Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Sunil Reddy
8.4
Double Tuckerr (2024)
Double Tuckerr (2024)"ကံဆိုးသူ အာရဗင်" ==================================လူနဲ့ animation တွဲဖက်ရိုက်ကူးထားတဲ့ IMDb 8.4 ရ တမီလ်စကားပြော စိတ်ကူးယဉ် ဟာသဒရာမာရုပ်ရှင်လေးကို ချန်နယ်မြန်မာပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။အာရဗင်ဟာ ငယ်စဉ်ကတည်းက မတော်တဆမှုတစ်ခုကြောင့် မိဘနှစ်ပါးကိုဆုံးရှုံးခဲ့ရတဲ့ မိဘမဲ့လေးတစ်ယောက်ပါ။အဲဒီမတော်တဆမှုကြောင့် အာရဗင်ဟာ မိဘမဲ့ဖြစ်သွားရုံတင်မကဘဲ မျက်နှာတခြမ်း မီးလောင်ကာ အရုပ်ဆိုးကျည်းတန်သွားခဲ့တဲ့အတွက် အားလုံးကလည်း အာရဗင့်ကို ခွဲခြားဆက်ဆံကြပါသေးတယ်။ဒါပေမဲ့ ဘယ်သူမှ မသိကြတာကတော့ အာရဗင့်မှာ သူ့ကို မွေးကတည်းက စောင့်ရှောက်ပေးနေတဲ့ ကိုယ်စောင့်နတ်နှစ်ပါး ရှိနေတယ်ဆိုတာပါပဲ။ဒါပေမဲ့ အာရဗင့်ရဲ့ ကံဆိုးမှုတွေဟာ မရပ်တန့်သွားဘဲ အဲဒီထဲက ကိုယ်စောင့်နတ်တစ်ပါးရဲ့ အမှားကြောင့် အနိစ္စရောက်သလို စိတ်နဲ့ ခန္ဓာကွဲသွားခဲ့ရပါတယ်။အာရဗင်ဟာ အဲဒီနတ်နှစ်ပါးနဲ့အတူ အချိန်မနှောင်းခင် စိတ်နဲ့ခန္ဓာကို ပြန်ပေါင်းဖို့ကြိုးစားရင်း ထူးဆန်းတဲ့အဖြစ်တွေကြုံရပုံကို ဒီရုပ်ရှင်ထဲမှာ မြင်ကြရမှာပဲဖြစ်ပါတယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size… 2.14GB / 1.06GB Quality…WEB DL 1080p / 720p Format.... mp4 Duration….2h Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ...
movie
Double Tuckerr (2024)
7.5
Jailer (2023)
Jailer (2023) IMDb-7.5/10ရူပီသန်းပေါင်း၂၄၀ဝန်းကျင် အသုံးပြုရိုက်ကူးထားပြီး ရူပီ၆၃၅သန်းပြန်လည်ရရှိခဲ့တဲ့ မင်းသားကြီးရာဂျ်နီကန့်သ်ရဲ့ ရုပ်ရှင်ကားကြီးကိုတင်ဆက်ပေးလိုက်ပါတယ်။ဟာသမင်းသားကြီး ရိုဂီဘာဘူလည်း ပါဝင်အားဖြည့်ထားပါတယ်။ အကြည်ဗားရှင်းထွက်တာ အချိန်တစ်ခုကြာပြီဖြစ်ပေမယ့် ရုပ်သံစာတန်းထိုးမှန်အောင်စောင့်ဆိုင်းနေခဲ့တဲ့အတွက် စီအမ်ဘောလိဝုဒ်ပရိသတ်ကြီးကိုအနူးအညွတ်တောင်းပန်အပ်ပါတယ်။ဖြောင့်မတ်မှန်ကန်တဲ့အရာရှိတစ်ယောက်ဆိုတာ နာမည်တစ်ခုတင်ကျန်ရစ်တတ်ပေမယ့် အတိုက်ခိုက်ခံရ ပေးဆပ်လိုက်ရတာတွေကတော့ ရှိနေတတ်တာဓမ္မတာပါပဲ။ မင်းသားကြီးရာဂျ်နီကန့်သ်က ဇနီးဖြစ်သူရယ် သားရယ် ချွေးမရယ် မြေးလေးရယ်နဲ့ အငြိမ်းစားထောင်မှူးကြီးဘ၀ကို ငြိမ်းချမ်းစွာဖြတ်သန်းနေသူတစ်ယောက်။သားဖြစ်သူကိုလည်း