Channel Myanmar

Suraj Venjaramoodu

Adios Amigo (2024) 6.1
Adios Amigo (2024) Adios Amigo(2024) နှုတ်ဆက်ပါတယ် သူငယ်ချင်းသြဂုတ်လအတွင်း လောလောလတ်လတ်ထွက်ထားတဲ့ ဘောလီးဝုဒ်ဟာသ ဒရမ်မာကားလေးကို တင်ဆက်သွားမှာပဲဖြစ်ပါတယ်။မိခင်ဖြစ်သူ ဆေးရုံတင်ထားရလို့ သောကဗျာများနေရပြီး ဆေးရုံစရိတ်အတွက်ပူပန်နေရတဲ့သူနဲ့ ဥစ္စာကြွယ်ဝလှပြီး ဘဝကိုပေါ့ပေါ့ဖြတ်သန်းနေတဲ့သူ..ဘဝအခြေအနေမတူလှတဲ့လူနှစ်ယောက် ဥဒဟိုသွားလာနေကြတဲ့ ဘတ်စ်ကားမှတ်တိုင်လေးတစ်ခုမှာ ဆုံစည်းခဲ့ကြပြီး ခရီးတစ်ခုတည်းသွားဖြစ်ခဲ့ရာမှာတော့ ဘာတွေဖြစ်လာမှာလဲ...IMDB 6.1/10 ရရှိထားပြီး အခြေအနေမတူတဲ့ လူနှစ်ယောက်ရဲ့ဘဝကို ခံစားကြည့်ရှူရမယ့် ကားလေးဖြစ်လို့ ကြည့်ရှုလိုက်ပါဦးနော်။(ဘာသာပြန်နဲ့ အညွှန်းကိုတော့ CM Bollywood Team က ခံစားရေးသားထားပါတယ်) File size… 2.69GB / 1.25GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 36m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team 
movie

Adios Amigo (2024)

Grrr.. (2024) 4.4
Grrr.. (2024) Grrr.. (2024) "ဂါး!!"CM ပရိသတ်ကြီးအတွက် အသစ်ထွက်ရှိလာတဲ့ မလေယာလမ် ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်အမျိုးဇာတ်မတူညီလို့ အကြောင်းပြပြီး သတ်ဖြတ်မှုတွေ ပေါများတဲ့ ကီရယ်လာပြည်မှာ ရီဂျီမွန်ဆိုတဲ့ အမျိုးသားတစ်ယောက် ပျောက်ဆုံးသွားတယ်သူကတော့ သူတို့နယ်က အကောင်ကြီးကြီးနိုင်ငံရေးသမားရဲ့ သမီးဖြစ်သူနဲ့ ကြိုက်နေတာဖြစ်ပြီး မီဒီယာနဲ့ လူထုကတော့ သူ့အဖေက သဘောမတူလို့ သတ်လိုက်ပြီလို့ပဲ ထင်ကြေးပေးကြပါတယ်အဲဒီနေ့က သူနဲ့ သူ့ကောင်မလေး ရာချနာ နှစ်ဦးသဘောတူ လက်မှတ်ထိုးကြဖို့ ရာချနာ ချိန်းထားတဲ့နေရာကို သူသွားတဲ့နေ့ ဟိုရောက်တော့ ရာချနာက ဖုန်းလည်းမကိုင် ပေါ်လည်းမလာတာကြောင့် သူ့ချစ်သူက ပစ်သွားပြီအထင်နဲ့ အမူးသောက်ပြီး ဘယ်သို့ဘယ်ပုံ မမျှော်လင့်ထားတဲ့ အန္တရာယ်တွေကြုံရမလဲဆိုတာကို ပရိသတ်ကြီး ကြည့်ရှုအားပေးကြပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size…3.14GB / 1.37GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 1m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Grrr.. (2024)

