Channel Myanmar

Suman Talwar

Bootcut Balaraju (2024) 4.1
Bootcut Balaraju (2024) Bootcut Balaraju(2023)သူကြီးသမီးနဲ့ ကိုလူပြက်ဘောလိဝုဒ်အချစ်ဟာသာပရိသတ်တွေနဲ့ မစိမ်းတဲ့ မင်းသား Syed Sohel နဲ့ Megha Lekha ၊ Ananya Nagalla တို့ မင်းသမီးချောလေးနှစ်ယောက်ပါဝင်ထားတဲ့ ပေါ့ပေါ့ပါးပါးရယ်မောနိုင်မဲ့ ဇာတ်လမ်းတစ်ပုဒ်တင်ဆက်ပေးလိုက်ပါတယ်မဟာလက်ရှ်မီးတို့မိသားစုက ကျေးရွာကောင်းစားရေးနဲ့ ကျေးရွာလူတွေအကျိုးအတွက်ပဲ အမြဲဦးစားပေးလုပ်ဆောင်ခဲ့ကြလို့ ရွာကလေးစားချစ်ခင်ကြတဲ့ ရွာလူကြီးမျိုးဆက် ၊ ကတိတစ်လုံးကို အသက်ထက်တန်ဖိုးထားကြတဲ့ မျိုးဆက် ၊ အဲဒီကတိတစ်လုံးအတွက် အိမ်ထောင်ကိုပါကွာရှင်းပြီး တစ်ယောက်တည်း ရဲရဲရပ်တည်ခဲ့တဲ့မဟာလက်ရှ်မီးရဲ့အမေ ။ဒီမျိုးဆက်ကနေ ပေါက်ဖွားလာတဲ့ မဟာလက်ရှ်မီးက ငယ်ငယ်လေးတည်းက အားလုံးရဲ့အလေးပေးခံရပြီး တူတူပေါင်းရမဲ့အဖော်မရှိဖြစ်နေချိန် ဘာလ်ရာဂျူးနဲ့ အခင်ဆုံးသူငယ်ချင်းတွေဖြစ်သွားခဲ့တယ် ။ ဘာလ်ရာဂျူးဆိုတာက အရာအားလုံးထက် ဒီနေ့မှာပျော်နေဖို့အရေးကြီးတယ်ဆိုတဲ့ ပျော်ပျော်နေတတ်တဲ့သူ...ဘဝကိုအလေးအနက် အများအတွက်ရှင်သန်တတ်တဲ့မိသားစုနဲ့ ပျော်အောင်ကြံဖန်နေတတ်တဲ့ ဘာလ်ရာဂျူးတို့ ဘယ်လိုအလွဲအချော်တွေကြုံတွေ့ရမလဲ ဘာလ်ရာဂျူးတစ်ယောက်ရဲ့ဘဝမှာ အပြောင်းအလဲတွေဖြစ်လာဦးမလား အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ CM Bollywood Team မှဖြစ်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…2.9GB / 1.3GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h ...
movie

Bootcut Balaraju (2024)

2023
Extra Ordinary Man (2023) 7.3
Extra Ordinary Man (2023) Extra Ordinary Man (2023) "တမူထူးတဲ့ ဘူလူ" =====================================အိန္ဒိယရုပ်ရှင်ပရိသတ်တွေအတွက် IMDb 7.3 ရရှိထားတဲ့ တေလဂူးစကားပြော အက်ရှင်ဒရာမာရုပ်ရှင်လေး တင်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်မှာ Vikram Vedha ထဲက ရီသိက်လိုလို ပွတ်ရှ်ပါထဲက အာလူးအာဂျွန်လိုလိုဒီဇိုင်းကာလာနဲ့မင်းသားက ဇာတ်လိုက်ဇာတ်ကောင် အာဘီနေးအဖြစ် သရုပ်ဆောင်ထားတာပါ။အာဘီနေးဆိုတဲ့ တက်သစ်စအနုပညာသမားလေးဟာ ငယ်ငယ်ကတည်းက ဇာတ်လိုက်မင်းသားဖြစ်ချင်ခဲ့ပေမဲ့ တချို့ရုပ်ရှင်ကားကြီးတွေရဲ့ ဘက်ဂရောင်းတွေမှာသာ မထင်မရှားပါဝင်ရင်း မင်းသားဖြစ်ဖို့ အခွင့်အရေးကို စောင့်စားနေသူပါ။သူဟာ ဘယ်သူ့ကိုမှဂရုမစိုက်ဘဲ ကြိုးစားနေရင်း တစ်နေ့မှာ သူဌေးမတစ်ယောက်က သူ့ကိုသဘောကျသွားပြီး ဇာတ်လိုက်ဖြစ်ဖို့ အခွင့်အရေးရခါမှ မမျှော်လင့်တာတွေဖြစ်ပျက်ရင်း ဘဝတဆစ်ချိုး ပြောင်းလဲသွားပါတော့တယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…4.03GB / 1.8GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 37mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ...
movie

