Channel Myanmar

Sukollawat Kanarot

Riam Fighting Angel (2020) 54
Riam Fighting Angel (2020) Riam Fighting Angel (2023)တောသူမလေးအီလျမ်းက ဦးစားပေးမခံရတာကြောင့် အစ်မဖြစ်သူရမ်ကို မနာလိုအူတိုနေတဲ့ကလေးမလေးပါ သူ့အမေက အစ်မရမ်လောက် သူ့ကိုမချစ်ဘူးဆိုပြီး အားငယ်နေတတ်တဲ့သူလေးပေါ့တစ်နေ့ကျ အပျိုစင်ရှာပုံတော်ထွက်နေတဲ့သွားနီဓားပြတစ်အုပ် အီလျမ်းကိုလာဖမ်းကြပါတယ် အမေနဲ့အစ်မဖြစ်သူ လျမ်းကိုကာကွယ်ပြီး အဖမ်းခံလိုက်တာကို မြင်ရတော့ အီလျမ်းက သူချစ်တဲ့မိသားစုကို သွားကယ်ဖို့ စွန့်စားခန်းထွက်ရပါတော့တယ် အီလျမ်းက သူ့အပေါင်းအဖော်လေးဦးနဲ့အတူ တောကျိုးတောင်ကြားကို အန္တရာယ်မျိုးစုံကြုံပြီး ဖြတ်သန်းလာခဲ့ပြီးနောက် ဓားပြလက်ထဲကနေ သူ့မိသားစုကို ဘယ်လိုနည်းနဲ့ ကယ်ထုတ်ပြီး ဓားပြဗိုလ်ကို ဘယ်လိုအပြတ်ရှင်းခဲ့ကြမလဲဆိုတာတော့ဒီရုပ်ရှင်ထဲမှာ ဟာသအလွဲများစွာနဲ့ အီလျမ်းတို့အုပ်စုကို မငြီးငွေ့ဘဲ ကြည့်ရှုရမှာဖြစ်ပါတယ်အညွန်းနဲ့ ဘာသာပြန်ကတော့ Lei Wutyi Tun ပဲ ဖြစ်ပါတယ်။Genre..... Action, Adventure, Comedy Quality…. 1080p | 720p File size… 2.1GB | 921MB Format… mp4 Duration…. 40min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Lei Wutyi Tun Encoder ..... Aaron
movie

Riam Fighting Angel (2020)

2020
Once Upon a Star (2023) 7
Once Upon a Star (2023) Once Upon A Star (2023)ဒီတစ်ခေါက်တင်ဆက်ပေးမယ့် ထိုင်းကားလေးကတော့ ၁၉၇၀ မှာ အခြေတည်ထားပြီး အရင်တုန်းကဆို ရုံတင်ကားတွေကို တောရွာကမကြည့်နိုင်သူတွေအတွက် လိုက်လံပြသပေးတဲ့ ခရီးသွားရုပ်ရှင်အဖွဲ့တွေရှ်ိပါတယ်။ အသံစနစ်မကောင်းမွန်တာကြောင့် ခရီးသွားရုပ်ရှင်အဖွဲ့က ကိုယ်တိုင်နောက်ခံစကားပြောတွေနဲ့ ပြောရပါတယ်။ မန်နစ်ဦးဆောင်တဲ့ အဖွဲ့လေးကတော့ ထိုအဖွဲ့တွေထဲကတစ်ဖွဲ့ပါ။ သူတို့အဖွဲ့မှာတော့ နောက်ခံစကားပြောဆိုလို့သူတစ်ယောက်ထဲရှ်ိပြီး ယောက်ျား မိန်းမအသံအကုန်သူချည်းပဲ ပြောရပါတယ်။ ဒီလိုနဲ့အဆင်မပြေဖြစ်လာတဲ့အချိန်မှာ မိန်းမနောက်ခံစကားပြောလိုအပ်လာပါတော့တယ်။ အဲလိုနဲ့ ရောက်လာတဲ့ နောက်ခံစကားပြောကောင်မလေးကရော ဘယ်သူဖြစ်မလဲ သူတို့အိမ်မက်တွေ ဘယ်လိုအကောင်အထည်ဖော်မလဲဆိုတာကြည့်ရှုလိုက်ရအောင်။(ယခုရုပ်ရှင်ထဲမှာ တစ်ကယ့်ဖြစ်ရပ်မှန်အနေနဲ့ ၁၉၇၀ က စတန့်ရုပ်ရှင်ရိုက်ကူးရင်း ဆုံးပါးသွားတဲ့ Mitr Chaibancha လို့ခေါ်တဲ့ ထိုင်းနာမည်ကြီးမင်းသားရဲ့ အဖြစ်ကိုပါ ထည့်ရိုက်ပေးထားပါတယ်။)အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Kaung ပဲ ဖြစ်ပါတယ်။Genre..... Biography, Drama, History Quality…. 1080p | 720p File size… 1.55GB| 723MB Format… mp4 Duration…. 2h 7min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Mr.Kaung Encoder ..... ...
movie