Nadanna Sambhavam (2024) 6.4
Nadanna Sambhavam (2024) Nandanna Samhbavam (2024) "လွတ်မြောက်ရာ" IMDb - 6.4/10ခုတင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ မလေယာလမ် မိသားစုဒရာမာ ရုပ်ရှင်ကားလေးပါ။ မလေယာလမ်းမင်းသားကြီး ဘီဂျူးမီနွန် သရုပ်ဆောင်ထားပြီး ရုပ်ရှင်ဝေဖန်သူတို့ရဲ့ ဝေဖန်သံတွေအမျိုးမျိုးကြားက ရုံတင်ငွေ အောင်မြင်ခဲ့တဲ့ကားလေးလဲဖြစ်ပါတယ်။ဇာတ်လမ်းလေးကတော့ ကြေးရတတ်အသိုင်းအဝိုင်းတွေနေကြတဲ့ရပ်ကွက်ကို မိသားစုတစ်ခု အိမ်ပြောင်းလာတာကနေစပါတယ်။ ချစ်စရာသမီးလေးရယ် ဇနီးချောလေးရယ်နဲ့ ပျော်ရွှင်တဲ့မိသားစုတစ်ခုကိုဦးဆောင်နေတဲ့ အူနီ။ နေတတ်ထိုင်တတ်တဲ့သူ့ကို ပတ်ဝန်းကျင်က အမျိုးသမီးတွေက အထင်ကြီးလေးစားပြီး အရောတဝင်ရှိကြတာပေါ့။ဒါကိုပဲ မကြိုက်ကြတဲ့ ခင်ပွန်းသည်တွေ ယောကျ်ားသားတွေက ဒီဘဲ ဘာအထာလားဖြစ်ကြရော။ အမြင်မကြည်တာတွေကနေစပြီး တစ်စတစ်စနဲ့ ပြဿနာတွေတက် ရုံးရောက်ဂါတ်ရောက်ဖြစ်ရာကစ ပိုပိုပြီးကြီးထွားလာတဲ့ ပြဿနာတွေကြားမှာ ဒီမိသားစုလေး ပျော်ရွှင်စွာနေနိုင်ပါ့မလားဆိုတာ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size… 2GB / 1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Nadanna Sambhavam (2024)

2024
Higuita (2023) 7
Higuita (2023) Higuita 2023 လှည့်ကွက် Imdb -7.9'ပန်ညာနိုဒ်မူကွန်ဒါ' တဲ့ ကန်နူရ်မြို့မှာတည်ရှိတဲ့ဒီလူက သူ့ရှေ့ကားပိတ်ရပ်ရင်တောင် ပိတ်ရပ်တဲ့ကောင်အသေပါ ဒီလောက်တောင်အာဏာရှိတဲ့နိုင်ငံရေးသမားတစ်ယောက် သူ့ကိုကာကွယ်ပေးတဲ့ဘော်ဒီဂတ်တိုင်းလိုလို လုပ်ကြံခံရပြီး သေဆုံးတတ်တာက ပုံမှန်လိုတောင်ဖြစ်နေလေရဲ့ သတင်းစာတွေ TV သတင်းတွေမှာဆို ‌မတွေ့ချင်မှအဆုံးပေါ့အယာပါဒါ့စ် သူကတော့ဖခင်ဆုံးသွားပြီးနောက် လေလွင့်နေသူတစ်ဦး ဖခင်ကရဲဝန်ထမ်းဖြစ်လို့ စည်းမျဉ်းအရဆက်ဆံသူက ၂နှစ်အတွင်းတာဝန်ဆက်လက်ထမ်းဆောင်ခွင့်ရှိပေမဲ့ ရဲအလုပ်ကိုကြောက်လို့ မလုပ်ချင်လို့ဆိုတဲ့အကြောင်းနဲ့ပတ်ရှောင်လာခဲ့တာ နှစ်အတော်ကြာသွားတာပေါ့ နောက်ဆုံးအမေဖြစ်သူက ကျိန်ဆဲပါလေရော သူ့ထက်အငယ်သမီးမိန်းကလေးရှိသေးတော့ နင့်ညီမကိုပဲ ရဲထဲဝင်ခိုင်းမယ် နင်ကသုံးစားမရဆိုပြီးပြောတာကျ သူကလက်သင့်မခံပါဘူး ဒီလိုနဲ့ သူတို့မြို့က ပါတီခေါင်းဆောင်ကိုအကျိုးအကြောင်းသွားပြောပြီး အဖေရဲ့ရာထူးကို သူ့ကိုပေးဖို့အပူကပ်ရတော့တယ် နိုင်ငံရေးဆိုတော့လည်း အပေးရှိအယူရှိရတာပေါ့သူကဘာပြန်ပေးရမလဲဆိုတော့ ကန်နူရ်ကိုသွားပြီး ပန်ညာနိုဒ်မူကွန်ဒန်ကို ဘော်ဒီဂတ်သွားလုပ်ပေးရမှာပါ သူငယ်ချင်းတွေကလည်း မင်းသွားတာနဲ့သေမှာဆိုပြီးဝိုင်းတား တစ်ဖက်ကလည်း ပါတီကိုကတိပေးပြီးသားဖြစ်နေလေတော့ အယာပါတစ်ယောက် ဘာတွေဆက်လုပ်သွားမလဲ သွားတိုင်းသေတဲ့‌ဒီရာထူးကို သူကိုင်တွယ်နိုင်မှာလားဆိုတာကိုတော့ ။။။( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ Alex ~ ToMo ~ Sue ~ KKKZ တို့ပဲဖြစ်ပါတယ် ) File size… 2.08GB /1.06GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h ...
movie