Extra Ordinary Man (2023)

2023
Sarrainodu (2016) 6.6
Sarrainodu (2016) Sarrainodu (2016) IMDb-6.6/10ဘောလိဝုဒ်ပရိတ်သတ်ကြီးအတွက် ကားဟောင်းထဲက ကားကောင်းလေးတကားဖြစ်တဲ့ အာလူးအာဂျွန်နဲ့ မင်းသမီးချော မဟာလက်ရှ်မီးတို့ရဲ့ အမှန်တရားဘက်တော်သား အက်ရှင်ကားလေးကိုတင်ဆက်ပေးလိုက်ရပါတယ်။ ဘတ်ဂျတ် ရူပီးသန်းငါးရာ အသုံးပြုထားပြီး ရူပီးသန်းထောင့်နှစ်ရာခုနစ်ဆယ်ပြန်ရခဲ့တဲ့ကားတကားလဲဖြစ်ပါတယ်။အိမ်ရဲ့သဲသဲလှုပ်အချစ်ခံရတဲ့ တဦးတည်းသောသားလေးဖြစ်ပြီး အိန္ဒိယစစ်ပြန်ကြီးလည်းဖြစ်တဲ့ ဂါနာက မတရားတာတွေ့ရင် လက်ပါခြေပါနဲ့ဖြေရှင်းတတ်သူတစ်ယောက်။သိပ်ချစ်မိသွားတဲ့ ချစ်သူလေးက ရန်ဖြစ်တာမျိုးမလုပ်ရင် လက်ထပ်ပါမယ်လို့ကတိပေးပြီးတဲ့နောက်မှာတော့။အိန္ဒိယနိုင်ငံတောင်ပိုင်းဝန်ကြီးဖြစ်သူရဲ့သားဟာ သူ့အကျိုးစီးပွားအတွက် အဖေ့အရှိန်အဝါကို အလွဲသုံးစားလူပ်ပြီး မြေတွေယာတွေကိုသိမ်း မကျေနပ်တဲ့လူကို လက်စဖျောက် ပြန်လှန်ဝံ့သူမရှိလောက်တဲ့ထိ ထင်ရာစိုင်းမိုက်မဲနေခဲ့ပါတယ် အနိုင်ကျင့်ခံရတဲ့ လယ်သမားတွေဘက်ကနေပြီး ရပ်တည်ပေးနေတဲ့ သားဖနှစ်ယောက်နဲ့ချစ်သူကိုရန်မဖြစ်တော့ပါဘူးဆိုပြီး ကတိပေးထားတဲ့ဂါယာတယောက် ဝန်ကြီးသားရဲ့မတရားမှုမှာ ပါဝင်လာတဲ့အခါမှာတော့။ အရင်က ဘောလိ၀ုဒ်ကားတွေရဲ့ အရသာကိုတဖန်ပြန်လည်ခံစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်တွေကတော့ V~Zwe~Moon~Cherry~BpL~Yunniတို့ပဲဖြစ်ပါတယ်) File size…4.4GB / 2.1GB Quality…1080p  WEB DL /720p Format…mp4 Duration….2h 39m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V~Zwe~Moon~Cherry~BpL~Yunn
movie

Sarrainodu (2016)