Once Upon a Star (2023)

2023
Home for Rent (2023) 6.9
Home for Rent (2023) Home for Rent (2023)~ IMDb - 6.9/10, MyDramaList - 7.8/10 ~ထိုင်းတို့ အင်ဒိုးနီးရှားတို့က ဟော်ရာရုပ်ရှင်တွေက နိုင်ငံတကာနဲ့ယှဉ်ပြီးကို အဆင့်တစ်ဆင့်ရှိတယ်ဆိုတာ တော်တော်များလက်ခံထားပြီးသား ကိစ္စပါပဲ။ ဒါပေမဲ့ ဒီရုပ်ရှင်ကလည်း အဲဒီအစဉ်အလာကို အိုးမည်းမသုတ်ခဲ့တဲ့ ရုပ်ရှင်ပါပဲ။ ပိုစိတ်ဝင်စားဖို့ကောင်းတဲ့အချက်ကတော့ ဒီရုပ်ရှင်ဟာ အကျည်းတန်ရုပ်ဆိုးတဲ့ ဖြစ်ရပ်မှန်တစ်ခုအပေါ် အခြေခံထားတာပါ။ အောက်လမ်းအဖွဲ့တစ်ဖွဲ့ရဲ့ အဖွဲ့ဝင်တွေဖြစ်တဲ့ အိမ်ငှားတွေက အိမ်ရှင်ကိုအကြမ်းဖက်ခဲ့တဲ့ ယဇ်ပူဇော်စရာသားကောင်တွေရှာခဲ့တဲ့ဖြစ်ရပ်တစ်ခုကို အခြေတည်ရိုက်ကူးထားတာပါ။ ကိုယ့်ဖြစ်နိုင်ချေနဲ့နီးစပ်လေ အကြောက်တရားကို ပိုအသက်ဝင်စေနိုင်လေဆိုတော့ ဒီရုပ်ရှင်က ဖြစ်ရပ်မှန်တစ်စိတ်တစ်ဒေသဖြစ်ခဲ့တယ်ဆိုတဲ့အသိက ဒီရုပ်ရှင်ကို ပိုအရသာရှိစေမှာပါပဲ။နင်၊ ကာဝင်နဲ့ သမီးဖြစ်သူ အင်တို့က သာမန်လူလတ်တန်းစားမိသားစုတစ်ခုဖြစ်ပြီး တစ်နေ့မှာတော့ ငွေကြေးအခက်အခဲတစ်ခုကြောင့် နေထိုင်ရာအိမ်ကိုအိမ်ငှားတင်ပြီး ကွန်ဒိုမှာပဲပြောင်းနေဖို့ ဆုံးဖြတ်ခဲ့တယ်။အိမ်ငှားဖြစ်သူ ခွန်ရတီက အငြိမ်းစားပင်စင်ယူထားတဲ့ ဆရာဝန်တစ်ယောက်ဖြစ်ပြီး သမီးဖြစ်သူ ဒေါက်တာနွတ်နဲ့ ငြိမ်းချမ်းတဲ့အိမ်နေရာလေးတစ်ခုကို ရှာငှားနေချင်သူတစ်ယောက်ပါ။အိမ်ငှားလုံးဝမတင်ချင်တဲ့ ကာဝင်က ခွန်ရတီတို့သားအမိကိုမှ ချက်ချင်းငှားဖို့သဘောတူပေးလိုက်တာမို့ နင်တစ်ယောက် ...
movie

Home for Rent (2023)

2023
Ghost Is All Around (2016) 7.3
Ghost Is All Around (2016) "Ghost Is All Around 2016"သာ့ အဖြစ် Weir Sukollawat Kanarot ခက် အဖြစ် Gypso Ariigantha Mahapreukping အော့တ် အဖြစ် Best Nathasit Kotimauswanich မွတ် အဖြစ် Jesse Mekwattanaဇာတ်လမ်းအကျဉ်းဒီကားထဲမှာတော့ ထိုင်းသင်္ကြန်ပိတ်ရက်ရှည် 11.12.13 ကို ဇာတ်လမ်း ၃ ခုပေါင်းပြီးပြသထားတာပါ11 မှာတော့ သာ့ဆိုတဲ့ပလေးဘွိုင်းဟာ သူ့ရဲ့လက်ရှိစော်နဲ့ပြတ်ချင်နေပေမယ့် မပြတ်သားနိုင်တဲ့ကောင်မလေးဘက်က သူနဲ့ပြတ်ရင် ကိုယ့်ကိုယ်ကိုသတ်သေမယ်ဆိုပြီး ခြိမ်းခြောက်လာခဲ့တော့တယ်ဒီလိုကနေကောင်မလေးကသတ်သေသွားပြီး သူ့ကိုဘယ်လိုတွေလိုက်ပြီးခြောက်လှန့်နေဦးမလဲ....12 မှာတော့ မွတ် ဒိန် ကေ အော့တ်တို့သူငယ်ချင်းတစ်ဖွဲ့ဟာ အတူနေအတူစားတဲ့ကျောင်းနေဖက်သူငယ်ချင်းတွေပေါ့တစ်နေ့မှာ မွတ်ကားမတော်တဆဖြစ်ပြီး သူ့သူငယ်ချင်းတွေက သူ့ကိုသေသွားပြီထင်ကြပြီးကြောက်လန့်နေခဲ့ကြတယ်ဒီလိုနဲ့သူတို့သူငယ်ချင်းကိုကောင်းရာမွန်ရာရောက်အောင် ဘယ်လိုလုပ်ပေးရမှာလဲ နည်းလမ်းရှာကြရင်း ဘယ်လိုတွေထိတ်လန့်စရာတွေကြုံကြရမလဲ မွတ်ကရောတကယ်ပဲသေသွားသလား....13 မှာတော့ ဂျိန်နဲ့ခက်ဆိုတဲ့သူငယ်ချင်းနှစ်ယောက်ဟာ ချင်းမိုင်သင်္ကြန်သွားလည်ဖို့ချိန်းဆိုကြရင်းဂျိန်ကလေဆိပ်အသွားမှာ ကားမတော်တဆဖြစ်ပြီးပွဲချင်းပြီးသေသွားပါတယ်ဒါပေမဲ့ ဂျိန်ဟာ သူ့ကိုယ်သူသေသွားတာလဲမသိပါဘူး သူ့သူငယ်ချင်းမလေးခက်နဲ့ချင်းမိုင်ထိလိုက်သွားလည်ခဲ့တာပေါ့သရဲကြောက်တတ်တဲ့ခက်က သူ့သူငယ်ချင်းသေသွားပြီး သရဲဖြစ်နေတယ်ဆိုတာဘယ်အချိန်မှာဘယ်လိုသိသွားမလဲသူတို့တည်းတဲ့ဟိုတယ်မှာရော ဘယ်လောက်တောင်ကြောက်ဖို့ကောင်းပြီးခြောက်ခြားနေရမလဲဆိုတာတွေကိုဇာတ်လမ်းထဲကြည့်ရှုလိုက်ရအောင်နော် ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ ...
movie

Ghost Is All Around (2016)