Higuita (2023)

2023
Oru Yamandan Premakadha (2019) 5.1
Oru Yamandan Premakadha (2019) Oru Mandan Premakadha (2019)"မီးတောက်ငယ်လေးတစ်ခု"ဒီတစ်ခေါက်‌တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ IMDb rating မှာ 5.1 ရရှိထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်ဒီဇာတ်ကားလေးဟာဆိုရင်တော့ဖြင့် B.C Noufal ရိုက်ကူးထားပြီး 2019 မှာ ထွက်ရှိခဲ့တဲ့ မလေယာလမ်စကားပြော အချစ်ဟာသဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ဒီဇာတ်ကားလေးမှာတော့ မင်းသား Dulquer Salmaan ဟာ ချမ်းသာတဲ့ မိသားစုကနေ မွေးဖွားလာပြီး သူငယ်ချင်းတွေနဲ့အတူ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနေတဲ့ လူငယ်လေး လာလူအနေနဲ့ သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ လာလူဟာ ဆေးသုတ်သမားတစ်ယောက်အနေနဲ့ အသက်မွေးဝမ်းကြောင်းပြုရင်း သူ့ရဲ့ သူငယ်ချင်းတွေနဲ့ အတူတူ ပျော်စရာတွေ မကောင်းမှုတွေ တူတူလုပ်လိုက်နဲ့ တစ်ရက်တစ်ရက် အချိန်ကုန်ဆုံးလေ့ ရှိပါတယ်။လာလူဟာ လူငယ်သဘာဝ ပျော်တတ်ပါးတတ်ပေမဲ့ မိသားစုနဲ့ ပတ်သက်ရင်တော့ အလေးထားတတ်သလို ဖခင်ဖြစ်သူရဲ့ ဆန္ဒတွေကိုလည်း အလေးထားပါတယ်တဲ့။ တစ်နေ့မှာတော့ သတင်းစာတစ်ခုကနေ ပျောက်ဆုံးနေတဲ့ အမျိုးသမီးလေး တစ်ယောက်ကို မြင်ပြီး ချစ်မိသွားပါ‌ေတာ့တယ်။ ဘယ်ကမှန်းမသိ ဘယ်လိုလူမှန်းမသိတဲ့ မိန်းကလေးဖြစ်သူ ဒီယာကို ချစ်မိသွားတဲ့အခါ စိန်ခေါ်မှုပေါင်းများစွာကို ရင်ဆိုင်ရင်း ...
movie

Oru Yamandan Premakadha (2019)

2019
Mukundan Unni Associates™ (2022) 8.0
Mukundan Unni Associates™ (2022) Mukandan Unni Associate ====================‌ imdb rating 8.0/ 1.5k၂၀၂၃ မှာထွက်ရှိလာတဲ့ ဒီကားလေးက အင်ဒီယန်း မာလာရမ် စကားပြောရုပ်ရှင်ဖြစ်ပြီး ရှားရှားပါးပါးblack comedy အမျိုးအစားဖြစ်ပါတယ်။ Night crawler ကြည့်ဖူးတဲ့သူတွေဆိုရင် အဲ့ထဲက မင်းသားဘယ်လောက်တောင် သောက်ခွက်ဖြတ်ရိုက်ချင်စရာကောင်းလဲသိမှာပါခုဒီဇာတ်ကားထဲက အဓိကဇာတ်ဆောင် ရှေ့နေမူကန်ဒန်ရဲ့ မအောင်မြင်တဲ့ဘဝကနေ အောင်မြင်လာအောင် ဘယ်လိုတက်ကျမ်းတွေကို ဘယ်လိုသုံးပြီး အိန္ဒိယကားများထုံးစံ နိုင်ငံရေး ကျန်းမာရေး ရဲ တရားသူကြီး ရှေ့နေ တစ်ခုမကျန် ပတ်လှောင်ထားတာကိုတွေ့ရမှာပါဒီမင်းသားရဲ့ ယဉ်ယဉ်လေးရူးနေတဲ့ပုံစံနဲ့ ဇာတ်ကိုသယ်သွားတဲ့ပုံက ဇာတ်လမ်းပြီးသွားတာတောင် မသိလိုက်ရလောက်အောင် ဇာတ်ရှိန်လုံးဝမကျတဲ့ထိပါပဲ အဲ့တော့ ပရိသတ်များခံစားဖို့အတွက် ဒီအောင်မြင်ကြီးပွားရေးဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ် File size…2.39GB / 829MB Quality…1080p True WEB DL /720p Format…mp4 Duration….2h 8m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sai ThuRein Lynn
movie