2016
The Legend(2022) 5.0
The Legend(2022) The Legend (2022) Action, Drama, Romance IMDb 5.1/10 (7.6K)အခုတစ်ခါမှာတော့ တမီလ်ဇာတ်ကားကောင်းလေးတစ်ကားကို မိတ်ဆက်ပေးပါတော့မယ်။ဆာရာဗနန်ဆိုတဲ့ သိပ္ပံပညာရှင်လေးဟာ ကမ္ဘာသိ လူသိရှင်ကြား ဂုဏ်သတင်းကျော်ဇောတဲ့ သိပ္ပံပညာရှင်လေးတစ်ယောက်ဖြစ်ပြီး နိုင်ငံတကာက လိုချင်နေတဲ့ ပညာရှင်တစ်ယောက်ဖြစ်ပါတယ်။သို့သော်ငြားလည်း သူဟာ အဲ့ဒါတွေကို ပဓါနမထားဘဲ သူ့ရပ်ရွာလေးကောင်းစားဖို့နဲ့ ဇာတိမြေကလူတွေ ပညာတတ်ကြီးတွေဖြစ်စေဖို့ ဆန္ဒပြုနေခဲ့ပါတယ်။တစ်ဖက်မှာလည်း လူတွေကို ဘေးဥပါဒ်ဖြစ်စေတဲ့ ဆေးဝါးတွေတီထွင်ပြီး ကမ္ဘာမီးလောင် သားကောင်ချနင်းမယ့် ငွေတဘို့တည်းသာကြည့်ကြတဲ့ အရင်းရှင်လူတန်းစားတွေက ရှိနေပါတယ်။ဒီလိုနဲ့ ပြည်သူ့ဘက်တော်သားလေးက အဖျက်သမားတွေကို တွန်းလှန်ဖို့ဖြစ်လာတဲ့အခါမှာတော့...။ File size…3.75GB  / 1.9GB Quality…1080p True WEB DL /720p Format…mp4 Duration….2h 41m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor & Sai Thu Rein & Nyein Aye
movie

The Legend(2022)

2022
Rudhramadevi (2015) Rudramadevi 5.8
Rudhramadevi (2015) Rudramadevi အိန္ဒိယတောင်ပိုင်း ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ ရူဒမာဒေဗီဟာဆိုရင် အိန္ဒိယ သမိုင်းမှာ အုပ်ချုပ်ခဲ့တဲ့ အနည်းငယ်မျှသော ဘုရင်မတွေထဲကမှ ရူဒမာဒေဝီ ဘုရင်မ ရဲ့ ဘဝဇာတ်ကြောင်းကို ပုံဖော်ရိုက်ကူး ထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ငယ်ဘဝထဲက အခက်အခဲ အကြမ်းတမ်းစွာ ယောကျာ်းလေးဟန်ဆောင်ပြီး ဖြတ်သန်းခဲ့ရတဲ့ ရူဒမာဒေဝီ ၊ ငယ်ရွယ်စဉ်ဘဝထဲက မိန်းကလေး တန်မဲ့ မင်းသားတို့ တတ်အပ်တဲ့ အဌာရသ ၁၈ရပ်ကို ပင်ပန်းခက်ခဲ့စွာ သင်ကြားခဲ့ရတဲ့ ရူဒမာဒေဝီ အသက်အရွယ်ကြီးပြင်းလာတဲ့အခါမှာတော့ ပြိုင်ဘက် တိုင်းပြည်တွေကို ဘယ်လို ဖြိုခွင်းပြီး အခက်အခဲတွေကြားထဲက တိုင်းပြည်ကို ဘယ်လို ကာကွယ် စောင့်ရှောက်မလဲဆိုတာ.........။မင်းသမီး Anushka Shetty က ရူဒမာဒေဗီဘုရင်မအဖြစ် ပါဝင်ထားပြီး တောင်ပိုင်းရဲ့ Stylish Star မင်းသားအာလူးအာဂျွန်းကိုလဲ စတိုင်အပြည့်နဲ့ တွေ့မြင်ရမှာပါ။Action,Fantasy သဘောတင်ဆက်ထားတာမို့ ချခန်းဖိုက်ခန်းတွေကြိုက်ရင် မိုက်မှာပါ။ File size…(3.5 GB) / (1.6 GB) Quality…WEB-DL HEVC 1080p/720p Format…mkv/mp4 Duration….02:30:09 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung
movie