Thirteen Lives (2022) 7.9
Thirteen Lives (2022) Thirteen Lives (2022)~ IMDb - 7.9/10, Rotten Tomatoes - 88% ~"Directed by Ron Howard"ထိုင်းမှာ ကလေး ၁၂ယောက်နဲ့ ဘောလုံးနည်းပြတစ်ယောက် ဂူထဲပိတ်မိတဲ့ သတင်းဟာ ဟိုးတုန်းက ဟိုးလေးတကျော်ပေါ့။ အဲဒီထဲ ရှမ်းအမေ မြန်မာနိုင်ငံသူရဲ့ ကလေးတောင်ပါပါတယ်။ ပထမဆယ်ရက်ထိ သူတို့ဆီမှာ ဘာစားစရာ ဘာရေမှ မရှိဘဲ ကယ်ဆယ်ရေးတွေရောက်တဲ့အထိ ရှင်အောင်နေနေခဲ့ကြတဲ့ စိတ်ရောကိုယ်ပါ သန်မာတဲ့ကလေး ၁၂ယောက်နဲ့ နည်းပြတစ်ယောက်ရဲ့အဖြစ်ကို ရှေ့နှစ်မှာ ဒိုကူမန်ထရီတစ်ကားထွက်ခဲ့ပြီး အဲဒီအရင်လည်းတစ်ကားထွက်ဖူးပေမဲ့ ဒီနေ့တစ်ရက်တည်းတင် နောက်၂ကားထွက်လာပါတယ်။ သို့ပေမဲ့ ဒီရုပ်ရှင်ကတော့ မတူပါဘူး။ မတူဆို ဒါရိုက်တာက စပြောရမှာပဲ။ဒါရိုက်တာက ရွန်ဟောင်းဝတ်။ 2001 မှာထွက်ခဲ့တဲ့ A Beautiful Mind ရုပ်ရှင်နဲ့ Best Picture, Best Director အပါအဝင် တခြားဆုတွေ ...
movie

Thirteen Lives (2022)