ဖြောင့်မတ်မှန်ကန်တဲ့အရာရှိတစ်ယောက်ဖြစ်အောင် ပြုစုပျိုးထောင်ခဲ့သူ။ တစ်ရက်မှာတော့ ဘုရားကျောင်းရုပ်တုတွေပျောက်ဆုံးမှုကို စုံစမ်းဖော်ထုတ်နေတဲ့ သားဖြစ်သူ ပျောက်ချင်းမလှပျောက်သွားရာကစ အသတ်ခံလိုက်ရတာကိုသိလိုက်ရပါတယ်။ အဲဒီမှာပဲ အေးချမ်းတဲ့ဘ၀လေးကနေ သားကိုသတ်ခဲ့တယ်လို့သိရတဲ့ လူဆိုးဂိုဏ်းကို လက်စားချေအမြစ်ဖြတ်သုတ်သင်ဖို့ကြိုးစားတဲ့နောက်မှာတော့ ထင်မှတ်မထားတဲ့အမှန်တရားတွေ အသတ်အဖြတ်ကြမ်းကြမ်းရမ်းရမ်းတွေကို ကြည့်ရှုခံစားကြရမှာပါ။(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Yunni~V~YH~Cherry~Zwe Yan~BpLတို့ပဲဖြစ်ပါတယ်) File size…9.4GB/ 3.16GB / 1.2GB Quality…WEB-DL 4K HEVC/1080p/ 720p Format…mp4 Duration….2h 48m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~V~YH~Cherry~Zwe Yan~BpL
movie
Jailer (2023)
2023
4K HEVC
5.8
Beast (2022)
ကဲ သိပ်မကြာခင်ကမှ ရုံတင်သွားတဲ့ မင်းသားကြီး ဗီဂျေးရဲ့ Beast ကားသစ်လေးလာပါပြီဒီဇာတ်လမ်းမှာ ဗီဂျေးက Beast ဆိုတဲ့ နာမည်နဲ့လိုက်အောင် ဘယ်သူ့စကားမှနားမထောင် ကိုယ်မှန်တယ်ထင်တာကို လုပ်ပြီဟေ့ဆိုရင် ဝန်ကြီးချုပ်လည်းဂရုမစိုက်...အတော်လက်ရဲဇက်ရဲနိုင်ပြီး အသတ်အဖြတ်ရက်စက်တဲ့ သားရဲကြီး ရော(RAW)အေးဂျင့်ဟောင်းဗီရ်ရာဂဗ်.. တစ်ခါတုန်းက သူ့ဌာနက သူ့ကိုလှည့်စားလိုက်တာကို စိတ်နာပြီး တာဝန်ကနေ အနားယူသွားခဲ့တယ်...တစ်ရက် ချင်နိုင်းမြို့လည်ခေါင်က မောလ်တစ်ခုကို အကြမ်းဖက်သမားတွေက ဝင်စီးတယ်..ဖြစ်ချင်တော့ မောလ်ထဲမှာ ဗီရ်ရာဂဗ်ရှိနေတယ်...ဓါးစာခံရာကျော်ကို မောလ်အတွင်းမှာ ဖမ်းထားတဲ့အတွက် အစိုးရကယ်ဆယ်ရေးအဖွဲ့တွေက အထဲကိုဝင်ပြီး ကယ်လို့မရဘူးဖြစ်နေတယ်...အတွင်းမှာပိတ်မိနေတဲ့လူတွေထဲ ဗီရ်ရာဂဗ်ပါနေတယ်ဆိုတာ သိသွားတော့ သူ့ကိုလှမ်းအကူအညီတောင်းတယ်...ဒီလိုနဲ့ ဗီရ်ရာဂဗ်တစ်ယောက် အကြမ်းဖက်သမားတွေကြားထဲမှာ တစ်ပွေတည်း ဘယ်လိုတွေပွဲကြမ်းမလဲ....ဓါးစာခံတွေကို ဘယ်လိုကယ်ထုတ်မလဲဆိုတာကို အက်ရှင်ခန်းတွေ အများကြီးနဲ့ စိတ်ဝင်တစားရှုစားလိုက်ကြပါဦးရှင့်... File size…8GB / 3.3GB / 1.5GB Quality… 1080p NF WEBDL / 720p Format…mp4 Duration….2h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie
Beast (2022)
2022
4K HEVC
7.1
Maamannan (2023)