Rudhramadevi (2015) Rudramadevi

1080p HEVC
Ram Asur (2021) 9.1
Ram Asur (2021) အခုတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့ Ram ဆိုတဲ့ လူငယ်လေးလူလုပ် စိန်ကို ကြိုးစားဖန်တီးနေတဲ့ကောင်လေးတစ်ယောက်ဘယ်လောက်ကြိုးစားကြိုးစားရှုံးနိမ့်မှုတွေနဲ့ကြုံနေရတဲ့သူ ရည်မှန်းချက်တွေအောင်မြင်ဖို့Suri ဆိုတဲ့ သူတစ်ယောက်နဲ့ တွေ့ဖို့အကြောင်းဖန်လာတဲ့အခါRam ရဲ့စိတ်ကူးအိပ်မက်တွေအမှန်တကယ်ဖြစ်လာမလား Suri ကရောRam အတွက်ယုံကြည်ရတဲ့သူတစ်ယောက်ဖြစ်လာပါ့မလားခေတ်နှစ်ခေတ်ကိုယှဉ်တွဲရိုက်ပြတင်ဆက်ထားတဲ့ဇာတ်လမ်းဖြစ်တဲ့အပြင် ဇာတ်ကြောင်းတစ်ခုကတော့၁၉၈၉ အဖြစ်အပျက်လေးကိုရိုက်ကူးထားပြီးနောက်ဇာတ်ကြောင်းလေးကတော့လက်ရှိ ၂၀၂၀ အဖြစ်အပျက်လေးတွေကိုရိုက်ကူးပုံဖော်ထားတာပါဒီမတူညီတဲ့ ခေတ်နှစ်ခု ဇာတ်ကြောင်းနှစ်ခု ရည်မှန်းချက်တူပေမယ့်ခံယူချက်ချင်းမတူတဲ့လူနှစ်ယောက် ကြားက ဆက်နွယ်ချက်လေးကဘာဖြစ်မလဲ ဒီဇာတ်လမ်းရဲ့နောက်ကွယ်က အဓိကဇာတ်ကြောင်းလေးကဘာဖြစ်မလဲဆိုတာသိပ္ပံစမ်းသပ်ချက်တွေအက်ရှင်အကြမ်းစားလေး တွေ နဲ့ စောင့်ကြည့်ရမယ့် ဇာတ်ကားကောင်းလေးတစ်ကားအဖြစ် တင်ဆက်ပေးလိုက်ပါတယ်...  File size…2.3Gb / 1.06Gb Quality…1080p True WEB DL AAC 5.1CH Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Poe & Haruko
movie

Ram Asur (2021)

2021
Gabbar is Back (2015) 7.1
Gabbar is Back (2015) Gabbar is Back (2015)_____IMDb - 7.1/10     IMDB 7.1 ရရှိထားပြီး အင်မတန်မှ ကောင်းမွန်တဲ့ ဘောလီးဝုဒ် ဇာတ်ကားလေးတစ်ကားကို  တင်ဆက်ပေးလိုက်ပါတယ်။ ဒီကားလေးထဲမှာ နာမည်ကျော်မင်းသား အက်ခ်ရှေးကူမားရ်ကို ဂတ်ဘာ အဖြစ်တွေ့မြင်ရမှာပါ။ ညတစ်ညမှာ အိန္ဒိနိုင်ငံ မဟာရှက်ထရာ ခရိုင် အတွင်းမှာရှိတဲ့ မတူညီတဲ့ မြို့တွေက အခွန်ကောက်သမားဆယ်ယောက်ဟာ ပြန်ပေးဆွဲခံလိုက်ရပါတယ်။ ဒီလိုနဲ့ ရဲတွေက အပူတပြင်း ရှာဖွေ နေစဉ်မှာပဲ ထိုဝန်ထမ်း ဆယ်ယောက် အနက် တစ်ယောက်ကလွဲလို့ အကုန်ပြန်ရောက်လာပါတယ်။ တစ်ယောက်ကတော့ အသတ်ခံလိုက်ရပါတယ် ထိုအသတ်ခံလိုက်ရတဲ့သူက လာဘ်အစားဆုံး အခွန်သမားပါပဲ။ထို အခွန်သမားရဲ့ အလောင်းနဲ့ အတူ ဂတ်ဘားကိုယ်တိုင် လာဘ်စားလို့ သတ်ရတာဖြစ်တယ် ဆိုပြီး ခြိမ်းခြောက်ထားပါတယ်။ ဒီလိုနဲ့ လာဘ် အစားဆုံး အစိုးရာအရာရှိတွေ ပြန်ပေးဆွဲ ခံရ အသတ်ခံရတာတွေ ဆက်တိုက် ဖြစ်လာပါတယ်။ ဂတ်ဘားကဒီလိုဘာလို့ လိုက်သတ်နေရတာလဲ .... သူ့ကို ရဲတွေက ဖမ်းမိမှာလား လာဘ်ပေးလာဘ်ယူ လုပ်တာတွေကို အချက်အလက်သေးသေးလေးက အစ တိတိကျကျ သူဘယ်လိုများမှတ်တမ်းတွေ ယူနိုင်တာလဲ ခြေရာလက်ရာ မပေါ်အောင်ဘယ်လိုများ လုပ်ဆောင်ခဲ့တာလဲ စတာတွေကို ...
movie

Gabbar is Back (2015)

2015