2022
The Teacher’s Diary (2014) 7.9
The Teacher’s Diary (2014)  Teacher's Diary(2014)အချစ်ဆိုတာ ဒီလိုဖြစ်တယ် ဟိုလိုဖြစ်တယ်ဆိုပြီး တစ်ခုတ်တရပြောကြ၊ငြင်းကြရလောက်တဲ့အထိ ဝေခွဲမရနိုင်ခြင်းတွေနဲ့ပြည့်နှက်နေတယ်လို့ထင်မှတ်ထားတယ်မလား။အမှန်တော့ အချစ်ထက်ဆန်းကြယ်ပြီး အချစ်ကိုတောင်ဦးဆောင်နိုင်တဲ့အရာဟာ "ဖူးစာ"ပါ။လူသားနှစ်ယောက်ဟာအမှတ်တမဲ့ကိစ္စလေးတွေကနေ ဘဝခရီးတစ်ခုကိုအတူတူလျှောက်လှမ်းဖို့အကြောင်းဖန်လာတယ်ဆိုရင် အချစ်ထက်ပိုစွမ်းအားကြီးတဲ့ "ဖူးစာ" ရဲ့ထောက်ပံ့ပေးမှုတွေကြောင့်ဆိုတာကို သံသယမရှိပါနဲ့။ဒီလိုပေါ့ပါ့ပါးပါးကြည်နူးစရာဖြစ်ရပ်လေးတွေကို လေးလံတဲ့လူသားဒုက္ခတွေကြားမှာအကောင်းဆုံး ပုံဖော်ပြသသွားခဲ့တာ Teacher's Diary ဆိုတဲ့ဖြစ်ရပ်မှန်ကိုအခြေခံထားတဲ့ ဇာတ်လမ်းလေးမှာပါ။Song ဆိုတဲ့ကောင်လေးဟာ ခက်ခဲတဲ့ဘဝပေးအခြေအနေတစ်ခုမှာ ဘာအလုပ်ဖြစ်ဖြစ်စပြီးရင် ဖြစ်အောင်လုပ်ပြမယ်ဆိုတဲ့ခိုင်မာတဲ့စိတ်ဓါတ်ပိုင်ရှင်လူငယ်လေးတစ်ယောက်။သူ ရေပေါ်ကျောင်းကိုစရောက်တော့ ထွက်ပြေးချင်လောက်အောင်အဲ့ကျောင်းမှာလိုအပ်ချက်အရမ်းများတယ်။ဒါပေမယ့် သူကံကောင်းသွားတာက သူ့အရင်ရောက်ပြီးတာဝန်ထမ်းဆောင်ခဲ့တဲ့ Ann ဆိုတဲ့ဆရာမလေးရေးထားတဲ့ဒိုင်ယာရီစာအုပ်လေးကြောင့်ပါ။Ann ဟာသူကြုံတဲ့အခက်အခဲတွေနဲ့ ဘယ်လိုဖြေရှင်းခဲ့တယ်ဆိုတာကိုဒိုင်ယာရီစာအုပ်ထဲမှာကောင်းကောင်းမှတ်တမ်းတင်ရေးထားခဲ့တယ်။ဒါတွေကိုဖတ်ပြီး Song တစ်ယောက်ပြဿနာတွေကိုဖြေရှင်းဖို့ အားအင်နဲ့နည်းလမ်းတွေရခဲ့တယ်။Ann ရေးခဲ့တဲ့ဒိုင်ယာရီစာအုပ်လေးဖတ်ပြီးတဲ့နောက် Ann မြတ်နိုးခဲ့တဲ့ရေပေါ်ကျောင်းလေးနဲ့ ကလေးတွေကိုပါ Song တစ်ယောက်ချစ်ခင်တတ်ခဲ့ပြီ။Ann ရဲ့ ပျော်ရွှင်ခြင်း ချမ်းမြေ့ခြင်း အထီးကျန်ခြင်း ဝမ်းနည်းခြင်းတွေကိုသိရှိခံစားပြီးတဲ့နောက် Song ဟာ ဒိုင်ယာရီစာအုပ်ပိုင်ရှင် Ann ကိုအရမ်းတွေ့ချင်လာတယ်။Ann တစ်ယောက်သံယောဇဉ်ကြောင့်ကျောင်းလေးကိုပြန်လာတော့ သူ့ဒိုင်ယာရီစာအုပ်လေးမှာသူမရှိတုန်း သူမသိလိုက်တဲ့အကြောင်းအရာတွေဖြစ်ပျက်သွားတာတွေ့ခဲ့ရတယ်။အဲ့လိုဖြစ်ရပ်တွေကို ထပ်ပြီးဖြည့်စွက်ထားတဲ့ Song ဆိုတဲ့ကျောင်းဆရာလေးမှာလည်းရေပေါ်ကျောင်းနဲ့ကလေးတွေကို သူ့လိုပဲချစ်ခင်မြတ်နိုးတဲ့ကောင်လေးတစ်ယောက်ဆိုတာသိရှိပြီးနောက် Ann ဟာလည်း ...
movie

The Teacher’s Diary (2014)

