Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Sujata Sehgal
7.7
Laila Majnu (2018)
Laila Majnu (2018) ကိန္ဒရီ ကိန္ဒရာ ဒဏ္ဍာရီ Genre – Drama, Romance IMDB – 7.7/10၇ ရာစုလောက်မှာ Layla and Majnun ဆိုတဲ့ အာရေဗျ အချစ်ပုံပြင်လေးတစ်ပုဒ် ရှိခဲ့တယ်။ ခုထက်ထိ ခေတ်အဆက်ဆက် လက်ဆင့်ကမ်းပြီး ပါရှားဒေသ၊ အာရေဗျဒေသနဲ့ အာရှတစ်လွှား လူတိုင်းက ပြောဆိုခဲ့ကြတဲ့ ရှေးဟောင်းရိုးရာ ပုံပြင်လေးတစ်ပုဒ်ပေါ့။ အချစ်ပုံပြင်လေးသာဆိုတာပါ ပျော်ရွှင်စရာအတိချည်းပဲတော့ ဖြစ်မနေပါဘူး ဆရာကြီး ရှိတ်စပီးယားရဲ့ ရိုမီယိုနဲ့ ဂျူးလိယက်ဆန်ဆန်ပဲ ပြောရမှာပေါ့လေ။ဒါပေမဲ့ ဒီပုံပြင်လေးဟာ ကြီးမားလှတဲ့ အချစ်စွမ်းအားတွေ၊ ကွဲကွာခြင်းရဲ့ သေလုမတတ် နာကျင်ရခြင်းတွေ၊ အသိုင်းအဝိုင်းတွေရဲ့ ကန့်သတ်မှု ပညတ်ချက်တွေကို မီးမောင်းထိုးပြထားတာပါ။ ဒီ ရိုးရာပုံပြင်လေးကိုပဲ အိန္ဒိယနိုင်ငံရဲ့ အေးချမ်းသာယာလှပတဲ့ ကက်ရှမီးယားပြည်နယ်မှာ အခြေပြုပြီး ယနေ့ခေတ်ကာလအတိုင်း ပြန်လည် ဆန်းသစ်ထားတဲ့ အချစ်ရုပ်ရှင်လေး ဖြစ်ပါတယ်။ လိုင်လာဆိုတာက စိတ်ကူးယဉ်ဆန်ဆန် အချစ်ရဲ့အကြောင်းတွေကို တွေးတောမှိန်းမောပြီး ရင်ခုန်နေတဲ့ လှပချောမောတဲ့ မိန်းမပျိုလေးတစ်ယောက်။ထူးဆန်းတဲ့ အိပ်မက်တစ်ခုကိုလည်း ထပ်ခါတလဲလဲ ...
movie
Laila Majnu (2018)
2018
8.1
Barfi! (2012)
Barfi (2012)IMDb Rating (8.1) / Rotten Tomatoes (80%)မင်းသား Ranbir Kapoor ၊ မင်းသမီး Priyanka Chopra နဲ့ Illeana D’ Cruz တို့ ပါဝင်ထားတဲ့ Barfi ရုပ်ရှင်ကားဆိုတာ Bollywood ရဲ့ ကြီးကျယ်စွာအောင်မြင်ထားတဲ့ Romance Comedy ဇာတ်ကားဖြစ်ပါတယ်...ပန်းချီကားတစ်ချပ်လို ရှုခင်းတွေနဲ့ ဓာတ်ပုံပညာပါပါ ရိုက်ကူးထားမှု၊ သရုပ်ဆောင်မှု၊ဇာတ်လမ်း ဇာတ်အိမ်ပိုင်းတွေမှာ ဘာမှအပြစ်ပြောစရာမရှိအောင် လှပလွန်းတဲ့ ရုပ်ရှင်ကားပါ။၂၀၁၂ခုနှစ်မှာပြသခဲ့တဲ့ အိန္ဒိယရုပ်ရှင်Barfiဟာ ဟာသdramaရုပ်ရှင်ဖြစ်ပေမယ့် ဒီရုပ်ရှင်ကြောင့်အိန္ဒိယဆွံ့အနားမကြား လူ့အဖွဲ့အစည်းကို အစိုးရမှဥပဒေသစ်၂ရပ်ထပ်တိုးပေးခဲ့ပြီး ကမ္ဘာပေါ်ကဆွံ့အနားမကြားတွေရဲ့ဘဝကိုကိုယ်ချင်းစာစေဖို့နဲ့ဆွံ့အနားမကြားသူတွေဟာ လူ့ဘာင်လောကမှာ အနှိမ်ခံလူတန်းစားတွေမဟုတ်ကြောင်းများစွာထောက်ပြခဲ့ပါတယ်။Barfiရုပ်ရှင်ကြောင့်အိန္ဒိယပြည်နယ်၆ခုမှာ ဆွံ့အနားမကြားကျောင်း၄၈ကျောင်းထိ တစ်နှစ်တည်းမှာထပ်မံဖွင့်လှစ်ပေးခဲ့သလို ဆွံ့အနားမကြားတွေအတွက်ခရီးသွားလာရေးမှာ အခမဲ့လိုက်ပါနိုင်ဖို့သယ်ယူပို့ဆောင်ရေးပုဂ္ဂလိကပိုင်လိုင်း၁၉လိုင်းမှ ချမှတ်ခဲ့ကြပါတယ်။ဆွံ့အ နားမကြားကောင်လေးနဲ့ ဉာဏ်ရည်ချို့တဲ့ကောင်မလေးကြားက အချစ် သံယောဇဉ် ဘဝကိုခက်ခက်ခဲခဲဖြတ်သန်းခဲ့မှု သေသည့်တိုင်လက်တွဲမဖြုတ်ခဲ့မှုတွေ ဆွံ့အနားမကြားကောင်လေးကို ပြန်ပေးစွဲတရားခံအဖြစ်ခုတုံးလုပ်ခဲ့မှု ဆွံ့အနားမကြားကောင်လေးနဲ့ လူကောင်းမိန်းကလေးကြားက ကွဲကွာခဲ့ရတဲ့မပြည့်စုံခြင်းတွေ အချစ်ဟာလောကမှာ ဘယ်လောက်ထိခမ်းနားကြောင်း ပြသထားမှု စတဲ့ရသများစွာကို Barfi ဟာပေးနိုင်ခဲ့ပြီး Oscar Listမှာ ဆန်ကာတင်ခံခဲ့ရတဲ့အိန္ဒိယရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ထူးခြားမှုကတော့ Barfi ...
movie
Barfi! (2012)
7.1
Solo (2017)
Solo 2017-------------------------Solo (2017) ဟာ IMDb 7.1/10 ရထားတဲ့ Anthology Type Netflix Movie ဖြစ်ပါတယ်ဒီဇာတ်ကားမှာ ဇာတ်လမ်းတို လေးခုပါဝင်ပြီးတော့ဇာတ်လမ်းတစ်ခုချင်းစီမှာ အရှင်သီဝရဲ့ personality တစ်ခုချင်းစီရဲ့ ပုံရိပ်ကို ထင်ဟပ်ပြသထားတာပဲဖြစ်ပါတယ်Water Air Fire Earth ဆိုတဲ့ element လေးခုကိုပေါ်လွင်အောင် ရိုက်ကူးထားတဲ့ ဇာတ်လမ်းလည်းဖြစ်ပါတယ်ချစ်ရသူဇနီးသည်ရဲ့ အမှတ်တရတွေကို တစ်သက်လုံးထမ်းပိုးရင်း နေထိုင်သွားတဲ့ ရှေခါဘာသာမတူတဲ့ချစ်သူနဲ့ ခက်ခက်ခဲခဲ ကြိုးစားပေါင်းဖက်ခဲ့ရပြီးမှ ဟန်းနီးမွန်းကာလမှာမှ သေကွဲကွဲရတဲ့ ဒေါက်တာထရစ်လော့အဖေကို သတ်ခဲ့တဲ့လူကို ပြန်လိုက်ရှာရင်း လက်စားချေဖို့ကြိုးစားခဲ့တဲ့ ဂိုဏ်းစတား ရှီဗာအရမ်းချစ်ရတဲ့ကောင်မလေးကို မဆုံးရှုံးချင်လို့ စိတ်လိုက်မာန်ပါပြုမူမိတဲ့ ဗိုလ်လေးရူဒရာလူငယ်လေးယောက်ရဲ့ အချစ်နဲ့ဘဝမှာ အနိမ့်အမြင့်အတက်အကျ နာကျင်မှုနဲ့ ဒေါသ ရောပြွမ်းမှုတို့ကိုကြည့်ရှူခံစားရမှာပဲ ဖြစ်ပါတယ်ဇာတ်လမ်းလေးခုလုံးမှာ Dulquer Salmann တစ်ယောက်တည်းကပဲအဓိကဇာတ်ကောင်အဖြစ်သရုပ်ဆောင်ထားပြီးတော့ဒါရိုက်တာBejoy Nambiar က ရိုက်ကူးတင်ဆက်ထားပါတယ် Translated by : Jerrica Encoded by ...