Maamannan(2023)IMDb-7.1/10 Political Thriller75 ကုဋေထိရုံတင်ငွေအမြတ်ရထားတဲ့ တစ်ခေတ်တစ်ခါက အောင်မှုတွေရခဲ့တဲ့ဟာသမင်းသားကြီး Vadivelu ၊ ဝန်ကြီးမျိုးဆက်ကနေမွေးဖွားလာတဲ့ လူငယ်ဖွံ့ဖြိုးရေးနဲ့အားကစားဌာနမှာဝန်ကြီးခန့်အပ်ခံရဖူးသူ Udhayanidhi Stalin နဲ့ ရှူတည်တည် ကာရိုက်တာလေးတွေနဲ့ ပေါက်ခဲ့တဲ့မင်းသမီးချောလေးKeerthy Suresh တို့ပါဝင်ထားတဲ့ တမီးလ်ဇာတ်ကားကောင်းလေးတင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းအညွှန်းလွှတ်တော်ကိုယ်စားလှယ်ရဲ့သားဖြစ်ပေမဲ့ အဖေ့ရဲ့အရှိန်အဝါကိုမမီပဲ ဝက်မွေးပြီးအေးဆေးနေတဲ့ အသီဗီရန် ၊လူမှုကောင်းကျိုးတွေကို ကျောင်းသူဘဝတည်းကဆက်တိုက်လုပ်ဆောင်နေတဲ့ လီလာ ၊ အသီဗီရန်ကလီလာ့ကိုကြိတ်သဘောကျနေပေမဲ့ လွှတ်တော်ကိုယ်စားလှယ်ရဲ့သားမို့ လီလာကမကြိုက်မှန်းသိလို့ရှေ့မတိုးခဲ့တာ ကျောင်းပြီးသည်ထိပါပဲကျောင်းပြီးတစ်နေ့လီလာ နွမ်းပါးတဲ့ကလေးတွေကိုစာသင်ဖို့ငှားထားတဲ့နေရာကို အမည်မသိလူတွေခြိမ်းခြောက်မှုကြောင့် ပိုင်ရှင်ကအတင်းရွှေ့ခိုင်းတဲ့အချိန်မှာစတော့တာပဲ သူငယ်ချင်းတွေက အသီဗီရန်ကိုအကူအညီတောင်းချင် လီလာကလက်မခံနဲ့ နောက်ဆုံးတော့လက်လျှော့ပြီး အသီဗီရန့်အိမ်သွားတွေ့ကြချိန်မှာ အသီဗီရန်က ဝက်တွေပဲမွေးနေပြီး အဖေနဲ့ စကားမပြောခဲ့တာ ဆယ့်ငါးနှစ်တိုင်ခဲ့ပြီဆိုတာ လီလာသိလိုက်ရပါတယ်မုန်းတီးမှုကြောင့်မဟုတ်ဘဲ 15 နှစ်ထိ စကားမပြောခဲ့ရတဲ့အကြောင်းအရင်းနဲ့ ရိုးရှင်းမနေတဲ့လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ဆိုတဲ့ဘဝမှာ ဘယ်လိုအလှည့်အပြောင်းတွေပါလာမလဲ လီလာနဲ့ ဗီရာတို့ရဲ့အချစ်ရေး ဒါတွေကိုရသစုံကြည့်ရှူခံစားရမဲ့ကားလေးပဲဖြစ်ပါတယ်(အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ BpL ~ Cherry ~ Moon ~ V ~ Yunni တို့ပဲဖြစ်ပါတယ်) File size…3GB / 1.5GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 37mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie
Maamannan (2023)
2023
7.6
Soppana Sundari (2023)