2014
Malila: The Farewell Flower (2017) 6.6
Malila: The Farewell Flower (2017) Malila: The Farewell Flower(2017)IMDb - 6.6/10ဒါကတော့ BL ဆိုပေမယ့် အတွေးတွေနဲ့ ကြည့်ရမယ့် BL ဇာတ်ကားပါပဲ။ရုပ်ရှင်ဆုအနေနဲ့ ၆ ဆု ရရှိထားပြီးတော့ တစ်ကြိုစာရင်း ၁၀ ကြိမ် ဝင်ထားတဲ့ ရုပ်ရှင်တစ်ကားလည်း ဖြစ်ပါတယ်။ ရုပ်ရှင်ကို စစဖွင့်လိုက်တယ်ဆိုရင်ပဲ ကဗျာတစ်ပုဒ်ပါတယ်။" ရနံ့ရယ်ဖြာ နံ့သာဆီဖြန်းပါလို့ လှမ်းကြစို့ ပွဲလယ်ခေါင် ဖက်မြကွမ်းတောင် ဘုရားထံ ဆုပန်မယ် နတ်များဝယ် တိုင်တည်လို့ သည်ချိန်ခါ ပွဲရယ် ပြီးပြန်တော့ ညရေးရယ် မှောင်ရီပျိုးရင်ဖြင့် စွန့်ရေးငယ် ကြုံပြန်တော့တယ် ဖက်ဘဝ ပြန်ကာလှမ်းရတယ် ကွမ်းတောင့်ဘဝလမ်း ....."ဇာတ်လမ်းရဲ့ခေါင်းစဉ်ဖြစ်တဲ့ ဖက်စိမ်းကွမ်းတောင် အကြောင်း စပ်ဆိုထားတဲ့ ကဗျာလေးပါ။ဒီကဗျာက ဒီရုပ်ရှင်အတွက် အတော်ရေးပါတဲ့ကဗျာလို့ဆိုရမယ်။နောက်ထပ်မြင်ရမှာက မျက်စိထဲ အတော်လေး ပနံသင့်တဲ့ Cinematography ကို သုံးထာတဲ့ ဇာတ်၀င်ခန်းတစ်ခန်း။လိုက်ဖက်ညီ‌နေတဲ့ ငှက်ပျောဖက်စိမ်းစိမ်းတွေ စံပယ်ပန်းဖြူဖြူတွေနဲ့ ဖက်စိမ်းကွမ်းတောင်လုပ်နေတဲ့ ဇာတ်၀င်ခန်းပေါ့။ဒီ ဖက်စိမ်းကွမ်းတောင်၊ မြစိမ်းကွမ်းတောင်၊ ...
movie

Malila: The Farewell Flower (2017)

2017
Dew 7.3
Dew ဒီတစ်ခါတော့ ထိုင်း BL ကားကောင်းလေး တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ၂၀၀၁ ခုနှစ်က မင်းသားကြီး လီဗြောင်ဟွန်း သရုပ်ဆောင်ထားတဲ့ Bungee jumping of their own ဆိုတဲ့ ကိုရီးယားဇာတ်ကားကို အခြေခံပြီး ရိုက်ကူးထားတာပါ။ "ဒျူး" ဆိုတဲ့ ကောင်လေးတစ်ယောက်အကြောင်းပါ။ "ဒျူး" နဲ့ "ဖော့" ဆိုတဲ့ ကောင်လေးနှစ်ယောက်ဟာ အထက်တန်းကျောင်းသားဘဝမှာ ချစ်ကြိုးသွယ်ခဲ့မိကြပြီးတော့ ကံမကောင်းအကြောင်းမလှလို့ ဝေးခဲ့ကြပါတယ်။ ၂၃ နှစ်အကြာမှာတော့ "ဖော့" ဟာ ဒီအထက်တန်းကျောင်းမှာ ဆရာအနေနဲ့ လုပ်ကိုင်ဖို့ ရောက်ရှိလာပါတယ်။ "လျူ" ဆိုတဲ့ ကောင်မလေးနဲ့ တွေ့ရှိချိန်မှာတော့ ..... ဇာတ်လမ်းက တဖြည်းဖြည်းချင်း အရှိန်တက်သွားတဲ့ ဇာတ်ကားမျိုးပဲ ဖြစ်ပါတယ်။ အချစ်ဆိုတာ ပုံစံအမျိုးမျိုးနဲ့ တည်ရှိနိုင်တယ်ဆိုတဲ့ အကြောင်းကို တစ်မျိုးတစ်ဖုံနဲ့ ဇာတ်အလှည့်အပြောင်းတချို့နဲ့ တင်ဆက်ထားတာပဲ ဖြစ်ပါတယ်။ BL ဇာတ်လမ်း ကြိုက်နှစ်သက်သူ မဟုတ်ရင်တောင် ဒီဇာတ်လမ်းကို ရုပ်ရှင်တစ်ကားအနေနဲ့ ခံစားမိမှာ သေချာတာမို့ တင်ဆက်ပေးလိုက်ရပါတယ်။ IMDb - 6.8/10 ရထားတဲ့ကားမို့ တော်ရုံတန်ရုံတော့ မဟုတ်တာ အာမခံပါတယ်။File Size - 1.3 gb Quality - web-dl ...
movie

Dew

2020