Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Suresh Oberoi
6.7
Animal (2023)
Animal (2023) ရုပ်သံကြည်လင်ပြတ်သားသော Netflix ဗားရှင်း WEBDLအကြည်ကိုသာ တင်ဆက်ထားပါတယ် ========================================================= IMDb - 6.7/10အားလုံးပဲ စောင့်မျှော်နေကြတဲ့ စော်ကြည်ဘဲတစ်ဖြစ်လဲ ကလေးအဖေကြီး ရန်ဘီးရဲ့ တိရစ္ဆာန်ရုပ်ရှင်ဇာတ်ကားကြီးကို ရုပ်သံကြည်လင်ပြတ်သားစွာနဲ့ တင်ဆက်ပေးလိုက်ပါတယ်ဗျ။ရူပီး ကုဋေတစ်ရာကျော်အသုံးပြုရိုက်ကူးထားပြီး ကုဋေကိုးရာကျော်ပြန်လည်ရရှိခဲ့တဲ့ ဟင်ဒီရုပ်ရှင်ဇာတ်ကားကြီးလည်းဖြစ်ပါတယ်။ အာဂျွန်ရတ်ဒီနဲ့ ကဘီးရ်ဆင်းဂ်တို့လို အောင်မြင်ခဲ့တဲ့ရုပ်ရှင်တွေရဲ့ ပဲ့ကိုင်ရှင် ဒါရိုက်တာ ဆန်ဒိဗ်ရတ်ဒီဗန်ဂါကနေ ရိုက်ကူးတည်းဖြတ်ထားတာပါ။ သတ်မှတ်ချက်အရ A-ratedရုပ်ရှင်ဖြစ်တဲ့အတွက် ၁၈နှစ်ပြည့်ပြီးမှပဲ ကြည့်ရှုသင့်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ကတော့ သိပ်ချစ်ဖို့ကောင်းတဲ့ မျက်နှာလေးကိုပိုင်ဆိုင်ထားတဲ့ ချစ်ရတဲ့ ရတ်ရှ်မီးကား၊မင်းသမီးချော တရီပသီ ရုပ်ရှင်အသိုင်းအဝိုင်းမှာ ဒိုးလ်မိသားစုရယ်လို့ ဂုဏ်ရှိန်ကြီးမားလှတဲ့မိသားစုထဲက ဘော်ဘီဒိုးလ်၊ ရန်ဘီးရဲ့ ကပူးရ်မိသားစုထဲက ဘကြီးတော်စပ်သူ မင်းသားကြီး အာနီလ်ကပူးရ်တို့ပါဝင်ထားပါတယ်။ရန်းဗီဂျေးက အဖေကိုသိပ်ချစ်တဲ့ ပါးပါးဘွိုင်းလေးတစ်ယောက်။ ဖခင်ဖြစ်သူက ဘယ်လောက်ပဲအချိန်မပေးနိုင်ပါစေ ငါ့အဖေသာ ကမ္ဘာပေါ်မှာအကောင်းဆုံးဆိုတဲ့ သတ်မှတ်ချက်နဲ့ ရှင်သန်နေသူတစ်ဦး။ ဒီလောက်ချစ်တဲ့ သားအပေါ်မှာ ဖခင်ပြန်ပေးတာက နွေးထွေးကြင်နာမှုလစ်ဟင်းတာနဲ့ ရိုက်နှက်ဆုံးမမှုတွေ။ ဒါလည်းမိသားစုကိုချစ်တဲ့စိတ်က တစ်စက်ကလေးမှ မလျော့။အစ်မဖြစ်သူ ကောလိပ်မှာ ထိကပါးရိကပါးလုပ်ခံရချိန်မှာတော့ အထက်တန်းကျောင်းသားလေး ရန်းဗီဂျေး AK-47နဲ့သွားကြမ်းပါတော့တယ်။ ဒီလို အချစ်ကြီးပြီး အမျက်ကြီးသူတစ်ယောက် အိမ်ထောင်ကျလို့ ဖခင်ဖြစ်သူ လုပ်ကြံသတ်ဖြတ်ခံရတဲ့အခါမှာတော့...။လူဆိုတာမျိုးက ...