Soppana Sundari 2023 IMDb - 7.8/10တေလဂူး မင်းသမီးချော Aishwarya Rajesh က မိသားစုအပေါ်သိတတ်တဲ့ အဂါလယာအဖြစ် အဓိကပါ၀င်ထားပြီး ဟာသမြိုင်မြိုင်ဆိုင်ဆိုင်လေးနဲ့ ပဋိပက္ခတသီတသန်းနဲ့ ကြည့်ရှူရမယ့် တေလဂူးဇာတ်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းဆင်ခြေဖုံးရပ်ကွက်မှာနေထိုင်ကြတဲ့ အဂါလယာတို့မိသားစုဟာ ကံကောင်းထောက်မစွာနဲ့ စိန်ရွှေရတနာဆိုင်ကနေကျင်းပတဲ့ ကံစမ်းမဲပွဲမှာ ကံထူးရှင်ဖြစ်သွားပါတယ်။ ကံထူးရှင်ဖြစ်လို့ နောင်ရေးအတွက်တွေးရင်း ပျော်မယ်ကြံခါမှ ပဋိပက္ခတွေတစ်ခုပြီး တစ်ခုဖြစ်ရင်း ကြာကြာမပျော်နိုင်ခဲ့ကြပါဘူး။ဒီလိုနဲ့ ကံထူးရှင်အစစ်က ငါပါ နင်ပါ...ဆိုပြီးတော့ မဆိုင်တဲ့သူတွေပါ ဆုတွေငမ်းငမ်းတက် လိုချင်လာကြတဲ့ချိန်မှာတော့... အဂါလယာဟာဆုကိုလက်လွှတ်ပေးလိုက်မှာလား...သူကရော ကံထူးရှင်အစစ်လားဆိုတာကို အဖြေရှာရင်း လူ့ဘောင်လူ့ဘဝမှာကြုံတွေ့ရတတ်တဲ့ ကိစ္စအဝဝကို တွေ့မြင်ရမှာဖြစ်ပါတယ်။ File size…2.5GB / 986MB Quality…1080p WEBDL / 720p pFormat…mp4 Duration….1h 55m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Khin ~Nyein~BpL~Cherry
movie
Soppana Sundari (2023)
2023
7.5
Yenni Thuniga (2022)
Yenni Thuniga (2022)ယခုမိတ်ဆက်ပေးမယ့် တမဲလ်ဇာတ်ကားလေးကတော့ ပုံမှန်စုံထောက်ကားတွေနဲ့ မတူဘဲ ရသတစ်မျိုးကို ပေးစွမ်းနိုင်မှာ အသေအချာပါပဲ။ ဇာတ်လမ်းစစချင်းမှာ ရိုးရှင်းမယ်လို့ ထင်ရပေမယ့် မထင်မှတ်ထားတဲ့ အရှုပ်အထွေးတွေနဲ့အတူ ကြည့်ရှုသူတိုင်းကို ရင်တထိတ်ထိတ်နဲ့ ခံစားရစေမယ့် ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းဇာတ်လမ်းအစမှာ ရွေးကောက်ပွဲဝင်ပြိုင်မယ့် အမတ်လောင်းရဲ့ ရတနာဆိုင်ကို ဓားပြဝင်တိုက်ခံလိုက်ရပါတယ်။ ရွေးကောက်ပွဲနီးမှ သူ့ဒေသမှာ ရာဇဝတ်တွေဟာ မှိုလိုပေါက်လာတာမို့ အမတ်လောင်းလည်း ခေါင်းခြောက်ရတာပေါ့။ အဲ့ဒီထက်ပိုဆိုးတာက့ ရွေးကောက်ပွဲကာလမှာ အသုံးပြုမယ့် ရူပီး ကုဋေ ၂၀၀၀ အထိ တန်ဖိုးရှိတဲ့စိန် ၁၀ လုံးပါ အခိုးခံလိုက်ရတော့ အမတ်လောင်းတစ်ယောက် တစ်ပူပေါ် နှစ်ပူဆင့်ရပါတော့တယ်။ ကံကောင်းချင်တော့ ဓားပြအဖွဲ့က ပြန်ပေးဆွဲသွားတဲ့ မိန်းကလေးက အသက်မသေခဲ့ပြန်ဘူး။ ဒါပေမဲ့ ကိုမာဝင်သွားတော့ သတိပြန်ရဖို့အရေး နံပါတ်တစ်အနေနဲ့ လုပ်ရပြန်တယ်။ ဓားပြအဖွဲ့ကလည်း ပိရိလွန်းပြီး ခြေရာလက်ရာ မကျန်တာမို့ ဦးရဲကြီးတို့လည်း ခေါင်းရှုပ်ရတာပေါ့ဗျာ။ ကိုမာဝင်သွားတဲ့ မိန်းကလေးရဲ့ အစ်ကဖြစ်သူကတော့ ရေဆုံးမြေဆုံးလိုက်ပြီး ရှာဖွေတဲ့အခါမှာတော့...ဓားပြအဖွဲ့ကို မိသွားနိုင်မလား...?ဒါ့အပြင် ဓားပြအဖွဲကို ပြည်ပစိန်မှောင်ခိုဂိုဏ်းက ခိုင်းစေခဲ့ပေမယ့် အဲ့ဒီထက် ရှုပ်ထွေးတဲ့ မထင်မှတ်ထားတဲ့သူတစ်ယောက် ...