movie
Solo (2017)
2017
8.4
The Sholay Girl (2019)
The Sholay Girl (2019) ဒီဇာတ်လမ်းကတော့ အိန္ဒိယရဲ့ ပထမဆုံး စတန့်မင်းသမီး ရက်ရှ်မား ပသန် ရဲ့ အကြောင်းကို ရိုက်ကူးထားတာပါ။ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဖြစ်တဲ့ မတ်လ(၈)ရက်နေ့မှာ ရုံတင်ပြသခဲ့ပါတယ်။ အမျိုးသမီးတွေရဲ့ ဘ၀ရပ်တည်မှုကို အတ္ထုပ္ပတ္တိ နဲ့ ရုပ်ရှင် တွဲဖက်ပြီး ပြသခဲ့တဲ့အတွက် အင်မတန် စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်ကားတစ်ကားပါပဲ။ ယနေ့ခေတ်မှာ အမျိုးသမီးတွေက အမျိုးသားတွေနဲ့ ရင်ဘောင်တန်းနိုင်လာကြပါပြီ။ အရင်ခေတ်က အမျိုးသမီးတွေကတော့ အနှိမ်ခံရတဲ့အချိန်တွေ အိမ်တွင်းပုန်းခဲ့ရတဲ့အချိန်တွေ ရှိခဲ့ပါတယ်။ ရက်ရှ်မားက ဒီအစဉ်အလာတွေကို ချိုးဖျက်ပြခဲ့ပါတယ်။ ရက်ရှ်မားလုပ်တဲ့အလုပ်အကိုင်က ယောက်ျားတိုင်းတောင် မလုပ်ရဲ၊ မလုပ်ဝံ့တဲ့ စတန့်သမားပါ။ ရုပ်ရှင်ကားတစ်ကားမှာ ယုတ္တိရှိရှိရိုက်နိုင်ဖို့က စွန့်စားခန်းတွေ ပါပါတယ်။ စွန့်စားခန်းအများစုမှာ မင်းသား မင်းသမီးတွေက ကိုယ်တိုင်ရိုက်ကူးလေ့ မရှိပါဘူး။ အသက်နဲ့ရင်းပြီး လုပ်ရတဲ့အခန်းတွေဆိုရင် စတန့်သမားတွေရဲ့အခန်းကဏ္ဍက အရေးပါပါတယ်။ စတန့်သမားတွေ လုပ်နိုင်ရင် လုပ်နိုင်သလောက် ဇာတ်လမ်းရဲ့အနှစ်သာရက ပိုပြီးပြည့်ဝလာပါတယ်။ စတန့်သမားအများစုကတော့ ယောကျာ်းလေးတွေပါ။ မင်းသမီးတွေအတွက်ဆိုရင် ဆံပင်တုတွေစွပ်ပြီး မိတ်ကပ်တွေလိမ်းပြီး ကူညီကြရတာပါ။ ရက်ရှ်မားက ဒီကွက်လပ်ကို ဖြည့်ခဲ့တာပါ။ လွယ်လွယ်ကူကူ ဖြစ်လာခဲ့တာလားဆိုတော့ မဟုတ်ပါဘူး။ ရက်ရှ်မား ဖြတ်သန်းခဲ့ရတဲ့ ခရောင်းလမ်းကြီးကို ဒီဇာတ်ကားမှာ မြင်ရပါမယ်။ ဒါကတော့ ရက်ရှ်မားရဲ့စကားပါ။ "မျှော်လင့်ချက်ဆိုတာ အရိပ်လိုပဲ လို့ ပြောကြပါတယ်။ ရှင့်အနားကနေ ဘယ်တော့မှ ထွက်သွားမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အမှောင်ထဲမှာ နေတဲ့သူကတော့ အရိပ်ရှိမှာ ...
movie
The Sholay Girl (2019)
2019