movie
Animal (2023)
2023
4K HEVC
7.3
Gadar: Ek Prem Katha (2001)
Gadar: Ek Prem Katha (2001)IMDb-7.3/10ပူပူလောလောထွက်ရှိထားတဲ့ Gadar 2 ကြည့်ရှူပြီးသွားကြတဲ့ပရိသတ်တွေအတွက် 2001 ခုနှစ်ကထွက်ရှိခဲ့တဲ့ ပထမကား Gadar: Ek Prem Katha ကိုလည်း qualityကောင်းကောင်းနဲ့ တင်ဆက်ပေးလိုက်ပါတယ်လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကျော်ကထွက်ရှိခဲ့တဲ့ကားဆိုပေမဲ့ သူ့ခေတ်သူ့အခါမှာ ဘက်ပေါင်းစုံကအောင်မြင်ခဲ့တဲ့ကားပါ ရုံတင်ငွေ 1.33 ဘီလီယံထိရရှိခဲ့ပြီး အမီးရ်ခန်းရဲ့ Lagaan နဲ့ ခေတ်ပြိုင်ရုပ်ရှင်တစ်ခုလည်းဖြစ်ပါတယ် 1990 နှောင်းပိုင်းရုပ်ရှင်တွေထဲမှာ ကြည့်ရှုမှုဒုတိယအများဆုံးအနေနဲ့ စံချိန်တင်ခဲ့တဲ့ကား ၊ ပါဝင်တဲ့သရုပ်ဆောင်တွေကို ထူးချွန်ဆုတွေရရှိပြီး Nomination ပေါင်းများစွာဝင်စေခဲ့တဲ့ကားပါဇာတ်လမ်းအညွှန်း1947 အိန္ဒိယနဲ့ ပါကစ္စတန်ရယ်လို့ နှစ်နိုင်ငံခွဲခွဲပြီးချင်းအချိန်မှာတော့ ပြည်သူတွေကို ဘယ်မှာမဆိုစိတ်ကြိုက်နေထိုင်နိုင်ကြောင်း ခွင့်ပြုခဲ့ကြတယ် ဒါပေမဲ့ မတူညီတဲ့ ဘာသာရေးအယူအဆတွေနဲ့ လူသန်းပေါင်းများစွာရဲ့ သဘောထားကွဲလွဲမှူကနေ အဓိကရုဏ်းတွေဖြစ် သွေးချောင်းစီးခဲ့ရတယ်ဒီအဖြစ်ဆိုးတွေမတိုင်ခင် 1947 အစောပိုင်းမှာ အဆိုရူးလေးတာရာနဲ့ ဆာကီနာတို့ဟာ ကျောင်းပွဲတစ်ခုကိုအကြောင်းပြုပြီးနီးစပ်ခဲ့ကြသူတွေ...ရှုပ်ထွေးလွန်းတဲ့ အဓိကရုဏ်းနဲ့ နှစ်နိုင်ငံမတည်ငြိမ်မှုတွေကြားက လူတွေရဲ့ခက်ခဲတဲ့ဘဝတွေ ဒီဖြစ်ရပ်ဆိုးတွေကြားက ပေါ်ထွက်လာာတဲ့ အချစ် ၊ မေတ္တာ ၊ စွန့်လွှတ်အနစ်နာခံ စတေးမှုတွေကို ရှုစားရမှာဖြစ်ပါတယ်အညွှန်းနှင့် ...
