကား ဖြစ်တာကြောင့် အခုပဲအပြေးကြည့်ရှုနိုင်ကြဖို့ တင်ဆက်ပေးလိုက်ရပါတယ်(အညွှန်းရေးသားသူက Yunniဖြစ်ပါတယ်) File size…3GB / 1.45GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 31m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Poe & Jerrica & Yunni
movie
Etharkkum Thunindhavan (2022)
2022
9.7
Jai Bhim(2021)
v" မရှိခိုးနိုး မလှစုန်းမျိုး "ဆိုတဲ့စကားပုံထဲကလို မရှိလဲမရှိ မလှလဲမလှတဲ့ ကျောမွဲလူတန်းစားတစ်ရပ်။ ရုပ်မြင်တာနဲ့ ဘာများအလစ်သုတ်မှာလဲထင်ခံနေရရှာတဲ့ လူတန်းစားတစ်ရပ်။ ရုပ်ရှင်ထဲက စကားစုအတိုင်းဆို "အတန်းထဲမှာ ခဲဖျက်ပျောက်ရင်တောင် ကျွန်တော့် အိတ်ကအရင်ရှာခံရတယ်" "ဒီရှက်ရွံ့မှု့ကိုကြောက်တာနဲ့ ကျောင်းတောင်မသွားရဲတော့ဘူး" ဒီလိုလူတန်းစားတွေအပေါ်အဖိနှိပ်ဆုံးက ဘယ်သူတွေဖြစ်မှာလဲ။ ထုံးစံအတိုင်းပြည်သူ့ဆန်စားတဲ့ပြည်သူ့ "ရဲ"ဆိုတဲ့လူတွေပဲပေါ့။ ဒီဇာတ်လမ်းလေးထဲမှာလည်း ပြည်သူ့ရဲအမည်ခံ လူ့ဘီလူးတွေ ဘယ်လောက်တောင်လူမဆန်သလဲ .. လူချင်းတူပါလျက်နဲ့ ဆင်းရဲတဲ့သူတွေက ဘယ်လောက်တောင်လူ့အောက်ကျလည်းဆိုတာကို သနားစဖွယ်တွေ့ရမယ့်အပြင် လောကမှာ လူကောင်းလူဆိုးနှစ်မျိုးနှစ်စားရှိတာမို့ ဒီသနားစရာလူမျိူးစုကိုကယ်တင်ပေးမယ့် လူစွမ်းကောင်းရှေ့နေကြီးလည်း ရှိနေသေးပြန်တဲ့အခါ … အများကြီး spoilမိမှာမို့ အညွှန်းကို ဒီလောက်နဲ့တင်ရပ်လိုက်ပါရစေ။ ကြည့်ရတာတန်မယ့် .. အချိန်ကုန်ရကျိုးနပ်မယ့် Tamilကားကောင်းလေးဖြစ်ကြောင်းပဲလက်တို့လိုက်ပါတယ်နော်။ File size…1.6GB / 2.6GB Quality…720p / 1080p HEVC 5.1Ch Format…Mp4 Duration….2h 44 min Subtitle…Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo Aung & Lai Laii
movie
Jai Bhim(2021)
2021
HEVC 1080p 5.1
9.3
Soorarai Pottru(2020)
Soorarai Pottru(2020)IMDb...9.3(နင်းကန်ကောင်းတဲ့ကားမို့ WEB-DL 1080p 5.1CH, ပါထပ်မံပြုလုပ်ပေးထားပါတယ်...)အိန္ဒိယနိုင်ငံမှာ ပထမဆုံး တန်ဖိုးနည်းလေကြောင်းခရီးစဉ်တွေအတွက် Air Deccan ဆိုတဲ့ လေကြောင်းလိုင်းကို ပြေးဆွဲပေးခဲ့တဲ့ စွန့်ဦးတီထွင်သူ G. R. Gopinath ရဲ့ဘ၀ထဲက အဖြစ်အပျက်တစ်ချို့ကို ရုပ်ရှင်တစ်ခုအနေနဲ့ တင်ဆက်လိုက်တဲ့ ဒီဇာတ်ကားဟာ ဒီနှစ်ပိုင်းမှာ ထွက်တဲ့ တမီးလ်ဇာတ်ကားတွေထဲမှာတော့ အကောင်းဆုံးဇာတ်ကားလို့ပဲ ပြောချင်ပါတယ်။အဓိကဇာတ်ကောင်နေရာကို Singam မင်းသား ဆူရိယက သရုပ်ဆောင်ထားပြီး ဗီလိန်အဖြစ်နဲ့ Oh My God ဇာတ်ကားတွေထဲက Paresh Rawal တို့က သရုပ်ဆောင်ပေးထားပါတယ်။၂၀၂၀မှာ ခုလိုကားကောင်းမျိုး ထွက်လာလိမ့်မယ်လို့ မထင်ထားခဲ့တာ အမှန်ပါ။ ကျွန်တော်တို့ ဘာသာပြန်သူတွေအနေနဲ့တော့ ဒီကားဟာ ရွှေပဲ။အက်ရှင်ကားမဟုတ်ဘူး၊ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ကို အခြေခံထားတဲ့ သာမန်လူတန်းစားတစ်ယောက်ရဲ့ အများအကျိုးပြု အိပ်မက်တစ်ခုကို အကောင်အထည်ဖော်ပြသွားတဲ့ ဒရာမာကားကောင်းတစ်ကားပါပဲ။သူ့အိပ်မက်က ထူးဆန်းတယ်။ ကျယ်ပြန့်တယ်၊ လက်တွေ့မှာ မလွယ်လှတဲ့ လေကြောင်းလိုင်းတစ်ခုကို ထူထောင်ဖို့ပါ။လေယာဉ်နဲ့ ခရီးသွားဖို့ လူတိုင်းတတ်နိုင်ရမယ်။ သူ့တုန်းကလို အဖြစ်အပျက်မျိုး၊ ရထားစီးပြီး အချိန်ဖြုန်းခရီးသွားတာမျိုး နောက်မျိုးဆက်အဆက်ဆက် မဖြစ်စေရဖို့ သူ့မှာ အိပ်မက်တစ်ခုရှိတယ်။ဒါပေမဲ့ သူ့အဖို့ ...
movie
Soorarai Pottru(2020)