Mukundan Unni Associates™ (2022)

2022
Heaven (2022) 6.7
Heaven (2022) Heaven(2022) Imdb-6.7/10 ဒီဇာတ်ကားမှာတော့ အခြားဘောလိဝုဒ် လူသတ်သမားရှာဖွေတဲ့ကားတွေနဲ့မတူညီဘဲ လူသတ်သမားလူဆိုးကိုကြိုတင်ပြထားတာတွေ အရိပ်အမြွက်ပြောထားတာတွေနည်းနည်းလေးမှ မရှိတဲ့ စုံစမ်းရေးရဲအရာရှိတစ်ယောက်ရဲ့ အမှုကိုနည်းစနစ်ကျကျလိုက်လံစုံစမ်းဖော်ထုတ်ပုံကို အသေးစိတ်စိတ်ဝင်စားဖွယ်ရိုက်ပြထားတာတွေ့ရမှာဖြစ်ပါတယ်စုံစမ်းစစ်ဆေးရေးရဲအရာရှိပီတာကူရီရှင်းကယ် ‌ တနေ့မှာတောအုပ်ထဲမှာပုပ်ပွသေဆုံးနေတဲ့အလောင်းတစ်လောင်းကို ရှာတွေ့ရာကနေ အဲ့ဒီအလောင်းကနေရနိုင်သမျှသဲလွန်စတွေကိုအသုံးချပြီး လူသတ်သမားကိုလိုက်ဖို့ကြံစည်ပါတော့တယ်ရဲအရာရှိပီတာက ဖြောင့်မတ်ပြီးအလုပ်ကြိုးစားတဲ့ရဲတစ်ယောက်ဖြစ်ကာ သူ့အမေနဲ့သူ့ရဲ့မိတဆိုးသားလေးပဲရှိတဲ့မိသားစုကိုတောင် ‌အချိန်မပေးနိုင်ဘဲ အေးတိအေးစက်‌ဆက်ဆံတတ်တဲ့အလုပ်ကြိုးစားသူတစ်ဦး ဖြစ်ပါတယ် ဒီကားမှာတော့ ဗီလိန်နဲ့ဇာတ်လိုက် battleဆိုင်တာတွေ Tempoအတက်အကျဖြစ်အောင် အဓိကမရိုက်ပြထားဘဲ ရဲအရာရှိတစ်ဦးရဲ့ဘဝကို ထင်ဟပ်စေမဲ့လူမှုရေးတာဝန်လစ်ဟင်းမှုတွေ ဖွင့်မပြောပေမဲ့ခံစားတတ်တဲ့ ဖခင်တစ်ဦးရဲ့မေတ္တာတွေ(စာရေးသူရဲ့ အဖေအတိုင်းပါပဲ)၊ကို ကွက်ကွက်ကွင်းကွင်း အသားပေးရိုက်ပြထားလို့ ကြည့်ရှုသင့်တဲ့ drama mystery ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ် File size…1.8GB / 861MB Quality…1080p HQ AVC AAC5.1CH / 720p Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Ko & Allena & Kham Mon & Kevin Ag & Yunni
movie

Heaven (2022)