movie
Gadar: Ek Prem Katha (2001)
2001
4K HEVC
6.5
Deewangee (2002)
မင်းသားကြီးအဂျေးနဲ့အရှေးခန်နာ...မင်းသမီး Urmila Matondkar တို့ပါဝင်ထားတဲ့ ဒီဇာတ်ကားက IMDb Rating(6.5) ရရှိထားတဲ့ Crime,Mystery အမျိုးအစား စိတ်ဝင်စားစရာ ဇာတ်ကားကောင်းလေးပါ။"အချစ်" ခေတ်အဆက်ဆက်က ဒီစကားလုံးလေးနှစ်လုံးကို ကဗျာတွေ စာတွေ ပေတွေနဲ့ ဖော်ကျူးခဲ့ကြတယ်...ခံစားချက်ထောင်ချီကနေ ပေါက်ဖွားလာတဲ့ ဒီစကားလုံးလေးက လူသားကို လုံးဝ ရူးသွပ်သွားအောင် လုပ်နိုင်ခဲ့တယ်..ပြောကြတယ်မလား အချစ်အတွက်ဆို အသက်လည်းပေးနိုင်သလို သေလည်းသေရဲတယ်ပေါ့ ဒါဟာ တကယ်အချစ်ကိုရူးသွပ်ကြတဲ့ လူတွေမှာ ပေါက်ဖွားလာတဲ့ ခံစားချက်လေးပါ...ဒီလိုအချစ်မျိုးတွေ တကယ်ရှိခဲ့ကောင်း ရှိခဲ့ပါလိမ့်မယ် ရှိလည်း ရှိနိုင်ပါတယ်...ဒီလိုစွဲလန်းရူးသွပ်စိတ်ကို ဖေါ်ပြထားတဲ့ ဒီကားလေးမှာ ငယ်ငယ်လေးကတည်းက တိတ်တခိုးချစ်စိတ်တွေနဲ့ ဖုံးကွယ်ထားခဲ့ရတဲ့ ခံစားချက်တွေကို ရင်မှာမျိုသိပ်ရင်း ဆရ်ဂမ်ဆိုတဲ့ကောင်မလေးကို တရန်းဆိုတဲ့ကောင်လေးဟာ ရင်မှာကျိတ်ပိုးငြိတွယ်နေခဲ့တယ်...မိဘတွေက ရင်းနှီးသိကျွမ်းကြလို့ သူတို့နှစ်ယောက်ကို ငယ်ငယ်လေးကတည်းက သဘောတူထားခဲ့ကြတယ်..လောကဓံကြောင့် တရန်းရဲ့မိဘတွေ ငယ်ငယ်လေးကတည်းက ဆုံးပါးသွားခဲ့ကြပြီး ချစ်ရသူနဲ့ငယ်ငယ်လေးကတည်းက ကွေကွင်းသွားခဲ့ရပါတယ်..ပြန်ဆုံမိတဲ့အခိုက်အတန့် သိပ်မကြာခင်မှာပဲ လူသတ်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်...ရဲတွေဟာ တရန်းကို လက်ပူးလက်ကြပ်မိလို့ လူသတ်တရားခံလို့ မှတ်ယူထားခဲ့ကြတယ်...ဆရ်ဂမ်ဟာ တရန်းကလူသတ်သမားမဖြစ်နိုင်ဘူးဆိုတာကို ယုံကြည်တဲ့အတွက် နာမည်ကျော်ရှေ့နေလေး ရာဂျ်ကို အမှုလိုက်ပေးဖို့ အကူအညီတောင်းခဲ့ပါတယ်...တရန်းကလည်း သူ လူမသတ်ပါဘူးလို့ ငြင်းတယ်...ရှေ့နေရာဂျ်ကလည်း ဆရ်ဂမ်ကို သဘောကျနေတော့ ဒီအမှုကိုလိုက်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်...ဒီလိုနဲ့ တရန်းဟာ တကယ်ပဲ လူသတ်သမားဖြစ်နေမလား...တကယ့်လူသတ်သမားက ဘယ်သူဖြစ်နေမလဲဆိုတာကို လှည့်ကွက်တွေများစွာနဲ့ ...
