Channel Myanmar

Sun Meng-Quan

The Kung Fu Cult Master (1993) 6.4
The Kung Fu Cult Master (1993) တစ်ခေတ်တစ်ခါက လူကြိုက်များခဲ့တဲ့ ဂျက်လီရဲ့ နဂါးနိုင်ဓါးဇာတ်လမ်းပါ။. နဂါးနိုင်ဓါးရဲ့ကျောရိုးဇာတ်လမ်းကိုယူထားပေမယ့်လည်း ပုံမှန်ကြည့်ခဲ့တဲ့ ဇာတ်လမ်းတွဲနဲ့ယှဉ်ရင်တော်တော်များများ ကွဲထွက်နေတာကိုသတိထားမိမှာပါ..အရသာမတူတဲ့ဇာတ်လမ်းလေးကိုခံစားကြည့်လိုက်ပါ..သိုင်းလောကကြီးရဲ့ပဋိပက္ခတွေစတင်လာပုံကတော့ သိမ်းငှက်သူရဲကောင်းရန်ကော့ရဲ့သံဓားကို ကောကျင့်နဲ့ဟွမ်ရုံကရသွားပြီးတော့ ရွှေနဲ့ရောအရည်ဖျော်ပြီး နဂါးနိုင်ဓားနဲ့ တိမ်လွှာဓားဆိုတဲ့ဓားနှစ်လက်ကိုသွန်းလုပ်ခဲ့တယ်။အဲဒီဓားနှစ်လက်ထဲမှာ ယွဲ့ဖေးရဲ့စစ်ဗျူဟာကျမ်းနဲ့ လစကြာသိုင်းကျမ်းရဲ့လျှို့ဝှက်ချက်ကိုထည့်ဖွက်ထားတယ်လို့ဆိုကြတယ်။ ဒီဓားနှစ်လက်ကိုပိုင်ပြီး လျှို့ဝှက်ချက်တွေကိုရတဲ့အခါ သိုင်းလောကတစ်ခုလုံးကိုလွှမ်းမိုးနိုင်ပြီလို့ယူဆကြတဲ့အတွက်ကြောင့် သိုင်းလောကကြီးမှာ သွေးစွန်းတဲ့တိုက်ပွဲပေါင်းများစွာနဲ့ ဓားလုပွဲကြီးဖြစ်လာပဲဖြစ်ပါတယ်။ Quality : Bluray 1080p , 720p Format : mp4 Genres : Action , Fantasy , History Runtime : 1h 41 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

The Kung Fu Cult Master (1993)