movie
Yenni Thuniga (2022)
2022
4K HEVC Web-DL
8.5
Doctor(2021)
တကယ်လည်း ကြမ်း၊ သည်းထိပ်ရင်ဖိုစရာလည်း ကောင်း၊ရုံတင်တုန်းကလဲ အတော်လေးရေပန်းစား ပေါက်ခဲ့ပြီးရုံတင်ရက်၂၅ရက်အကြာမှာ အိန္ဒိယရူပီ ၁၀၀Crsထိရထားတဲ့ နာနီရဲ့ ဒီရုပ်ရှင်ကားကတော့ရုပ်တည်ကြီးနဲ့ တကယ်ခွီရတဲ့ Tamil Action - Comedyကားသစ်တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်MDb rating 8.5ရတာနဲ့တန်အောင် တကယ်ကြည့်ပျော်ပြီးဇာတ်အစအဆုံး အချိန်၂နာရီခွဲကုန်မှန်းမသိ ကုန်စေမယ့်ကားလို့ညွှန်းဆိုပါရစေ အညွှန်း********စစ်တပ်ဆရာဝန်တစ်ဦးဖြစ်တဲ့ ဗာရွန်ဟာ ဘုကလန့်လည်းကျ၊စကားကို တည့်တိုးပဲပြောတတ်ပြီး စိတ်ပိုင်းဆိုင်ရာထက်လက်တွေ့ပိုင်းကို ပိုဦးစားပေးလို့ Emotional Dead manရယ်လို့အမည်ပေးခံရသူရယ်ပါဒီလူဂွစာကြီးဟာ လူတကာကိုဘုတောပေမဲ့ ဇနီးလောင်းကိုတော့သည်းသည်းလှုပ် ချစ်ရှာပါတယ်၊ သူချစ်ရတာနဲ့ တန်အောင်ကိုသူ့ရဲ့ဇတ်ဇတ်ကြဲဇနီးလောင်းလေး ပတ်မီနီကလည်း တင်တောင်းတဲ့နေ့မှာတင် ငြင်းလွှတ်လိုက်ပါတယ်ဗာရွန်ခမျာ ရည်းစားငြင်းခံရလို့မှ မပြီးသေးခင် ခယ်မလောင်းလျာပြန်ပေးဆွဲခံရတဲ့ကိစ္စကြောင့် မတော်လိုက်ရတဲ့ ဇနီးသည်မိသားစုနဲ့အတူ ပြန်ပေးဆွဲသူတွေကို လိုက်လံရှာဖွေရင်း လူကုန်ကူးနဲ့ကိုယ်အင်္ဂါရောင်းဝယ်ရေး ကွန်ယက်ကြီးထဲ ပတ်သတ်မိသွားတဲ့အခါဘုကလန့်ဗာရွန်နဲ့ ဇတ်ဇတ်ကြဲ ပတ်မီနီတို့နှစ်ယောက် ဘယ်လိုအလွဲတွေဖြစ်ကြမလဲ၊ ညီမဖြစ်သူကိုရော ပြန်ရှာတွေ့ပါမလား၊သူတို့ရင်ဆိုင်နေရတဲ့ ဂိုဏ်းတွေက ဘယ်လောက်တောင်များလဲဆိုတာကို အတည်ပေါက်နဲ့ ရယ်လည်းရယ်ရ၊ စိတ်လှုပ်ရှားဖို့လည်းကောင်းအောင် ရိုက်ကူးတင်ဆက်ပေးထားတဲ့Tamilကားကောင်း တစ်ကားပဲဖြစ်ပါတယ်File size…1.34GB ...
movie
Doctor(2021)
2021
HEVC 1080p 5.1