movie
Deewangee (2002)
4.3
Talaash: The Hunt Begins (2003)
အခုတစ်ခါတင်ဆက်ပေးမယ့် ကားလေးကတော့အက်ရှေးကူမားရဲ့အက်ရှင်ကားလေးပဲဖြစ်ပါတယ်...မင်းသမီးအနေနဲ့ ကရီနားကပူးက ပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းကတော့...အရ်ဂျွန်ရဲ့ဖခင်ဟာ မှောင်ခိုဂိုဏ်းတစ်ဂိုဏ်းနဲ့ပတ်သတ်မိရာကနေ အသတ်အဖြတ်ခံရပြီးသမီးဖြစ်သူကပါ ရောင်းစားခံရဖို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရတယ်...ခင်ပွန်းအသတ်ခံရတဲ့အပြင် သမီးပါဖမ်းခေါ်သွားခံခဲ့ရတဲ့အဖြစ်ကို မျက်စိရှေ့မှာတင်မြင်လိုက်ရတော့ ယူကြုံးမရဖြစ်ပြီး အရ်ဂျွန်ရဲ့အမေဟာ အရူးတစ်ပိုင်းဖြစ်လို့သွားပါတော့တယ်.... အဖေသေ အမေကအရူးဖြစ် ညီမကိုပါ ဖမ်းခေါ်သွားကြတော့ ငယ်ငယ်ပဲ ရှိသေးတဲ့အရ်ဂျွန်ခမျာ အခြေအနေတွေကို မထိန်းနိုင်ခဲ့ဘူး....သို့ပေမယ့်လည်း မလျှော့သော ဇွဲနဲ့ ရဲထဲဝင်ပြီး ဒုစရိုက်ဂိုဏ်းမှန်သမျှကိုဖြိုခွင်းရင်း ညီမဖြစ်သူကို လိုက်ရှာပါတော့တယ်....ဒီလိုနဲ့....အရ်ဂျွန်ရဲ့ ရှာပုံတော်ဇာတ်လမ်းမှာ ဘယ်လိုစိတ်ဝင်စားစရာတွေနဲ့ပြည့်နှက်နေမလဲဆိုတာကိုတော့ ပိတ်ကားထက်မှာ ဆက်လက်ရှုစားပေးကြပါဦးရှင့်.... File size…2.8GB / 1.4GB Quality…1080p WEB RIP / 720p Format…mp4 Duration….2h 33m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie
Talaash: The Hunt Begins (2003)
7.9
Kurup (2021)
1984 ခုနှစ်ကစလို့ အိန္ဒိယရဲ့ အလိုအရှိဆုံး၀ရမ်းပြေးတစ်ယောက်ဖြစ်တဲ့ကူရွတ်ရဲ့အကြောင်းဖြစ်ရပ်မှန်ကို ရိုက်ကူးထားတဲ့ဇာတ်လမ်းကောင်းလေးတစ်ပုဒ်လာပြန်ပါပြီ။ မာယာလာရမ်း ဘာသာစကားပြောဒီရုပ်ရှင်ဟာ IMDB မှာ 7.9ထိရထားကြည့်ရတန်မယ့် စုံထောက်ကားကောင်းတစ်ကားပါ။ အက်ရှင်တွေမပါပဲဇာတ်လမ်းဇာတ်ကွက်နဲ့ 420 တစ်ယောက်အကြောင်းကို အရသာရှိရှိဆွဲခေါ်သွားမှာမို့ လိုက်ပါစီးမျောခံစားလိုက်ကြပါဦး။ ဇာတ်လမ်းအကျဉ်းထည့်မရေးတော့တာကတော့ အတ္ထုပ္ပတ္တိဖြစ်လို့Spoiler ဖြစ်မှာစိုးလို့ပါ။အညွှန်းကိုတော့ Lwin Htoo Aung မှရေးသားထားပြီး ဘာသာပြန်တွေကတော့ Shwe Pyae Sone ~Lwin Htoo Aung ~ ThuRa Hein တို့ပဲဖြစ်ပါတယ်။ File size…1.5GB / 2.28GB Quality…720p / 1080p AAC 5.1CH Format…Mp4 Duration….2h 20mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo Aung ~ Shwe Pyae Sone ~ ThuRa Hein
movie
Kurup (2021)
2021
7.5
Kabir Singh (2019)