2022
Jana Gana Mana (2022) 8.6
Jana Gana Mana (2022) Jana Gana Mana (2022)ဧပြီလ၂၈ ရက်နေ့ကမှ ထွက်ရှိခဲ့တဲ့ Malayalam- language အိန္ဒိယ‌ကားကောင်းလေး တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။Central University မှာ ပါမောက္ခအဖြစ်နဲ့ ပညာရပ်တွေ သင်ကြားပို့ချပေးနေတဲ့ဆရာမလေး Saba Mariyam က ညတစ်ညမှာ ကျောင်းက ပြန်လာရင်း အဓမ္မပြုကျင့်ခံရပြီး မီးရှို့သတ်ခံလိုက်ရပါတော့တယ်။နဂိုကတည်းက စာသင်ရတာ နှစ်သက်ပြီး ကျောင်းသားတွေချစ်တဲ့ ဆရာမလည်းဖြစ်တဲ့အပြင်ကျောင်းမှာ ဝမ်းနည်းပူဆွေးခြင်း အထိမ်းအမှတ်လုပ်ရင်း ပြောရေးဆိုခွင့်ရှိသူတစ်ယောက်ရဲ့စကားအမှား‌ကြောင့် ကျောင်းတွင်းဆန္ဒပြပွဲ ဖြစ်လာခဲ့ပါတယ်။ အဲဒီလိုကနေ ရဲတွေကကျောင်းထဲအထိ ရိုက်နှက်ထိန်းချုပ်တာကတစ်ဆင့် တစ်နိုင်ငံလုံးက ကျောင်းသားထုရဲ့ အရေးတော်‌ပုံ ဖြစ်လာခဲ့ပါတယ်။ဒီလိုနဲ့ ကျောင်းသားအရေးတော်ပုံ စတင်ဖြစ်ပေါ်စေတဲ့ ဆရာမလေးသတ်ခံရတဲ့ မှုခင်းနောက်ကွယ်မှာတော့နိုင်ငံရေးတွေအထိပါ ပါဝင်နေမလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါတယ်။ဒီတော့ ကျောင်းသားနဲ့ရဲတွေကြားအထိကရုဏ်းက ဘယ်လောက်ထိ ပြင်းထန်မလဲ။မှုခင်းနောက်ကွယ်မှာရော ဘယ်သူကတရားခံလဲဆိုတာကို ရင်ခုန်စရာကောင်းအောင်ကြည့်ရှုရမှာပါ။ ဇာတ်လမ်းရော သီချင်းတွေရောအနှစ်တွေချည်း ဖြစ်တဲ့အတွက် ဆက်ဆက်ကြည့်ရှုကြဖို့ တိုက်တွန်းပါရစေနော်။    File size…2.02Gb / 971MB Quality…1080p ...
movie

Jana Gana Mana (2022)

2022
Kodathi Samaksham Balan Vakeel(2019) 5.9
Kodathi Samaksham Balan Vakeel(2019) Kodathi Samasksham Balan Vakeel 2019ဟာသဆန်ဆန်နဲ့စိတ်ဝင်စားဖို့ကောင်းတဲ့ မှုခင်းဇာတ်ကား​ဟောင်းလေးကိုတင်ဆက်ပေးချင်ပါတယ်ဘာလာခရစ်ရှ်နန်က ရှေ့နေ့တစ်ယောက်ဖြစ်ပြီးတော့ စကားထစ်တဲ့သူဖြစ်တဲ့အတွက်ကြောင့်အလုပ်မှာထက်မြတ်သလောက် နေရာမရတဲ့သူပါ တစ်နေ့မှာ အဖေဖြစ်သူ ငွေလိုအပ်တာကြောင့်ယောက်ဖဖြစ်သူအပ်တဲ့ အမှုကို ကူညီဖို့လုပ်ရာကနေ အရှုပ်တွေဖြစ်လာတဲ့အခါ....အာနူရာဒါက အဖေတစ်ခုသမီးတစ်ခု​နေတဲ့သူဖြစ်ပြီး အဖေဖြစ်သူက လူတစ်ယောက်နဲ့တွေ့ဖို့ထွက်သွားရာကနေ ပျောက်သွားတာကြောင့် ရဲစခန်းမှာ တိုင်ကြားချက်ဖွင့်ထားသူပါသူကလည်း ဘာလာခရစ်ရှ်နန်ရဲ့ အရှုပ်အထွေးမှာ ပါဝင်မိရာကနေ ဘယ်လိုတွေဆက်ဖြစ်ကြမှာလဲစကားထစ်ရှေ့နေတစ်ယောက် ဒီအရှုပ်အထွေးကို ဘယ်လို​ဖြေရှင်းမှာလဲဆိုတာဆက်လက်စောင့်ကြည့်ပါဦးနော် File size…2.4GB / 1.2GB Quality…1080p Web DL AAC 5.1ch /720p Format...mp4 Duration….2h 35min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Poe & Shwe Pyae
movie

Kodathi Samaksham Balan Vakeel(2019)