IMDb Rating (7.1)၂၀၁၉ ခုနှစ် ဘောလိဝုဒ် Box Office မှာ အောင်ပွဲခံသွားခဲ့တဲ့ Kabir Singh အကြည်ထွက်လာလို့ အမြန်ဆုံးပဲတင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းကတော့ အိန္ဒိယကားတွေနဲ့မစိမ်းတဲ့လူတိုင်းလိုလိုသိပြီးသားပါပဲ ၂၀၁၇ မှာ နာမည်ကြီးအောင်မြင်ခဲ့တဲ့ Telugu ဇာတ်ကား Arjun Reddy ရဲ့ Remake ဖြစ်ပါတယ်အဲ့ဒီတော့ Arjun Redddy မကြည့်ရသေးသူတွေအတွက် ဇာတ်လမ်းလေးနည်းနည်းလောက်ပြောပြပါမယ်ဒေါက်တာ ကဗီး(ရ်) ရာဂျ်ဒီးဆင့်ဟာ ဒေလီဆေးသိပ္ပံရဲ့ ဘက်စုံထူးချွန်တဲ့ အလုပ်သင်ဆရာဝန်ဆိုးလေးပေါ့ နေရာတကာလည်း ဒေါသကြီးသလို ထင့်ကနဲ့ဆို လက်ပါမယ်ဆိုတာချည်း ဒါပေမဲ့ တစ်ခုတည်းသော သူ့အားနည်းချက်ကတော့ ပရီသီးဆိုတဲ့ကောင်မလေးပါပဲ"သဘာဝတရားတွေ ဖွံ့ဖြိုးတိုးတက်နေတဲ့လောကကြီးထဲမှာ ငါတို့နေထိုင်ကြတယ် အဲ့ဒီထဲမှာ ငါသဘောပေါက် နားလည်လာတာတစ်ခုကတော့ ငါတို့တစ်ခုခုဖြစ်ခဲ့ရင် အထိခိုက်နာကျင်ရဆုံးလူတစ်ယောက်ရှိတယ် ငါ့အတွက်ကတော့ ဒီကောင်မလေးပဲ သူသာတစ်ခုခုဖြစ်ရင် အခံစားရဆုံးဖြစ်မယ့်သူက ငါပဲ အဲ့ဒီတော့ သူ့ကို ထိခိုက်အောင်မလုပ်ကြပါနဲ့"ဒီလို အသည်းသန်ချစ်ရတဲ့ ပရီသီးနဲ့ ကဗီး(ရ်)ဟာ မထင်မှတ်ထားဘဲ ကွဲကွာသွားတဲ့အခါမှာတော့....။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zaw Htoo ပဲဖြစ်ပါတယ်)Arjun Reddy (2017) Original ဇာတ်ကားကို https://channelmyanmar.to/arjun-reddy-2017/ မှာကြည့်လို့ရပါတယ်။ File size…(2.8 GB) / ...
movie
Kabir Singh (2019)
2019
6.7
Porter ( 1983 )
ဒီဇာတ်ကားလေးကတော့ မင်းသားကြီး အမီတာဘဂျမ်းရဲ့ဇာတ်ကားကောင်းလေးတကားဖြစ်ပါတယ်1983 ခုနှစ်မှာထွက်ရှိခဲ့တဲ့ ဇာတ်ကားကောင်းလေးပါ..ကြာနေလို့အထင်တော့မသေးလိုက်ပါနဲ့တချို့အရာတွေက နှစ်ချို့လေ ပိုကောင်းလေပဲမလား ..ဇာတ်လမ်းအညွန်းကတော့ချမ်းသာပေမယ့် မကောင်းမှုနဲ့ကြီးပွားတဲ့ Zafar ဟာ Salma ဆိုတဲ့ကောင်မလေးကိုမြင်မြင်ချင်းချစ်သွားခဲ့ပါတယ်ဒါကြောင့်မို့ လက်ထပ်နိုင်ဖို့ပိုင်ဆိုင်ရဖို့ကြိုးစားခဲ့ပေမယ့် ဆယ်မာ နဲ့ သူ့အဖေဟာသူ့ကိုလုံးဝလက်သင့်မခံခဲ့ပါဘူးနောက်တော့ Zafar ဟာ သူလုပ်ခဲ့တဲ့မကောင်းမှုတွေနဲ့အဖမ်းခံလိုက်ရပြီးနောက် ထောင်ဆယ်နှစ်ကျခံလိုက်ရပါတယ်သူပြန်လွတ်လာတဲ့အချိန်မှာ Salma ဟာ Aslam Khan ဆိုတဲ့လူတစ်ယောက်နဲ့လက်ထပ်ထားတာကိုတွေ့လိုက်ရတဲ့အတွက် အရမ်းကိုခံစားခဲ့ရတယ်..zafar ဟာ salma ကိုထပ်ပြီးသိမ်းသွင်းဖို့ကြိုးစားပေမယ့်လည်းမအောင်မြင်ခဲ့ပါဘူး ဒီတော့ မှားလားမှန်လားမသိနိုင်တော့တဲ့zafar က လက်စားချေဖို့အတွက်စတင်ကြိုးစားတဲ့အခါမှာတော့ဘာတွေဆက်ဖြစ်လာမလဲဆိုတာဆက်လက်ခံစားကြည့်ကြပါ Quality : WEB-DL 720pAudio Codes : AACVideo Codes : x264Subtitle : Myanmar Subtitle ( Hardsub )Sub Credit to Somonlian ( subscene )
movie
Porter ( 1983 )